admin posted: " ရောက်တတ်ရာရာမှတ်စုအတိုအစများ မောင်ရင်ငတေနေတဲ့ မြို့အကြောင်း (မောင်ရင်ငတေ) အောက်တိုဘာ ၁၂၊ �"
|
- Kachin
- Kachin Version
- - Kachin News Group
- Help Us to Find More...
- Burmese Version
- - Kachin News Group
- - Kachin Daily News
- Help Us to Find More...
- Kayar
- Karenni Version
- - Kantarawaddy Time
- Help Us to Find More...
- Burmese Version
- - Kantarawaddy Time
- Help Us to Find More...
- English Version
- - Kantarawaddy Times
- Help Us to Find More...
- Kayin
- Burmese Version
- - Kayin Information Center
- Help Us to Find More...
- English Version
- - Kayin News
- - Kayin Human Rights Group
- Help Us to Find More...
- Chin
- Dialects Languages
- - Chin TV
(Falam language) - - Chin TV
(Haka language) - - Faiceu
(Haka language) - - Zobawm
(Mizo language) - - Chin Star
(Haka language) - - Chinland Today
(Falam language) - - Global Chin News (Falam language)
- Help Us to Find More...
- Burmese Version
- - Chin World
- - Khonumthung
- Help Us to Find More...
- English Version
- - Chinland guardian
- - Khonumthung
- Help Us to Find More...
- Zomi
- Burma
- Mon
- Mon Version
- - Independent Mon News Agency
- Help Us to Find More...
- Burmese Version
- - Independent Mon News Agency
- Help Us to Find More...
- English Version
- - Independent Mon News Agency
- - Human Rights Foundation of Monland
- Help Us to Find More...
- Rakhine
- Burmese Version
- - Arakan Laywaddy
- Help Us to Find More...
- English Version
- - The Arakan Times
- - Laywaddy
- - Narinjara
- Help Us to Find More...
- Shan
- Shan Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Burmese Version
- - Shan Panglong
- Help Us to Find More...
- English Version
- - Shan Panglong
- - Tai Freedom
- Help Us to Find More...
- Videos
သျှမ်းသံတော်ဆင့်
သျှမ်းသံတော်ဆင့် |
- မူးယစ်ရာဇာကြီးစိုးသောဒေသ၌ ဒေသခံအမျိုးသမီးများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေ
- ကချင်ပြည်နယ် စစ်ဘေးသင့်သူများအတွက် တရုတ်နယ်စပ်တွင် အလှူငွေကောက်ခံ
- မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန် ပေါ်လစီ တိုင်းရင်းသားများအား မမေ့သင့်
| မူးယစ်ရာဇာကြီးစိုးသောဒေသ၌ ဒေသခံအမျိုးသမီးများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေ Posted: 12 Oct 2012 02:08 AM PDT သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးပေါ်အုပ်စုရှိ ဒေသခံအမျိုးသမီးများစုပေါင်း၍ အမျိုးသမီးသီးသန့် အင်အားဖြင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းဖွဲ့ကာ မူးယစ်နှိမ်နှင်းနေကြောင်း ဒေသခံ များပြောပြချက်အရသိရသည်။ မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း"ကော်မတီဝင် ၇ ယောက်ရှိတယ်။ ဥက္ကဌ၊ ဒုဥက္ကဌအစရှိ အားလုံးက အမျိုးသမီးတွေ။ အဖွဲ့ဝင်အားလုံး ၂၀၀ ကျော်ရှိတယ်။ မုံးပေါ်က ကျေးရွာ ၂၁ ရွာက မိခင်တွေပေါ့နော်။ ပြီးခဲ့တဲ့ ဩဂတ်စ်လက စတင်ဖွဲ့စည်းပြီး လှုပ်ရှားလာခဲ့တယ်လို့ သူတို့ ပြောတယ်" မုံးပေါ်သို့ရောက်ရှိခဲ့သော လားရှိုးဒေသခံတဦးကပြောသည်။ မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းကို ဩဂတ်စ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းပြီး ဩဂတ်စ်လ ၂၀ ရက်နေ့က စတင်လှုပ်ရှားခဲ့သည်ဟု ဆိုပါသည်။ ဩဂတ်စ်လအတွင်း ၆ ကြိမ်ဖမ်းဆီးမှုပြုလုပ်ရာ ရွာ ၆ ရွာမှ ရောင်း၊ဝယ်၊ သုံးစွဲသူ လူ ၁၆ ဦးဖမ်းဆီးခဲ့သည်။ ဆေးမှုန့် ၄ ပုလင်း၊ ဆေးပြား ၆၉ ပြား၊ ပိုက် ၉ ခုနှင့် ဘိန်းမဲ ၂ မူးဖမ်းဆီးရမိ သည်ဟု အသင်း၏ လှုပ်ရှားမှုမှတ်တမ်းတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။ ထို့အပြင် စက်တင်ဘာလ အတွင်းလှုပ်ရှားမှုတွင် ၇ ကြိမ်ဖမ်းဆီးမှုပြုရာ ကျေးရွာ ၁၀ ရွာမှ ရောင်းဝယ်သုံးစွဲသူ ၁၃ ဦးကို စစ်ဆေးဖမ်းဆီးခဲ့သည်။ ဘိန်းဖြူ ၅ ပုလင်းခွဲ၊ ဘိန်းမဲတချို့၊ ပိုက် ၄၂ ချောင်း၊ ဆေးပြား ၂၀၀ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဩဂတ်စ်လနှင့် စက်တင်ဘာလတို့၌ဖမ်းဆီးရမိသော ပစ္စည်းတချို့ကို စက်တင်ဘာလ ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု လည်း အဆိုပါ လားရှိုးဒေသခံက ဆက်လက်ပြောပြသည်။ " မူးယစ်ဆေးဝါး အကျိုးဆက်တွေကို မခံမရပ်နိုင်လို့ စုပေါင်းတိုက်ဖျက်ကြမယ် ဆိုပြီး မုံးပေါ်က မိခင်တွေကနေစပြီး ဆွေးနွေးဖြစ်ကြတယ်လို့ပြောတယ်။ ဒီမုံးပေါ်ဇုံမှာ မူးယစ်ဆေးဝါးကင်းစင်ပပျောက်အောင် ၃ နှစ်စီမံကိန်းနဲ့လုပ်သွားမယ်လို့ ပြောတယ်။ ဒီအမျိုးသမီးအဖွဲ့ကတော့ တကယ်လဲလှုပ်ရှားတယ် ဖမ်းဆီးတယ်။ သူတို့လှုပ်ရှားမှုလုပ်ငန်းမှာ ပြည်သူ့စစ်နဲ့ ပြည်သူ့ရဲ့တချို့ဆီကနေ ပံ့ပိုးမှုအနည်းငယ်တော့ ရရှိခဲ့တယ်။ ထိရောက်တဲ့ပူးပေါင်းမှုတော့ မရရှိဘူးလို့ ပြောတယ်" ဟု အဆိုပါ အမျိုးသမီးများမှဖွဲ့စည်းထားသော မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းအကြောင်း စုံစမ်းလေ့လာခဲ့ရသည့် လားရှိုးဒေသခံက သျှမ်းသံတော်ဆင့်အား ပြောပြသည်။ မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းအဆိုပါအသင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ၁- နောင်လာနောက်သားများ မူးယစ်ဆေးဝါးကင်းစင်ပြီး ရပ်ရွာဒေသ ပတ်ဝန်း ကျင်၌ ငြိမ်းချမ်းလုံခြုံစွာနေထိုင်နိုင်ရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်။ ၂- နိုင်ငံ့ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန်။ ၃-ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လာစေရန်။ ၄-မူးယစ်ဆေးဝါးကြောင့် ဆင်းရဲဒုက္ခရောက်နေသော မိသားစုများ၏စိတ်ဓါတ်ပြန်လည်မြင့်တင်လာစေရန် - ဟူသောအချက် ၄ ချက်ဖြစ်သည်ဟုလည်း ၎င်းတို့၏ နောက်ခံသမိုင်း၌ ရေးသားထားသည်ကိုတွေ့ရသည်။ ကြူကုတ်မြို့နယ်ခွဲအတွင်းရှိ မုံးပေါ်ဇုံ၌ မူးယစ်ဆေးဝါး ပေါများလျက်ရှိရာ ဆေးသုံးသူမရှိသည့် မိသားစုမရှိ (အနည်းဆုံး တအိမ်တယောက်) ဖြစ်နေသည်ဟု ဆိုပါသည်။ မုံးပေါ်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးကိန်မိုင်အားလည်း လွှတ်တော် ရောက် မူးယစ်ရာဇာဟု Shan Drug Watch အစီရင်ခံစာက ရေးသားထားပါသည်။ ထို့အတူ အဆိုပါ မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း၏ ခေါင်းဆောင်ပိုင်းများသည် ဒေသခံအာဏာရှိပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်မှုရှိမရှိ မသိရသေးဟု ဆိုပါသည်။ |
| ကချင်ပြည်နယ် စစ်ဘေးသင့်သူများအတွက် တရုတ်နယ်စပ်တွင် အလှူငွေကောက်ခံ Posted: 12 Oct 2012 02:06 AM PDT ကချင်ပြည်နယ် စစ်ဘေးသင့်သူများကို ကူညီပေးရန် သျှမ်းစာပေနှင့်ယဉ်ကျေးမူအဖွဲ့မှတာဝန်ယူ၍ု သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူစယ်နှင့် နမ့်ခမ်းမြို့များတွင် ယနေ့မှ စတင်၍ အလှူငွေကောက်ခံသွား မည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်မှ စုံစမ်းသိရှိရသည်။ ကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်တချို့(ဓါတ်ပုံ- WPN)အလှူငွေများကို မြစ်ကြီးနားမြို့ပေါ်ရှိ ဝန်းသိုဘုန်းတော်ကြီးကျောင်းနှင့် မြစ်ကြီးနားတဘက်ကမ်း ဝိုင်းမော်မြို့ ပေါ်မှ သာကေရ သရက်တော ဘုန်းတော်ကြီးကျောင်းတို့တွင် ခိုလှုံနေသော ဒုက္ခသည်များအတွက် အသုံးပြုမည်ဟု နမ့်ခမ်းမြို့ရှိ သျှမ်းစာပေနှင့်ယဉ်ကျေးမူမှ အလုပ်မူဆောင်တာဝန်ရှိသူတစ်ဦးက ပြောသည်။ "နမ့်ခမ်းမှာတော့ ဒီနေ့ တောင်ကြီးအကပြိုင်ပွဲပထမဆုရ ဂုဏ်ပြုပွဲ ကျင်းပပြီးတာနဲ့ တက်ရောက်လာတဲ့ ရပ်ကွက် ကိုယ်စားများကို သူတို့ရပ်ကွက်ထဲမှာ အလှူငွေတောင်းပေးဖို့ အကူအညီတောင်းထားပါတယ်။ မူစယ်မှာတော့ ဘယ်တော့ကောက်မလဲ မသိသေးဘူး။" ဟု ၄င်းက ပြောသည်။ ကောက်ခံရရှိမည့်ငွေများကို ၂၀၁၁ ခု ဒီဇင်ဘာလ၌ ဖွဲ့စည်းခဲ့သော 'ကချင်ပြည်နယ်စစ်ဘေးသင့်သျှမ်း ဒုက္ခသည် ကူညီရေးအဖွဲ့ (ယာယီ)' မှ တဆင့် အသုံးပြုသွားမည်ဟု ဆိုသည်။ အဆိုပါ မြစ်ကြီးနားနှင့် ဝိုင်းမော်ရှိ နေရာနှစ်ခုရှိ ကချင်နှင့် တိုင်းလိုင် ခေါ် သျှမ်းနီ တိုင်းရင်းသားများ ပါဝင်သော စစ်ဘေးသင့်သူ ၆၀၀ ဦးကျော်ရှိပြီး သျှမ်းနီအများစုဖြစ်ကြောင်း သိရသည်။ ၄င်းတို့သည် မြစ်ကြီးနား-ဗန်းမော် ကြား ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း တာလောကြီးဒေသခံများ ဖြစ်ကြသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFO က ဆန်၊ ဆား၊ ဆီ၊ ပဲ စသည်တို့ ထောက်ပံ့ပေးသော်လည်း ကျန်းမာရေးနှင့် ပညာရေး အတွက် မပါသဖြင့် အလှူငွေ တောင်းခံရခြင်းဖြစ်သည်ဟု 'ကချင်ပြည်နယ် စစ်ဘေးသင့်သျှမ်းဒုက္ခသည် ကူညီရေးအဖွဲ့ (ယာယီ)' မှ တာဝန်ခံ ဦးစောနွဲ့နှင်းနှင်းက ပြောသည်။ "ဒုက္ခသည်စခန်းမှာတော့ ဆေးပေးခန်း သေးသေးလေးတော့ ရှိတယ်။ လွန်ခဲ့တဲ့လအနည်းငယ်က ဒုက္ခသည် စခန်းထဲက ကလေးတယောက်ဟာ ဦးနှောက်အမြှေးပါးယောင်ပြီး ရန်ကုန် ဆေးရုံ ပို့ပြီး ကုရတယ်။ ခုတော့ မြစ်ကြီးနားဆေးရုံမှာ ဆက်ကုနေရသေးတယ်။ သက်ကြီးရွယ်အိုတစ်ချို့လည်း လေဖြတ်ခံရတယ်။ အဲလိုမျိုးရောဂါမျိုး ဖြစ်လာရင်တော့ မြစ်ကြီးနားဆေးရုံကိုပဲ ပို့ပြီးကုရတော့ ဆေးစရိတ်တော့ အများကြီးလို တာပေါ့။" ဟု သူက ပြောသည်။ ယင်းစစ်ဘေးသင့်သူ ကလေးများသည် မြို့ပေါ်ရှိ နီးစပ်ရာ အစိုးရစာသင်ကျောင်းများတွင် ပညာသင်နေရပြီး စုစုပေါင်း ကျောင်းသား ၆၀ ဦးကျော် ရှိနေကြောင်း ဆိုသည်။ ကျောင်းဝတ်စုံနှင့် သင်ယူမှု အထောက်အကူ ပစ္စည်းများ လိုအပ်နေခြင်းဖြစ်သည်။ အလားတူ ၂၀၁၂ ခု ဖေဖော်ဝါရီလကလည်း 'ကချင်ပြည်နယ် စစ်ဘေးသင့်သျှမ်းဒုက္ခသည်ကူညီရေးအဖွဲ့ (ယာယီ)' မှ တာဝန်ခံ ဦးစောနွဲ့နှင်းနှင်းကိုယ်တိုင် ဦးဆောင်၍ မန္တလေးမြို့တွင် မြို့ခံလူမူရေးအဖွဲ့များ၏ အကူအညီဖြင့် ၅၂ သိန်း ကောက်ခံရရှိခဲ့သည်ဟုဆိုသည်။ ယင်းငွေထဲမှ ဗန်းမော်မြို့ရှိ စစ်ဘေးသင့်သူများအတွက် ၇ သိန်း ၅ သောင်း ခွဲပေးခဲ့ပြီး ကျန်ငွေများကို မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့ရှိ စစ်ဘေးသင့်သူများအတွက် အသုံးပြုခဲ့သည်။ 'ကချင်ပြည်နယ် စစ်ဘေးသင့်သျှမ်းဒုက္ခသည်ကူညီရေးအဖွဲ့ (ယာယီ)' ရုံးများကို မြစ်ကြီးနားနှင့် ဝိုင်းမော်ရှိ အဆိုပါ စစ်ဘေးသင့်သူများခိုလှုံနေသော ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည်။ ၂၀၁၁ ခု ဇွန်လမှစ၍ KIA နှင့် အစိုးရတပ်များအကြား အပစ်ရပ်ပျက်ပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားလာရာ ကချင်ပြည် နယ်အနှံ့ စစ်ဘေးသင့်သူ တသိန်းခန့်ရှိပြီးဖြစ်ကြောင်း သိရသည်။ |
| မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန် ပေါ်လစီ တိုင်းရင်းသားများအား မမေ့သင့် Posted: 12 Oct 2012 02:05 AM PDT အရင်က မှားယွင်းဖူးခဲ့သလို နောက်ထပ် မမှားရလေအောင် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ ပေါ်လစီဟာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို မမေ့သင့်ဘူးလို့ Tim Heinemann က Asian Times သတင်းစာမှာ ရေးသားထားပါတယ်။ ![]() ဗီယက်နမ်၊ ဆိုးမားလီးယား၊ အီရတ်စ်၊ အာဖဂန်နီစတန်နိုင်ငံတွေမှာ အမေရိကန်ဟာ မှားယွင်း လုပ်ဆောင် မှုကို အများက ပြစ်တင်ဝေဖန်ကြတယ်။ အမေရိကန်ဟာ တနိုင်ငံနဲ့တနိုင်ငံ ကူးလူးဆက်ဆံတဲ့ ပေါ်လစီ ရှိ ပေမဲ့ ဒေသအခြေအနေ၊ ပြည်သူလူထုအပေါ် အရေးမလုပ်ဘူး။ အစိုးရချင်း ဆက်ဆံရေးကို ပြည်သူ့ဆက်ဆံ ရေးထက် အရေးပေးတာကြောင့် အမှားအယွင်းတွေ ဖြစ်ပေါ်ခဲ့တယ်။ အခုလည်း မြန်မာပြည်မှာ နောက်ထပ် မမှားစေချင်ဘူးလို့ Tim Heinemann က ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေကို တကယ်စမ်းစစ်ကြည့်ရင် တိုင်းရင်းသား လူဦးရေဟာ ၅၀ ရာခိုင်နှုန်းလောက် ရှိတယ်။ တိုက်ပွဲတွေ ဖြစ်လာရင်လည်း မြန်မာစစ်တပ်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေထက် ကျဆုံးတာ ပိုများတယ်။ ကျေနပ်စရာ မကောင်းတာက အပစ်ရပ်ပြီးတာတောင် မြန်မာစစ်တပ်နဲ့ တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်း။ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ လယ်ယာမြေ အဓမ္မ သိမ်းဆည်းတာတွေ ရှိနေတုန်း။ သမ္မတ ဦးသိန်းစိန် လည်း စစ်တပ်အပေါ် အာဏာ မရှိဘူး။ စစ်တပ်ကို အမိန့်မပေးနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လည်း အစိုးရအတွက် ကြော်ငြာမယ် လုပ်ပေးနေသလို ဖြစ်နေတယ်။ ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်စလုံးဟာလည်း တိုင်းရင်းသားတွေအတွက် ပြတ်သားတဲ့ ပေါ်လစီ မရှိကြသေးဘူးလို့ ပြောပါတယ်။ အပစ်ရပ်တာကို သုံးသပ်ကြည့်ရင် - ၁) တိုင်းရင်းသားတွေရဲ့ စည်းလုံးမှု ပြိုကွဲအောင်၊ ၂) မြန်မာစစ်တပ် တွေ ရှေ့တန်းနဲ့ ပြည်သူဆီကနေ အဓမ္မ သိမ်းထားတဲ့ နယ်မြေတွေမှာ အင်အားဖြည့်နိုင်အောင်၊ ၃) မြန်မာ စစ်တပ်တွေ အင်အားစုပြီး အပစ်မရပ်သေးတဲ့ တိုင်းရင်းသားတွေ တိုက်ခိုက်နိုင်အောင်၊ ၄) အပစ်ရပ်မှုနဲ့ တိုင်းရင်းသားတွေကို အကျပ်ကိုင်နိုင်အောင် လုပ်နေတာ တွေ့ရကြောင်း ရေးသားထားပါတယ်။ အခုအချိန်မှာ အရေးကြီးဆုံးက မြန်မာနိုင်ငံရဲ့ အစိုးရဟာ မြေယာပြန်လည်ပြုပြင်ရေး (land reform) ကို လုပ်ဆောင်ရမယ်။ ဒီကိစ္စကို မဖြေရှင်းသေးဘဲ အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်မယ် ဆိုရင် အစိုးရနဲ့ စစ်တပ်ကို အားပေးသလို ဖြစ်သွားမယ်။ အခုအချိန်မှာ တိုင်းရင်းသားတွေဟာ အထိနာ နေကြပြီ။ စီးပွားရေး ပိတ်ဆို့မှုကို ရုတ်သိမ်းလိုက်မယ်ဆိုရင် တိုင်းရင်းသားတွေဟာ မိအေး ၂ ခါနာတာ ဖြစ်သွားမယ်လို့ ပြောပါတယ်။ နောက်ဆုံးမှာတော့ Tim Heinemann က တိုင်းရင်းသားတွေကို အထင်မသေးသင့်ဘူး။ ဒီလိုဘဲ လွှတ်ထား မယ်ဆိုရင် အာဖရိကတိုက် မြောက်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းက ဖြစ်ပျက်သလို ခန္ဓာကိုယ်ကြီးပြီး အင်အား တောင့်တင်းတဲ့ ဆင်ကြီးဟာ ခန္ဓာကိုယ်သေးငယ်ပြီး အင်အားချိနဲ့တဲ့ ပုရွက်ဆိတ်ကို အရှုံးပေးရတဲ့အဖြစ်နဲ့ ကြုံရလိမ့်မယ်လို့ ဆိုပါတယ်။ မှတ်ချက်။ ။ အောက်တိုဘာ ၁၀ ရက်နေ့ထုတ် Aisan Times သတင်းစာမှ Tim Heinemann ရဲ့ ဆောင်းပါးကို ဆီလျော်အောင် ကောက်နုတ် ဘာသာပြန် ရေးသားခြင်း ဖြစ်သည်။ |
| You are subscribed to email updates from သျှမ်းသံတော်ဆင့် To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |

[New post] ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး (U Win Tin)
admin posted: " ကာလပေါ် ငရဲခွေးကြီးတွေ လွတ်နေသေး ဟံသာဝတီ ဦးဝင်းတင်၊ အောက်တိုဘာ ၁၃၊ ၂၀၁၂ ( Myanmar Independence Journal ) ဒီရက်ပိ�"
|
မြန်မာ့သတင်းများစုစည်းရာ
မြန်မာ့သတင်းများစုစည်းရာ |
- ဘုရားဖူးတာလား အလှကြည့်တာလား
- အငှားယာဉ်မောင်းတစ်ဦးကို တည်ခိုခန်းအတွင်းခေါ်ယူပြီး ၀ိုင်ဝန်းရိုက်နှက်ကာ ယာဉ်အားခိုးယူသွားသူများကို ဖမ်းဆီးစစ်ဆေးလျှက်ရှိ
- စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသားကိုသတ်ပြီး ဘဏ်စာအုပ်ကိုခိုးယူ
- မူးယစ်ရာဇာကြီးစိုးသောဒေသ၌ ဒေသခံအမျိုးသမီးများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေ
- ပြန်တွေ့ဆုံရေး KIO ကို နေပြည်တော် ကမ်းလှမ်း
- သံရုံးရှေ့ဆန္ဒပြသူများအနက် မရမာကြီးအဖွဲ့ကိုသာ မြို့နယ်မှူး ခေါ်တွေ့
- မြန်မာကျောင်းသားများ လက်တွေ့ပိုင်း အားနည်း၊ ဘွဲ့လက်မှတ်များ အသုံးဝင်မှုအပေါ် ယုံကြည်မှု လျော့နည်း၊ အရည်အချင်း ပြည့်မီသည့် ဝန်ထမ်းများ မွေးထုတ်ရန်လို
- နော်ဝေ ငြိမ်းချမ်းရေး အကူအညီ ဝေဖန်ခံနေရ
- ၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဥရောပသမဂ္ဂနိုင်ငံများ(EU)ကရရှိသွားပြီ
- ဗုဒ္ဓဂယာကို ဗုံးခွဲမယ်ဆိုတဲ့သူ ၃ ဦး ဖမ်းမိ
- လူပျိုကြီး ဇာတ်သိမ်းပွဲနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ဥရောပခရီး
- မန္တလေးနဲ့စစ်ကိုင်းက အမှုနှစ်ခု
- မြိတ်မြို့တွင်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ကားများ၊နေအိမ်များ၏မှန်များကို ဖျက်ဆီးခဲ့သူများအား စုံစမ်းစစ်ဆေးနေပြီ
- မြန်မာနိုင်ငံတွင် OIC ရုံးခန်းဖွင့်မည်ကို ကန့်ကွက် ဆန္ဒထုတ်ဖော်
- နိုဗဲလ် ငြိမ်းချမ်းရေး ဆု ဦးသိန်းစိန် ရ၊ မရ လောင်းကြေးဖြစ်နေ
- ဘင်္ဂလာဒေခ်ျ့တွင် မုန်တိုင်းကြောင့် လူ ၂၂ ဦးသေဆုံး
- လန်ဒန်မှာ ရဟန်းတော်တွေ ဘင်္ဂလာက ဗုဒ္ဓဘာသာ အရေးအတွက် ဆန္ဒပြ
- ကွန်တိန်နာထဲ လက်နက်တွေ့မှု ဒိုင်းမွန်းစတားနှင့် ပတ်သက်ခြင်းမရှိ
- အိမ်တွင်းပုန်းရခိုင်အမျိုးသမီးတို့အတွက် သမိုင်းဝင်မယ့်နေ့
- ညမထွက်ရ အမိန့်ကို ဖြေလျှော့သော်လည်း လုံခြုံရေး အခြေအနေ ဒေသခံများ စိုးရိမ်
- မဲဇလီရွက် တက်ခူးရာမှ အမျိုးသား တစ်ဦး ပြုတ်ကျ သေဆုံး
- ဒီမိုကရေစီကို လမ်းမလွဲပါစေနှင့်
- DANGER မူးယစ်ဆေးအဖွဲ့မှ မြိတ် ရဲတွေ နှင့် အုပ်ချုပ်ရေးအဖွဲ့များအား ရာဇာသံပေး အကြမ်းဖက်ပြီ
- မြန်မာ့ရုပ်ရှင်နေ့မှာ နိုင်ငံရေး သူရဲကောင်းဆု ပါ ပေးအပ်မယ်
- သုံးခွမြို့နယ် အန်အယ်လ်ဒီအဖွဲ့တွင်းကိစ္စတွေအတွက် ပြည်သူတွေကို တောင်းပန်ကြောင်းပြော
| Posted: 12 Oct 2012 08:57 AM PDT ဖေ့စ်ဘွတ်မှာဘုရားပုံတော်တွေ၊ စေတီပုံတွေတင်ကြတာ တွေ့ပါတယ်။ အရင်ကလည်း တင်နေကြပါတယ်။ ယခုလည်း တင်နေကြပါသေးတယ်။ ကိုရင်ငယ်လေးတွေ ဆွမ်းခံကြွနေပုံတွေ၊ စာကျက်နေပုံတွေ ဓာတ်ပုံဆရာတို့ လက်စွမ်းပြကောင်းမှု ကြောင့် အင်မတန် ကြည့်လို့ရှုလို့ လှတဲ့၊ သပယ်တဲ့ ဓာတ်ပုံတွေ၊ စေတီတွေ၊ ဘုရားတွေ၊ ရဟန်းတွေ၊ ကိုရင်တွေ ကို ဖူးမျော်ကြရမှာ ဖြစ်ပါတယ်။ တစ်ခါခါ ကျရင် ကိုရင်ငယ်လေးတွေ သစ်ပင်အောက်မှာ စာကျက်နေတဲ့ပုံတို့၊ |
| Posted: 12 Oct 2012 08:52 AM PDT အငှားယာဉ်မောင်းတစ်ဦးကို တည်ခိုခန်းအတွင်းခေါ်ယူပြီး ၀ိုင်းဝန်းရိုက်နှက်ကာ ယာဉ်အားခိုးယူသွားသူများအား ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၂ နာရီ ၄၀ အချိန် ၀န်းကျင်တွင် အသက်၂၅ နှစ်အရွယ်ရှိ လှိုင်မြို့နယ်တွင်နေထိုင်သည့် ယာဉ်မောင်းတစ်ဦးကို ၄င်း၏ယာဉ် အားငှားစီးလေ့ရှိသည့်အမျိုးသမီးတစ်ဦးက ကမာရွက်မြို့နယ်တွင်ရှိသည့် Venus တည်ခိုခန်းသို့ လာရောက်ခေါ်ရန် ဖုန်းဆက်အကြောင်ြး |
| စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသားကိုသတ်ပြီး ဘဏ်စာအုပ်ကိုခိုးယူ Posted: 12 Oct 2012 08:50 AM PDT ပြစ်မှုကျူးလွန်သူနှစ်ဦးကို သက်သေခံပစ္စည်းများနှင့်အတူတွေ့ရစဉ် စကားပြန်နှင့်၎င်း၏မိတ်ဆွေဖြစ်သူက တရုတ်နိုင်ငံသား မစ္စတာလောင်ရှဲမေစိမ်း အသက်၅၀နှစ် နေထိုင်သည့်အခန်းအတွင်းဝင်ရောက်ပြီးသတ်ကာ ဘဏ်စာအုပ်ခိုးယူခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်ကိုအောက်တိုဘာလ ၁၀ရက်နေ့နံနက် ၁ နာရီအချိန်တွင် တရုတ်နိုင်ငံသားနေထိုင်သည့် န၀ဒေးဥယျာဉ်အိမ်ရာ လှိုင်သာယာမြို့နယ်တွင်ဖြစ်ပွားခဲ့ပြီး ကျူးလွ |
| မူးယစ်ရာဇာကြီးစိုးသောဒေသ၌ ဒေသခံအမျိုးသမီးများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေ Posted: 12 Oct 2012 07:51 AM PDT သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးပေါ်အုပ်စုရှိ ဒေသခံအမျိုးသမီးများစုပေါင်း၍ အမျိုးသမီးသီးသန့် အင်အားဖြင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းဖွဲ့ကာ မူးယစ်နှိမ်နှင်းနေကြောင်း ဒေသခံ များပြောပြချက်အရသိရသည်။ "ကော်မတီဝင် ၇ ယောက်ရှိတယ်။ ဥက္ကဌ၊ ဒုဥက္ကဌအစရှိ အားလုံးက အမျိုးသမီးတွေ။ အဖွဲ့ဝင်အားလုံး ၂၀၀ ကျော်ရှိတယ်။ မုံးပေါ်က ကျေးရွာ ၂၁ ရွာက မိခင်တွေပေါ့နော်။ ပြီးခဲ့တဲ့ ဩဂတ်စ်လက စတင်ဖွဲ့စည်းပြီး လှု |
| ပြန်တွေ့ဆုံရေး KIO ကို နေပြည်တော် ကမ်းလှမ်း Posted: 12 Oct 2012 07:42 AM PDT ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် မြန်မာ အစိုးရ တပ်များအကြား စစ်ရေး တင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ ဆုံဆွေးနွေးရန် အစိုးရဘက်က ပြန်လည် ကမ်းလှမ်း လိုက်သည်။ အစိုးရအနေနှင့် နှစ်ဖက် ကိုယ်စားလှယ်များ သွားရောက်နိုင်မည့် တရုတ်နိုင်ငံ ရွှေလီမြို့သို့မဟုတ် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်တွင် တွေ့ဆုံရန် အဆိုပြုထားပြီး KIO ခေါင်းဆောင်များထံ ယခုလ ၁၀ ရက်နေ့က စာပေးပို့ထားကြောင်း ငြိမ်းချ |
| သံရုံးရှေ့ဆန္ဒပြသူများအနက် မရမာကြီးအဖွဲ့ကိုသာ မြို့နယ်မှူး ခေါ်တွေ့ Posted: 12 Oct 2012 06:16 AM PDT အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သော ဘင်္ဂလားဒေရှ့် သံရုံးရှေ့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူများ အနက် မရမာကြီး လူမျိုးများအဖွဲ့ကို သာ ကမာရွတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင် က ခေါ်ယူတွေ့ဆုံကာ ခံဝန်လက်မှတ် ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။ "ဆန္ဒပြတဲ့သူတွေ အများကြီးထဲက ကျနော်တို့ကိုပဲ ခေါ်တာလားလို့ မေးတော့ မြို့နယ် မှူးက ညီလေးတို့ပုံစံက ညှိနှိုင်း လို့ ရမယ်ထင်လို့ ခေါ်တာပါ။ သဘောထား အရမ်း တင်းမာတဲ့ |
| Posted: 12 Oct 2012 05:58 AM PDT မြန်မာကျောင်းသားများ အနေဖြင့် လက်တွေ့ ဆောင်ရွက်မှုပိုင်းတွင် အားနည်းလျက် ရှိကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု(FDI)များ ဝင်ရောက်လာနေပြီဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ရရှိသည့်ဘွဲ့လက်မှတ်များ၏ အသုံးဝင်မှုအပေါ် ယုံကြည်မှုလျော့နည်းသည် ကို တွေ့မြင်နေရခြင်းကြောင့် မိမိတို့အနေဖြင့် ပုဂ္ဂလိကနှင့် ဌာနဆိုင်ရာ များတွင် အရည်အချင်းပြည့်မီသည့် ဝန်ထမ်းများပိုမိုမွေးထုတ်ရန် |
| နော်ဝေ ငြိမ်းချမ်းရေး အကူအညီ ဝေဖန်ခံနေရ Posted: 12 Oct 2012 05:45 AM PDT မြန်မာနိုင်ငံတွင် အော်စလိုက ဦးစီးဦးဆောင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယာယီ ရပ်ဆိုင်းလိုက်သည်ဟူသော သတင်းများနှင့်ပတ်သက်ပြီး နော်ဝေနိုင်ငံခြားရေး ၀န်ကြီးဌာနက ပယ်ချလိုက်သော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနှင့် လတ်တလော ဖြစ်ပေါ်နေသော အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲချက်များအား ပြန်လည် မဖြေရှင်းနိုင်သရွေ့ KNU ထိန်းချုပ်ဒေသများအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းအသစ်များ ထပ်မံတိုးချဲ |
| ၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဥရောပသမဂ္ဂနိုင်ငံများ(EU)ကရရှိသွားပြီ Posted: 12 Oct 2012 05:11 AM PDT ၂၀၁၂ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဥရောပသမဂ္ဂနိုင်ငံများ(EU)ကရရှိသွားပြီဖြစ်သည်။ ဥရောပနိုင်ငံများတွင်လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် နှစ်ပေါင်း ၆၀ကျော် ဆောင်ရွက်ခဲ့ခြင်းများအတွက်ချီးမြှင့်လိုက်ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ၁၉၀၁ ခုနှစ်မှ စတင်ချီးမြှင့်ခဲ့ရာ ပထမဆုံးရရှိသူမှာ ဟင်နရီဒူးနန့်ဖြစ်သည်။ ၁၉၀၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အမေရိကန်သမ္မတ သီအိုဒို |
| ဗုဒ္ဓဂယာကို ဗုံးခွဲမယ်ဆိုတဲ့သူ ၃ ဦး ဖမ်းမိ Posted: 12 Oct 2012 02:14 AM PDT အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ် ဂယာမြို့က မဟာဗောဓိ စေတီတော်အပါအ၀င် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနဲ့ မွန်ဘိုင်းမြို့တွေမှာ ဖောက်ခွဲရေးတွေလုပ်ဖို့ ကြံစည်နေတဲ့ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် ၃ ယောက်ကို ဖော်ထုတ် ဖမ်းဆီးလိုက်တယ်လို့ ဒေလီရဲပြောပါတယ်။ မကြာခင် ရောက်လာတော့မယ့် ဟိန္ဒူဘာသာဝင်တွေရဲ့ ဒေ၀ါလီပွဲတော်အတွင်း မြို့တော် နယူးဒေလီရဲ့ အထင်ကရနေရာ၊ ဘာသာရေး အဆောက်အဦတွေ၊ လူစည်ကားမယ့်နေရာတွေမှာ ဖောက်ခွဲ |
| လူပျိုကြီး ဇာတ်သိမ်းပွဲနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ဥရောပခရီး Posted: 12 Oct 2012 01:59 AM PDT ၈၈ မျိုးဆက်ကျောင်းသားတွေထဲက ပြည်ပခရီး ပထမဆုံး ထွက်လာသူ ကိုကိုကြီးတယောက် ဥရောပ ခရီးစဉ်အတွင်း မှာ လူပျိုကြီး ဘ၀ ဇာတ်သိမ်းခန်းဖြစ်မယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ အခုဆိုရင် ကိုကိုကြီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ တဆင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ထွက်ခွာဖို့ ရှိတယ်လို့ ဆို ကြပါတယ်။ ပြင်သစ်ခရီးစဉ်မှာ သူ့ရဲ့ ချစ်သူနဲ့ တွေ့မယ်ဆိုတဲ့ သတင်းတွေနဲ့ အတူ ချစ်သူမောင်နှံရဲ့ တလ တာ ဟန်းနီးမွန်း ခရီးြ |
| Posted: 12 Oct 2012 01:37 AM PDT မန္တလေး အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက် ဒေသခံတဦးသည် စက်တင်ဘာလ ၁၇ ရက်နေ့က ရိုက်နှက်ခံရသဖြင့် ညာဘက်လက်ဖျံရိုး သုံးပိုင်းကျိုးသွားသည်။ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းဦးက သံတုတ်ဖြင့် အကြောင်းမဲ့ ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ အမှတ်(၅)ရဲစခန်းက ပ ၄၂၅၊ ၂၀၁၂ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၅၊ ၂၉၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ယင်းပုဒ်မတို့မှာ သာမန် ဒဏ်ရာရရှိ နာကျင်စေမှု၊ |
| Posted: 12 Oct 2012 01:32 AM PDT မြိတ်မြို့တွင် ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ကာ ရပ်နားထားသော ကားများနှင့် နေအိမ်များ၏မှန်တံခါးများ ကို ဖျက်ဆီးခဲ့သူများကို ဖမ်းဆီးရမိရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိ ရသည်။ အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်ကြောင့် မြို့ပေါ်ရှိရပ်ကွက်အတော်များများတွင် ရပ်နားထားသောကားများ၏ မှန်တံခါးများမှာ ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။ ကန်ကြီးကွက်သစ်၊ဆိပ်ငယ်ရပ်ကွက်၊ထားဝယ်စုရပ်ကွက်၊ြ |
| မြန်မာနိုင်ငံတွင် OIC ရုံးခန်းဖွင့်မည်ကို ကန့်ကွက် ဆန္ဒထုတ်ဖော် Posted: 12 Oct 2012 01:19 AM PDT မန္တလေး အောက်တိုဘာလ ၁၂ ရက်နေ့တွင် မန္တလေးသံဃာတော်များက မြန်မာနိုင်ငံတွင် OIC (အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) ရုံခန်း လာရောက်ဖွင့်မည်ကို လုံးဝလက်မခံနိုင်ကြောင်း ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်သည်။ ကန့်ကွက် ဆန္ဒထုတ်ဖော်ပွဲကို မန္တလေး ချမ်းမြသာစည်မြို့နယ်၊ ဦးပွားဆုတောင်းပြည့်ဘုရား ဝင်းအတွင်း စုရပ်နေရာမှ မွန်းလွဲပိုင်းတွင် စတင်စီတန်းလှည့်လည်ကာ ဦးပွားဘုရားမှ အနောက်သို |
| နိုဗဲလ် ငြိမ်းချမ်းရေး ဆု ဦးသိန်းစိန် ရ၊ မရ လောင်းကြေးဖြစ်နေ Posted: 12 Oct 2012 12:37 AM PDT Friday, October 12, 2012 အိမ့်သံစဉ် ယခုနှစ် ၂၀၁၂ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန် ရနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ပေါ်လာပြီးတော့ အခုဆိုရင် မြန်မာပြည်တွင်းမှာ အလောင်းအစားဖြစ် နေကြောင်း သတင်းရပါတယ်။ ... လောင်းကြေးတွေက ရန်ကုန် ဘုရင့်နောင်မှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပါတယ်တဲ့။ သမ္မတ ဦးသိန်းစိန် မရတဲ့ ဘက်က လောင်းကြေး ၁၂ လေးပေးထားပါတယ်တဲ့။ ရတဲ့ဘက်က |
| ဘင်္ဂလာဒေခ်ျ့တွင် မုန်တိုင်းကြောင့် လူ ၂၂ ဦးသေဆုံး Posted: 12 Oct 2012 12:05 AM PDT ယမန်နေ့ နံနက်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဒေသကို မုန်တိုင်း ဖြတ်ကျော် ၀င်ရောက် တိုက်ခတ်သွားခဲ့တဲ့ အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ လူ ၂၂ ဦး သေဆုံးသွားခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသွားတဲ့သူတွေဟာ န၀ါခါလီ၊ စစ်တကောင်း၊ ဘိုလာနဲ့ ဖေနီ မြို့ နယ်တွေက ဖြစ်ကြပါတယ်။ မုန်တိုင်းဟာ လေဖိအားနည်း ရပ်ဝန်းငယ် တစ်ခု အဖြစ် ဘင်္ဂလာ ပင်လယ်အော်အတွင်း တည်ရှိနေရာကနေ ရုတ်တရက် ဘင်္ဂလာဒေခ်ျ့နိုင်ငံက |
| လန်ဒန်မှာ ရဟန်းတော်တွေ ဘင်္ဂလာက ဗုဒ္ဓဘာသာ အရေးအတွက် ဆန္ဒပြ Posted: 11 Oct 2012 11:45 PM PDT လန်ဒန်မှာ ရောက်ရှိနေကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ရာဂဏန်းခန့်ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မနေ့က (အောက်တိုဘာ ၁၁ ရက်) လန်ဒန်မြို့ ပါလီမန် စကွဲလ် (Parliament Square) ရှေ့မှာ ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြပွဲကို Bangladesh Buddhist Association UK – British Sri Lanka Forum တို့နဲ့ မြန်မာ ဗုဒ္ဓဘာ သာ ဘုန်းတော်ကြီးတွေ |
| ကွန်တိန်နာထဲ လက်နက်တွေ့မှု ဒိုင်းမွန်းစတားနှင့် ပတ်သက်ခြင်းမရှိ Posted: 11 Oct 2012 11:30 PM PDT ပါကစ္စတန်နိုင်ငံမှ မှာယူထားသော ဂျုံစေ့ကွန်တိန်နာအတွင်း လက်နက်တွေ့ရှိမှုသည် ဒိုင်းမွန်းစတား ကုမ္ပဏီနှင့် သက်ဆိုင်ခြင်း မရှိသဖြင့် စုံစမ်းစစ်ဆေးမှုများကို ပါကစ္စတန်နိုင်ငံ အာဏာပိုင်များနှင့် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၂၄ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ဒိုင်းမွန်းစတား ဂျုံစက်ရုံတွင် သီလ၀ါဆိပ်ကမ်းမှ သယ်ဆောင်လာသည့် ဂျုံကွန်တိန်နာကို ဖွင့်ဖောက်စဉ် Made in |
| အိမ်တွင်းပုန်းရခိုင်အမျိုးသမီးတို့အတွက် သမိုင်းဝင်မယ့်နေ့ Posted: 11 Oct 2012 11:21 PM PDT ရခိုင်အမျိုးသမီးသုံးရာကျော်သည် လမ်းမပေါ် တန်းစီဖြတ်လျှောက် လာနေကြသည်။ သူတို့ကို လက်ခုပ်သြ ဘာပေးနေကြသော ပရိသတ် (၅၀၀၀) ကျော်ရှေ့သို့ ခြေလှမ်းမြန်မြန် နဲ့အမျိုးသမီး တစ်ဦး ဦးဆောင်ကာ ထွက်လာခဲ့သည်။ တီရှပ်အင်္ကျီအဖြူရောင် ၊ထမီအနက်ရာင်ဝတ်စုံဝတ်ဆင် ထား သည်။ ထိုအဝတ်အစားသည် ရခိုင်အမျိုးသမီး ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ဒေါ်မညိုအေး အား ပေါ်လွင်စေနေသည်။ သူသည် ပတ်ဝန်းကျင်၏ သြဘာပေးသံနှင့် ထောက်ခံအားပေးမှုကို |
| ညမထွက်ရ အမိန့်ကို ဖြေလျှော့သော်လည်း လုံခြုံရေး အခြေအနေ ဒေသခံများ စိုးရိမ် Posted: 11 Oct 2012 09:09 PM PDT ဒေသတွင်း ပဋိက္ခ ဖြစ်ပွားမှု များကြောင့် ဇွန်လ အတွင်းမှ စ၍ ရခိုင်ပြည်နယ် ၇မြို့နယ် အတွင်း ည ၆ နာရီမှ နံနက် ၆နာရီ အထိ ထုတ်ပြန်ခဲ့သော ညမထွက်ရ အမိန့်ပုဒ်မ ၁၄၄ ကို အောက်တိုဘာလ ဒုတိယ အပတ်မှ စတင်ကာ ည ၁ဝ နာရီမှ နံနက် ၄ နာရီ အထိ၆နာရီ ဖြေလျှော့ ခဲ့သော်လည်း လက်ရှိ လုံခြုံရေး အခြေအနေ ကို ဒေသခံ များမှာ စိုးရိမ် နေကြဆဲ ဖြစ်ကြောင်း--- သစ်ထူးလွင် |
| မဲဇလီရွက် တက်ခူးရာမှ အမျိုးသား တစ်ဦး ပြုတ်ကျ သေဆုံး Posted: 11 Oct 2012 08:57 PM PDT ရန်ကုန်မြို့တော် ဒဂုံမြို့သစ် တောင်ပိုင်း ၂၂ ရပ်ကွက်တွင် ၈ပေခန့် မြင့်သော မဲဇလီပင်ပေါ် တက်၍ အရွက်ခူးရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသား တစ်ဦး ပြုတ်ကျ သေဆုံးမှု အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရသည်။ အဆိုပါ ရပ်ကွက်၊ ကွေ့မဈေးလမ်း ၄၆ နှစ်ရှိ ဦးဟန်သိန်းသည် ၈ပေခန့် မြင့်သော မဲဇလီပင်ပေါ် တက်၍ မဲဇလီပွင့် တက်ခူး နေစဉ် ကိုင်းကျိုးကျကာ ရေနုတ်ြေ |
| ဒီမိုကရေစီကို လမ်းမလွဲပါစေနှင့် Posted: 11 Oct 2012 08:04 PM PDT ဆောင်းပါးရှင်။ ဗိုလ်မှူး ကျော်ကျော်ခိုင် မြန်မာ အိပ်က်စ်ပရက်စ် web site မှာ ပေးစာ ၁၇၇ ပြည့်တန်ဆာတန်းတရားဝင်ရှိသင့်သလား ဆိုတာကိုဖတ်ရပါတယ်။ မတိုင်မီကလေးကလည်း ပြည့်တန်ဆာလုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့် ရရေးဆိုပြီး ပြည့်တန်ဆာဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယု နဲ့ ပျိုးပင် အဖွဲ့မှဒေါက်တာမျိုးလွင် ဆိုသူတွေက လေသံပစ် လာတာကိုလည်း စိတ်မသက်သာစွာပဲ ဖတ်ရပါတယ်။ သူတပါးနိုင်ငံတခုကို ဟိုနိုင်ငံပြောပြောပြီး ကိုယ့်နိုင်ငံကို |
| DANGER မူးယစ်ဆေးအဖွဲ့မှ မြိတ် ရဲတွေ နှင့် အုပ်ချုပ်ရေးအဖွဲ့များအား ရာဇာသံပေး အကြမ်းဖက်ပြီ Posted: 11 Oct 2012 07:56 PM PDT ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၂ နာရီ ခန့် တွင် မြိတ်မြို့ပေါ်ရှိ ကားမှန်များအား Danger အဖွဲ့မှ ခဲများပစ်ပေါက်ခွဲသွားကြပါသည်။ ဆိုင်ကယ်စီး လူရမ်းကား၊ မူးယစ်ဆေးဂိုဏ်း Danger အဖွဲ့ ဦးဆောင်သူများကို မြေနီလမ်း အိမ်ပေါ်တက် အကြမ်းဖက်တိုက်ခိုက်မှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက် သစ်ထူးလွင် အင်တာနက် သတင်းများတွင် ပါဝင်လာသောကြောင့် ဦးဆောင်သူအချို့ကို ရဲတပ်ဖွဲ့မှ ခေါ်ယူထားသည့်အတွက် Danger အဖွဲ့မှ |
| မြန်မာ့ရုပ်ရှင်နေ့မှာ နိုင်ငံရေး သူရဲကောင်းဆု ပါ ပေးအပ်မယ် Posted: 11 Oct 2012 07:51 PM PDT လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ ရုပ်ရှင်နေ့ အခမ်းအနားမှာ ထူးထူးခြား ခြား ဆု တွေ ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရေး ဆောင်ရွက်မှုတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ အနုပညာရှင်များကို ရုပ်ရှင် သူရဲကောင်း ဆု တွေ ချီးမြှင့်ဖို့ ရှိတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကလည်း ကြေညာသွားခဲ့ပါတယ်။ ရုပ်ရှင်လောကသားတွေထဲက ထောင်ကျခံပြီး နိုင်ငံရေး လုပ်တဲ့သူတွေအတွက် |
| သုံးခွမြို့နယ် အန်အယ်လ်ဒီအဖွဲ့တွင်းကိစ္စတွေအတွက် ပြည်သူတွေကို တောင်းပန်ကြောင်းပြော Posted: 11 Oct 2012 07:40 PM PDT အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး ၊ သုံးခွမြို့နယ်ကို သွားရောက်ခဲ့ပြီး မြို့နယ်တွင်းက ပါတီဝင်တွေကြား သဘောထားကွဲလွဲမှုတွေအတွက် သူ့အနေနဲ့ ပြည်သူတွေကို တောင်းပန်ပါတယ်လို့ သုံးခွမြို့နယ် ဒေသခံပြည်သူတွေကို ပြောကြားခဲ့ပါတယ်။ သုံးခွမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ စောင့်ဆိုင်းနြေ |
| You are subscribed to email updates from မြန်မာ့သတင်းများစုစည်းရာ To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
| Google Inc., 20 West Kinzie, Chicago IL USA 60610 | |