[aurorageneration] Fwd: ဖတ်ကြည့်သင့်တဲ့စာတစောင်..နော်ခမ်း က......



---------- Forwarded message ----------
From: Kyaw Than <dawnstar88@gmail.com>
Date: 2013/3/2
Subject: ဖတ်ကြည့်သင့်တဲ့စာတစောင်..နော်ခမ်း က......
To:


နော်ခမ်း က "ဘယ်သူမပြု မိမိမှု " ဆိုတဲ့အတိုင်း သူ့ လမ်းသူရွေးချယ်သွားတာပါ

Hkam Awng
နော်ခမ်း က "ဘယ်သူမပြု မိမိမှု " ဆိုတဲ့အတိုင်း သူ
့လမ်းသူရွေးချယ်သွားတာပါ ။ ဇာတ်လမ်းကတော့ ရှုပ်တယ်။ အရင်က ခွန်ဆာရဲ့ MTA
မှာ ဆက်ကြေးကောက်တာဝန်ခံအဆင့်ပဲရှိပါတယ်။ နောက် ခွန်ဆာအလင်းဝင်တော့
သူလည်းပါလာပြီး တာချိလိတ်မှာအခြေချခဲ့တာ.. နောက်တော့ သူ့ အဖွဲ့ ငယ်လေးဖွဲ
့ပြီး တောပြန်ခို၊ တာချိလိတ် နဲ့ မဲခေါင်မြစ်ရိုးတလျှောက်
လှုပ်ရှားသောင်းကြမ်းခဲ့တယ်။ အထူးသဖြင့်တော့ မူးယစ်ဆေးဝါးမှောင်ခိုနဲ့ 
ဆက်ကြေးကောက်စားတဲ့ ဒါးပြဂိုဏ်းသာသာပါပဲ။ နောက်ပိုင်းဆိုးလာတာကတော့
မြန်မာ ကနေ လာအို၊ အဲဒီကမှ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ်
မူးယစ်ဆေးဝါးအဓိကလမ်းကြောင်း လုပ်လာတော့ မြန်မာရော၊ လာအိုရော၊
ထိုင်းရော အလိုရှိသူဖြစ်လာတယ်။ စိတ်ကြွဆေးတွေ သန်းနဲ့ ချီပြီး
လာအိုကိုဖြတ်၊ ထိုင်းထဲပြန်ပတ်ဝင်တဲ့လမ်းကြောင်းမှာ ထိုင်နေတော့
နယ်မြေဖြတ်သန်းခ အခွန်တွေကောက်ခဲ့တယ်။ ပြီးတော့ လာအိုမှာ ဖွင့်ထားတဲ့
ကာစီနိုကြီး (မကာအို ပိုင်) ကိုလည်း ဆက်ကြေးကောက်တယ်။ ပြသနာ
စလာတာကတော့ မြန်မာနို်င်ငံမူးယစ်အထုးအဖွဲ့ တွေ မဲခေါင်မြစ်ထဲ လုံခြုံ
ရေးကင်းလှည့်တဲ့ မော်တော်ဘုတ်ကို ကမ်းစပ်ကနေစောင့်ခြုံခိုတိုက်ခဲ့တာ၊
မူးယစ်က ၄ ယောက်ကျဆုံးသွားတယ်။ တစ်ချို့ အလောင်းတွေ
မဲခေါင်ထဲမျောပါသွားလို့  ပြန်မရတော့ဘူး။ (မိသားစုနဲ့ သင်းဂြိုလ်တော့
ကျနော် တာချီလိတ်မှာရှိနေတာ မှတ်မိတယ်) နော်ခမ်းကို သဲသဲမဲမဲ လိုက်တော့
သူ လာအိုရွာတစ်ရွာမှာခိုအောင်းနေတယ်။ ပြီးတော့
မဲခေါင်မြစ်ရေကျရင်ပေါ်နေတဲ့ ကျွန်းတွေမှာ လှုပ်ရှားခိုအောင်းတယ်။
နယ်မြေနဲ့ ရွာတွေမှာ terrorize လုပ်တဲ့အနေနဲ့  စကားနားမထောင်တဲ့
ရွာသားတွေ ခေါင်းဖြတ်သတ်တယ်။ ရွာလယ်မှာ ခေါင်းကို တရွာလုံးမြင်အောင်
ထားထားတယ်။ တပ်နဲ့ ရဲနဲ့ တခါလိုက်ရှင်းတော့လည်း တိုက်ပွဲမှာ ရဲ (၈)
ယောက်၊ အရပ်သား ၅ ယောက် ကျဆုံးခဲ့တယ်။ သူလည်းအထိနာတယ်။ ဒီလိုနဲ
့နောက်ပိုင်း တရုတ်သင်းဘောတွေကို အခွန်မပေးရင် ပစ်ခတ်လေ့ရှိတယ်။
လုံခြုံရေးနဲ့ သွားရတဲ့အဆင့်ရောက်သွားတယ်။ ထိုင်း၊ လာအို နဲ့ မြန်မာ
ပူးပေါင်းကင်းလှည့်ဖို့ အစီအမံတွေလုပ်ကြပေမဲ့  မအောင်မြင်ခဲ့ဘူး။
ထိုင်း၊ တရုတ်က ကင်းလှည့် မော်တော်တွေပေးတယ်..အလကား၊
ဒီကဆီဘိုးမတတ်နိုင်ဘူး။ဒီတော့ မဲခေါင်ကို နော်ခမ်းပဲ ကြီးစိုးနေတာ
ဖမ်းမမိဘူး။ နောက်ဆုံးတရုတ်သင်းဘောကို စီးပြီး သဘောသားတွေကို
လက်ပြန်ကြိုးတုပ်၊ ပစ်သတ်ပြီး မျောချလိုက်တာ ၎
နိုင်ငံကသည်းခံနိုင်တဲ့ အတို်င်းအတာကျော်သွားတယ်ပေါ့ဗျာ။ အဲဒါလည်း
အတည်မပြုနိုင်တဲ့သတင်းတွေက လာအိုကာစီနို နဲ့ တရုတ်သင်းဘောတွေ သူ
့ကိုဆက်ကြေးမပးတဲ့ပြသနာတွေပဲ လို့ ကြားရတယ်။ နောက်ဆုံး
လာအိုမှာခိုအောင်းနေတုန်း လာအို သတင်းပေးတွေကြောင့်
လာအိုရဲတွေဖမ်းမိသွားတာပဲ။ မကောင်းမှုကတော့ တာရှည်မခံဘူး၊
ခွေးရူးကောင်းစား တစ်မွန်းတည့် ဆိုသလိုပေါ့။ ဖမ်းမိပြီး
မြန်မာကပြန်မတောင်းတာက အကြောင်းအမျိုး မျိုး ရှိမယ်ထင်ပါတယ်။
တရုတ်ဆီကပြန်တောင်းရင် ပေးမယ်လို့ ထင်ပါတယ်။ ပြန်ပေးခဲ့တဲ့
အစဉ်အလာတွေလည်းအများကြီးပဲ။ တရားခံအပြန်အလှန်လဲလှယ်ကြတာ မနည်းပါဘူး။
မှတ်မိသလောက် ကျနော်တို့ အရမ်းအလိုရှိနေတဲ့ တစ်ယောက်ဆို၇င် ရှာပေးဖို
့ပြောပြီး ၂ ပါတ်အတွင်း ရှန်ဟိုင်းမှာ ဖမ်းပေးတယ်။
ကူမင်းမှာသွားခေါ်ယူတယ်။ နောက်တစ်ယောက် ကအခုလိုပဲ လာအိုထဲပြေးတယ်..
ဗီယက်နမ်နယ်စပ်တောင်ရောက်နေပြီ၊ လာအိုရဲကဖမ်းပေးတယ်။ ဗီယန်ရှင်းမှာ
သွားခေါ်တယ်။ နောက်ကျတော့ တရုတ်နိုင်ငံသားဖြစ်နေတယ်။ ဟိုမှာလည်း
ပြစ်မှုကျူးလွန်ထားတာမနည်းဘူး။ သူတို့ ပြန်တောင်းတယ်။
အင်းစိန်ကနေထုတ်ပြီး ပြန်ပေးတယ်။ အထူးလေယာဉ်နဲ့ ကို လာခေါ်သွားတယ်။
အလားတူပဲ ထိုင်းအလိုရှိမူးယစ်ဆေးဝါးသမားတစ်ယောက် ကျနော်တို
့ဖမ်းပေးတယ်။ သူတို့ အထုးလေယာဉ်နဲ့ လာခေါ်ခဲ့ တယ်။ ကျနော်တို
့အလိုရှိတဲ့တစ်ယောက်ကို DEA,ထိုင်းမူးယစ်နဲ့ ပေါင်းပြီး သူအမျိုးသမီး
အမေရိကန်ကအလာ ဘန်ကောက်လေဆိပ်မှာဖမ်း ပြီး နောက်တနေ့ မှာပဲ
ခရိးသည်တင်လေယာဉ်နဲ့ ရန်ကုန်ပြန်ခေါ်ခဲ့ပါတယ်။ ဒါတွေကျနော်ပြောနေတာ
အထောက်အထားနဲ့ ပါ။ သတင်းစာထဲလည်းပါပါတယ်။ အဲဒီတုန်းက
သတင်းစာရှင်းလင်းပွဲတွေမှာ ရှင်းခဲ့ဘူးတယ်။
ပြန်မတောင်းတာလည်းအများကြီးပဲ။ case by case basis ပါပဲ။
မူးယစ်ရဲအချင်းချင်း နိုင်ငံကျော်၊၊ ဥပဒေခြားပေမဲ့
ပူးပေါင်းဆောင်ရွက်မှုကတော့ အရမ်းကောင်းပါတယ်။ ဒီလို
ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လည်း 1988 UN Convention Against Illicit
Traffic in Narcotic Drug and Psychotropic Substances
ကိုဒီနို်င်ငံတွေအားလုံး လက်မှတ်ရေးထိုးကြပါတယ်။ ဒါပေမဲ့
မြန်မာနိုင်ငံက တရားခံလဲလှယ်ခြင်း ဆိုတဲ့ article ကို ခြွင်းချက်
reservation နဲ့ ထိုးခဲ့တာပါ။ International Court of Justice (ICJ) ရဲ့
အဆုံးအဖြတ်ကိုရယူမည် ဆိုတာလည်း reservation ထားခဲ့တယ်။ ဒါကြောင့်လည်း
အနောက်နို်င်ငံတွေက အလိုရှိ ဆုငွေ ဒေါ်လာ သန်းနဲ့ ချီထုတ်ထားတဲ့
ခွန်ဆာတို့ ၊ ဝ ခေါင်းဆောင်တွေ ကို မြန်မာနိုင်ငံက လုံးဝမပေးဘူး။
ခွန်ဆာကတော့အကြွင်းမဲ့လက်နက်ချထားလို့ ၊
တခြားလည်းငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ အစည်းတွေပဲ။ ဒီတော့ နော်ခမ်း
ကိုပြန်တောင်းသင့်မသင့် ဆိုတာ အကျိုးအပြစ် အားသာချက် အားနည်းချက်
စဉ်းစားချင့်ချိန်ကြည့်ပေါ့လေ။ ကျနော်တို့ နိုင်ငံရဲ့ မူး.ယစ်ဥပဒေလည်း
သေဒဏ်ပါပြီး ပြင်းထန်တဲ့ဥပဒေပါ။ ခင်မင်တဲ့
တားဆီးနှိမ်နှင်းရေးအရာရှိတွေအချင်းချင်းမှာ တခါတခါ မင်းတို့ ဥပဒေနဲ
့ပဲကောင်းပါတယ်တဲ့..ဒို့ ဥပဒေနဲ့ ဆိုရင် ၄=၅ နှစ်နဲ့ ပြန်ထွက်လာ၊
ပြန်လုပ်ကြတာပဲ တဲ့။ မနည်းဖမ်းထားရတာတောင် အားမနာဘူးတဲ့။ ဘာပြောပြောပါ
ကျနော်လည်း Capital punishment သေဒဏ်ပေးတာကိုတော့ မကြိုက်ဘူးဗျာ..
တရုတ်တွေလို လူထုရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာလည်း ဆန့် ကျင်ပါတယ်။
လူပဲ..လူဆန်ဆန်ပဲ သူ့ ပြစ်ဒဏ်သူပေးရင် တော်ပါပြီ။
http://www.facebook.com/hkam.awng/posts/10151459581574820



--
I pray for you. please pray for me.
                                    peter l ure

--
Computer နည်းပညာများ
http://groups.google.com/group/auroracomputerservice?hl=en_US
 
ဂြိုဟ်တုနှင့်အာကာသ
http://sites.google.com/site/9spacestudy/
 
Entertainment (game)
www.vaperida.com
 
Aurorageneration အတွက် facebook link ပါ။
http://www.facebook.com/groups/186830348042417
 
Aurorageneration facebook page
https://www.facebook.com/Aurorageneration (Still fixing)
 
--
သင်သည် aurorageneration group ဧ။် member တစ်ယောက်ဖြစ်သောကြောင့် ယခု mail ရရှိခြင်းဖြစ်သည်။group ဧ။်အသေးစိတ်ကိုhttp://groups.google.com/group/aurorageneration/topics?start=10&sa=N မှာကြည့်နိုင်ပါသည်။ သင်ဧ။် mail များကိုဖြန့်ဝေချင်ပါကaurorageneration@googlegroups.comသို့ပို့နိုင်ပါသည်။ group ကိုဝင်ချင်ပါက aurorageneration+subscribe@googlegroups.com သို့ mail ပို့ ခြင်းဖြင့် ၀င်နိုင်ပါတယ်။ group မှထွက်ချင်ပါက aurorageneration+unsubscribe@googlegroups.com ဖြင့်ထွက်နိုင်ပါတယ်။
 
group နှင့်ပတ်သက်ပြီး အကြံဥာဏ်များပေးလိုပါက aurorageneration+owner@googlegroups.com သို့ မေးလ်ပို့နိုင်ပါသည်။
---
You received this message because you are subscribed to the Google Groups "Newgeneration" group.
To unsubscribe from this group and stop receiving emails from it, send an email to aurorageneration+unsubscribe@googlegroups.com.
To post to this group, send email to aurorageneration@googlegroups.com.
Visit this group at http://groups.google.com/group/aurorageneration?hl=en.
For more options, visit https://groups.google.com/groups/opt_out.