[mrsorcerer:36879] စိတ်ပျက်စရာတွေကို ဘယ်လို ခံယူဖြေရှင်းသလဲ | Your Life Success

စိတ်ပျက်စရာတွေကို ဘယ်လို ခံယူဖြေရှင်းသလဲ

စိတ်ပျက်စရာတွေကို ဘယ်လို ခံယူဖြေရှင်းသလဲ။

မင်းက အချိန်ပိုင်းအလုပ်တစ်ခုကို လျှောက်တယ်၊ မင်းသူငယ်ချင်းက အဲဒီအလုပ် ရသွားတယ်။

မင်းမှာ ကားသစ်တစ်စီးရှိတယ်၊ ဒါပေမယ့် တစ်ပတ်အတွင်းမှာပဲ အခိုးခံလိုက်ရတယ်။

ဒါမှမဟုတ် မင်းက အိမ်ဘေးက ကောင်လေးကို ကြိုက်နေတယ်။ ဒီကောင်လေးက အိမ်ရှေ့က ကောင်မလေးနဲ့ ချစ်နေတယ်။

ဒါမျိုးတွေ ဖြစ်လာတဲ့အခါ မင်းမှာ ရွေးချယ်စရာ နည်းနည်းပဲ ရှိပါတယ်။ တစ်ခုမဟုတ် တစ်ခုပေါ့။


  • ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်

"မကောင်းတာတွေဟာ ငါ့မှာ ဘာလို့ အမြဲတမ်း ဖြစ်ရတာလဲ´´

ဒီမေးခွန်းမျိုးက မင်းကို ပျော့ညံ့စေတယ်။ ကိုယ့်ကိုယ်ကိုယ် သနားပြီး အားကိုးရာ မဲ့စေတယ်။အရှုံးသမားတွေအတွက် ရွေးစရာ နည်းလမ်းတစ်ခုပဲလေ။ "ငါ တယ်ကံဆိုးပါလား´´ လို့တွေးပြီး စိတ်ပျက်ဝမ်းနည်း ဖြစ်နေတတ်တယ်။ ကိုယ့်အကြောင်းကိုယ် တွေးပြီး ပူဆွေးဝမ်းနည်းနေမှတော့ ပြဿနာကို ဘယ်လိုလုပ် ဖြေရှင်းနိုင်တော့မှာလဲ။ ပြဿနာ ပြေလည်စေမယ့် လုပ်ရပ်ဆိုလို့ စိတ်ညစ်နေတဲ့အချိန်မှာ ဘာကိုမှ မှန်မှန်ကန်ကန် လုပ်လို့ရမှာ မဟုတ်ဘူးလေ။


  • မင်းကိုယ်မင်း ပြောလိုက်

"ဒါ ငါ့အမှား မဟုတ်ဘူး´´

ဒီစကားကလည်း ဘာမှမလုပ်မယ့်သူတွေရဲ့ နောက်ထပ် ဆင်ခြေတစ်ခုပဲ ဖြစ်ပါတယ်။ မင်းအမှားမဟုတ်ဘူး ဆိုရင်တောင်မှ "ဒါနဲ့ပတ်သက်လို့ မင်းဘာဆက်လုပ်မလဲ´´ ဆိုတဲ့ မေးခွန်းက ရှိလာတယ်။


  • ကိုယ့်ကိုယ်ကိုယ်သာ မေးကြည့်တော့။

"ဒီဟာကနေ ငါ ဘာသင်ခန်းစာ ရသလဲ´´

ဒါဟာ ဒုက္ခ သုက္ခတွေထဲကနေ ပြန်ထလာနိုင်မယ့် နည်းလမ်းပါပဲ။ "ငါ ဘာသိလိုက်လဲ´´ ၊ "နောက်ထပ် ငါ ဘာလုပ်နိုင်သလဲ´´ ၊ "ဘယ်သူက ငါ့ကို ကူညီနိုင်သလဲ´´ လို့ မေး။ အဲဒီနောက်မှာတော့ နောင်မှာ ပိုကောင်းအောင် လုပ်နိုင်မယ့် စီမံချက်တစ်ခု မင်းရပြီ။

မင်းဘ၀မှာ ဖြစ်ပျက်လာသမျှဟာ မတော်တဆမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြစ်လာကြတာလို့ ယုံကြည်တယ်ဆိုရင် (ဒါမှမဟုတ် ယုံကြည်ချင်ယောင်ဆောင်တယ် ဆိုရင်တောင်မှ) မင်းရဲ့ စိတ်ပျက်စရာ အဖြစ်တွေကနေ သင်ခန်းစာယူရမှာ ဖြစ်ပါတယ်။

ဒီမှာ တလွဲမတွေးနဲ့ဦး။ အဲဒီသင်ခန်းစာက ကိုယ်တို့ကို ဒဏ်ခတ်ဖို့၊ အပြစ်ပေးဖို့ မဟုတ်ဘူးနော်။ ကိုယ်တို့ကို ပညာပေးဖို့ပဲ ဖြစ်တယ်။


တိုတိုပြောရရင်

ရေဆုံးရေဖျားထိ မလုပ်ဘဲနဲ့ ဘယ်တော့မှ အရှုံးမပေးနဲ့။

မင်း ရှင်သန်လုပ်ကိုင်နေသေးသရွေ့ ဘယ်တော့မှ မင်း မရှုံးသေးဘူး။


( Being A Happy Teenager by Andrew Matthews ကို ဘုန်းခေါင်  မြန်မာပြန်သော ဆယ်ကျော်သက်တွင် ပျော်ပျော်ရွှင်ရွှင်  စာအုပ်မှ – )


LikeYour Life Success on Facebook and

Join Our Community of Incredible People!


Related Articles:

ဆယ်ကျော်သက်လူငယ်တို့ အောင်မြင်ဖို့ (FREE e-Book)

ပိုပြီးပျော်ရွှင်ဖို့အတွက် (၇)ရက်သင်တန်း (FREE e-Book)

ပြဿနာတွေ ရှိလာတဲ့အခါ

နှစ်သစ်ရည်မှန်းချက်တွေ တာရှည်ခံဖို့

အောင်မြင်ပျော်ရွှင်ဖို့ ၂၀၁၃



Your Life Success

Happiness, Success & Useful Tips for YOUR Life...

www.yourlifesuccess.blog.com


--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ