စက်မှုလယ်ယာ စက်ရုံဝန်ထမ်းများ ရောင်းစားခံနေပြီလား စက်မှုလယ်ယာဝန်ထမ်းတဦး၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃ ကျွန်တော်တို့ ၉ မိုင် စက်မှုလယ်ယာ (အမှတ်၁ လယ်ယာသုံး စက်ကိရိယာပစ္စည်း ထုတ်လုပ်ရေးစက်ရုံ) ကို ဦးစီးဌာနရဲ့ပြောင်းလဲ လာတဲ့ မူဝါဒအရ ပုဂ္ဂလိကကို လွှဲပြောင်းပေးဖို့ ဖြစ်လာပါတယ်။ ပထမသိထားတာက နိုင်ငံတော်က အမြတ်မရှိတဲ့ စက်ရုံတွေကို BOT စနစ်နဲ့ ငှားတာလို့သိထားတော့ ကျွန်တော်တို့စက်ရုံက ရှုံးမှ မရှုံးတာ ၊ ဒီဝန်ကြီးဌာနကနေ စက်မှုဝန်ကြီးဌာနအောက် လွှဲလိုက်ရပြီး၊ ခုထုတ်လုပ်မှု ရပ်နားထားရသလောက်ဖြစ်နေတဲ့ ဒီ့ထက်လည်းကြီး ဒီ့ထက်လည်း ခေတ်မှီစက်ကိရိယာတွေ ရှိနေတဲ့အင်းကုန်းစက်ရုံလိုမျိုးကို ငှားရမယ့်အစား၊ လူ-စက် စွမ်းအားပြည့် လည်ပတ် ထုတ်လုပ်နေတာမို့ ဘာကြောင့်ငှားရတာလဲ … ဖြစ်ကြရပါတယ်။ အဲဒီလို ငှားတယ်ဆိုတဲ့နေရာမှာလည်း လက်ရှိ Company ဟာ [...]
Read more of this post