[mrsorcerer:35751] မိတ်ဆွေ.......တွေနဲ့ ဆက်ဆံကြတဲ့အခါ

ဒေးကာနက်ဂျီရဲ့ မိတ်ဆွေများအပေါ်ဘယ်လိုလွှမ်းမိုးမလဲ ဆိုတဲ့
စာအုပ်ဖတ်ပြီးရုံ နဲ့ ကျွန်တော်တို့ ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့
အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံလို့ အဆင်ပြေပြီလား။
ကျွန်တော်တို့ဟာ အလုပ်ခွင်မှာဘဲဖြစ်ဖြစ်..နေ့စဉ်ကျင်လည်ရာ
လူနေမှုပတ်ဝန်းကျင်တစ်ခုခုမှာပဲဖြစ်ဖြစ် လူတွေနဲ့ ပြောဆိုပေါင်းသင်းပြီး
နေကြရပါတယ်။ လူမှုရေးကိစ္စတွေ သာရေးနာရေး စတဲ့ကိစ္စအ၀၀ မှာ ကိုယ့်အမြင်နဲ့
တူတဲ့သူ အမြင်ခြင်းမတူတဲ့သူ စသည့်ဖြင့် လူအမျိုးမျိုးကို
ပြောဆိုဆက်ဆံရတဲ့ အခန်း ကဏ္ဍဟာ အလွန်အရေးပါတယ်ဆိုတာ
အားလုံးသိပြီးသားဖြစ်ပါတယ်။တစ်ခါတစ်ခါ အမြင်မတူတာတွေ
တွေ့ကြတဲ့အခါ ထိပ်တိုက်တိုးကြတဲ့အခါ ငြင်းခုန်ရန်ဖြစ်ပြီး ပြဿနာတွေ
ပဋိပက္ခတွေကို မကြုံဖူးတဲ့သူ မရှိသလောက်ပါပဲ။ကိုယ်တိုင်က
ဘယ်လောက်ခပ်အေးအေးနေတဲ့သူပဲဖြစ်ဖြစ် ပြဿနာရှာတဲ့သူနဲ့ တွေ့
တော့လဲ သည့်ခံနိုင်စွမ်းကုန်တတ်ကြတာပဲလေ။

မိတ်ဆွေတွေနဲ့ အဆင်ပြေအောင်နေဖို့...ကျွန်တော်တို့
ကိုယ့်ကိုကိုယ်ဘယ်လိုပြင်ဆင်ကြမလဲ။

၁-ရလာဒ်ကြည့်တဲ့အမြင်

ကျွန်တော်တို့ ငြင်းကြခုံကြရန်ဖြစ်ကြတော့မယ်ဆိုရင် ပထမဆုံး ကိုယ်ဒီလို
ငြင်းခုံရန်ဖြစ်နေခြင်းအားဖြင့် ဘာရလာဒ်တွေ ထွက်ပေါ်လာနိုင်သလဲ ဆိုတာကို
စဉ်းစားကြည့်ပါ။ဘာအကျိုးကျေးဇူးမှလည်းဖြစ်မလာမယ့် ငြင်းခုံရန်ဖြစ်မှုကို
ကျွန်တော်တို့ ဘာကြောင့်လုပ်ဆောင်နေမှာလဲ။ ကျွန်တော်တို့ရဲ့
ကိုယ်ပိုင်ဥစ္စာစည်းစိမ်ကို ထိခိုက်စေမှာလား ဒါမှမဟုတ် ကျွန်တော်တို့ရဲ့
ဂုဏ်သိက္ခာပိုင်းဆိုင်ရာတွေကို ထိခိုက်စေနိုင်မှာလား။ ဒီလို ထည့် တွက်
ပြီး မှ ငြင်းခုံရန်ဖြစ်နေတာက ပိုပြီးကောင်းပါတယ်။ ငြင်းခုံနေတဲ့
အကြောင်းအရာ ဟာ အမြင် နှစ်မျိုးပေါ်မှာ အခြေခံနေရင်တော့ ဘယ်တော့မှ
အဖြေထွက်လာမှာမဟုတ်ပါဘူး။ဒီလိုဆိုရင် ဘာကြောင့်ငြင်းခုံနေဦးမှာလဲ။
အချိန်ဆိုတာ တန်ဖိုးရှိပါတယ်။ အချိန်ကို အကျိုးရှိစွာအသုံးချလို့
အခြားလူတွေ အောင်မြင်နေချိန်မှာကျွန်တော်တို့ဟာ တစ်ဦးနဲ့ တစ်ဦးဘာမှ
အကျိုးမရှိတာနဲ့ ငြင်းခုံပြီး
တန်ဖိုးရှိတဲ့အချိန်တွေကို အဆုံးအရှုံးခံကြမယ်ပေါ့။ အဲဒီလိုတော့
မဖြစ်သင့်ဘူးလို့ ကျွန်တော်တော့ ထင်မြင်ယူဆမိပါတယ်။

၂-စီးပွားရေးသမားအမြင်

စီးပွါးရေးသမားဆိုရင် ဟိုးတုန်းကတော့ တစ်ကိုယ်ကောင်းဆန်တဲ့သူ
၊လောဘကြီးတဲ့သူ၊ အတ္တကြီး
တဲ့သူအဖြစ်ပြေးမြင်မိတတ်ကြပါတယ်။ ယခုခေတ်ကြီးမှာတော့ စီးပွားရေးသမားရဲ့ အခန်းကဏ္ဍကို
ကျွန်တော်တို့အားကျ အတုယူကြရတော့မှာပါ။ စီးပွားရေးသမားတွေဟာ အချိန်ကို
တန်ဖိုးရှိစွာ အကျိုးချရုံမျှမက ဘယ်သူနဲ့မှ
အတိုက်အခံလုပ်ဖို့စိတ်မကူးကြပါဘူး။ သူ့ပြိုင်ဖက်ကို ဘယ်လိုအလဲ ထိုး
ရမလဲဆိုတဲ့ စီးပွားရေးသမားဟာ အမြဲတမ်းရန်လိုပြီး
အတိုက်အခံသမားပုံစံပေါက်မနေတော့ ပါ
ဘူး။ အဆင်ပြေအောင်ကြည့်ပြောတယ်။ အဆင်ပြေအောင်ကြည့်နေတယ်။ ရေလိုက်ငါးလိုက်နေတယ်
ဒါပေမယ့် သူ့အကျိုးစီးပွားနဲ့ မပတ်သက်တဲ့ ဘယ်လို
ငြင်းခုံရန်ဖြစ်နေမှုမျိုးကို မဆို စီးပွားရေးသမား
တွေ အချိန်ပေးလေ့မရှိကြပါဘူး။

၃-နိုင်ငံရေးသမားအမြင်

နိုင်ငံရေးသမားတွေဟာ ဥပဒေ တွေ စည်းမျဉ်းစည်းကမ်းတွေ နဲ့ပြောပါတယ်။ အထင်အမြင်တွေဟာ
ဘောင်မ၀င်ဘူးဆိုတာသူတို့ကောင်းကောင်းသိတယ်လေ။ စိတ်ခံစားမှုတွေ ဟာ
သူတို့မျက်နှာပေါ်မှာ
တက်မလာတဲ့ ရင်တွင်းဖြစ်လှိုင်းတွေပါပဲ။ သူတို့ပြုံးချင်ပြုံးနေမယ်။
သူတို့ ငြိမ်ချင်ငြိမ်နေမယ်။ သူတို့
စောင့်ကြည့်ချင်စောင့်ကြည့်နေမယ်။ သူတို့မှာ ခိုင်မာတဲ့ ခံယူချက်နဲ့
ဦးတည်ချက် ရည်ရွယ်ချက်တွေ
ရှိနှင့်နေပြီးသားပါ။ တကယ်တန်း ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားဟာ
မဖြစ်နိုင်တာတွေကို ဆွေး
နွေးငြင်းခုံနေတာတွေ မလုပ်သလို ဖြစ်နိုင်တဲ့ အရာတွေကို
လျင်လျင်မြန်မြန်ကတိပေးဖို့လည်း နှောင့်
နှေးမနေတတ်ကြပါဘူး။

၎-ဘာသာရေးအမြင်

ငြင်းခုံနေရပြီဆိုရင် ငြိမ်းချမ်းမှုက ပျက်ပြားသွားပါပြီ။
မည်သူနိုင်သည်ဖြစ်စေ မည်သူက အသာရသည်
ဖြစ်စေ အဲဒါဟာ တကယ့်အဖြေမှန်တစ်ခု ဘယ်တော့မှ ဟုတ်မနေတတ်ကြပါဘူး။ ရန်စ တွေ
ရန် ငြိုး
တွေဆိုတာ အဲဒီလူတွေ ပေါ့ပေါ့တန်တန်ထင်ထားတဲ့ အငြင်းပွားမှုလေးတွေက
အစပြုဖြစ်ပေါ်လာ တတ်ကြတယ်ဆိုတာကိုလည်းသတိချပ်သင့်ပါတယ်။ အေးအေးချမ်းချမ်း
တရားနဲ့နေတဲ့သူဟာ မည်သူ့ကို မှ အနိုင်မယူချင်သလို မည်သူကမှလည်း အတင်းအဓမ္မ
အနိုင်ယူလို့မရတဲ့သူမျိုးပါ။
အမြင်အသီးသီးမှာ ငြင်းခုံရန်ဖြစ်နေတာဟာ မကောင်းဘူးလို့ယေဘုယျ ဆုံးဖြတ်နိုင်ပါတယ်။

ဒီလိုဆိုရင် ကျွန်တော်တို့ ဘာကြောင့်ငြင်းခုံရန်ဖြစ်နေကြဦးမှာလဲဗျာ။။

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။

Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1

မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။

ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ