[aurorageneration] " အတိတ်နံ့ သင်းသင်း နဲ့ အလွမ်း " ( ကဗျာ )

 " အတိတ်နံ့ သင်းသင်း နဲ့ အလွမ်း "

စိမ်းလိုက် ၀ါလိုက် နီလိုက်
အရပ်လေးမျက်နှာ မှ အလွမ်းအချက်ပြမီးများ
နုံးချိစွာ တဖျတ်ဖျတ်လက်နေပြီ
ခွင့်ပြုပါ ခွင့်လွတ်ပါ    ရီရီ
နှစ်အယောက်အတူ ပျော်ခဲ့ဖူးတဲ့
အောက်တိုဘာ မှ နိုဝင်ဘာ ရောက်ပြီ . . .

ရီမု တခုလို နောက်ပြန်ရစ်လို့ ရရင်ဖြင့်
လက် လက်ချင်း ချည်နှောင်ခဲ့တဲ့ အချိန်တွေ
နုတ်ခမ်းချင်း ပန်းဂဟေ ဆက်ခဲ့တဲ့ အချိန်တွေ
ချစ်သူ့ သဏ္ဍာန် ဖွဲ့စည်းပုံကို
ယုယုယယ လေ့လာခဲ့ရတဲ့
အပြာရောင် ရင့်ရင့် ပန်ချီကား နေ့များ
ရီရီလွင် . . . ရေ
ငါ တကိုယ်ထဲ ဧကစာရီ ကျင့်
ငါ တကိုယ်ထဲ အထီးကျန်
ငါ တကိုယ်ထဲ လေလွင့်
နင့် နင့် နဲ နဲ
သိပ်သိပ် သည်းသည်း လွမ်းတယ် . . .

ရိုမန်တစ် ဆန်ဆန်လည်း ချစ်ခဲ့ဖူး
ကြမ်းကြမ်းရှရှ လည်း ချစ်ခဲ့ဖူး
စီးပွားရေးတက္ကသိုလ် မုဒ်ဦး
ကျောင်းဖယ်ရီ ၅၅၅၉ နဲ့
အဖြေရခဲ့ တဲ့ လွတ်လပ်ရေး နေ့များ
ဘယ်ဘက်ရင်ဘတ်မှာ သေရာပါ တံဆိပ်ခတ်ထား . . .

ငါဟာ တေလေပါကွယ်
မင်း သစ်ကိုင်းကို အမြဲ တမ်းတနေတဲ့ ဌက်
ငါဟာ လေပွေပါကွယ်
အတိတ်နံ့သင်းသင်းမှာ ခြေဆင်းထိုင်နေတဲ့ ကောင်
ပြည်တော်သာ ရွာမ ဟာ
ဖြစ်သန်းမိတိုင်း အက်ဆစ်နဲ့ လှမ်းပက်
ရီရီလွင် . . . ရေ
ငါ့မှာသာ တ စ စီ ကြွေ . . .

၆ နှစ် . . . ၆ နှစ်တောင်ကြာပြီ
ရက်ပေါင်း နှစ်ထောင်ကျော်မှာ
အရာရာဟာ ပြောင်းလဲ
မင်းပေးခဲ့တဲ့ နာရီလေးလည်း စက်ရပ်
ငါဒီလို မလွမ်းတတ် လွမ်းတတ် နဲ့
ငါ့ တမ်းတခြင်းများ  ကို ခြွေချ
အတိတ် အကျဉ်းသားဘ၀ က ပြေးမရသေးဘူး . . .

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။