ဂေါ်ရှယ် ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃ "အကို .. ငါပြန်လာနေမယ် စိတ်ကူးတာဘဲ ဘာလုပ်မယ် ... ညာလုပ်မယ် ... ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်တွေနဲ့  ...စသည်ဖြင့်ပေါ့"..... အကိုနဲ့မတွေ့ဖြစ်တာကြာပြီမို့ တော်တော်ကြာကြာ စကားပြောနေတဲ့အချိန်မှာ အကို့နားမှာထိုင်နေတဲ့ အမေ အားလုံးကြားချင်ကြားမှာ ဒါမှမဟုတ် တချို့တ၀က်တော့ ကြားချင်ကြားမှာပေါ့ အကိုနဲ့ပြောခဲ့တဲ့စကားတွေအားလုံး အမေ့နားထဲကြားခဲ့ပေမယ့် အမေ့နှလုံးသားထဲဝင်သွားတာတော့ သားပြန်လာနေမယ်ဆိုတဲ့ စကားလုံးပါပဲ "သားပြန်လာနေမယ်ဆို အမေသားနဲ့ နေမယ်နော" တဲ့ အမေက ... ကြည့်ပါဦး ... သားသမီးကို ဘယ်လောက်များ ငတ်မွတ်လိုက်တဲ့ အမေရဲ့အသံလဲ.... မိဘတွေကကတော့ ... ကိုယ့်သွေးကနေဖြစ်တည် ရင်နှင့်လွယ် အသက်နဲ့ရင်းပြီးမွေး ပိုးမွှားလေးတကောင်းတတောင် အကိုက်မခံရက်ပဲ အရိပ်တကြည့်ကြည့်နဲ့ ကြည့်လာခဲတဲ့သားမသီးတွေ ဘယ်အရွယ်ကိုပဲ ရောက်ရောက် ချစ်လိုက်တာ ...အမြဲရင်ထဲထွေးပွေ့ထားချင်တယ် [...]
Read more of this post