သစ်ထူးလွင် |
- ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ညီလာခံကျင်းပမည်
- ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အီးယူကို ချီးမြှင့်
- သတင်းဂျာနယ်နှစ်စောင်ကို တရားစွဲခြင်း ကိစ္စပညာပေးခြင်းသာဖြစ်
- ပြည်သူ(၄၀၀)ကျော် စစ်တွေဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒထုတ်ဖော်
- မန္တလေး မြို့  မှာ သံဃာတော်တွေ OIC ရုံး မြန်မာနိုင်ငံမှာ ရုံးဖွင့်မှာ ကို ကန့် ကွက် ဆန္ဒထုတ်ဖော် (ရုပ်/သံ)
- အောက်တိုဘာလ ၁၃ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ်..Vol-1,No-31
- အောက်တိုဘာလ (၁၅)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၁)
- Danger မူးယစ်ဆေးအဖွဲ့မှ မြိတ် ရဲတွေ နှင့် အုပ်ချုပ်ရေး အဖွဲ့များအား ရာဇာသံပေး အကြမ်းဖက်ပြီ
- ညမထွက်ရ အမိန့်ကို ဖြေလျှော့သော်လည်း လုံခြုံရေး အခြေအနေ ဒေသခံများ စိုးရိမ်
- မဲဇလီရွက် တက်ခူးရာမှ အမျိုးသား တစ်ဦး ပြုတ်ကျ သေဆုံး
- မြန်မာဘက်က မုန်တိုင်းရှောင်သူတွေ ဘင်္ဂလား ထိန်းသိမ်း
- ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောကို အကျဉ်းရုံး သဂြိုဟ်
- မောင်းသူမဲ့လေယာဉ် သူတို့လွှတ်တာလို့ ဟဇ်ဘိုလာပြော
- တိုင်းဝန်ကြီးချုပ်ကို ဗဟိုအစိုးရကသာ စီရင်ပိုင်ခွင့်ရှိဟု သမ္မတသ၀ဏ်လွှာပို့
| ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ညီလာခံကျင်းပမည် Posted: 12 Oct 2012 07:10 AM PDT မြန်မာနိုင်ငံမှာ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ရှမ်းလူထု လူတန်းစား အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ ရှမ်းတိုင်းရင်း သားများ ညီလာခံကြီး တရပ် ကျင်းပမယ်လို့ သိရပါတယ်။ ဒီညီလာခံကို ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) က ဦးစီး ဆောင်ရွက်နေတာဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်ကို ကတိပြုထားတဲ့အတိုင်း ဆောင်ရွက်နေတာဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။ "သမ္မတကြီးကို ကတိပေးထားတယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ လုပ်ဆောင်ပေးမယ်၊ ထိထိရောက်ရောက်လည်း လုပ်ပေးမယ်ဆိုတဲ့ကတိကလည်း ရှိနေတော့ အဲဒါကို ဖြစ်ဖြစ်မြောက်မြောက် လုပ်ပေးချင်တဲ့ဆန္ဒရှိတယ်။ နောက်ပြီး တချို့ ငြိမ်းချမ်းရေးယူတဲ့နေရာမှာ နားလည်မှုလွဲနေလို့၊ ပြည်သူ့အသံတို့၊ ရွာပုန်းရွာရှောင်ပုဂ္ဂိုလ်တွေ၊ သက်ဆိုင်ရာ လူထုတွေရဲ့ အသံလည်း ကျနော်ကြားချင်တယ်။ အဲတော့ ဘယ်လိုဖြေရှင်းကြမလဲ၊ သန်းခေါင်စာရင်းကလည်း ၁၃-၁၄ ဆို စကောက်တော့မယ်။ သန်းခေါင်စာရင်းမှာ မကျန်ခဲ့အောင်လည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးက အဓိကပေါ့။ ကျနော်တို့ အက်စ်အန်အယ်လ်ဒီအနေနဲ့ လှုပ်ရှားပေးရမယ့် တာဝန်ရှိလာပြီဆိုတော့ လှုပ်ရှားစပြုပါပြီ။" ညီလာခံကို လာမယ့် နိုဝင်ဘာလထဲ ရန်ကုန်မှာ ကျင်းပဖို့ လျာထားပြီး ခုလောလောဆယ် အက်စ်အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်တချို့ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို သွားရောက်ကာ ညီလာခံအတွက် ကြိုတင်ပြင်ဆင်လေ့လာနေတယ်လို့ ဆိုပါတယ်။ ရှမ်းညီလာခံ ဖြစ်မြောက်ရေးကော်မတီတရပ်ကို ဒီလပိုင်းအတွင်းမှာ ဖွဲ့စည်းမှာ ဖြစ်ပြီး ကော်မတီကနေ သမိုင်းအစဉ်အလာရှိခဲ့သူ ရှမ်းပညာရှင်တွေ၊ ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်း၊ လူငယ်ကွန်ရက်၊ ရှမ်းစာပေယဉ်ကျေးမှုအသင်း၊ သံဃာတော်တွေ အပါအ၀င် ရှမ်းတိုင်းရင်းသားနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်အောင် ကြိုးစားစည်းရုံး ဖိတ်ခေါ်သွားမယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူးရေးမှူး ဦးစိုင်းညွန့်လွင်အပါအ၀င် ရှမ်းခေါင်းဆောင်တွေဟာ အရင်စစ်အစိုးရလက်ထက်က ရှမ်းပြည်အတိုင်ပင်ခံကောင်စီအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားစဉ်မှာ နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးခံခဲ့ရပြီး သမ္မတဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနှစ်ဦးပိုင်းက ပြန်လွတ်လာတာဖြစ်ပါတယ်။ by နန်းမြနဒီ (ဒီဗွီဘီ)
| ||
| ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အီးယူကို ချီးမြှင့် Posted: 12 Oct 2012 07:05 AM PDT ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ယူရိုပီယံ ယူနီယံလို့ ခေါ်တဲ့ ဥပရောပသမဂ္ဂကို ပေးအပ်လိုက်ပါတယ်။ ဆုရွေးချယ်ရေး ကော်မတီက ဥရောပသမဂ္ဂဟာ စစ်ဖြစ်နေတဲ့ ဥရောပတိုက်ကြီးကို ငြိမ်းချမ်းအောင် ဆောင်ကြဉ်းပေးနိုင်တယ်လို့ ချီးကျူးစကားဆိုပါတယ်။ သမိုင်းကို ပြန်ကြည့်ရင် ကမ္ဘာစစ်ကြီးနှစ်ခုစလုံးဟာ ဥရောပတိုက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ နိုဘယ်လ်ဆုကော်မတီက ဒုတိယကမ္ဘာစစ်အပြီးနဲ့ ဘာလီတံတိုင်းပြိုအပြီး၊ အရင် ဆိုဗီယက်အဖွဲ့ဝင် ကွန်မြူနစ် နိုင်ငံဟောင်းတွေရဲ့ ငြိမ်းချမ်းရေနဲ့ တည်ငြိမ်ရေးအတွက် ဥရောပသမဂ္ဂရဲ့ စွမ်းဆောင်နိုင်ခဲ့တာတွေကို ချီးကျူးသွားပါတယ်။ အီးယူးရဲ့ အစကတော့ ပြင်သစ်ကလို့ ပြောရမှာပါ။ ၁၉၅၁ ခုနှစ်မှာ ပြင်သစ်၊ အနောက်ဂျာမနီ၊ လူဇင်ဘတ်၊ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ နယ်သာလန် စတဲ့ နိုင်ငံ ၆ နိုင်ငံပါဝင်တဲ့ ဥရောပ ကျောက်မီးသွေးနဲ့ သံမဏိထုတ်လုပ်သော နိုင်ငံများအသိုက်အ၀န်းကို စတင်ဖွဲ့စည်းလိုက်ပါတယ်။ အိုင်ဒီယာကတော့ ဒီနိုင်ငံတွေ အချင်းချင်းအကြားမှာ ဓာတ်သတ္တုတွေနဲ့ ပတ်သက်လို့ လက်ဝါးကြီး အုပ်တာတွေ ပေါ်ပေါက်ပြီး၊ ပဋိပက္ခတွေကို ဦးတည်မသွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဥရောပညီညွတ်ရေးရဲ့ ဗိသုကာတယောက်အဖြစ် လူတွေ အသိအမှတ်ပြုကြရတဲ့ ပြင်သစ်လူမျိုး Jean Monnet က စခဲ့တဲ့ အိုင်ဒီယာပါ။ အဲဒီနောက် အဲဒီ ၆ နိုင်ငံက ရောမမြို့မှာ ဥရောပ စီးပွားရေးအသိုက်အ၀န်း ဆိုတဲ့ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး အခုတော့ ဥရောပသမဂ္ဂမှာ အဖွဲ့ဝင် ၂၇ နိုင်ငံ ရှိနေပါပြီ။ ဒီနိုင်ငံအားလုံးကြားမှာ တပြေညီနီးပါး၊ ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝမှုနဲ့ စီးပွားရေး တိုးတက်မှုတွေက သမိုင်းမှာ မကြုံစဖူး အောင်မြင်မှုရနေပါတယ်။ အီးယူရဲ့ ဘုံဈေးကွက်ကတော့ ၁၉၅၇ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ တည်ထောင်ပါတယ်။ အဲဒီတုန်းက အနောက်ဂျာမနီ၊ ပြင်သစ်၊ အီတလီ နယ်သာလန်၊ ဘယ်လဂျီယံ၊ လူဇင်ဘတ်တို့က ထူထောင်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ ဗြိတိန်၊ အိုင်ယာလန်၊ ဒိန်းမတ်တို့လည်း ဈေးကွက်ထဲကို ၀င်ရောက်လာကြပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ အရင် အာဏာရှင်နိုင်ငံတွေ ဖြစ်ခဲ့ကြတဲ့ ဂရိ၊ စပိန်၊ ပေါ်တူဂီတို့ ၀င်ရောက်လာကြပါတယ်။ ၁၉၈၉ ခုနှစ်မှာ ကွန်မြူနစ်ဝါဒ ကျဆုံးသွားတဲ့ သင်္ကေတဖြစ်တဲ့ ဘာလင်တံတိုင်းအပြိုမှာ စစ်အေးခေတ်က ကွဲနေတဲ့ ဥရောပဒေသလည်း ဒီမိုကရေစီအသိုက်အ၀န်းအဖြစ် တစုတစည်းတည်း ပြန်ဖြစ်လာပါတယ်။ တချို့လေ့လာသူတွေကတော့ ဥရောပသမဂ္ဂဟာ အအောင်မြင်ဆုံး ငြိမ်းချမ်းတဲ့နည်းနဲ့ အစိုးရအပြောင်းအလဲတွေရဲ့ စံပြဖြစ်သလို၊ ပြည်သူတွေရဲ့ ဘ၀တွေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ထက်က စာရင် ပိုပြီးတော့ တိုးတက်ကောင်းမွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂရဲ့ အောင်မြင်မှုတွေရှိသလောက် တနိုင်ငံ ပေါ်လစီတမျိုးနဲ့ နိုင်ငံတွေရဲ့ အစုအပေါင်းဖြစ်တာကြောင့် ပြဿနာတွေလည်း ရှိပါတယ်။ အီးယူရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ဘုံစိုက်ပျိုးရေးဆိုင်ရာ ပေါ်လစီကတော့ အငြင်းအပွားရဆုံးပါပဲ။ ပေါ်လစီကတော့ လယ်သမားတွေအတွက် ဈေးနှုန်းတွေ တည်ငြိမ်ဖို့ ချမှတ်ထားတာပါ။ ဒါပေမယ့် ဝေဖန်သူတွေကတော့ ပေါ်လစီကြောင့် ထုတ်လုပ်မှုတွေမှာ အလွန်အကျွံဖြစ်အောင် တွန်းအားပေးပြီး၊ ထုတ်လုပ်မှုစရိတ်ကို အဆအတန်ဖြစ်စေတယ်။ အဲဒီကနေတဆင့် စားသုံးသူတွေအတွက် စားသောက်ကုန်တွေ ဈေးမြင့်ဖို့ ဖြစ်စေတယ်လို့ ဆိုပါတယ်။ နောက်ထပ် ပေါ်လစီကတော့ အီးယူရဲ့ ငွေရေးကြေးရေးဆိုင်ရာ ပေါ်လစီပါပဲ။ ၂၀၀၂ ခုနှစ်က စလို့ အီးယူနိုင်ငံတွေကြားမှာ ယူရိုငွေတမျိုးတည်းကို သုံးပြီး စီးပွားရေးနဲ့ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို နီးကပ်သွားဖို့ ရည်ရွယ်ချက်ကို ထားခဲ့ပါတယ်။ ဒီ နိုင်ငံအားလုံး ငွေကြေးတမျိုးတည်း ပေါ်လစီအပေါ် အခုနှစ်ပိုင်း ငွေကြေး အကျပ်အတည်းကာလမှာ တချို့ အီးယူနိုင်ငံတွေက အပြစ်တင်စရာ ဖြစ်လာပါတယ်။ နော်ဝေဂျီယံ နိုဘယ်လ်ဆုကော်မတီကတော့ လောလောဆယ် ဥရောပ တိုက်ကြီးမှာ ငွေကြေးအကျပ်အတည်းနဲ့ လူမှုရေးမငြိမ်သက်မှုတွေ ရှိနေပေမယ့် အီးယူသမဂ္ဂဟာ နှစ်ပေါင်း ၆၀ လောက် ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ အသိအမှတ်ပြုချီးမြှင့်တာလို့ နိုဘယ်လ်ကော်မတီရဲ့ ဥက္ကဋ္ဌက ဆိုပါတယ်။ ဆုအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ သန်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နော်ဝေနိုင်ငံ အော်စလိုမှာ အခမ်းအနားနဲ့ ချီမြှင့်မှာဖြစ်ပါတယ်။ by နေသွင် (ဒီဗွီဘီ) | ||
| သတင်းဂျာနယ်နှစ်စောင်ကို တရားစွဲခြင်း ကိစ္စပညာပေးခြင်းသာဖြစ် Posted: 12 Oct 2012 06:44 AM PDT ပြည်မြန်မာနှင့် Messenger သတင်းဂျာနယ်တို့၏ ဆောင်းပါးနှင့် ပတ်သက်၍ ဦးဉာဏ်ဝင်း၏ တရားစွဲမှုကို အောက်တိုဘာလ ၈ရက်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့သော အမေရိက ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ သဘောထားကို ပြောကြားခဲ့သည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
| ပြည်သူ(၄၀၀)ကျော် စစ်တွေဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒထုတ်ဖော် Posted: 12 Oct 2012 06:31 AM PDT စစ်တွေမှ ရခိုင်လူမျိုးများ အပါအ၀င် မာရမာကြီးနှင့် ဟိန္ဒူလူမျိုးများမှာ စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး ရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။ ယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်နှင့်၊ မာရမာကြီး၊ ဟိန္ဒူလူမျိုး အပါအဝင် အင်အား (၄၀၀) ကျော်မှာ ဘင်္ဂလားဒေရှ် ကောင်စစ်ဝန်ရုံးရှေ့၌ နာရီဝက်အကြာ ငြိမ်သက်စွာံ ဆန္ဒ္ဒထုတ်ဖော် ခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒထုတ်ဖော်ရခြင်း၏ ရည်ရွယ်ချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်တင်ဘာ(၂၂)ရက်နေ့ ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ အဆောက်အဦးများ ပျက်စီးခံရမှုနှင့် ပတ်သက်၍ ကန်ကွက် လိုသည့်အတွက် စစ်တွေမြို့မှ ရခိုင်လူမျိုး မာရမာကြီးနှင့် ဟိန္ဒူလူမျိုးများက စုပေါင်း ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်သည်။ မာရမာကြီးဆိုသည်မှာ ရခိုင်မျိုးနွယ်ဝင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်းနေထိုင်ကြသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုမှာရခိုင်ပြည်နယ်တွင်တတိယမြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။ မြစ်မခ by Myit Makha Mediagroup | ||
| Posted: 12 Oct 2012 06:19 AM PDT မန္တလေး မြို့  မှာ သံဃာတော်တွေ က အစ္စလာမစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ OIC ရုံး မြန်မာနိုင်ငံမှာ ရုံးဖွင့်မှာ ကို ကန့် ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီသတင်းကို ကိုသက်ပေးပို့ ထားပါတယ်။ DVB TV News ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| အောက်တိုဘာလ ၁၃ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ်..Vol-1,No-31 Posted: 12 Oct 2012 06:13 AM PDT အောက်တိုဘာလ ၁၃ ရက်နေ့ ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာနယ်..Vol-1,No-31 Oct 13-19 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| အောက်တိုဘာလ (၁၅)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၁) Posted: 12 Oct 2012 06:09 AM PDT အောက်တိုဘာလ (၁၅)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၁) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
| Danger မူးယစ်ဆေးအဖွဲ့မှ မြိတ် ရဲတွေ နှင့် အုပ်ချုပ်ရေး အဖွဲ့များအား ရာဇာသံပေး အကြမ်းဖက်ပြီ Posted: 11 Oct 2012 09:01 PM PDT ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၂း၀၀ ခန့် တွင် မြိတ်မြို့ပေါ်ရှိ ကားမှန်များအား Danger အဖွဲ့မှ ခဲများဖြင့် ပစ်ပေါက်ခွဲသွား ကြောင်းသိရပါသည်။ ဆိုင်ကယ်စီး လူရမ်းကား၊ မူးယစ်ဆေးဂိုဏ်း Danger အဖွဲ့ ဦးဆောင်သူများကို မြေနီလမ်း အိမ်ပေါ်တက် အကြမ်းဖက် တိုက်ခိုက်မှုဖြင့် --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ညမထွက်ရ အမိန့်ကို ဖြေလျှော့သော်လည်း လုံခြုံရေး အခြေအနေ ဒေသခံများ စိုးရိမ် Posted: 11 Oct 2012 07:36 PM PDT ဒေသတွင်း ပဋိက္ခ ဖြစ်ပွားမှု များကြောင့် ဇွန်လ အတွင်းမှ စ၍ ရခိုင်ပြည်နယ် ၇မြို့နယ် အတွင်း ည ၆ နာရီမှ နံနက် ၆နာရီ အထိ ထုတ်ပြန်ခဲ့သော ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ဒုတိယ အပတ်မှ စတင်ကာ ည ၁ဝ နာရီမှ နံနက် ၄ နာရီ အထိ၆နာရီ ဖြေလျှော့ ခဲ့သော်လည်း လက်ရှိ လုံခြုံရေး အခြေအနေ ကို ဒေသခံ များမှာ စိုးရိမ် နေကြဆဲ ဖြစ်ကြောင်း--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မဲဇလီရွက် တက်ခူးရာမှ အမျိုးသား တစ်ဦး ပြုတ်ကျ သေဆုံး Posted: 11 Oct 2012 07:06 PM PDT ရန်ကုန်၊ အောက်တိုဘာ ၁၁ ရန်ကုန်မြို့တော် ဒဂုံမြို့သစ် တောင်ပိုင်း ၂၂ ရပ်ကွက်တွင် ၈ပေခန့် မြင့်သော မဲဇလီပင်ပေါ် တက်၍ အရွက်ခူးရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသား တစ်ဦး ပြုတ်ကျ သေဆုံးမှု အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရသည်။ အဆိုပါ ရပ်ကွက်၊ ကွေ့မဈေးလမ်း ၄၆ နှစ်ရှိ ဦးဟန်သိန်းသည် ၈ပေခန့် မြင့်သော မဲဇလီပင်ပေါ် တက်၍ မဲဇလီပွင့် တက်ခူး နေစဉ် ကိုင်းကျိုးကျကာ ရေနုတ်မြောင်းဘေး အုတ်ခုံပေါ်တွင် မှောက်လျက် ကျခဲ့ပြီး ၄င်းကို စံပြဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း သွားရောက် စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်၏ အတည်ပြုချက် အရ သိရသည်။ ယင်း ပြုတ်ကျမှုကြောင့် ပါးစပ်၊ နှာခေါင်း နှင့် ဘယ်ဘက်နားတွင် သွေးထွက်ကာ သေဆုံးခဲ့ပြီး၊ ဒဂုံတောင်မြို့နယ် ရဲစခန်း သေမှုသေခင်း အမှတ် ၄၉/၁၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ The Voice Weekly | ||
| မြန်မာဘက်က မုန်တိုင်းရှောင်သူတွေ ဘင်္ဂလား ထိန်းသိမ်း Posted: 11 Oct 2012 06:46 PM PDT ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့်၊ မုန်တိုင်း လွတ်ရာမှာ ခိုလှုံကြဖို့ ကမ်းကို ကပ်လာကြတဲ့ မြန်မာနိုင်ငံသား ငါးဖမ်း သမား ၂၈၉ ဦးကို ဘင်္ဂလားဒေရှ့် နယ်ခြားစောင့် တပ်ဖွဲ့က ထိန်းသိမ်း ထားတယ်လို့၊ ဒါကာမြို့တော်မှာ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောကို အကျဉ်းရုံး သဂြိုဟ် Posted: 11 Oct 2012 06:47 PM PDT မနေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကွယ်လွန်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ ရုပ်ကလပ်ကို အောက်တိုဘာလ ၁၁ ရက် မနက် ၉ နာရီမှာ မိသားစုတွေက အကျဉ်းရုံး မီးသဂြိုလ်လိုက်တယ်လို့ သိရပါတယ်။ ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇော ရဲ့ ရုပ်ကလပ်ကို --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| မောင်းသူမဲ့လေယာဉ် သူတို့လွှတ်တာလို့ ဟဇ်ဘိုလာပြော Posted: 11 Oct 2012 06:29 PM PDT လက်ဘနွန်က ရှီယာလှုပ်ရှားမှု အဖွဲ့ ဟဇ်ဘိုလာ ရဲ့ အကြီးအကဲ ဟာဆန် နာ့စရာလာက ပြီးခဲ့တဲ့ သတင်းပတ် အတွင်းက အစ္စရေး လေပိုင်နက် ထဲကို မောင်းသူမဲ့ လေယာဉ် စေလွှတ်ခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အီရန်က ပြုလုပ်ပေး ထားတဲ့ ထောက်လှမ်းရေး ---- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
| တိုင်းဝန်ကြီးချုပ်ကို ဗဟိုအစိုးရကသာ စီရင်ပိုင်ခွင့်ရှိဟု သမ္မတသ၀ဏ်လွှာပို့ Posted: 11 Oct 2012 05:32 PM PDT ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်နှင့် ၀န်ကြီးတို့အား တိုင်းဒေသကြီး လွှတ်တော်ထက် ပြည်ထောင်စု အစိုးရကသာ စီရင်ပိုင်ခွင့် ရှိကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က တိုင်းဒေသကြီး လွှတ်တော်သို့ ယမန်နေ့က ပေးပို့သည့် သ၀ဏ်လွှာ တွင်ဖေါ်ပြ ထားသည်။ --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
| You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |













