---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/1/17
Subject: [လူဗိုလ်ဟူသည် ...] ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်ကြေငြာချက်ထုတ်ပြန်
To: lubo601@gmail.com
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 1/18/2013 01:50:00 PM

အဂ္ဂမဟာ ဒီမိုဖက်တီး shared နတ် ဆရာကြီး's photo.
ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်
ကြေငြာချက်အမှတ် ( ၁/၂၀၁၃)
ဒေါက်တာဆိတ်ဖွားရှာဖွေစုံစမ်းရေးကော်မရှင်သည် ယနေ့နေ့စွဲဖြင့် အောက်ပါကြေငြာချက်ကိုထုတ်ပြန်

လိုက်သည်။
ကော်မရှင် မြန်မာပြည်၏ အထင်ကရလွှတ်တော်ကြီးအား အကြည်ညိုပျက်စေသော "ဥပဒေအထက်တွင် လွှတ်တော်ရှိသည်ဆိုသော" စာသားကိုရေးသားသူ ဒေါက်တာဆိတ်ဖွားဆိုသူအား ရှာဖွေနိုင်ရန်အောက်ပါ အတိုင်းဆောင်ရွက်ခဲ့ပါသည်။
၁။ ဒေါက်တာဆိတ်ဖွားဆိုသူမှာ ဆြာကြီး မင်းသင်္ခအလိုအရ သုဘရာဇာလုပ်ကာ တာမွေသင်းချိုင်းတွင်နေ သည်ဆိုသဖြင့် တာမွေသင်္ချိုင်းသို့သွားရောက်စုံစမ်းခဲ့ပါသည်။ သို့သော်တာမွေထိုသင်္ချိုင်းမှာ ယခုအခါ ဖျက်သိမ်းပြီးဖြစ်နေပြီဖြစ်ပါသည်။
၂။ ထပ်မံ၍ ဒေါက်တာဆိတ်ဖွားဆိုသူအကြောင်းသိသော ဆားပုလားနှင်းမောင်၊ အိုင်ပီအောင်သင်း ဆိုသူများထံတွင် စုံစမ်းရန်အတွက် ကမ်းနားလမ်းရှိ ရန်ကုန်ပုလိပ်မင်းကြီးရုံး သို့သွားရောက်ခဲ့ပါသည်။ သို့သော် ထိုရုံးကြီးကို ရန်ကုန်တိုင်းတရားရုံးကြီးအဖြစ် အသုံးပြုခဲ့ပြီး ယခုအခါ ခရိုနီ၊ ခရြို့ပာဆိုသူများ က ဟော်တယ်လုပ်ရန် စီစဉ်လျှက်ရှိပါသည့်အတွက် ရှေ့နေကွန်ရက်မှ ဆန္ဒထုတ်ဖေါ်မှုများလုပ်နေသဖြင့် ၄င်းတို့နှင့်တွေ့ခွင့်မရခဲ့ပါ။
တဖန် လက်ဝါးကိုကိုကြီးဆိုသော ပုလိပ်ကြီးကိုစုံစမ်းသော်လည်း မြေနီကုန်းကိုကိုကြီး၊ စမ်းချောင်း ကိုကိုကြီး၊ ရှစ်ပူးကိုကိုကြီး စသည်ဖြင့် နာမည်တူများရှိနေသောကြောင့် အခက်ကြုံလျှက်ရှိပါသည်။ ကျန်ပြာတာ၊ စာရေး၊ စာသင်စသည့်ပုလိပ်အငယ်များမှာလည်း လိုင်းကြေးထွက်တောင်းနေကြသဖြင့် မတွေ့ခဲ့ရပါ။
၃။ ဒေါက်တာစိတ်ဖွားနှင့်ပက်သက်ဖူးသူဟု သံသယရှိသူ ဘိန်းစားဘွန်ဟောမှာလည်း နယ်စပ်ဒေသ တစ်နေရာတွင် ဘိန်းချက်စက်ရုံကြီးများဆောက်လုပ်ကာ ဘိန်းစားလွှတ်မြောက်ရေးတပ်မတော်ကို တည်ထောင်လျှက် ဘိန်းစားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် တိုက်ပွဲဝင်နေသောကြောင့်လတ်တလောတွင် တွေ့ဆုံရန်မဖြစ်နိုင်သေးပါ။
၎။ ထို့ကြောင့် လေချွန်နတ်မှတဆင့် တာမွေသင်္ချိုင်းမှ ပြောင်းရွှေ့သွားခဲ့သော သူရဲ ၊ တစေများအား ဆင့်ခေါ်ကာ ဒေါက်တာစိတ်ဖွားနှင့်ပက်သက်၍ သတင်းများ မိမိတို့ကော်မရှင်သို့ ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။ သို့ရာတွင် အဆိုပါ သူရဲ၊ တစေ များသည် မိမိတို့ပြည်ထောင်စုအဆင့် ကောက်မရှင် မှခေါ်ယူပါလျှက် ပြည်ထောင်စုအဆင့် သူရဲ၊ တစေများကိုယ်တိုင် လာရောက်ဖြေကြားချင်းမရှိပဲ သာမာန် သူရဲ၊ တစေများကိုသာ စေလွှတ်၍ မယေယာသော အဖြေများသာ ဖြေကြားခဲ့ပါသည်။
၅။ ယခုအခါကော်မရှင်သည် ဒေါက်တာဆိတ်ဖွားဆိုသည့် အမည်ပညတ်နှင့်လိုက်ဖက်သည့် မုတ်ဆိတ် ဖွားဖွားရှိသည့် နို့ညှစ်ကုလား၊ ဆိတ်မွေးကုလား၊ တိုရှည်ကုလား၊ ဘယာကျော်ကုလား စသည့် ကုလား မျိုးမျိုးတို့ကို လွှတ်တော်အတွင်းခေါ်ယူ၍ ဒေါက်တာဆိတ်ဖွားဟုတ်မဟုတ် စိစစ်ရန်စီစဉ်လျှက်ရှိပါသည်။
သို့ရာတွင် အဆိုပါကုလားများသည် သာမာန်ကုလားများဖြစ်ကြပေရာ ၄င်းတို့သည် ဤလွှတ်တော်ကြီး အတွင်းသို့ ဝင်ထွက်ပေလျှင် လွှတ်တော်၏အသရေကို ထိခိုက်နိုင်ပေသည်။ ထို့ကြောင် အဆိုပါ ကုလားများအား လွှတ်တော်အတွင်း ဝင်ထွက်နေချိန်များတွင် ပြည်ထောင်စုအဆင့်ကုလားများအဖြစ် ယာယီသတ်မှတ်ပေးပါရန် ဤလွှတ်တော်ကြီးသို့ပန်ကြားအပ်ပါသည်။
၆။ ကော်မရှင်သည် ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို စုံစမ်းဖေါ်ထုတ်ရန် ဆောင်ရွက် လျှက်ရှိပါသည်။ လုပ်ငန်း၏ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အချိန်နှင့် တပြည်းညီ အစီရင်ခံသွားမည်ဖြစ် ပါသည်။
ဒေါက်တာဆိတ်ဖွားစုံစမ်းဖေါ်ထုတ်ရေးကော်မရှင် (ပြည်ထောင်စုအဆင့်)

မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ