အယ်ဒီတာ့လက်ရေး (၁၈) ၂၀၁၂ နဲ့ မိုးမခ၊ ပြီးတော့ … ဦးနုပါလီမန်မှသည် ဒေါ်စုပါလီမန် ဆီသို့ မောင်ရစ်၊ ဇန်န၀ါရီ ၁၈၊ ၂၀၁၃ ၂၀၁၃ နှစ်သစ်ကူးမှာ ၂၀၁၂ နှစ်ကို နှုတ်ဆက်လှည့်ကြည့်တဲ့စာ မရေးရသေးဘူး။ မိုးမခရဲ့ လက်တဆုပ်စာမရှိတဲ့ အယ်ဒီတာတွေကလည်း နှစ်ကူးကို အဖက်လုပ်ပြီး မရေးကြဘူး။ သည်တော့ ကာတွန်းရေးတာတွေ ဘေးချပြီး စာလေးဘာလေး ရေးရတော့မှာပေါ့။ မိုးမခနဲ့ ပတ်သက်လို့ကတော့ ၂၀၁၂ မှာ စာမူပေါင်း ၂၉၂၈ ပုဒ် တင်ခဲ့တယ်။ တလကို ဆောင်းပါး ၂၄၀ ကျော်ပေါ့။ စာမူခ လက်ခ လဘက်ရည်ဖိုး ဘာမှ မပေးနိုင်တဲ့ ကိုယ်ထူကိုယ်ထ စာနယ်ဇင်းအဖွဲ့ဟာ ၂၀၁၂ မှာ ပင်တိုင်စာမူရှင် ၈ ဦးလောက်ကို [...]
Read more of this post