November 05, 2012 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

လုံခြုံရေး စိတ်မချ၍ တာချီလိတ်ခရီးစဉ် သက်ဆင် ဖျက်သိမ်း

ထိုင်း ဒု-၀န်ကြီးချုပ် ချလုံယူဘန့်လွန်နှင့် သက်ဆင်၏ သားဖြစ်သူ ဖန်ထုန်ထေ့ ရှင်နာဝပ်တို့က မစ္စတာ သက်ဆင်အား လူတစုက လုပ်ကြံရန် ကြံစည်နေသည် ဆိုသော ကြေညာချက်များကြောင့် ဖြစ်နိုင်သည်။ Read More

 

လူကြီးမင်း ဈေးရောင်းပွဲ အစီအစဉ် အားနည်းချက် စာနယ်ဇင်းရှင်းလင်း တောင်းပန်

မဟာအထူးလျှော့ ဈေးရောင်းပွဲတော်၏ အစီအစဉ် အားနည်းချက်များကြောင့် ဖုန်းဝယ်ယူလိုသူများနှင့် ပဋိပက္ခများဖြစ်ပွားခဲ့ရပြီး ရန်ကုန်မြို့တွင်းရှိ လူကြီးမင်း ဖုန်းဆိုင်များကို ယာယီ ပိတ်ထားလိုက်ရကြောင်း သိရသည်။ Read More

 

ရခိုင်ဒေသရှိ ကလေးငယ်များ ပညာရေးအတွက် စိုးရိမ်ရ

၎ ရက်မြောက်နေ့မှာပဲ စာမေးပွဲဖြေလိုက်ရပြီး ပြေးလာရတယ်။ ကျနော်တို့ နေတဲ့ ရပ်ကွက်မှာ ကျောင်းမနေတဲ့ကလေး မရှိပါဘူး။ လောလောဆယ် ဒီလို ထွက်ပြေးလာခဲ့ရတော့ ပညာရေးဆိုတာ လုံးဝမရှိသလို ဖြစ်နေတယ် Read More

 

ချင်းပြည် မဖွံ့ဖြိုး၍ ရွှေ့ပြောင်းစွန့်ခွာသူ များပြား

ပြည်ပနိုင်ငံများသို့ အလုပ်သွားလုပ်ရုံမျှသာမက အပြီးတိုင် ရွှေ့ပြောင်းသွားသူများ နှစ်စဉ် ပိုမိုများပြားလာနေခြင်းကြောင့် ချင်းလူမျိုး ၈ သိန်းဝန်းကျင်ခန့် သာ ပြည်တွင်း၌ ကျန်ရှိနေတော့ကြောင်း ချင်းအမျိုးသားပါတီ (CNP) ၏ ချင်းလူမျိုး စစ်တမ်းအရသိရသည်။ Read More

 

လယ်သမားနှင့် ရေလုပ်သား ညီလာခံ ကျင်းပခွင့် ပယ်ချခံရ

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် တောင်သူ လယ်သမားနှင့် ရေလုပ်သားများ ညီလာခံ ကျင်းပခွင့်ပြုရန် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ယက် (HRWDN) က သက်ဆိုင်ရာသို့ တင်ပြတောင်းခံမှုကို မြို့နယ် အုပ်ချုပ်ရေးဌာနက ပယ်ချလိုက်သည်။ Read More

 

သစ်စက်ရုံ အစာငတ်ခံဆန္ဒပြ အလုပ်သမားတချို့ ဆေးရုံရောက်

မန်နေဂျာဘက်မှ ပထမဆုံး တောင်းဆိုမှုဖြစ်သည့် အလုပ်သမားများအား ပြင်ပအလုပ်ခွင်များတွင် ခိုင်းစေခြင်းမပြုရန် အချက်ကိုပင် လက်မခံသည့်အတွက် အဆင်မပြေခဲ့ပေ။ Read More

 

“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်”

တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်။ ဒါကြောင့် အခြေခံဥပဒေကို ပြောနေတာဖြစ်ပါတယ်။ ဒီကိစ္စဘယ်လို လုပ်ကြမလဲ ဆိုတာကတော့ ဆွေးနွေးရမှာပေါ့။ ကြိုတင် ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲမျိုး တွေ့ချင်တယ်လို့ ဒါကြောင့် ပြောနေရတာပါ။ Read More

 

မန်ယူ ဇယားထိပ်ရောက်လာပြီး အသင်းကြီးတွေ သရေကျတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀)

ယခုအချိန်အထိ ဇယားထိပ်မှာ ဦးဆောင်နေခဲ့တဲ့ ချယ်ဆီးအသင်းဟာ ယခုတပတ်မှာ ဆွမ်းဆီးကို သရေကျပြီး ဇယားထိပ်မှာ ဦးဆောင်ခွင့်ကို မန်ယူအား ပေးလိုက်ရသလို လက်ရှိချန်ပီယံ မန်စီးတီးအသင်းကလည်း Read More

 

ကချင်ဒုက္ခသည်တွေအတွက် တမူးမြို့မှ ရန်ပုံငွေကပွဲ (ရုပ်/သံ)

ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ ကချင်ပြည်သူတွေကို ကူညီဖို့ တမူးလူငယ်ကွန်ယက်အဖွဲ့က ဦးစီးပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ သီးလေးသီးအဖွဲ့ ပူးပေါင်းကာ ရန်ပုံငွေကပွဲကျင်းပပြီး ကချင်ပြည်သူတွေအတွက် ၂၅ သိန်းကူညီပေးနိုင်ခဲ့ပါတယ်။ Read More

 

ရခိုင်အရေး အာဆီယံ တခုလုံး စိုးရိမ်စရာဖြစ်

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ရခိုင် တိုင်းရင်းသားများနှင့် ရိုဟင်ဂျာ မွတ်စလင်များ အကြား ဖြစ်ပွားသည့် ဆူပူ အကြမ်းဖက်မှုပဋိပက္ခများသည် အာဆီယံ ဒေသတခုလုံးနှင့် တနိုင်ငံခြင်းအတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်ရပ်ပင် ဖြစ်ကြောင်း Read More

 
 

ဥရောပ သမဂ္ဂ က ငြိမ်းချမ်းရေးအတွက် ဒေါ်လာ သန်း ၃၀ ကူမည်

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ဥရောပ သမဂ္ဂ(EU) က အမေရိကန် ဒေါ်လာ သန်း ၃ဝ ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။ Read More

 
 

မြန်မာ နှလုံးရောဂါသည် ကလေး ၆ ဦး ထိုင်း အခမဲ့ ကုပေးမည်

မြန်မာနိုင်ငံမှ မွေးရာပါ နှလုံးရောဂါ ဖြစ်နေသော ဆင်းရဲနွမ်းပါးသည့် ကလေးငယ် ၆ ဦးကို ထိုင်းနိုင်ငံက အခမဲ့ ခွဲစိတ် ကုသပေး မည် ဖြစ်ကြောင်း သိရသည်။ Read More

 
 

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ရှပ်နီ ၅၀၀၀ ခန့် တွေ့ဆုံမည်

ရှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့သို့ လာရောက်မည့် ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် ကို ရှပ်နီ ၅၀၀၀ ခန့် က မြန်မာဘက် ကူး၍ တွေ့ဆုံရန် ရှိကြောင်း သတင်းရသည်။ Read More

 
 

မြန်မာပြည်တွင်း ဗီဇာကတ် သုံးနိုင်တော့မည်

နိုင်ငံတကာသုံး ခရက်ဒစ်ကတ်(အကြွေးဝယ်ကတ်) အမျိုးအစား တမျိုးဖြစ်သော ဗီဇာ ကတ်ကို မြန်မာနိုင်ငံ၌ ၂၀၁၃ ခု အစောပိုင်း မှ စတင် အသုံးပြုနိုင်တော့မည် ဖြစ်သည်။ Read More

 
 

ထိုင်း-မြန်မာ နယ်စပ်တွင် လက်နက်များ ဖမ်းမိ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက် တာ့ခ် ခရိုင် အတွင်း တနင်္ဂနွေနေ့က စက်သေနတ်နှင့် ရိုင်ဖယ် သေနတ်များ အပါအ၀င် လက်နက် ခဲယမ်း အလက် ၁ သိန်းကျော် ထိုင်း စစ်တပ်က ဖမ်းဆီးရမိကြောင်း သတင်းရသည်။ Read More

 
 

ဦးသိန်းစိန် ထိုင်းကို လာမည်

သမ္မတ ဦးသိန်းစိန် သည် ယခု တပတ် အတွင်း ထိုင်းနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း သိရသည်။ ၎င်း၏ ဗုဒ္ဓဟူးနေ့ မှ စတင် သည့် ၂ ရက်ကြာ ခရီးစဉ်တွင် ထိုင်း ၀န်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ် နှင့်တွေ့ဆုံ၍ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။