Re: [mrsorcerer:33907] ခွင့်လွှတ်ပါ့မယ် ..

မင်းရဲ့ ကဗျာကို အဆုံးထိဖတ်မိတဲ့
ငါ့ကိုငါ ခွင့်လွှတ်တယ်ဆိုရင်

ဒီလို ကဗျာမျိုးရေးတတ်တဲ့
မင်းကိုလည်း
ငါခွင့်လွှတ်ပါတယ်………

[အရမ်းကောင်းပါတယ်]

On Oct 12, 2012 12:26 AM, "Aung Thura Aye" <ayeyarwady.thuraaye@gmail.com> wrote:

ခွင့်လွှတ်ပါ့မယ် ..

မင်းကို အရမ်းမြတ်နိုးမိတဲ့

ငါ့ကို ခွင့်လွှတ်နိုင်မယ်ဆို

ငါ့ကို တန်ဖိုးမထားတတ်တဲ့

မင်းကိုလည်း ခွင့်လွှတ်ပါ့မယ် .. ။

မင်းကို အရမ်းသတိရတတ်တဲ့

ငါ့ကိုခွင့်လွှတ်မယ်ဆို

အရမ်းအေးစက်တတ်တဲ့

မင်းကိုလည်း ခွင့်လွှတ်ပါ့မယ် .. ။

မင်းကြောင့် ရင်ခုန်သံတွေဆူညံနေတဲ့

ငါ့ကိုခွင့်လွှတ်မယ်ဆို

ဒီရင်ခုန်သံတွေကို မကြားတတ်တဲ့

မင်းကိုလည်း ခွင့်လွှတ်ပါ့မယ် .. ။

မင်းရဲ့ ကစားပွဲမှာ ၀င်မိခဲ့တဲ့

ငါ့ကိုခွင့်လွှတ်မယ်ဆို

ငါ့ခံစားချက်တိုင်းကို အရုပ်လိုသဘောထားတတ်တဲ့

မင်းကိုလည်း ခွင့်လွှတ်ပါ့မယ် .. ။

အချိန်တိုင်း မင်းကိုလိုက်ရှာမိတဲ့

ငါ့ကိုခွင့်လွှတ်မယ်ဆို

ငါ့ကို သတိမပြုမိတဲ့

မင်းကိုလည်း ခွင့်လွှတ်ပါ့မယ် .. ။

မင်းကို ငါ့ထက် မြင့်မားတဲ့နေရာမှာ

ထားခဲ့မိတာကို ခွင့်လွှတ်မယ်ဆို

မြေကြီးပေါ်ထိ ငါ့ကိုဆွဲချခဲ့တဲ့

မင်းကိုလည်း ခွင့်လွှတ်ပါ့မယ် .. ။

အမြဲ မင်းနံဘေးမှာ ရှိနေချင်တဲ့

ငါ့ကိုခွင့်လွှတ်မယ်ဆို

ငါ့ကိုရှောင်ပြေးနေတတ်တဲ့

မင်းကိုလည်း ခွင့်လွှတ်ပါ့မယ် .. ။

မင်းနဲ့ ပတ်သက်လာရင်

ပျော့ညံ့တတ်တဲ့ ငါ့ကို ခွင့်လွှတ်မယ်ဆို

ငါ့အပေါ်အမြဲအနိုင်ယူတတ်တဲ့

မင်းကိုလည်း ခွင့်လွှတ်ပါ့မယ် .. ။

မင်းကို ငါ့နှလုံးသားထဲက

ထွက်မသွားစေချင်တာကို ခွင့်လွှတ်မယ်ဆို

နှလုံးသားကို အမြဲသော့ခတ်ထားတဲ့

မင်းကိုလည်း ခွင့်လွှတ်ပါ့မယ် .. ။

မင်းနဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေ

အိပ်မက်မက်တွေ ထားမိတဲ့ ငါ့ကိုခွင့်လွှတ်မယ်ဆို

အဲဒီအရာတွေကို ဖျက်ဆီးသွားတဲ့

မင်းကိုလည်း ငါခွင့်လွှတ်ပါ့မယ် .. ။

ခွင့်လွှတ်ပါ့မယ် .. ။

Thura Aye

11 th October , 2012 .

--
Wish you get successful life ..

Thura Aye

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ