---------- Forwarded message ----------
From:
သက်တန့်ချို..... <kyawminoo.im2@gmail.com> Date: 2012/7/21
Subject: Thet Tant Cho
To:
snsoenaing4@gmail.com
ဘ၀ကိုဖြတ်သန်းတဲ့အခါ ---- Posted: 20 Jul 2012 03:50 AM PDT ![]() ဘ၀ကိုဖြတ်သန်းတဲ့အခါ ---- > အကျိုးမရှိစေတဲ့ လူတွေနဲ့အချိန်ဖြုန်းခြင်းကိုရှောင်ကျဉ်ပါ > ပြဿနာတွေက နေပြေးထွက်တတ်တဲ့အကျင့်ကို ရပ်တန့်ပါ > မိမိကိုယ်ကိုယ် လိမ်လည်ခြင်းကို ရပ်တန့်ပါ > ကိုယ်မဟုတ်တဲ့တခြားသူတစ်ဦးဦးရဲ့ပုံစံထဲဝင်အောင် အတင်းသွတ်သွင်းခြင်းမလုပ်ပါနဲ့ > အတိတ်ကို ဖက်တွယ်ထားခြင်းအား စွန့်လွှတ်ပါ > အမှားတစ်ခုအတွက် ထိတ်လန့်ကြောက်ရွံ့နေခြင်းကို ရပ်တန့်ပါ > ပျော်ရွှင်မှုကို ရရှိအောင်ကြိုးစားပါ > အဆိုးမြင်ဝါဒီကို တတ်နိုင်သမျှ စွန့်လွှတ်ပါ > ကိုယ်ကိုယ်ကို အဆင်သင့်မဖြစ်သေးဘူးလို့ တွေးထင်ခြင်းကို ရပ်တန့်ပါ > မှားယွင်းတဲ့အကြောင်းပြချက်တွေနဲ့ relationship တစ်ခုကို မတည်ဆောက်ပါနဲ့ > သူတပါးကို မနာလိုဝန်တိုမှုမဖြစ်ပါနဲ့ > ကိုယ့်အကြောင်းကို သူတပါးကို အရေးတယူရှင်းပြနေခြင်းအားဖြင့်အချိန်မကုန်ပါစေနဲ့ > ဘယ်အရာကိုဖြစ်ဖြစ် မရပ်မနားပဲ ဆက်ခါဆက်ခါ မပြုလုပ်ပါနဲ့ > Perfect ဖြစ်ဖို့ထက်စာရင် အမှားအယွင်းနည်းအောင်သာကြိုးစားပါ ။ > အရမ်းကာရောစိုးရိမ်ပူပန်တတ်ခြင်းမဖြစ်ပါစေနဲ့ ။ > အကောင်းဆုံးကို လိုချင်ရင် အဆိုးဆုံးကိုလည်း လက်ခံတတ်ပါစေ ။ သက်တန့်ချို ဖတ်မိသမျှ ၊ မှတ်မိသမျှ ၊ တွေးမိသမျှ ။ စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်....................... |
အာလူးပုပ်တွေကိုစွန့်ပစ်လိုက်ပါ Posted: 20 Jul 2012 03:32 AM PDT အာလူးပုပ်တွေကိုစွန့်ပစ်လိုက်ပါ ![]() ဆရာမ က ကျောင်းသားတွေကို ဂိမ်းတစ်ခုကစားဖို့အတွက် ဆုံးဖြတ်လိုက်တယ် ။ ကျောင်းသားတစ်ယောက်ဆီကို အတန်းထဲကို အာလူးအနည်းငယ်ပါတဲ့အိတ်တစ်အိတ်စီ သယ်ဆောင် လာကြဖို့အ တွက် ဆရာမက ကျောင်းသားတစ်ဦးဆီကိုပြောလိုက်တယ် ။ အာလူးတစ်ဦးဆီမှာ သူတို့မုန်းတဲ့သူ ငယ်ချင်းတွေနာမည်ကိုရေးခိုင်းလိုက်တယ် ။ ပလပ်စတစ် အိတ်ထဲမှာ အာလူးဘယ်လောက် ပါလာမလဲ ဆိုတာ ကျောင်းသားတစ်ယောက်ချင်းစီရဲ့ သူတို့လူဘယ်နှစ်ယောက်ကို မုန်းနေလဲဆိုတဲ့အပေါ် မူတည်ပါတယ် ။ ဂိမ်းကစားတဲ့နေ့ရောက်တဲ့အခါ ကျောင်းသားတိုင်းက သူတို့မုန်းတဲ့လူနာမည်တွေရေးထားတဲ့ အာလူး တွေကို အိတ်ကလေးတွေထဲထည့်ပြီးယူဆောင်လာကြတယ် ။ တချို့က အာလူး ၂လုံးပါတယ် တချို့ကတော့ အာလုံး ၃ လုံးပေါ့ တချို့ဆို အာလုံး ငါးလုံးအထိတောင်ပါလာခဲ့တယ် ။ ဆရာမက ကျောင်းသားတွေကိုပြောလိုက်တယ် ။ " တပည့်တို့ အခုပါလာတဲ့အာလူးတွေထည့်ထားတဲ့အိတ်ကလေးတွေကို တစ်ပတ်တိတိ တပည့်တို့ဘယ်ကို သွားသွား ယူသွားရမယ် နောက်ဆုံးအိမ်သာထဲသွားရင်တောင် ဒီအိတ်ကလေးကိုယူသွားရမယ် " လို့မှာကြား လိုက်တယ် ။
ရက်တွေ တစ်ရက်ပြီးတစ်ရက်ကုန်လာခဲ့တယ် ။ ကျောင်းသားတွေက အချိန်ကြာလာတော့ ပုပ်အက်လာတဲ့ အာလူးတွေကြောင့် မနှစ်မြို့စရာ အနံ့တွေကို စတင်ပြီး စောဒက တက်လာခဲ့ကြတယ် ။ ဒါ့အပြင် အာလူးငါးလုံးယူလာတဲ့ကျောင်းသားဆိုရင် အိတ်ကြီးကြီး သယ်ရတဲ့အတွက် အဆင်မပြေဘူးဖြစ်နေခဲ့တယ် ။ တစ်ပတ်ပြီးတဲ့ အခါ ကျောင်းသားတွေသက်သာခွင့်ရသွားကြတယ် ။ ဘာလို့လည်းဆိုတော့ သူတို့ကစားပွဲ ကပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ဖြစ်တယ် ။ ကျောင်းသားတွေက သူတို့ကြုံရတဲ့ဒုက္ခတွေအတွက် မချင့်မရဲဖြစ်ပြီး ပြဿနာတွေကို စောဒကတက်ခဲ့ကြတယ် ။ ဒီလို လေးလံပြီး အနံ့အသက် မကောင်းတဲ့အိတ်ကြီးကို သူတို့ ဘယ်နေရာသွားသွား သယ်ဆောင် သွားရတယ်ဆိုတာကိုပေါ့ ။
ဆရာမက ကျောင်းသားတွေအားလုံးကိုစုဝေးစေပြီး အခုပြီးဆုံးသွားတဲ့ကစားပွဲရဲ့ နောက်ကွယ်က လျှို့ဝှက်ချက် ကိုပြောပြခဲ့တယ် ။ " တပည့်တို့ အာလူးတွေအပေါ်မှာ ကိုယ်မုန်းတဲ့သူနာမည်ကို ရေးထွင်းခိုင်းခြင်းဟာ တပည့်တို့ နှလုံးသားထဲမှာ တပည့်တို့ မုန်းနေတဲ့ လူတွေရဲ့ နာမည်တွေအကြောင်းအရာတွေကို ထည့်သွင်းထားခြင်းနဲ့တူတယ် ။ အာလူးတွေကို တပည့်တို့သွားလေရာ အိတ်နဲ့ထည့်ပြီးသယ်ဆောင်သွားရသလို တပည့်တို့ မုန်းနေတဲ့ လူတွေကို တပည့်တို့က နှလုံးသားထဲထည့်ပြီးသယ်ဆောင်သွားကြတယ် ။ အချိန်ကြာလာတော့ အာလူးတွေကပုပ်ပြီး ဆိုးရွားတဲ့အနံ့တွေထွက်လာသလို တပည့်တည်းလည်း ကိုယ်သူတပါးအပေါ် ထားရှိတဲ့အမုန်းတွေကြောင့် အပုပ်နံ့တွေ ထွက်ပြီးနှလုံးသားတွေက မဖြူစင်ကြတော့ဘူး ။ တစ်ပတ်အတွင်းမှာတောင် တပည့်တို့အာလူး ပုပ်တွေရဲ့ဆိုးရွားတဲ့ရနံ့တွေကို ခံခဲ့ကြရတယ်မဟုတ်လား ။ ဒါဆို နှလုံးသားထဲ ထည့်သွင်းမိတဲ့အမုန်းတွေကို ဘာကြောင့်များ တစ်သက်လုံးသယ်ဆောင်သွားကြမလဲ ။ တစ်ပတ်ပြီးနောက်အာလုံးတွေကို ပစ်လိုက်ရတဲ့အခါ ရရှိလာတဲ့ ပေါ့ပါးလန်းဆန်းမှုမျိုးကို တပည့်တို့ပြန်တွေးကြည့်ကြပါ ။ ဘယ်လောက်တောင် လွတ်လပ်ပေါ့ပါးသလဲ ။ ကိုယ်သူတပါးအပေါ်ထားရှိတဲ့အမုန်းတွေကြောင့် ကိုယ့်နှလုံးသားကို ၀န်ထုပ်ဝန်ပိုးဖြစ်ပြီးပုပ်စော်နံမှု မဖြစ် ပါစေနဲ့" ---------------------------------------------------------
ကိုယ်သူတပါးအပေါ်ထားရှိတဲ့အမုန်းတွေကြောင့် ကိုယ့်ကိုယ်ကို ၀န်ထုပ်ဝန်ပိုးမဖြစ်ပါစေနဲ့ ။ အာလူးပုပ်တွေကို လွှင့်ပစ်လိုက်သလို သင်လည်း အမုန်းတွေကို စွန့်ပစ်လိုက်ပါ ။ သင်သာမစွန့်ပစ်နိုင်ခဲ့ရင် သင်ဘယ်သွားသွား အဲဒီအမုန်းတွေကို သင့်နှလုံးသားကသယ်ဆောင်သွား၇လိမ့်မယ် ။အ ချိန်ကြာလာတဲ့အခါ အာလူးတွေပုပ် သွားသလို သင့် နှလုံးသားမှာလည်းအမုန်းတွေကြောင့် မာကြောခက်ထန်မှုတွေနဲ့ ပူလောင်မှုတွေ သာကြုံတွေ့ ရလိမ့်မယ် ။ ဒီနေ့ကစပြီး
သင့်ရဲ့ အမုန်းတွေထည့်ထားတဲ့ နှလုံးသားကို စွန့်ပစ်လိုက်ပါ စာဖတ်သူ ။
သက်တန့်ချို The Game အား ဘာသာပြန်ခံစားသည် ။
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်....................... ![]() |
You are subscribed to email updates from သက်တန့်ချို..... To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက
http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင်
http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင်
http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန်
http://www.facebook.com/home.php?sk=group_173571176006981&ap=1 မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ