[mrsorcerer:34310] [Richard Aung] ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူရန်မရှိကြောင်း ၀န်ကြီးဌာနအင်ဂျင်နီယာချုပ်ပြောကြား

ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေး
ယူမှုများ ပြုလုပ်ရန်မရှိကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း
ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးကပြောကြားခဲ့သည်။
အင်တာနက်နှင့်ပြည် တွင်း မီဒီယာအချို့တွင်ဖော်ပြနေသကဲ့သို့ မိုဘိုင်းဖုန်းများတွင်Viber စနစ်ထည့်သွင်း၍ ပြည်တွင်း၊ ပြည်ပသို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါက ဖုန်းလိုင်းဖြတ်တောက်ခြင်းနှင့် တရားဆွဲဆိုမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက''မီဒီယာအချို့မှာ ဖော်ပြနေတဲ့ Viber စနစ်ကိုသုံးရင် အရေးယူမယ်။လိုင်းဖြတ်မယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ Viber
စနစ်နဲ့ ဖုန်းခေါ်တာ ပြည်သူတွေအကျိုးရှိနေတာပဲ။ဘာမှ အရေးယူဆောင်ရွက်တာတွေ ပြုလုပ်ဖို့မရှိပါဘူး''ဟု ပြောကြားခဲ့သည်။
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ဆက်သွယ်ရေးသင်တန်းကျောင်းအုပ်ကြီး ဦးကျော်စိုးက''မီဒီယာအချို့မှာ ဖော်ပြနေတဲ့ Viber စနစ်ကိုသုံးရင် အရေးယူမယ်ဆိုတာကို ကျွန်တော်တို့ဆီက အင်ဂျင်နီယာချုပ်တွေ တစ်ယောက်မှ မပြောပါ
ဘူး''ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် Skype,Pfingo နှင့် Viber စနစ်များဖြင့် နိုင်ငံတကာသို့ တရားမ၀င်ဆက်သွယ်မှုများ ပြုလုပ်နေခြင်းဖြစ် ကြောင်း၊ မိုဘိုင်းဖုန်း Sim Card ကိုအသုံးပြု၍ Viber စနစ်ဖြင့် အသုံးပြုနေခြင်းများအတွက် မသင်္ကာသည့် မိုဘိုင်း
ဖုန်းများကို ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ကာ တရားမ၀င်သုံးစွဲနေကြောင်းစစ်ဆေးတွေရှိပါက ဖုန်းလိုင်းကို ပိတ်ပင်သွားမည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
Eleven Media group



--
Posted By အောင်မျိုးကျော် to Richard Aung at 10/18/2012 10:30:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ