ဝါရှင်တန်ဒီစီမက်ထရို မြန်မာကွန်မြူနီတီ မတ် ၁၆၊ တံတားနီနှစ်လည်အခမ်းအနားနဲ့ ၈၈မျိုးဆက် ကိုဌေးကြွယ်နှင့် တွေ့ဆုံပွဲ ဖိတ်ကြား မိုးမခရွာဆော်ကြီး၊ မတ် ၅၊ ၂၀၁၃ မတ်လတွင် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်လာရောက်မည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အား အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများက ကြိုဆိုတွေ့ဆုံကြရန် စီစဉ်လျက်ရှိရာ ၀ါရှင်တန်ဒီစီမက်ထရိုဒေသရှိ မြန်မာကွန်မြူနီတီနှင့် မိသားစုများက မတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံကြရန် ဖိတ်ကြားထားသည်ကို တွေ့ရသည်။ မတ်လ ၁၆၊ စနေနေ့ မနက်ခင်း၊ ၆နာရီခွဲမှ ၉ နာရီခွဲအထိ မင်္ဂလာရာမကျောင်းတိုက် (Mingalarama Temple, 1708 Powder Mill Road, Silver Spring, MD 20903) တွင် ၁၉၈၈၊ မတ်လ ၁၆ ရက် ကျောင်းသားအရေးတော်ပုံ၊ [...]

Read more of this post