[mrsorcerer:34310] [Richard Aung] ကိုယ့်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို Like လုပ်တိုင်း ကိုယ့်ကို ပွေ့ဖက်သည့် ခံစားမှုပေးမည့် ဂျာကင်အင်္ကျီ ၀တ်ဆင်နိုင်တော့မည်

ဖေ့စ်ဘွတ်ခ်တွင် ကိုယ်တင်လိုက်သည့်စာသား၊ ဓာတ်ပုံ၊ ဗီဒီယို စသည်များကို
မိတ်ဆွေများက Like လုပ်သည့်အခါကိုယ့်ကို ချစ်သူခင်သူများရှိသည်ဟူသော
ခံစားမှုပေါ်လာကာ လူက ရင်ထဲတွင် နွေးထွေးလာတတ်သည်။
ယခုအခါ ထိုသို့ ရင်ထဲတွင် နွေးထွေးရုံသာမက မိတ်ဆွေများက Like လုပ်တိုင်း ကိုယ့်ကို ပွေ့ဖက်အားပေးသည့်နှယ် ခံစားရမည့် ဂျာကင်အင်္ကျီကို တီထွင်လိုက်ပြီဖြစ်သည်။
ထိုဂျာကင်အင်္ကျီကို မိုဘိုင်းဖုန်းဖြင့် ကြိုးမဲ့စနစ်သုံးကာ ချိတ်ဆက်ထားရမည် ဖြစ်သည်။
ဖေ့စ်ဘွတ်ခ် မိတ်ဆွေတစ်ယောက်က ကိုယ်တင်လိုက်သည်ကို Like လုပ်တိုင်းမိုဘိုင်းဖုန်းက ဂျာကင်အင်္ကျီထံသို့ အချက်ပေးမည်ဖြစ်သည်။
ထိုအခါ ဂျာကင် အင်္ကျီသည် လေဖြင့် ပြည့်တင်းလာကာ ၀တ်ဆင်ထားသူကိုပွေ့ဖက်လိုက်သည့် ခံစားမှုမျိုး ပေးအောင် စီမံထားသည်။
မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ကျောင်းသူ မလီဆာ ချိုးကထိုဂျာကင်ကို ဆန်းသစ်တီထွင်ခဲ့ခြင်း ဖြစ်သည်။
ဝေးကွာနေသူချင်း အနီးကပ်ဆုံးရှိနေသည့်အလား ခံစားမှုပေးမည့် နည်းလမ်းများဖော်ထုတ်ရေး ပရောဂျက်အရ တီထွင်ဆန်းသစ်မှုတစ်ခုမျှသာ ရှိသေးပြီးနောက်ထပ် အလားတူ တီထွင်ဆန်းသစ်မှုများလည်း ထွက်ပေါ်လာဖွယ်
ရှိကြောင်း သိရသည်။ ထိုဂျာကင်ကို Like-A-Hug ဟု အမည်ပေးထားသည်။

Planet News



--
Posted By အောင်မျိုးကျော် to Richard Aung at 10/18/2012 10:29:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ