ဖိုးထက် ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃  စာဖတ်ခြင်းသည် ကောင်းသည်ဆိုသည့် အဆိုကို ခေတ်ပညာတတ်လူငယ်များ၊ လူကြီးများ လက်ခံကြ၏။ ကိုယ်ပိုင် အချိန်နည်းသော သူများ၊ စာဖတ်ဖို့ ပျင်းသော သူများပင်လျှင် စာဖတ်တာ ကောင်းတယ်ဟု သဘောညီကြမည် ထင်ပါသည်။ စာဖတ်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများကို ဗာရဏသီချဲ့ကား မနေလိုတော့။ သို့သော် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်းအတွက် စာအုပ်၊ စာပေသည် အနည်းငယ် စိမ်းနေသေးသည်ဟု သတ်မှတ်လျှင်ရမည်ထင်ပါ၏။ Best Seller ဟု သတ်မှတ်ရမည့် နိုင်ငံကျော် စာပေအနုပညာရှင်ကြီးများဖြစ်သည့် (ဆရာ၊ ဆရာမ များဖြစ်သည့်) နေ၀င်းမြင့်၊ ခင်ခင်ထူး၊ ဂျူး၊ ဖေမြင့် စသည့် လူသိများသော စာရေးဆရာကြီးများ၏ စာအုပ်များပင်လျှင် ပထမအကြိမ်ရိုက်နှိပ်လျှင် အုပ်ရေ သုံးထောင်ဆိုတာ အလွန်ဆုံးတွေ့ရသည်။ ဒါတောင်မှ [...]

Read more of this post