သစ်ထူးလွင်

သစ်ထူးလွင်


မြစ်ဆုံ၊ အောင်မြင်သာစံပြကျေးရွာမှာ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး

Posted: 18 Mar 2013 06:45 AM PDT

မတ်လ ၁၈၊ ၂၀၁၃ခု၊ နံနက် ၅း၃၀ နာရီတွင် မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းစခန်း (အောင်မြင်သာ စံပြကျေးရွာ)မှာ ရိုးရိုးလေပြင်း တိုက်ခတ်သောကြောင့် လူနေအိမ်များ ပျက်စီးသွားသည်။  အဆိုပါ အောင်မြင်သာ စံပြရှိ နေအိမ်များကို CPI နှင့် Asia world company မှ နဂိုနေအိမ်ထက် ခိုင်ခန့်အောင် တည်ဆောက် ပေးထားတယ်ဟု ပြောဆိုခဲ့သော်လည်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





မတ်လ ၁၈ ရက်နေ့ ထုတ် အလင်းတန် အနုပညာဂျာနယ် အမှတ် (၇၄၈)

Posted: 18 Mar 2013 06:43 AM PDT

မတ်လ ၁၈ ရက်နေ့ ထုတ်  အလင်းတန် အနုပညာဂျာနယ် အမှတ် (၇၄၈)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




အမှိုက်နဲ့လူသားတို့အကြောင်း ဓာတ်ပုံပြပွဲ ရန်ကုန်တွင်ပြုလုပ် (ရုပ်/သံ)

Posted: 18 Mar 2013 06:30 AM PDT

လူသားတွေရဲ့ စွန့်ပစ်ပစ္စည်းပုံ တွေပေါ်မှာ ရပ်တည်နေရတဲ့ ဘဝမျိုးစုံကို ပုံဖော်ထားတဲ့ အမှိုက်နဲ့လူနေမှုဘဝဆိုတဲ့ ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့မှာ မတ်လ ၁၇ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


ရန်ကုန်မှာ အမှိုက်တွေများနေပြီ (ရုပ်/သံ)

Posted: 18 Mar 2013 06:26 AM PDT

၁၇၅၅ခုနှစ် အလောင်းမင်းတရား လက်ထက် မြို့သစ် ပြန်လည်ထူထောင် ချိန်ကစလို့ လူဦးရေ တစ်သောင်းလောက်ပဲရှိတဲ့ ရန်ကုန်မြို့ဟာ အခုတော့ လူဦးရေ ၆.၆သန်းကျော် နေထိုင်တဲ့ မြို့ကြီးတစ်ခုဖြစ်လာနေပါတယ်။ တိုးတက်များ ပြားလာနေတဲ့ လူဦးရေနဲ့အတူ နေ့စဉ်စွန့်ပစ်ရတဲ့ အမှိုက်ပမာဏဟာလည်း တိုးပွားလာနေပါပြီ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



မြန်မာကို အကူငွေ ဒေါ်လာသန်း ၂၀ ထပ်ပေးရန် ဩစတြေးလျ သဘောတူ

Posted: 18 Mar 2013 03:20 AM PDT

ဩစတြေးလျက  မြန်မာနိုင်ငံအပေါ် အကူငွေ ဒေါ်လာ သန်း ၂၀ ထပ်ပေးဖို့ သဘောတူခဲ့ပြီး   စစ်ရေးပူးတွဲမှုဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျော့ပေးသွားမယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ် (Julia Gillard) က ပြောကြားလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်ပံတောင်းတောင်မှာ လျော်ကြေးငွေတွေ ပေးနေပြီ (ရုပ်/သံ)

Posted: 18 Mar 2013 03:09 AM PDT

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အသိမ်းခံ လယ်မြေတွေ အတွက် လျော်ကြေးငွေတွေ ပေးနေပြီ ဖြစ်ပါတယ်။ ဒီသတင်းကို ဒေါ်ခင်ရူပါ တင်ဆက်။ ရိုက်ကူး ကိုရန်နိုင်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



သမ္မတဦးသိန်းစိန် နဲ့ သြစတြေးလျ ၀န်ကြီးချုပ် ပူးတွဲ သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)

Posted: 18 Mar 2013 03:03 AM PDT

သမ္မတဦးသိန်းစိန် သြစတြေးလျနိုင်ငံကိုေ၇ာက်ရှိနေ။ သြစတြေးလျ ၀န်ကြီးချုပ်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




မန်းတွင် စခန်းမှူးတစ်ဦး ကိုယ့်ကိုယ်ကို ဆွဲကြိုးချသတ်သေမှုဖြစ်ပွား

Posted: 18 Mar 2013 02:53 AM PDT

မန်းတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် စခန်းမှူးရဲအုပ် ထွန်းအောင်ကျော် (၄၀)နှစ်မှာ မိမိနေအိမ်တွင် ယခုလ၁၂၇က်က ဆွဲကြိုးချ သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယခုလ ၁၂ရက်နေ့မနက် ၁၀နာရီခန့်တွင် ရဲအုပ်ထွန်းအောင်ကျော်မှာ မိမိနေအိမ်တွင် နိုင်လွန်ကြိုးဖြင့်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




မတ်လ ၂၁ ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၁၂)

Posted: 18 Mar 2013 02:45 AM PDT

မတ်လ ၂၁ ရက်နေ့ ထုတ်   အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၁၂)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဧရာဝတီသာပေါင်းတွင် သောက်သုံးရေရှားပါးမှု ပြဿနာ ကြုံတွေ့နေရ

Posted: 18 Mar 2013 02:38 AM PDT

ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ် မြေအောက်ရေများ တွင် အာဆင်းနစ်ဓာတ်ပါဝင်နေမှုကြောင့် ဒေသခံ ရာခိုင်နှုန်း ၅၀ ခန့် သောက် သုံးရေ ရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရကြောင်း သာပေါင်းမြို့ သဘာဝပတ်ဝန်း ကျင်စောင့် ရှောက်နှင့် လူမှုဘဝဖွံ့ဖြိုး တိုးတက် ရေး ကွန် ရက်မှ ဦးမြင့်အောင်က ဖလားဝါးနယူးစ်သို့ ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သံသယကြောင့် ဘင်္ဂလာဒေခ်ျ့ ရဲသား ၃ ဦးကို မြန်မာက ပြန်မလွှတ်

Posted: 18 Mar 2013 02:21 AM PDT

ဖမ်းဆီးခံထားရသော ဘင်္ဂလာရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦးတို့ လွှတ်မြှောက်ရေး အတွက် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ နှစ်နိုင်ငံ အကြား တပ်မှူး အဆင့် အလံတင် အစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့သော်လည်း မြန်မာဘက်က ဖမ်းဆီးထားသူများကို  ပြန်မလွှတ်ဘဲ ဆက်လက် ထိန်းသိမ်းထားဟု သတင်း ရရှိသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အလံတင် အစည်းအဝေး တစ်ခုကို တွေ့ရစဉ်။

ရေလောင်းအိမ်သာခန်းအတွင်း အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ဓါတ်ဆီလောင်း၍မီးရှို့သေဆုံး

Posted: 18 Mar 2013 02:12 AM PDT

၁၇-၃-၂၀၁၃ ရက်နေ့ ၀၀၃၅ အချိန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်။ တိုက်အမှတ်(၄၃၁၇)၊ အခန်းအမှတ်(၂၃)တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ နေပြည်တော် အမှတ်(၉)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သတင်းနှင့် နည်းပညာဝန်ကြီးဌာန၊ ဗဟိုစာတိုက်ကြီးမှ ဦးကျော်စွာမင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်သန်းထွေး(၃၃)နှစ်အား နေအိမ်တိုက်ခန်း အိမ်သာအတွင်း မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြိတ်မြို့အတွင်းရှိတောင်းရှည်တံတား၊ဆိုင်ကယ်၊ကားဖြတ်သန်းခများအဆမတန်ကောက်ခံနေမှု

Posted: 18 Mar 2013 02:02 AM PDT

မြိတ်မြို့နယ် တောင်းရှည်ကျေးရွာအုပ်စု၊ တညက်ကျေးရွာအုပ်စု၊ နန်းတော်ရာကျေးရွာ အုပ်စုသို့ သွားသော လမ်းဆုံတွင် ဦးဘအင်(တောင်းရှည်တံတား)တံတား တစ်စင်းရှိပါသည်။

တံတားမှာ ပုံပါအတိုင်း တောထန်းပင်ကြီးများဖြင့် တည်ဆောက်ထားသော ခိုင်မာမှု ၊ကြံ့ခိုင်မှုအားနည်းသော တံတားဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတံတား မှဖြတ်သန်းပြီး တံတားအဆုံးတွင် ၀ါးလုံးတန်းထိုးပြီး တံတားကြေးကောက်ခံနေပါသည်။ ဆိုင်ကယ်တစ်စီးလျှင် အသွားအပြန်600ကျပ်၊ ကားတစ်စီးလျှင် အသွားအပြန်8000ကျပ်ဆိုပြီး အဆမတန် ကောက်ခံနေကြောင်း သိရှိရပါသည်။

ဖြတ်ပိုင်းလဲမပေးပါ၊ မရှိပါ။ ဒါကိုဘယ်သူက ကောက်ခံနေပါသလဲ၊ တံတားမှာ အစိုးရပိုင်မဟုတ်ကြောင်း၊ ပိုင်ရှင်ရှိကြောင်း၊ ပိုင်ရှင်အမည်မှာ ဦးဘအင်(သပ်တောင်ကျေးရွာ) ပိုင်ဖြစ်ကြောင်းပြောလာပါသည်။ ထို့နောက် တောင်းညိုကျေးရွာရှိ ရွာသားများအား မေးမြန်းကြည့်ရာ ယခင်ကတံတားကြေးမှာ ဆိုင်ကယ်တစ်စီးလျှင် အသွားအပြန်1000ကျပ်။ ကားတစ်စီးလျှင်10000ကျပ်ကောက်ခံသည့် အတွက်တောင်းရှည်ကျေးရွာအုပ်စု NLDမှ လိုက်လံကူညီပြီး နောက်တွင်ထို့ကဲ့သို့ ဈေးကျသွားကြောင်း ထပ်မံသိရှိရပါသည်။

၎င်းတံတားပိုင်ရှင်ဖြစ်သူ ဦးဘအင်သည် ကား၃စီးဝယ်ပြီး မြိတ်သို့ဆွဲနေကြောင်း၊ ၄င်းရွာများသို့ အပြင်မှ ကားများမလာနိုင်ကြောင်း၊ တံတားကြေး ပေးဆောင်နေရသောကြောင့် အခြားကားများ ၀င်ရောက်ဆွဲရန် မကိုက်ကြောင်း သိရှိရပါသည်။

ထိုလမ်းမှဖြတ်သန်းနေရသော ရွာသားများကလဲ အတော်အတန် ဒုက္ခရောက်ရှိနေကြောင်း ၊၄င်းတို့၏ အခက်အခဲနှင့် ၄င်းတံတား၏ ရာဇ၀င်အား သိရှိရပါသည်။

ယခုခေတ်တွင်နိုင်ငံတော်သည် ခေတ်မှီဖွံ့ဖြိုး တိုးတက်ရေးကို သွားနေသည့် အတွက်ထိုကဲ့သို့ မတရားမှုမျိုးကို လက်သင့်မခံသင့်ပေ၊ ၄င်းတံတား၏ တစ်နေ့တာဝင်ငွေမှာ385000 ရကြောင်းသိရပါသည်။

တစ်လလျှင် ငွေသိန်းတစ်ရာကျော် အမြတ်စွန်းရရှိနေသော အင်မတန်တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုလဲ ဖြစ်နေပါသည်။

တံတားပိုင်ရှင်ဟုဆိုသော ဦးဘအင်သည် ၄င်းတံတားကို ဟိုးယခင်10နှစ်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှုးဆီမှ ရယူထားသည်ကို၎င်း၊ ထိုဒေသများအတွက် လမ်းပင်ပြု လုပ်ပေးခြင်းမ၇ှိကြောင်း၊ တံတားကိုလဲ ခိုင်မာအောင်ပြုပြင်ထားခြင်း မရှိကြောင်း မျက်မြင်တွေ့ရှိခဲ့ရပါသည်။

ယခုခေတ်ကာလတွင် KNU၊ ဗကပ၊ စသော သူပုန်များပင် မကောက်ခံမပြုလုပ်တော့သော အခြေအနေတွင် ၄င်းကပြောင်ပြောင်တင်းတင်းပင် ၀ါးလုံးထိုးပြီး အေးဓမြတိုက်နေခြင်းသည် သက်ဆိုင်ရာဒေသအတွင်း၇ှိ အုပ်ချုပ်သူ အစိုးရကို စိန်ခေါ်နေသောဖြစ်ရပ်၊ တရားဥပဒေမစိုးမိုးသော ကိစ္စရပ်ဖြစ်ပါသည်။

ဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးကိုလဲ အနှောင့်အယှက်ပြုနေသော လုပ်ရပ်ဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးအရေးယူပေးပါရန် တောင်းဆိုအပ်ပါသည်။

micalkyi



လက်ပံတောင်းတောင်ဒေသခံများ၊ တုံရွာသပိတ်စခန်းတွင် ဦးဆောင်နေသောသံဃာတော်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး(အပိုင်း-၂)

Posted: 18 Mar 2013 01:42 AM PDT

သမီးတို့က နမှုနာကြည့်မှာပါ။

သူများကို နမှုနာကြည့်ဖို့မလိုဘူး။ ကိုယ့်နမှုနာကိုယ် ကြည့်။ သူတိုကို အရင်လုပ်ပေးရမှာ မဟုတ်ဘူး။ အားလုံးကို တစ်ပြိုင်နက်ပြုလုပ်ပေးရမှာပါ။ သူတို့ကို နမှု နာကြည့်နေလို့မဖြစ်ဘူး။ ခက်တာက နားမထောင် ဘူး။ ဇွတ်ပြောနေတယ်။

သမီးတို့က စာမဖတ်တတ်တော့ ဖတ်မကြည့်ဘူး။

စာမတတ်ရင် ဘွဲ့ရကို ဖတ်ခိုင်းလို့ရတယ်။ ဘာလို့ မဖတ်ခိုင်းတာလဲ၊ ဘာလို့မရှင်းပြလဲ။

အခုသမီးတို့ဒေသမှာ အသားအရေက ဒီလိုအသားအရည် (အဖြူ)မျိုးမရှိတော့ဘူး။ မဲညစ်ညစ်တွေဖြစ်ပြီးတော့ လူတွေကအသားမဲခြောက်ပြီး ဆိုးကျိုးတွေခံစားရတယ်။ အဲဒီအန္တရာယ်ကို ကျွန်မတို့ ဒေသခံတွေ ခံစားနေရ တယ်။

ဒါပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်တယ်။ သမီးတို့အစီရင်ခံစာကိုမဖတ်ဘဲဆက်ပြောနေရင် အဓိပ္ပာယ်မရှိဘူး။ ဒါပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဆိုင်တယ်။ အမေက Popular ဖြစ်ချင်လို့ နိုင်ငံရေးလုပ်နေတာ မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တာကိုလုပ်တာပါ။ နိုင်ငံရဲ့အနာဂတ်နဲ့ သင့်တော်တဲ့ကိစ္စကိုလုပ်တာပါ။ ဒါကို မကျေနပ်လို့ မုန်းရင် အမေကိုမုန်းလို့ရတယ်။

မမုန်းပါဘူး၊ နဂိုကတည်းကချစ်နေတာပါ။

အစီရင်ခံစာကို သေချာဖတ်ပါ။ စာမတတ်ရင် ကိုယ့်သားသမီးတွေကို စာတတ်အောင် ဘယ်သူက လုပ် ပေးမှာလဲ။

ကျွန်မတို့ အရင်အတွေးက ဒီလိုပါ။ ဦးပိုင်တို့၊ျွှညေဘသေ တို့ဆိုတာ သားစဉ်မြေးဆက်၊ ခေတ်အဆက်ဆက် ချမ်း သာကြွယ်ဝလာတဲ့သူတွေပေါ့။ ကျွန်မတို့ ဒေသခံတွေကတော့ လူမွဲလူတန်းစားတွေဆိုတော့ လယ်ယာ မြေကို မှီခိုပြီး လုပ်ကိုင်စားသောက်ရတဲ့ဘဝပါ။ သူတို့ Wanbao နဲ့ဦးပိုင်က တောင်ကြီးကိုမလုပ်ဘဲ စွန့်ပစ်လိုက်ရင် သင်္ဘောတစ်စီး၊ နှစ်စီးစာလောက်ပဲရှိတယ်။ ကျွန်မတို့ ဒေသခံတွေက သူတောင်းစားခွက် ပျောက်သလိုဖြစ်နေတယ်။

ဒီကိစ္စကို ဘယ်နှစ်ခါထပ်ပြောရမလဲ။ ဒီလိုမမွဲ အောင်လို့၊ မွဲသထက်မွဲတဲ့ဘဝမရောက်ရှိသွားအောင်၊ သားစဉ်မြေးဆက် ဘဝအာမခံချက်ရှိသွားအောင်လုပ်ပေး သွားမယ်လို့ ပြောပြီးပြီ။ လက်ပံတောင်းတောင်တော့ အမေမပြောနိုင်ဘူး။ လက်ပံတောင်းတောင်ကြီးကို တည်ရှိရေးဟာ အမေ့အတွက် ပြည်သူတွေရဲ့ အနာဂတ် ခိုင်မာရေးလောက် အရေးမကြီးဘူး။ အရေးကြီးတာက အနာဂတ်ခိုင်မာရေးပဲ။ အခု ကလေးတွေက ပညာတတ်ရမယ်။ သူတို့မိဘတွေထက် အဆင့်မြင့်သွားရမယ်။ မိဘတွေကတောင်ယာလုပ်စားလို့ သားသမီး တွေက၊ ကလေးတွေက တောာင်ယာလုပ်စားရမယ်လို့မဟုတ်ဘူး။ ဆရာဝန်ဖြစ်ချင်တဲ့သူက ဆရာဝန်ဖြစ် သွားတဲ့ အနေအထားကို ရောက်သွားမယ်။ တောင်ယာပဲ လုပ်စားချင်တဲ့သူကတော့ သူတို့သဘောပဲပေါ့။ ကျွန်မတို့က တောင်ယာ တွေပဲ လုပ်စားချင်တယ်လို့ပြောတယ်။ တကယ်ပဲ လုပ်စားချင်ပါ့မလား။

သမီးတို့ အရပ်ပြောနဲ့ပြောရင် တောင်ယာ လုပ်စားချင် တယ်ဆိုတာလဲ သမီးက ဘွဲ့ရပြီးပြီ အလုပ်ကမရဘူး။ အဲဒါလဲရှိသေးတယ်။

အဲတော့၊ သမီးကနားမှမထောင်ဘဲ။ အလုပ်အကိုင် ဖန်တီးရပါတယ်ဆိုတာကို နားမထောင်ဘူး။ အလုပ် အကိုင်ဖန်တီးရေးက တစ်ခြားအလုပ်အကိုင်နဲ့ အစားထိုးလို့မရဘူးလား။ တောင်ယာမလုပ်ချင်ရင် တခြားအလုပ် လုပ်လို့ရတယ်။ တော်တော်များများက တောင်ယာကိုပဲ ဆက်လုပ်ချင်လို့လား။

မြေယာဆိုတာ ကိုယ့်မှာရှိရင် ပညာ တတ်တတ် မတတ် တတ် လုပ်စားလို့ရတယ်။

သားသမီးတွေက တောင်ယာပဲလုပ်ချင်လို့လား။ ဒါကို စဉ်းစားရမယ်။ မိဘတွေက ဘွဲ့ရပညာတတ်ဖြစ် အောင် လုပ်ပေးရမှာပါ။ မနက်ဖြန်၊ သန်ဘက်ခါ ဒေသ ခံတွေရဲ့ လိုအပ်ချက်ကိုစိစစ်ပြီး အကောင်အထည်ဖော် မှာ။ အဲဒီအခါကျရင် သမီးတို့လိုအပ်ချက်ကို ပြောကြ ပါ။ စာနဲ့ရေးပြီးတင်ကြပါ။

အစိုးရက ပြောတာတခြား၊ လုပ်တာတစ်ခြားဆိုတော့ သမီးတို့ကတော့ မယုံရဲဘူး။

အစိုးရက ကတိကဝတ်အတိုင်း မလုပ်လို့ရှိရင် အ မေ ဒီကိစ္စကို တာဝန်ယူတယ်။ အမေ့ကိုမယုံရင်တော့ အမေ မတတ်နိုင်ဘူး။ ယုံပါလို့လည်း မပြောချင်ဘူး။

မယုံဘူး။ အစိုးရကိုယ်လည်း မယုံဘူး။ ကုမ္ပဏီကိုလည်း မယုံဘူး။

မယုံလို့ရှိရင် မတတ်နိုင်ဘူး။ ဒါပေမဲ့ အမေကတော့ အမှန်အတိုင်းပဲပြောမယ်။ မယုံလို့ရှိရင် မယုံတဲ့ အတိုင်းနေသွား။ ဒီလုပ်ငန်းကို ဆက်ပြီးတော့ လုပ်ဖို့ အမေကအကြံပြုတာ။ ဒီတောင်ကို ဖြိုမှာတော့ အမေ မဟုတ်ဘူး။

အဲဒါဆို ဒီမြေစာတွေလည်း ဒီယာတွေအပေါ် အကုန်ပုံမှာ ပဲပေါ့။

အကုန်ပုံမှာ မဟုတ်ဘူး။ သူ့ရဲ့ ပုံသင့်တဲ့နေရာမှာ ပုံမယ်။ နောက်ပြီးတော့ ပတ်ဝန်းကျင် ပြန်လည်စိမ်း လန်း စိုပြေရေးအတွက် လုပ်သွားမယ်။ ဒီစီမံကိန်းတွေကတော့ အကောင်အထည်ဖော်သွားမှာပဲ။

ဒီစီမံကိန်းပြီးရင် ပြီးပြီးရော သူတို့လုပ်သွားကြမှာလား။

ဘယ်ဟုတ်မလဲ။ မဖြစ်ခင်တော့ ဒီလို ဆုံးဖြတ်လို့ မရဘူး။ အဲဒီတော့ ကြည့်ပြီးတော့မှ ဆုံးဖြတ်ပါ။ မကြည့်ဘဲနဲ့ ဆုံးဖြတ်ချက်မချပါနဲ့။ ဒါကတော့ စောင့်ကြည့်သွားရမှာပါ။

အစိုးရက ပြောတာတခြား၊ လုပ်တာတခြား၊ အမိန့်ထုတ် တော့လည်းတစ်ခြား၊ သူတို့ပဲ သူတို့ဥပဒေသူတို့ ချိုး ဖောက်တာ။

အဲဒါကို စောင့်ကြည့်ရမှာပေါ့။ ဥပဒေချိုးဖောက် လားဆိုတာကို။

သမီးတို့တောသူတွေက အတော့အတယ်၊ ရိုးတော့ ရိုးတယ်၊ မလည်တာသာ ဖြစ်ရင်ဖြစ်မယ်။ သိပြီးသား တွေ၊ အကုန်သိတယ်။

သမီးဘာမှ ပြောင်းလဲမှု မရှိဘူးဆိုရင် လူတွေ အားလုံး ဘာလို့ကြိုးစားနေကြလဲ။

ကြိုးစားတာပေါ့၊ လက်ပံတောင်းတောင်ကြီးကို မဖြိုခွဲဖို့ အရေးကို။

အဲဒါကို ပြောနေတာမဟုတ်ဘူး။ လူတွေက ဘာမှ မပြောင်းလဲနိုင်ရင် ဘာလို့ ဘဝမှာ ရုန်းကန်နေကြ လဲ။

ပြောင်းလဲတာက လူထုရဲ့ ဆင်းရဲဒုက္ခပြောင်းလဲတာ မဟုတ်ဘူး။ မြန်မာပြည်မှာရှိတဲ့ တောင်တန်းတွေနဲ့ လယ် ယာမြေတွေ သိမ်းတာတွေ ပြောင်းလဲနေတာ။ ဒေသခံ တွေကတော့ မပြောင်းလဲဘူး။ ဒီဆန်ပြုတ်ပဲသောက်ရမှာ ပဲ။ အဲဒါကြီး ဖြိုလိုက်ရင် ဆန်ပြုတ်မပြောနဲ့ ရေတောင် သောက်ရမှာ မဟုတ်ဘူး။

အဲဒါတော့ စောင့်ကြည့်ရမှာပေါ့။ ဒါတော့ အမေလည်း မငြင်းချင်ဘူး။ မယုံမှတော့ ငြင်းနေလို့လည်း ဘာမှမထူးဘူး။ ဘာဖြစ်မလဲဆိုတာကို အဖြစ်ကိုကြည့် ပြီးမှ ဆုံးဖြတ်ရမှာပဲ။ မယုံပါဘူးဆိုတာကိုတော့ ယုံပါလို့ အမေမပြောနိုင်ဘူး။

ကျွန်မတို့ ဒေသခံတွေကတော့ ဒီတောင်ကြီးကို မဖြိုဖို့ တောင်းဆိုချင်ပါတယ်။

ဟုတ်ကဲ့၊ တောင်းဆိုပါ။ ဆက်ပြီးတော့တောင်းဆို ပါ။ ဆက်ပြီး တောင်းဆိုခွင့်ရှိတယ်။ ဒါပေမဲ့ အမေက တော့ မှန်တယ်ထင်တဲ့အတိုင်းပဲ လုပ်သွားတော့မယ်။ မှန်တယ်ထင်တဲ့အတိုင်းပဲ ဆက်လုပ်မှာပဲ။

အမေစုကို ချစ်လို့ ခွပ်ဒေါင်းအလံကို ဘုရားစင်ပေါ် တင်ထားတယ်။ အမေစုပုံကြီးတွေကိုချဲ့ပြီး နံရံမှာ ချိတ် ထားတယ်။ အမေစုကတော့ သမီးတို့ကို မချစ်တာပါ။ ဒေသခံတွေက ချစ်တာကို အမေစုကအချစ်မခံတာ။

အဲဒါ ချစ်တာမဟုတ်ဘူး။ သမီးသာ အမေ့ကိုချစ်တယ်ဆိုရင် ဒီလိုစကားတွေပြောနေမှာမဟုတ်ဘူး။ အချစ် ခံတယ်ဆိုတာ အလိုလိုက်တာမဟုတ်ဘူး။ သမီး ပြောချင်တာက ကိုယ်လုပ်ချင်တာလုပ်ပေးမှ ချစ်တယ် လို့ ပြောချင်တာ။ ချစ်တယ်ဆိုတာ ကိုယ်လုပ်ချင်တာလုပ် လည်း ချစ်ရမှာပဲ။ လုပ်ချင်တာမလုပ်လည်း ချစ်ရ မှာပဲ။ တကယ် ချစ်တယ်ဆိုတာ အဲလိုရွေးတာမဟုတ်ဘူး။ အမေနားလည်တယ်။

သမီးတို့ ချစ်မြတ်နိုးတဲ့ လက်ပံတောင်းတောင်ကိုတော့ လုံးဝအဖျက်မခံနိုင်ဘူး။

ရတယ်။ လက်ပံတောင်းတောင်ကိုချစ်ရင်လည်း ချစ်ပါ။ အမေ့ကို မချစ်ဘူးဆိုလည်းရတယ်။

အမေ့ကိုချစ်တယ်။ အမေကအချစ်မခံတာ။

အချစ်မခံတာမဟုတ်ဘူး။ သမီးက အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းနားမလည်ဘူး။

အမေ့ကိုမချစ်တာ မဟုတ်ဘူး။ အမေ့ကို ဘုရားနဲ့ တစ် ဂိုဏ်းထဲတောင် ထားခဲ့တာ အမေ။

အဲလိုဆိုရင်၊ အမေ့ကို ချစ်မြတ်နိုးတယ်ဆိုရင် ဘာဖြစ်လို့ ဒီစကားတွေ အမေ့ကို ပြောနေလဲ။

ဒီတောင်ကြီးကို မဖြိုချင်လို့။

အဲဒီတော့ ဒီတောင်ကြီးကို ပိုချစ်လို့ပဲ။ အဲဒါကိုပဲ ချစ်တော့။

by Messenger News Journal


လက်ပံတောင်းတောင် ဒေသခံများ၊ တုံရွာသပိတ်စခန်းတွင် ဦးဆောင်နေသောသံဃာတော်များနှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲ (အပိုင်း ၁)

Posted: 18 Mar 2013 01:42 AM PDT

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ပေးရန်အတွက် တုံရွာသပိတ်စခန်းတွင်ဆန္ဒပြနေသော သံဃာတော်များ၊ ဒေသခံများအား ဒေါ်အောင်ဆန်းစုကြည်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်၏အစီရင်ခံစာနှင့်ပတ်သက်ပြီး လိုက်လံ၍ရှင်းပြဆွေးနွေးခဲ့သည်။ ယင်းထဲမှ အပြန်အလှန်စကားပြောဆိုမှုများကို ဖော်ပြလိုက်ပါသည်။

ဒေါ်စု

          တပည့်တော်မတို့ကော်မရှင်က ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အကြံပြုချက်တစ်စောင်ကို ထုတ်ပြီး ပါပြီ။ အဲဒီအထဲမှာ ဘယ်လိုအချက်အလက်တွေ ပါလဲဆိုတော့ တပည့်တော်မတို့အနေနဲ့ ဒီကိစ္စကို ကိုင်တွယ်တဲ့ နေရာမှာ အပြုသဘောဆောင်တဲ့ဘက်ကနေ ကိုင်တွယ်ပါတယ်။ အားလုံးအတွက် ဘယ်လိုအကျိုးရှိမလဲ ဆိုတာကို ကိုင်တွယ်တာပါ။ တပည့်တော်မတို့က အပြစ်ဖို့ဘို့ မဟုတ်ပါဘူး။ အပြစ်ရှာဖို့လည်း မဟုတ်ပါဘူး။ တရားခံ ရှာဖို့လည်း မဟုတ်ပါဘူး။ ပြေလည်အောင် ဘယ်လိုလုပ်ရ မလဲဆိုတာကို၊ ဒီကိစ္စဟာ နောင်ကျလို့ရှိရင် တပည့်မတို့ နိုင်ငံအတွက် ဘယ်လိုအကျိုးဖြစ်အောင်လုပ်ရမလဲဆိုတာ ကို ရေရှည်အနေနဲ့ တပည့်တော်မတို့က လုပ်တာဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီအကြံပြုချက်တွေအားလုံးဟာ တပည့်တော်မရဲ့ တာဝန်ဖြစ်ပါတယ်။ တပည့်တော်မ ဥက္ကဋ္ဌ အနေနဲ့ ဒီကြံပြုချက်တွေကို လက်ခံပြီးတော့ ရေးဆွဲတာ ဖြစ်ပါတယ်။ အဲဒီတော့ မကျေနပ်တာရှိရင် တပည့်တော်မကို ပြောလို့ရပါတယ်။ ကျန်တဲ့မည်သူနဲ့မှ မဆိုင်ပါဘူး။ ဝမ်ပေါင်နဲ့လည်း မဆိုင်ပါဘူး။ တပည့်တော်မရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်။ အုပ်ချုပ်ရေးတွေနဲ့လည်း မဆိုင်ပါဘူး။  တပည့်တော်မတို့အနေနဲ့  လုပ်ရတဲ့အကြောင်းက ဟိုဘက်ဒီဘက်ကြည့်လိုက်တဲ့အခါကျတော့ အများအတွက် ဘယ်ဟာကအကျိုးအများဆုံး၊ အကျိုး အမြတ်ဖြစ်မလဲဆိုတာကိုကြည့်ပြီးတော့ လုပ်တာဖြစ်ပါ တယ်။ အဲဒီတော့ ဒီစီမံကိန်း ရပ်လိုက်မယ်ဆိုရင် တချို့က ဒါကိုလိုလားတယ်။ ရပ်လိုက်တဲ့အခါ ဘာဖြစ်မလဲ ဆိုတော့ ဘယ်သူကမှ သေသေချာချာ ဂဃနဏ ထောက်မပြပါဘူး။ အကျိုးဆက်ကတော့ ပျက်စီးတဲ့မြေက ပျက်စီး တဲ့အတိုင်းပဲရှိမှာပါ။ လယ်ယာတွေ မရှိတော့တဲ့သူတွေ က မရှိတော့တဲ့အတိုင်းပဲရှိမှာပါ။ တခြားဘာမှ ဖြစ်ပေါ် လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အရ ယုံကြည်မှုအများကြီး လျော့ကျသွားမှာပါ။ ကမ္ဘာ မှာဆိုလို့ရှိရင် ဒီနိုင်ငံဟာ စီးပွားရေး စာချုပ်စာတမ်း လုပ်ပြီးတော့ အလုပ်မလုပ်သင့်တဲ့ဟာမျိုးလို့၊ ဒီလိုပဲ သုံးသပ်မှာပါ။ အဲဒီတော့ တပည့်တော်မတို့အနေနဲ့ ကိုယ့်ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့တောင်မှ အဆင်ပြေအောင် မနေတတ်တဲ့နိုင်ငံ မျိုးဖြစ်သွားမှာပါ။ နိုင်ငံတစ်နိုင်ငံဆိုတာ ကိုယ့်ရဲ့အိမ်နီးချင်းတွေနဲ့ မတည့်လို့ ပြောင်းရွှေ့ သွားလို့ရတာမျိုး မဟုတ်ပါဘူး။  အမြဲပဲ ဒီနေရာမှာ နေရမှာပါ။ အဲဒီတော့ သိက္ခာရှိရှိ တပည့်တော်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီးတော့နေသွားရမှာပါ။ တပည့် တော်မတို့အနေနဲ့ လောဘ၊ ဒေါသ၊ မောဟတို့ကို အခြေခံပြီးတော့ လှုပ်ရှားလို့မရပါဘူး။ တပည့်တော်မတို့ရဲ့ ပြည်သူပြည်သားများကိုလည်း သံဃာတော်များ ကနေ ကရုဏာ မေတ္တာနဲ့ အမြဲတမ်းဦးဆောင်သွားမယ်ဆိုတာကို တပည့်တော်မ ယုံကြည်ပါတယ်။ အဲ့ဒီတော့ ဒီယုံကြည် ချက်အရလည်း တပည့်တော်မ ယုံယုံကြည်ကြည်နဲ့ အကောင်းဆုံးထင်တဲ့ကိစ္စကို ယုံကြည်ချက်အရ လုပ်တာပါ။ အများကြိုက်တာမကြိုက်တာကို၊ ဘယ်သူကနေပြီးတော့ သြဘာပေးတာ မပေးတာကို တပည့်တော်မတို့ ဒါကိုစဉ်း စားတာ မဟုတ်ပါဘူး။ သဘောမတူတဲ့သူတွေရှိမယ် ဆိုတာကို တပည့်တော်မတို့ အစကတည်းက သိပါတယ်။ ဒါပေမဲ့ သဘောမတူတဲ့သူတွေရှိမှာမို့လို့ ကိုယ်မှန်တယ်လို့ထင်တဲ့ ကိစ္စကို မလုပ်ဘူးဆိုတာ မသင့်တော်လို့ တပည့်တော်မတို့ မလုပ်ဖြစ်တာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ မကျေနပ်ဘူး ဆိုရင် တပည့်တော်မမှာပဲ တာဝန်ရှိပါတယ်။ အခြားဒီက အုပ်ချုပ်ရေးပိုင်း ဆိုင်ရာမှာ တာဝန်မရှိပါဘူး။ ကုမ္ပဏီ တွေလည်း တာဝန်မရှိပါဘူး။ တပည့်တော်မကို မကျေပ်နပ်ဘူးဆိုရင် အရှင် ဘုရားအနေနဲ့ တပည့်တော်မကို ပြောနိုင်ပါတယ်။ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ တပည့်တော်မရဲ့ သုံးသပ်ချက်အရ နိုင်ငံအတွက် အကောင်းဆုံး၊ နိုင်ငံ့အနာဂတ်အတွက် အကောင်းဆုံးအဖြေရှာပြီးတော့ လုပ်တာပါ။ အခု ဒီလို သပိတ်စခန်း ဖွင့်တယ်ဆိုတာ လည်း တပည့်တော်မတို့ဟာ တရားဥပဒေကိုက်ညီစွာနဲ့ လုပ်သင့်တယ်။ ဆန္ဒပြတယ်ဆိုတာ တရားဥပဒေ နဲ့အညီပဲ လုပ်သင့်တယ်။ နောက်ဆန္ဒ ပြချင်ရင်လည်း တပည့်တော်မကိုပဲ လာပြီးတော့ ဆန္ဒပြတာ ပိုပြီးတော့ အဓိပ္ပာယ်ရှိပါတယ်။ ဒီမှာ ဆန္ဒပြတာ ဘာမှအဓိပ္ပာယ် မရှိပါဘူး။ ဒီက ရွာသူ၊ ရွာသားတွေက ဒီအစီရင်ခံစာကို ရေးတာမဟုတ်ပါဘူး။ တပည့်တော်မတို့အိမ်မှာ ဆန္ဒပြလို့ရပါတယ်။ တရားဝင်ခွင့်ပြုချက် တောင်းပါ။ တရားဥပဒေလမ်းကြောင်းအတိုင်း လုပ်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ တပည့်တော်မဟာ တရား ဥပဒေစိုးမိုးရေး ကော်မတီက ဥက္ကဋ္ဌတစ်ယောက်ဖြစ်တာကြောင့် ဥပဒေစိုးမိုးရေးကို အမြဲတမ်း ဦးထိပ်ပန်ဆင် ထားပါတယ်။ ဆန္ဒပြချင်သူတွေကို ဆန္ဒပြခွင့်ပေးဖို့ဆို တာလည်း အုပ်ချုပ်ရေးအပိုင်းကို တာဝန်ပေးထားပါတယ်။ အဲဒီတော့ ခွင့်ပြုချက်တောင်းပြီးတော့ ဆန္ဒပြလို့ ရပါတယ်။ အုပ်ချုပ်ရေးအပိုင်းကလည်း တပည့်တော်မကို ကတိပေးထား ပါတယ်။  စီတန်းလှည့်လည်ခွင့် လျှောက်ရင် ခွင့်ပြုပေးပါမယ်တဲ့။ အဲဒီတော့ စီတန်းလှည့် လည်ချင်ရင် ခွင့်ပြုချက်တောင်း ပြီးတော့ စီတန်းလှည့် လည်ပါ။ ခွင့်ပြုချက်မတောင်းဘဲ လုပ်ရင်တော့ ဥပဒေအရ အရေးယူပါမယ်။ တပည့်တော်မတို့နိုင်ငံမှာ တရား ဥပဒေစိုးမိုးရေး လိုအပ်ပါတယ်။ ဥပဒေစိုးမိုးရေးဆိုတာ ပြည်သူကိုကာကွယ်ဖို့လည်းဖြစ်တယ်။ အစိုးရကို ကာ ကွယ်ဖို့လည်းဖြစ်တယ်။ ပြည်ပနိုင်ငံကလာပြီး အလုပ် လုပ်သူတွေကို ကာကွယ်ဖို့လည်း ဖြစ်တယ်။ ဥပဒေဆို တာ လူတွေကြားမှာခွဲခြားလို့ မရပါဘူး။ အားလုံးဟာ ဥပဒေဘောင်အတွင်းက လုပ်လား မလုပ်ဘူးလားဆိုတာ ကြည့်ပြီးတော့ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဥပဒေတွေ ဟာ မသင့်တော်ဘူးလို့ထင်လို့ရှိရင် ဒီဥပဒေတွေကို ပြောင်းဖို့ ပြင်ဖို့အတွက်က လွှတ်တော်ကနေပြီးတော့ ဥပဒေတွေကို ပြုပြင်မှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဥပဒေ တွေကို မပြောင်းခင် မပြုပြင်ခင် တည်ဆဲဥပဒေအရဘဲ ခွင့်ပြုချက်ယူပြီးတော့ လုပ်ကိုင်ရမှာဖြစ်ပါတယ်။

ဆရာတော်များ

          ဦးဇင်းတို့ရဲ သပိတ်စခန်းက တရားမဝင်ဘူးလို့ ဒကာမကြီးက ပြောဆိုနေတာပေါ့။ တကယ်တော့ ဦး ဇင်းတို့ တရားဆိုတဲ့ဟာကို ဘေးချိတ်လိုက်ဦး။ ဥပဒေ ဆိုတဲ့ ဝေါဟာရကို ဦးဇင်းပြောပြမယ်။ ဥပဒေဆိုတာ ရေမှာ သူစီးချင်ရာစီးရင် ချောင်းရိုးမြောင်းရိုးတွေဖြစ် သွားမယ်။ လိုအပ်တဲ့အရာကိုရလာအောင် ရေကို လိုရာ သွယ်လို့ရအောင်ထားတာက ဘောင်။ ဦးဇင်းတို့ လူတွေကို လုပ်ချင်ရာလုပ် ကလေကချေမဖြစ်အောင် ထား တာက ဥပဒေ။ အဲဒီတော့ ဘောင်တို့ ဥပဒေတို့ရှိတယ်။ ဥပဒေဘောင်ပြုတဲ့နေရာမှာ သူ့အမြင် ကိုယ့်အမြင်   သူ့ အတွေးအခေါ် ကိုယ့်အတွေးအခေါ် တစ်ဖက်နှင့် တစ်ဖက် တစ်ဦးနဲ့တစ်ဦး အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ လူတန်းစား သူ့အမြင် ကိုယ့်အမြင် မျှမျှတတ ဆောင် ရွက်တဲ့အလုပ်ဆိုရင်တော့ တရားဥပဒေပေါ့။ ဒကာမကြီးဟာ ဒီဥပဒေက အဓမ္မဥပဒေဖြစ်နေတယ်။ အဓမ္မဥပဒေ ဆိုတာ အခုဦးဇင်းတို့ လက်ပံတောင်း တောင်မှာ ဆောင် ရွက်ခဲ့တဲ့ ကိစ္စအဝဝဟာ အဓမ္မဥပဒေ။

ဒေါ်စု

          အရှင်ဘုရား၊ တပည့်တော်မတစ်ခုပဲ မေတ္တာရပ် ခံပါရစေ။ တပည့်တော်မတို့ဟာ အခုပစ္စုပ္ပာန်နဲ့ အနာဂတ် ကို ပြောင်းခြင်းဖြစ်ပါတယ်။ အတိတ်မှာတုန်းက မမှန် မကန်လုပ်ခဲ့တယ်ဆိုတာ လက်ခံပါတယ်။ တပည့်တော် မတို့ရဲ့ အစီရင်ခံစာမှာလည်း ဒါတွေကို သေသေချာချာပါ ပါတယ်။ ပြည်သူတွေကို ဘယ်လို မတရားသဖြင့် လယ်တွေသိမ်းခဲ့တာ၊ လျော်ကြေးတွေ မှန်မှန်ကန်ကန် မပေးခဲ့တာ၊ ပွင့်လင်းမြင်သာမှုမရှိခဲ့တာ ဒီဟာတွေကို တပည့်တော်မရဲ့ အစီရင်ခံစာမှာ အားလုံးထုတ်ဖော်ထား ပါတယ်။ မမျှမတလုပ်ခဲ့တဲ့ ကိစ္စတွေ ရှိနေတာကြောင့်မို့လို့ ပွင့်လင်းမြင်သာမှုမရှိခဲ့တာကြောင့်မို့ ဒီပြဿနာတွေ တက်ခဲ့ရတယ်ဆိုတာ တပည့်တော်မ တို့ ထုတ်ဖော်ခဲ့ပြီးဖြစ်ပါ တယ်။ နောက်ပြီးတော့ တရားဥပဒေစိုးမိုးရေး မရှိခဲ့တာ လည်း ပါပါတယ်။ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုတာ တရားဥပဒေစိုးမိုးရေး ချိုးဖောက်သွားတာဟာ တစ်ဖက် သတ်မဖြစ်ပါဘူး။ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာကလည်း ချိုးဖောက်ခဲ့ပါတယ်။ ဒါကို တပည့်တော်မတို့လည်း ထုတ်ပြန်ထားပါတယ်။  လယ်ယာမြေ သိမ်းပြီးတော့ လျော်ကြေးပေးတဲ့ပုံစံက မမှန်ဘူး။ ဒီဟာတွေကိုလည်း ထောက်ပြထားပါတယ်။ အဲ့ဒီတော့ မမှန် မကန်တဲ့ ကိစ္စတွေကို ပြန်ပြီးတော့ ပြုပြင်ဖို့ဆိုတာတော့ တပည့်တော်မတို့ ပစ္စုပ္ပာန်နဲ့ အနာဂတ်မှာ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ပြုပြင်ဖို့ဆိုတာ အကြံပြုချက်ဖြစ်ပါတယ်။ ထောက်ပြထားပါတယ်။

ဆရာတော်များ


          အဲဒီလိုထောက်ပြတဲ့ နေရာမှာ   ဦးဇင်းတို့ ဒီမှာက ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရပဲဖြစ်ဖြစ်၊ ဦးသန်းရွှေ အစိုးရပဲ ဖြစ်ဖြစ် ဆောင်ရွက်ခဲ့တဲ့အချိန်မှာ စာချုပ်စာတမ်းတွေကို ဦးဇင်းတို့လည်း မသိဘူး။ ဒကာမကြီးလည်း မသိဘူး။

ဒေါ်စု

          သိပါတယ်ဘုရား။ တပည့်တော်မတို့ ဒီစာချုပ် စာတမ်းတွေကို လေ့လာပြီးပါပြီဘုရား။

ဆရာတော်များ

          အဲဒီလိုလေ့လာပြီးလို့ရှိရင် အဲလို လုပ်ဆောင်တဲ့ ဟာက တရားသည်ပဲဖြစ်စေ၊ မတရားသည်ဘဲဖြစ်စေ၊ ပြည်သူမသိတဲ့အတွက် နောက်တစ်ခါစာချုပ်ကို ချုပ်ရင် ဦးဇင်းတို့က ပြန်ပြင်ပြီးတော့ ချုပ်ရမှာပဲ။ ပြည်သူနဲ့ ညှိပြီးတော့ ချုပ်ရမှာပါ။

ဒေါ်စု

          ဒီကိစ္စက တပည့်တော်မတို့ အကြံပြုချက်ထဲမှာ ပါပြီးပါပြီ။ ဒီစာချုပ်ကို ပြန်ပြီးတော့ ချုပ်ရမယ်ဆိုတာ ပါပြီးပါပြီ။ ပြန်ပြီးချုပ်ပါမယ်ဆိုတာကို ဦးပိုင်ကရော ဝမ်ပေါင်ကပါ သဘောတူညီပြီးပါပြီ။ တပည့်တော်မ တို့ရဲ့ အစီရင်ခံစာထဲမှာ ပါပါတယ်ဘုရား။

ဆရာတော်များ

          စာချုပ်က အသစ်ပြန်ချုပ်ရပါမယ်။ အသစ်ပြန် ချုပ်ပြန်ရင်လည်း နယ်သူနယ်သားတွေရဲ့ ဆန္ဒမပါဘဲနဲ့ ဒကာမကြီးပဲ အလွတ်ချုပ်လို့မရပါဘူး။

ဒေါ်စု


          စာချုပ်ချုပ်တယ်ဆိုတာ တပည့်တော်မတို့ ချုပ် လို့မရပါဘူး။ စာချုပ်ဆိုတာ သက်ဆိုင်ရာကုမ္ပဏီနှစ်ခု ကပဲ ချုပ်ရတာဖြစ်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ကုမ္ပဏီနှစ်ခုက ချုပ်တဲ့နေရာမှာ ဒေသခံရဲ့လိုအင်ဆန္ဒ တွေ၊ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားရမှာပါ။ တပည့်တော်မတို့အနေနဲ့ ဒီဟာကို ပွင့်လင်းမြင်သာမှုရှိ မယ်ဆိုရင် စာချုပ်ထဲမှာ ဘာတွေပါမလဲဆိုတာ အများသိရမှာပါ။ ဦးပိုင်ကရော ဝမ်ပေါင်ကပါ အခုထုတ်ပြန် တဲ့နေရာမှာ ဦးပိုင်ကထုတ်ပြန်တာကို သတင်းစာမှာ ပါပြီး ပါပြီ။ ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်တာကတော့ အင်တာ နက်မှာ တင်ပြီးပါပြီဘုရား။ အဲဒီတော့ ဘယ်လိုကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ အခုထဲက နေ အများ ပြည်သူသိအောင်လို့ တင်ပြထားပါတယ်ဘုရား။

ဆရာတော်များ

          အဲဒီလိုဆောင်ရွက်တယ်ဆိုရင် အသစ်ပြန်မချုပ် သေးတဲ့ ကာလပတ်လုံး ဒီကြေးနီတောင်ကို ပြည်သူ့ ဆန္ဒမပါတဲ့အတွက် ရပ်ထားဖို့ရာကတော့ လိုတယ်။

ဒေါ်စု

          တပည့်တော်မ ဒီဟာကိုတော့ ဒီကိစ္စတော့ ဆောင် ရွက်ပေးလို့ မရပါဘူးဘုရား။ ဘာလို့လဲဆိုတော့ စာချုပ်အရဆိုရင် ဒီအလုပ်က ဆက်ပြီးတော့ လုပ်နေရမှာပါဘုရား။ အလုပ်လုပ်နေတဲ့ နေရာမှာ ပြည်သူလူထုရဲ့ စားဝတ်နေ ရေးကို မထိခိုက်အောင်လို့တော့ လုပ်သွားရမယ်ဆိုတာ တပည့်တော်မတို့ ပြောထားပါတယ်ဘုရား။ စာချုပ်ဆို တာလည်း လပိုင်းတောင်မကြာပါဘူးဘုရား။ တစ်ပတ် နှစ်ပတ်အတွင်းမှာ ပြန်ပြီးတော့ ချုပ်မှာပါ။ နောက်ပြီး တော့ ဒီအပြင်မှာလည်း ဒေသခံတွေကို လျော်ကြေးပေးဖို့ကိစ္စကို မနက်ဖြန်ကနေစပြီး လုပ်ပါမယ် ဘုရား။ (၁၅၊ ၁၆၊ ၁၇) ရက်တွေမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာအဖွဲ့က နေပြီးတော့ ကွင်းဆင်းပြီးတော့ ရွာတွေ ရွာတွေအလိုက် သွားပြီးတော့ လယ်ယာမြေပဲဖြစ်ဖြစ် စိုက်ပျိုးမြေပဲဖြစ် ဖြစ်၊ ကိုယ့်အိမ်မြေပဲဖြစ်ဖြစ် အသိမ်း ဆည်းခံရပြီးတော့  တန်ရာတန်ကြေးမရတဲ့ ရွာသူရွာသားများ ဒေသခံများက  လျှောက်လွှာတင်နိုင်ပါတယ်။  လျှောက်လွှာတင်ပြီးတော့ လျှောက်လွှာမှန်မမှန်ကိုတော့ စိစစ်ရမှာပါ။ ဥပမာ မြေအမှန်တကယ် မဆုံးရှုံးခဲ့ဘဲနဲ့ မြေဆုံးရှုံးပါတယ်လို့ တင်ပြလာသူ မရှိဘူးလို့ မပြောနိုင်ပါဘူး။ မှန်ကန်တဲ့ လျှောက်လွှာဆိုရင် ရက်ပိုင်းအတွင်း လျော်ကြေးတွေကို ချက်ချင်းထုတ်ပေးမှာပါ။

ဆရာတော်များ

          ဘာဖြစ်လို့လဲဆိုတော့ ဦးဇင်းတို့မြေရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက်ပဲ ကြည့်လို့မရပါဘူး။ ဘာလို့လဲ ဆိုတော့ ရွာပါရွှေ့ပေးရမယ်ဆိုတော့ မြေမရှိတဲ့သူတွေ ကလည်း ရွှေ့ရမှာပါ။ အဲဒါဆိုရင် ဘဝက ပျက်သွား တော့မှာလေ။ အလုပ်က သူ့အလုပ်ရှင်၊ လယ်ရှင်နဲ့ လည်ပတ်နေတဲ့ ယန္တရားကြီးပျက်သွားရမှာ။ အဲဒီတော့ မြေမရှိတဲ့သူတွေကိုလည်း ပံ့ပိုးပေးရမယ့်အပိုင်းတွေရှိ တယ်။

ဒေါ်စု

          တင်ပါ့ဘုရား။ အဲဒါကလည်း ကတိကဝတ်ထဲ မှာ ပါပါတယ်ဘုရား။ အလုပ်အကိုင် ဖန်တီးရေးပေါ့။ အလုပ်အကိုင်ဖန်တီးရေးဆိုတာ အရင်တုန်းက မြေရှိတဲ့ သူတွေတင် မဟုတ်ပါဘူး။ မြေမမရှိတဲ့သူတွေရော အခု ဆိုရင် အိမ်ထောင်စုအတွင်းကနေပြီးတော့ အရွယ်ရောက် တဲ့သားသမီးတွေကိုပါ အလုပ်အကိုင်ဖန်တီးရေး ကိစ္စတွေမှာလည်း ဝမ်ပေါင်ကရော ဦးပိုင်ကပါ ကတိကဝတ်ခံ ပြီးတော့ ဒီကိစ္စကို ဆောင်ရွက်ပေးဖို့ ပြောပြီးပါပြီ ဘုရား။

ဆရာတော်များ

          ဒကာမကြီးက ပြည်သူချစ်တဲ့ ဒေါ်စု၊ သံဃာတော် တွေချစ်တဲ့ ဒေါ်စုပဲ။ ဒေါ်စုလုပ်ပေးနေမှသာ ဒီလုပ်ငန်းတွေက အဆင်ပြေမှာပါ။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ပေါ့လေ၊ ဦးဇင်းတို့အနေနဲ့က အဓိကထားတာ က အမေစုပဲ။ အမေစုဖြေရှင်းတော့မှ ဒီကိစ္စက ရှင်းမှာပါ။ ပြည်သူ လူထုနေထိုင်ရေးအတွက်ပါ အားထားရ တာပါ။

ဒေါ်စု

          ဒီကိစ္စကို တပည့်တော်မ တာဝန်ယူပါတယ်ဘုရား၊ ဒီအကြံပြုချက်အရ မဆောင်ရွက်ရင် တပည့်တော်မ မှာ တာဝန်ရှိပါတယ်။ တပည့်တော်မ တာဝန်ထားပါ။ တပည့် တော်မကြည့်ပြီးတော့ လုပ်ပေးပါမယ်။

ဆရာတော်များ

          ဒကာမကြီးကို ဦးဇင်းတွေ့တာ ဒါဒုတိယအကြိမ် တွေ့တာပါ။ ဦးဇင်း ဘုတလင်မှာ ဒကာမကြီးခိုင်း လိုက်တဲ့ ကိစ္စသွားလုပ်တဲ့အချိန်မှာ ဦးဇင်းထောင် (၄) လကျတယ်။ ဒကာမကြီးတော့ မှတ်မိမှာတော့ မဟုတ် ဘူး။ ဦးဇင်းကို ဒကာမကြီးက အချိုရည်တောင် ကပ်သေးတယ်လေ။ ဦးဇင်း အင်တိုက်အားတိုက်အကျိုး ဆောင်ပြီး လုပ်ပေးပါတယ်။ အဲဒီမှာ ထောင် (၄) လကျတယ်။

ဒေါ်စု

          တင်ပါ့ဘုရား၊ ကျေးဇူတော်ကြီးလှပါတယ်ဘုရား။ တပည့်တော်မ လျှောက်ချင်တာက အတိတ်က ကိစ္စတွေ ကိုကျတော့ ဖြစ်ပြီးတာကို မဖြစ်ပါနဲ့လို့ လုပ်ဖို့က မြတ်စွာ  ဘုရားတောင် မတတ်နိုင်ပါဘူး။ ပစ္စုပ္ပန်နဲ့ အနာဂတ်မှာ ပြုပြင်ဖို့ဆိုတာ တပည့်တော်မတို့အနေနဲ့ ဒေါသကိုခံပြီးတော့ လုပ်လို့မရပါဘူး။ အားလုံး အချင်းချင်းမှပဲ ...

ကိုဗထူး (ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)

          ကျွန်တော်ပြောချင်ပါတယ်။

ဒေါ်စု

          နေဦးသား နားထောင်။ နားထောင်ဆိုတာက ဆရာတော်တို့ ပြောပြီးမှပြောပါ။ သားက ဒေါသသိပ် ပါတယ်။

ကိုဗထူး (ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်)

          ကျွန်တော်က အန်တီပြောတဲ့စကားပေါ်မှာ အခြေခံ ပြီး ပြောမှာပါ။

ဒေါ်စု


          အေး ပြော။


ကိုဗထူး (ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်)

          အန်တီက ပြောတယ်။ ကျွန်တော်တို့ ဆန္ဒပြတာ တွေက တရားဥပဒေနဲ့မညီပါဘူးဆိုလို့ သားတို့ ရှစ်ကြိမ် ထက်မနည်း ပထမအုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ရှိတဲ့အချိန်မှာ သားတို့တင်ပြတယ်။ သားတို့ကို တစ်ကြိမ် မှ ခွင့်မပေးခဲ့ဘူး။

ဒေါ်စု

          နောက်ဆုံးတင်တာက ဘယ်အချိန်က တင်တာလဲ။

ကိုဗထူး(ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)

          နောက်ဆုံးအကြိမ်က ကျွန်တော်တို့ Date  ထဲမှာ ပြန်ကြည့်မှ ရမှာပါ။

ဒေါ်စု
          အကြမ်းမျဉ်းအားဖြင့်ပြော။ ဘယ်တုန်းက နောက် ဆုံးတင်တာလဲ။

ကိုဗထူး(ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)

          ပြီးခဲ့တဲ့နှစ် (၁ဝ)လပိုင်းက တင်တာပါ။

ဒေါ်စု
          (၁ဝ)လပိုင်းလောက်အထိက ဒီထဲက အမေ မပါ သေးဘူးနော်။ ခုနက သားပြောတဲ့ (၁ဝ)လပိုင်းအထိ ဆန္ဒပြခွင့်တောင်းတယ်။ (၁ဝ)လပိုင်းတုန်းက ဒီထဲမှာ အမေ မပါသေးဘူး။  (၁၁)လပိုင်းမှ ဒီကိစ္စကိုစတာ။ အဲဒီနောက်ပိုင်းမှာ ဆန္ဒပြဖို့ ခွင့်ပြုချက်တောင်းတဲ့သူတွေကို ပေးဖို့ပြောထားတယ်။ အဲဒီတော့ အုပ်ချုပ်ရေး ပိုင်းက ပေးပါ့မယ်လို့ ပြောတယ်။ အဲဒီကျတော့ မတောင်းတော့ဘူး။ မတောင်းဘဲနဲ့ ဆန္ဒပြ တယ်ဆိုတော့ ဒါက တရားဥပဒေကို ချိုးဖောက်တာပဲ။ အဲဒီအခါကျတော့ အမေ သဘောမတူနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားဥပဒေချိုးဖောက်တာ ဘယ်သူပဲဖြစ်ဖြစ်၊ ပြည်သူဘက်ကပဲ တရားဥပဒေ ချိုးဖောက် ချိုးဖောက်၊ အစိုးရဘက်ကပဲ ချိုးဖောက်ချိုးဖောက်၊ နောက်ယုတ်စွအဆုံး သမ္မတကြီးကပဲ ချိုးဖောက် ချိုးဖောက် တရား ဥပဒေအတိုင်း အရေးယူရမှာပဲ။ အဲဒီလို အရေးမယူလို့ရှိရင် ဒီနိုင်ငံမှာ ဘယ်တော့မှ အေးချမ်း သာယာမှုဆိုတာ မရှိနိုင်ဘူး။ အဲဒီတော့ တရားဥပဒေ လမ်းကြောင်းအရ အားလုံးသွားရမယ်။ အခုသားတို့ ဆန္ဒပြချင်လို့ရှိရင် ပြခွင့်တောင်း။ ပြခွင့်တောင်းရင် ပြခွင့်ပေးပါ့မယ်လို့ အမေ့ကို ကတိပေးထားတယ်။ ပြခွင့်မပေးဘူးဆိုရင် အမေ့ကိုပြော။ ဒါပေမဲ့ ခွင့်မတောင်းဘဲနဲ့တော့ တရားဥပဒေလမ်းကြောင်း မညီဘဲ နဲ့တော့ မလုပ်နဲ့။ အဲဒါဆိုရင် တရားဥပဒေကို ကိုယ်က မျက်ကွယ်ပြုရင် အခြားတစ်ဘက်ကလည်း မျက်ကွယ်ပြုမှာပဲ။ တရားဥပဒေနဲ့ လုပ်လို့ရတယ်။ အဲဒီတော့ ကိုယ်ကိုတိုင်က တရားဥပဒေမလေးစားဘဲနဲ့ သူများက လေးစားရမယ်လို့ ပြောပိုင်ခွင့်မရှိတော့ဘူး။ သူများက တရားဥပဒေကို မလေးစားဘူးဆိုရင်လည်း ကိုယ်က လေးစားရမယ်။ အဲဒါတော့ ဒါ ဟိုဘက် ဒီဘက် မျှမျှတတလုပ်ရမယ်။ နောက် အလုပ်အကိုင်ရရှိရေးဆိုတာ ဒီဒေသနဲ့ ဒါနဲ့သားက ဘယ်ရွာကလဲ။

ကိုဗထူး(ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်)

          ကျွန်တော်က ရန်ကုန်ကပါ။

ဒေါ်စု

          ရန်ကုန်တွေက လူတွေပဲ ပြောနေတာ။ ရွာခံတွေပဲ ပြောတော့။ ရွာခံ ဒီနားမှာ ဘယ်နှစ်ယောက်ရှိလဲ။ ရွာခံ တွေပဲလာခဲ့။ ရန်ကုန်ကလူတွေကလာပြီး ဒီရွာအတွက် ပြောနေတယ်ဆိုတာ မဟုတ်သေးဘူး။ ဘယ်မှာလဲ ရွာခံတွေ။ ရွာခံတွေနဲ့ဘဲ ပြောမှာပေါ့။


ဒေသခံများနှင့်ဆွေးနွေးခြင်း

အမေ၊ သမီးတို့က လက်ပံတောင်းတောင်အတွက် အနစ် နာခံပြီး လုပ်နေတာပါ။

          လက်ပံတောင်းတောင်အတွက် အနစ်နာမခံဘဲ နောက်မျိုးဆက်တွေအတွက် အနစ်နာခံပါ။

သမီးသိသလောက်ပြောရင် တောင်အောက်အထိ လိုက် လုပ်လိုက်ရင် ရေကြောတွေ ဒုက္ခရောက်မယ်။ သမီး ကြောက်တယ်။

          အဲဒီကိစ္စအတွက် သမီးတို့ကို တစ်ယောက်ယောက် က အစီရင်ခံစာ ဖတ်ပြမှာပါ။ ဒီကိစ္စတော့ လုပ်ရမယ်။ ရွာထဲမှာ ပညာတတ်တွေရှိမှာပါ။ သမီးကဘွဲ့ရဆိုရင် ဘာလို့မဖတ်တာလဲ။

သမီး မဖတ်လိုက်ရဘူး။

          ဘာလို့မဖတ်လိုက်လဲ။ ဒါကိုမဖတ်လိုက်ရင် ဂရုမစိုက်လို့ဘဲ။

သမီးတို့ ဂရုစိုက်ပါတယ်။

          ဂရုစိုက်ရင် ဘာလို့မဖတ်လဲ။ သတင်းစာမရလို့ လား။ ဂရုစိုက်ရင်ဖတ်ရမှာပေါ့။ အဲဒီထဲမှာ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးကို ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ အားလုံးပါပြီးသား။ သမီး မဖတ်ဘဲ တစွတ်ထိုးနေတော့ အမေ ရှင်းပြရတာ အပိုစကားတွေ ပြောနေရသလိုပဲ။ ဒါကိုဖတ်လေ၊ ပြီးမှ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ကတိတွေ ပေးထားတယ်။ Wanbao ကလည်း ဖော်ဖို့ ကတိပေးပြီးပြီ။

သူတို့က မရှင်းပြဘူး။

          ဟာ မဟုတ်ဘူးလေ။ သမီးတို့က မဖတ်ဘဲ ရှင်း လဲမပြဘူးဆိုတော့ ခက်တာပဲ။ သမီးက အစီရင်ခံစာကို မဖတ်တော့ တော်တော်ခက်တယ်။

ဒါပေမဲ့ ဒေသခံတွေက ဒီတောင်ကြီးကိုပဲ ခင်တွယ်တာ အဓိကပဲလေ။ ကျန်တာတွေ ဘာမှမလိုချင်ဘူး။

          ဒါတော့ အမေမတတ်နိုင်ဘူး။ အမေကတော့ တောင်ထက် လူတွေကို ပိုချစ်တယ်။ လူတွေရဲ့ အနာဂတ် ကိုပိုချစ်တယ်။

ဒီမြေတွေ ရေတွေက ပြောင်းလဲကုန်မှာ။

          သမီးတို့ အစီရင်ခံစာကို သေချာမှမဖတ်ဘဲ။ ဒီမြေကို စိုက်ပျိုးမြေဖြစ်အောင်၊ မြေကောင်းမြေသန့်ဖြစ်အောင် ပြန်လုပ်ပေးရမယ့် စီမံကိန်းတွေပါတယ်။ သမီးတို့က မဖတ်ဘဲ တစ်စွတ်ထိုးပြောနေတယ်။ ဒီလိုတစ်ဘက် သတ် ပြောနေလို့ ဘယ် ဖြစ်မလဲ။

ကျွန်မတို့ဒေသခံတွေက အမေရဲ့အဖြေကိုစောင့်စားခဲ့တာ။  ကျွန်မတို့ ကလေးဘဝတုန်းက အမေများ မုံရွာသွား လို့ ပြန်လာရင် မုန့်တွေပါလာမယ်လို့ထင်ခဲ့တာ။ အခုလဲ အမေစုရဲ့အဖြေကို ကောင်းတာလေးဖြစ်အောင် မျှော်လင့် တယ်။

          ကိုယ်လိုချင်တဲ့အဖြေရမှ ကောင်းတယ်လို့ စိတ်ထဲမှာ မထားရဘူး။

ကျွန်မတို့က အဲ့လိုမျှော်လင့်ထားတာ။

        သမီးတို့က ဘယ်လိုလဲဆိုတာ့ အမေပြန်လာလို့ စာအုပ်ဝယ်လာပြီး မုန့်မဝယ်လာသလိုဖြစ်သွားတာ။ စာ အုပ်က ရေရှည်အတွက် အဖိုးတန်တယ်'' မုန့်ကခဏပဲ။

ကျွန်မတို့က စံပယ်တောင်၊ ကြေးစင်တောင်ကို နမှုနာယူ ထားပြီးပြီ။

          အမေပြောပြီးပြီပဲ။ ဒီကိစ္စကို ဘာလို့ထပ်တလဲလဲ ရှင်းပြရမှာပဲ။ စပယ်တောင်၊ ကြေးစင်တောင်က ဒီစီမံ ကိန်းနဲ့မဆိုင်ပေမဲ့ သူတို့ရဲ့ ဘဝတွေကို လုပ်ပေးပါမယ် လို့ ပြောပြီးပြီ။

by Messenger News Journal


လက်ပံတောင်းတောင် အစီရင်ခံစာနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်နှင့် တွေ့ဆုံခြင်း

Posted: 18 Mar 2013 01:31 AM PDT

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအစီရင်ခံစာအပေါ် နယ်ပယ်အသီးသီးမှ လေ့လာသုံးသပ်ဝေဖန်မှု များရှိနေသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားမှတ်ချက် တစုံတရာထွက်ပေါ်လာခြင်းမရှိသည့်အပေါ် ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ သို့ဖြစ်၍

၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ထင်မြင်သုံးသပ်သည်ကို သိရှိနိုင်ရန် The Messenger  ဂျာနယ်မှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

လက်ပံတောင်းတောင် အစီရင်ခံစာထွက်လာပြီဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သဘောထားက ဘယ်လိုလဲ။

ပြည်သူတွေ စိုးရိမ်ကြောင့်ကြနေတာကို ကျွန်တော် တို့သိပါတယ်။ အဓိက ကတော့ ဒါဟာ အစီရင်ခံစာ ပဲဖြစ်တယ်။ အစီရင်ခံစာဆိုတာဟာ နောက်ဆုံးအပြတ်ချတဲ့ အမိန့်မဟုတ်ဘူး။ အစိုးရကအပြီးအပြတ်ချတဲ့အမိန့် မဟုတ်ဘူး။ နောက်ဆုံး ဆုံးဖြတ်ချက်မဟုတ်ဘူး။ ဒီ အစီရင်ခံစာ အပေါ်မှာ အခြေခံပြီးတော့မှသာရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေကို စဉ်းစားရမှာဖြစ်တယ်။ အဲဒါ လေးကိုတော့ ရှင်းကြဖို့လိုတယ်။ ဒါကြောင့် မို့လို့ ကျွန်တော်တို့ က တစ်စုံလုံးကို ကန့်ကွက်တာမျိုး တစ်စုံ လုံးကိုထောက်ခံတာမျိုး၊ ဘယ်လိုမှလည်း လုပ်စရာ မလိုဘူး။ နောက် တစ်ချက်က အဲဒီအစီရင်ခံစာပေါ်မှာ အခြေခံ စဉ်းစားရုံတင်မကဘူး။ အဲဒီအစီရင်ခံစာပေါ်မှာ သဘောထားကွဲလွဲ တဲ့ ဒေသဆိုင်ရာကပုဂ္ဂိုလ်တွေ ဒေသခံ ပြည်သူတွေရဲ့စိုးရိမ်မှု သဘောမတူမှုတွေကို အေးချမ်းစွာ ပြောဆိုခွင့် ဖော်ထုတ်ခွင့်ပေးပါ။ အဲဒီနှစ်ချက်အပေါ် အကောင်းဆုံးအဖြေရှာပြီး အကောင်းဆုံးဖြစ်တဲ့လမ်းကို ရွေးရပါလိမ့် မယ်။

လက်ပံတောင်းတောင် ပဋိပက္ခစဖြစ်တဲ့ အချိန်မှာ ရော အကြမ်းဖက်နှိမ်နှင်းမှုဖြစ်တဲ့ အချိန်မှာရော ၈၈ မျိုးဆက် တွေအနေနဲ့ ပါဝင်ခဲ့ပေမယ့် အခုအစီရင်ခံစာ ထွက်လာ တဲ့ အပေါ်မှာတော့ ဘာမှမပြောဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုပြောချင်ပါသလဲ။

တိုင်းပြည်ရဲ့ အရေးကြီးတဲ့ အကြောင်းအရာတိုင်းမှာ ကျွန်တော်တို့ကြောင့်ကြမဲ့ ဘယ်တော့မှ မနေပါ ဘူး။ ကျွန်တော်တို့ ကြိုတင်ပြီးတော့ စဉ်းစားထားတာတွေနဲ့ ထွက်လာတဲ့ အစီရင်ခံစာရဲ့ ရလဒ်တွေနဲ့ ဘယ် လောက်ကွာဟတယ်ဆိုတာ သိပါတယ်။ ပြည်သူတွေ ဒီအပေါ်မှာ ဘယ်လိုရှိတယ်ဆိုတာကိုလည်း ကျွန်တော် တို့ နားစွင့်ထားပါတယ်။ ဒီနေ့လိုအပ်တဲ့ အချိန်မှာ  ကျွန်တော်တို့ သဘောထားကို ထုတ်ဖော်ပြောကြားတော့ မှာပါ။ အဲဒီတော့ အဓိက ကျွန်တော်တို့ အစိုးရိမ်ဆုံး အချက်က ကျွန်တော်တို့အတွက်ဒါက စိန်ခေါ်မှုဖြစ်နေ တယ်။ ကောင်းပြီ၊ ဒါကိုအခွင့်အလမ်းအဖြစ်ပြောင်းလဲ ပစ်မယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီအင်အားစု တွေ အချင်းချင်း တကယ်တိုက်တုန်းကအတူတိုက်ခဲ့ ကြတဲ့ ပြည်သူတွေနဲ့ ဒီမိုကရေစီခေါင်းဆောင်တွေကြား မှာ ဒီကိစ္စကြောင့် စိတ်ဝမ်းမကွဲစေချင်ဘူး။ အင်အားတွေ ပြိုပျက်မသွားစေချင်ဘူး။ မတူတဲ့သဘောထားကို နောက် ဆုံးတူတဲ့အထိညှိရပါလိမ့်မယ်။ အဲဒီယဉ်ကျေးမှုကို တည်ဆောက်ရပါလိမ့်မယ်။ ကျွန်တော်တို့ ဒီကိစ္စကြောင့် အားလုံးကွဲပြားသွားတာမျိုး မလိုလားအပ်တဲ့အခြေအနေ မဖြစ်အောင်တော့ထိန်းကြရပါလိမ့်မယ်။

မုံရွာဒေသမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အစီ ရင်ခံစာသွားရှင်းတဲ့အချိန်တွေမှာ ထောက်ခံကြိုဆိုသူတွေ ရှိသလို ကန့်ကွက်ဆန္ဒပြသူတွေလည်းရှိတယ်။ အဲဒီလူတွေကြားမှာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်မှာကို စိုးရိမ် ပါတယ်။ အစ်ကိုအနေနဲ့ရောဘယ်လိုမြင်ပါသလဲ။

ရာခိုင်နှုန်းပြည့်ကြိုက်တဲ့လူဆိုတာ လောကမှာမရှိပါ ဘူး။ အဲဒီအတွက်ကြောင့် ထောက်ခံသူရှိသလို ကန့်ကွက် တာလည်း ရှိမှာပါ။ အဓိကတော့ မိမိတို့ သဘောထားတွေကို အေးအေးချမ်းချမ်းထုတ်ဖော်ပြောဆိုဖို့ပါပဲ။ ကျွန်တော် အစိုးရိမ်ဆုံးက အာဏာပိုင်ဘက်ကဖြစ်စေ၊ ဆန္ဒပြတဲ့ ပြည်သူတွေဘက်ကဖြစ်စေ ဘယ်လိုနည်းနဲ့ မှအကြမ်းဖက်တဲ့ပုံစံ မဖြစ်ဖို့ပါပဲ။ ဒါသိပ်အရေးကြီး ပါတယ်။ ခုမှလမ်းကြောင်းပေါ်ကို ရောက်ခါစရှိသေးတယ်။ အဲဒီတော့ အကြမ်းဖက်မှုတွေမရှိအောင်လို့ ထိန်းကြပါလို့ပြောပါရစေ။ ကျန်တဲ့သဘောထားမတူညီမှုတွေ  အတွက်မှာတော့ ရန်လိုတိုက်ခိုက်မှုတွေမဖြစ်စေချင်ပါဘူး။ သဘောထားမတူညီမှုတွေကို ရင့်ကျက်တဲ့ခေါင်း ဆောင်တွေ၊ ရင့်ကျက်တဲ့ ပြည်သူတွေအဖြစ်ညှိနှိုင်း အကောင်းဆုံးအဖြေရအောင် ညှိနှိုင်းတာမျိုးဖြစ်စေချင် တယ်။

လက်ပံတောင်းတောင်ဒေသခံတွေကို ဘယ်လိုမျိုးသတင်း  စကားများပြောချင်ပါသလဲ။

ကျွန်တော်တို့က ဒေသခံပြည်သူတွေကြားမှာရှိတဲ့ စိုးရိမ်ပူပန်မှုတွေ၊ ကွဲပြားနေမှုတွေအပေါ်မှာ နားလည်ပါ တယ်။ ဒီစီမံကိန်းမှာ တစ်မျိုးသားလုံးအကျိုး စီးပွားအ တွက် ဘယ်လောက်ရှိတယ်ဆိုတာကို ပြည်စုံအောင်နား လည်အောင်ကြိုးစားကြပါ။ အစီရင်ခံစာကိုလည်း ပြည်စုံ အောင်ဖတ်ပေးကြပါ။ အချက်အလက်နဲ့ ထောက်ပြပြော ဆိုတာမျိုး၊ အေးချမ်းစွာနဲ့ ဆန္ဒဖော်ထုတ်တာမျိုးလုပ် နိုင်ပါတယ်။ နောက်ပြီးပြဿနာကို ညှိနှိုင်းပြီးအဖြေရှာ တဲ့ စိတ်ဓာတ်မျိုးမွေးပေးကြပါ။ သဘောထားမတူတဲ့ ပြည်သူအချင်းချင်းကြားမှာ တိုက်ခိုက်မှုတွေမပြုကြပါနဲ့။ ပြည်သူတွေကြားမှာ ဒီမိုကရေစီအရေးလုပ်နေတဲ့ ရဲဘော် ရဲဘက်တွေကြားမှာ ဒီစီမံကိန်းကြောင့် ကျွန်တော်တို့တစ် သက်လုံးအတူ လျှောက်လာခဲ့တာတွေ မပြိုမပျက်အောင် သတိထားလုပ် နေရပါတယ်။

အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဒေသခံတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့်မသိဘူးလို့ ပြောပါတယ်။ အဲဒီ အပေါ်ရော ဘယ်လိုအနေနဲ့ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။

ဒီအစီရင်ခံစာရဲ့ အဓိက အားနည်းချက် အားသာ ချက်တွေကို ကောက်နုတ်ပြီးတော့ အသိပေးသင့်တယ်ဗျ။ သူ့မှာ အားနည်းချက် အားသာချက်တွေရှိပါတယ်။ ဒါကြောင့် ဒါကြီးကို မျက်စိမှိတ်ထောက်ခံတာမျိုး ကန့် ကွက်တာမျိုး ကျွန်တော်တို့မလုပ်တာပေါ့။ ဥပမာ အား သာချက်အနေနဲ့ဆိုရင် အဲဒီစီမံကိန်းမှာ တရားဝင်လုပ် ခွင့်ကိုင်ခွင့်မရှိဘဲ လုပ်နေတာမျိုးတွေ၊ စာချုပ်စာတမ်း မှာပါတဲ့ အားနည်းချက်တွေကို ထောက်ပြတာရှိတယ်။ အကျိုးအမြတ်ခွဲဝေမှုမှာ မရေရာတာတွေပေါ့။ မြတ်မှ စခွဲမယ်။ ခွဲရင်လည်း နိုင်ငံတော်ကရမှာက အခွန်နှုန်း လောက်ပဲရှိတယ်။ အက်ဆစ်ကန်တွေကို ခွင့်ပြုချက် မရှိဘဲ တည်ဆောက်ထားတာကအစ အားနည်းချက် တွေကို ထောက်ပြထားတဲ့အတွက် ဒါတွေက အားသာချက်ပါ။ အစီရင်ခံစာမှာရှိတဲ့ အားနည်းချက်တွေ ကတော့ ရှာဖွေပြီးတော့ပြောရရင် မြေတုန်လှုပ်မှု မရှိဘူး တို့၊ အသံမရှိဘူးဆိုတာကတော့ ဒေသခံတွေ ကျွန်တော်တို့ ပြောကတည်းကရှိတယ်ဗျ။ နောက် ဆူပူဆန္ဒပြ တယ်ဆိုတဲ့ စကားလုံးသုံးတာ။ ဒါမျိုးကျတော့ ဆန္ဒပြ တယ်သုံးရင်ရတာပဲ။ နောက်ပြီးမတိကျတဲ့ အချက် အလက်တွေကို ကျကျနနဝေဖန်သုံးသပ်တာမျိုး ဖြစ်စေ ချင်ပါတယ်။

လက်ပံတောင်းတောင် ပဋိပက္ခပြဿနာက လာမယ့် ၂ဝ၁၅ နိုင်ငံရေးအခြေအနေကို ရိုက်ခတ်နိုင်မယ်လို့များ ထင်ပါသလား။

အဲဒါအားလုံးက ကျွန်တော်တို့ရဲ့ Óဏ်ပညာရှိမှု အမြော်အမြင်ရှိမှုမှာ မူတည်တာပေါ့ဗျာ။ ကျွန်တော်တို့ ပြည်သူတွေကို စိတ်ရှည်၊ လက်ရှည်နဲ့ စည်းရုံးရပါလိမ့် မယ်၊ ရှင်းပြရပါလိမ့်မယ်။ အဲဒါကတော့ ရှေ့ဆက်ရမယ့် ခရီးကို မထိခိုက်အောင် လုပ်ရမှာပါ။ မထိခိုက်သင့်တာ မထိခိုက်ရအောင် စိတ်စေတနာကောင်းနဲ့ ဝိုင်းထိန်းရပါ လိမ့်မယ်။

by Messenger News Journal


လက်ပံတောင်းတောင်ဒေသခံများကို နိုင်ငံရေးအမြတ်ထုတ်နေသည်ဟု စွပ်စွဲခံထားရသူနှင့် တွေ့ဆုံခြင်း

Posted: 18 Mar 2013 01:29 AM PDT

လက်ပံတောင်းတောင် သပိတ်စခန်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖြေရှင်းခဲ့ ပြီးနောက် ဖြစ်ပေါ်လာသော နောက်ဆက် တွဲပြဿနာများနှင့် ဒေသခံများ ကြုံ တွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့သည်။ အဆိုပါကော်မရှင်က ၄င်းတို့၏ အပြီးသတ်အစီရင်ခံစာကို မတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံအချို့က အစီရင်ခံစာနှင့်ပတ်သက်၍ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ စုံစမ်းစစ်ဆေး ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစီရင်ခံစာနှင့် ပတ်သက်၍ ဒေသခံများနှင့် တွေ့ဆုံ ရှင်းပြမှုများပြုလုပ်ရာတွင်လည်း ကန့်ကွက်ဆန္ဒပြမှုအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ ယင်းဆန္ဒပြမှုများ၏ နောက်ကွယ်တွင် ပြည်ပမှ အထောက်အပံ့များရယူ၍ လက်ပံတောင်းတောင်ဒေသခံများအား ကြိုးကိုင်လှုပ်ရှား နေသူ နိုင်ငံရေးအရ အမြတ်ထုတ်နေသူဟု စွပ်စွဲခံထားရသော ကိုဟန်ဝင်းအောင်နှင့်

The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ပထဦးဆုံးအနေနဲ့ ကိုဟန်ဝင်းအောင်အနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ဖတ်ပြီးပြီလား၊ ဘာပြောချင်သလဲ။

          အဓိက က စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ နောက် ဆုံးမှတ်ချက်က စီမံကိန်းဆက်လုပ်ရေးဆိုတဲ့ဟာပေါ့။  အဲ့ဒီအတွက်အစီရင်ခံစာမှာ ရွေးချယ်ခွင့် သုံးခုပေါ့။ စီမံ ကိန်းကို ဒီအတိုင်း ဆက်လုပ်မလား၊ ပြုပြင်ပြီးဆက်လုပ် မလား လုံးဝရပ်ဆိုင်းမလားဆိုတာပေါ့။ ဆက်လုပ် မလား၊ လုံးဝ ရပ်ဆိုင်းမလားဆိုတာပေါ့။ အဲဒီမှာ ပြုပြင်ပြီး ဆက်လုပ်ရမယ့်သဘောကို ပြထားတယ်။   နောက်စီမံ ကိန်း ဆက်လုပ်ရေးဆိုတဲ့ဟာကို အကြံပြုချက် တွေနဲ့ ဖြည့်စွက်တင်ပြထားတယ်။ အဲ့ဒီတော့ ခြုံပြီးပြောရရင် အရင်က အခြေအနေထက်ပိုပြီး တိုးတက်လာတဲ့တင် ပြချက်တွေ ဖြစ်လာတဲ့အတွက် တစ်စုံတစ်ရာ လက်ခံနိုင် စရာရှိပါတယ်။

အစီရင်ခံစာမှာ မကျေနပ်တဲ့အချက်တွေကဘာတွေလဲ။    
            

အဓိကပြောရရင် ကာလကြာရှည်မှ အဖြေပေါ်လာ မယ့်အပိုင်းတွေ စောင့်ကြည့်လေ့လာမှုနဲ့ ကောင်တာချက် ပြန်လုပ်ရမယ့် အပိုင်းတွေမှာ အားနည်းချက်ရှိတယ်။ လက်ရှိ ဒီမှာဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ လက်တွေ့ကိစ္စကိုပဲ ဦးစွာ ဖြေရှင်းသင့်တယ်။ အဲ့ဒါ ဘာလဲဆိုတော့ ဒေသခံပြည်သူတွေရဲ့ ရင်ထဲမှာ စိတ် ဒဏ်ရာတွေ ရထားတယ်။ သူတို့တွေနှစ်နဲ့ချီပြီး ပုဒ်မ ၁၄၄ ထုတ်ခံရတယ်။ မီးလောင်ဗုံးနဲ့ အကြမ်းဖက် ခံရတဲ့ကိစ္စတွေ၊ မြေယာသိမ်းထားတဲ့ကိစ္စတွေ ဖြစ်တဲ့ အတွက် စိတ်ဒဏ်ရာရထားတယ်။ ပြင်းထန်ပြီး ဆန္ဒတွေ ပြင်းပြနေတဲ့ဟာမျိုးတွေရှိတယ်။ ဒါမျိုးကို လက်တွေ့ ကျကျ ဖြေရှင်းသင့်တယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ရဲ့ပြသနာမှာ အရေးကြီးဆုံး ပဋိပက္ခဖြစ်နေတဲ့ဟာက ပုဒ်မ ၁၄၄ ထပ်ထုတ်ထားရမယ့်ဟာပေါ့။ အဲ့ဒါက ဒေသခံတွေ ရဲ့ စိတ်ဒဏ်ရာကို ကြီးထွားစေတယ်။ နောက်တစ်ခုက မီးခိုးဗုံးလား၊ မီးလောင်ဗုံးလားဆိုတဲ့ ပြဿနာမှာ သုံးစွဲ တဲ့ ပစ္စည်းထက် အကြမ်းဖက်မှုဖြစ်ပွားတယ်။ ဒါကို တစ်စုံတစ်ရာ ဖော်ထုတ်မထားဘူး။ အဲ့ဒီ တစ်ချက် ကလည်း တော်တော်လေး၊ မခံမရပ်နိုင်ဖြစ်သွားတယ်။ နောက်တစ်ခုက  စီမံကိန်းဆက်လုပ်ရမယ့်ကိစ္စပေါ့။  လောလောဆယ်ပြဿနာတွေကို ပြေပြေလည်လည် မရှင်းသေးပဲနဲ့ နေ့စဉ်မြေယာသိမ်းတာကို ကန့်ကွက် မယ်။ ကုမ္ပဏီက ရွာအနီးမှာ စွန့်ပစ်မြေတွေလာပုံရင် ကန့်ကွပ်မယ်။ နေ့စဉ်ကန့်ကွက်မှုတွေ ဆန္ဒပြမှုတွေ ဖြစ် နေမှာ။ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို အခြားအချက်တွေထက် လက်တွေ့ကျတဲ့ အချက်တွေ ပါသင့်တယ်။ လူထုကို ပိုမိုကြီးထွားစေတဲ့အချက်က သုံးချက်ပါ။ ပုဒ်မ ၁၄၄ ဆက်ထုတ်ရေး၊ မီးလောင်ဗုံး တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိတာ၊ စီမံကိန်း ဆက်လုပ် ထားမယ်ဆိုတဲ့ ဒေသခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာကို ပိုမို ကြီးထွားစေတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ကြီးကျယ်ခန်းနားလွန်းနေပြီ။ ကျွန်တော်တို့ နံပါတ်တစ် ဖြေရှင်းရမှာက ဒေသခံသူတွေရဲ့အရှိန်ကို လျော့ချပေးရ   မယ်။ ယုံကြည်မှုတည်ဆောက်ရမယ်။ ပြီးမှ အခြား အဆင့်တွေနဲ့ ဆောင်ရွက်ရမယ်။ ဒေသခံပြည်သူတွေရဲ့ စိတ်ဒဏ်ရာလျော့မချပဲ ဘာကိုမှအကောင်အထည်ဖော်လို့ မရဘူး။ ပိုပြီးတော့ ဆိုးသွားစေတယ်။ သူတို့ ပညာ မဲ့ရင်မဲ့မယ်။ ရိုးသားပြီး မဟုတ်မခံစိတ်ရှိတယ်။ ရိုးသား မှုနဲ့ မဟုတ်မခံစိတ်က ဒါကိုစဉ်းစားမှာပဲ။

၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လာတဲ့အခါမှာ မုံရွာ သပိတ်စခန်းမှာ ဆန္ဒပြခဲ့တာကို ကိုဟန်ဝင်းအောင် နောက်ကွယ်ကနေ လှုံ့ဆော်နေတယ်ဆိုပြီး သတင်း တွေပြန့်နေတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာပြော ချင်ပါသလဲ။
          ကျွန်တော်တို့ ၁၄ ရက်နေ့ကအစီရင်ခံစာမှာ စီမံ ကိန်းဆက်လုပ်မယ့်ဟာကို ဆားလင်းကြီးမှာ ဆန္ဒပြကြ တယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်း ပေးရေး၊ ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးရေး မီးလောင်ဗုံး အကြမ်းဖက်သမားတွေ ဖော်ထုတ်ပေးရေးနှင့် ဆန္ဒပြကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် လာခြင်း မလာခြင်းနဲ့ မသက်ဆိုင်ဘူး။ ဆန္ဒပြမှုတွေက ရာနဲ့ချီပြီးဖြစ်နေတာ။ ဒေသခံက သူ့နည်းသူ့ဟန်နဲ့ ဆန္ဒပြတယ်။ ဒေါ်အောင် ဆန်းစုကြည် ခရီးစဉ်နဲ့ကြုံကြိုက်ခဲ့တယ်။ ဒါကို ထိပ် တိုက်မတွေ့ကြနဲ့ ဒေသခံပြည်သူလူထုက နားလည်ရင် နားလည်တဲ့အတိုင်း အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ကျွန်တော် သတင်းရတယ်။ ထိပ်တိုက်မတွေ့စေနဲ့၊ ကျော်ရွာကျော် ကျော်လောက်မှာ ထိပ်တိုက်တွေ့မယ်လို့ သတင်းရတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ကြ၊ တားဆီးတာတွေမလုပ်နဲ့၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ လုပ်နေတာက လူတစ်ယောက် ပုဂ္ဂိုလ်တစ်ယောက်ကို ဆန္ဒပြနေတာ မဟုတ်ဘူး။ စီမံကိန်းဖျက်သိမ်းရေးကို ဆန္ဒပြနေတာ၊ ဆန္ဒပြပြီးညနေမှာ ဒေသခံတွေနဲ့ ကျွန်တော်တို့ တွေ့ကြ တယ်။ ဒေါ်အောင်ဆန်းစုကြည် နောက်နေ့မှာ ဒေသခံ တွေကို လိုက်လံတွေ့ဆုံတဲ့အချိန်ကြရင် ဘယ်လိုလုပ် မလဲ။ ကျွန်တော်တို့က တစ်ယောက်တည်း လုပ်တာ မဟုတ်ဘူး။ အားလုံးလုပ်ကြတယ်။ လက်ခံနိုင်ရင် စကားပြော၊ လက်မခံနိုင်ရင်စကားမပြောနဲ့၊ ဒီကိစ္စက ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးမဟုတ်ဘူး။ သူရဲ့ အမြင်တွေက လုပ်သင့်တာကို လုပ်သင့်တယ်လို့ မြင်  ကောင်းမြင်လိမ့်မယ်။ အမျိုးမျိုးကြောင့် မလုပ်သင့်ဘူး ဆိုတဲ့ ပြည်သူတွေကလည်း စိတ်ခံစားချက်ရှိလိမ့်မယ်။ ဒါသဘောထားကွဲလွဲခွင့်ရှိတယ်။ ဒါ မွေးရာပါအခွင့် အရေးပဲ။ အဲဒါဘာမှပြသနာမရှိဘူး။ ဒါဟာ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် မုံရွာသပိတ်စခန်းကိုလာတာဆိုတော့ ကျွန်တော်က ရန်ကုန် ကရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအဖွဲ့ချုပ်က လူတွေရယ်၊ လူဘောင်သစ်ဒီမိုကရက်တစ် ပါတီဟောင်း တွေရယ်၊ ABSDF ရဲဘော်ဟောင်း ကိုရဲလင်းတို့နဲ့ တစ် နေရာမှာ အစည်းအဝေးလုပ်နေတယ်။ ကျွန်တော်ဘာမှ လုပ်လို့မရဘူး။ တုံရွာကို ရောက်ပြီလားဆိုတော့ ပို ကောင်းတာပေါ့။ တွေ့ချင်တဲ့လူလည်းတွေ့။ မတွေ့ချင်တဲ့ လူလည်းမတွေ့နဲ့။ အဲဒီအချိန် တုံရွာထဲက ကျောင်း တစ်ကျောင်းမှာ အစည်းအဝေးလုပ်ဖို့ ပြင်ဆင်ထားတယ်။ ဒေါ်စုကရောက်လာပြီး ရွာထိပ်က သပိတ်စခန်းထဲကို ဝင်လာတယ်။ ဝင်တဲ့အချိန်မှာ လုံထိန်းတွေပါလာတယ်။ ဒါကို ကိုဗထူးက ဒါသပိတ်စခန်းဖြစ်တယ်။ မမြင် သင့်တာတွေလည်းရှိတယ်။ ဘုန်းကြီးတွေလည်းရှိတယ်။ တားမြစ်တယ်လို့ ကြားတယ်။ ကျွန်တော် အဲဒီမှာ လုံးဝ မရှိဘူး။ နောက်ဆုံးလုံထိန်းတွေက အားသိပ်ကောင်း တဲ့အခါမှာ သပိတ်စခန်းပေါ်တက်သွားတယ်။ ကိုဗထူးက သပိတ်စခန်းမှာရှိနေတာ။ ဒေါ်အောင်ဆန်းစုကြည်လာမှ သပိတ်စခန်းထဲဝင်လာတာမဟုတ်ဘူး။ အသေးစိတ်တော့ ကျွန်တော် မသိဘူး။ အဲဒီမှာ ကိုဗထူးက မီးလောင်ဗုံး အခြေအနေ ဘယ်လိုရှိလည်းမေးတော့ ဒေါ်အောင်ဆန်း စုကြည်ကသားက ဘယ်ကလဲလို့ မေးတော့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ယက်ကပါလို့ ပြန်ဖြေတယ်။ အန်တီ ဒေသခံတွေနဲ့ တွေ့ဖို့လာတာ။ ရန်ကုန်က လူတွေ ကို တွေ့ဖို့အစီအစဉ်မရှိဘူးလို့ ပြောလိုက်တယ်။ ဒါ သပိတ်စခန်းထဲမှာ ဖြစ်နေတာ။ သပိတ်စခန်း အပြင် ထွက်ပြီး ဒေသခံတွေက မီးခိုးဗုံးလား မီးလောင်ဗုံးလား မေးတော့ မီးခိုးဗုံးလို့ ပြန်ဖြေတော့ ဒေသခံတွေက မကျေမနပ် ဖြစ်သွားတယ်။ ကျွန်တော်ပြောတဲ့ သုံးချက်ဘဲ ပုဒ်မ ၁၄၄၊ မီးခိုးဗုံး၊ စီမံကိန်းဆက်လုပ်မယ့် ပြဿနာ တွေကို လျော့ချဖို့လိုတာ။ အဲဒီမှာ ပေါက်ကွဲပြီးရွာထဲကို အဝင်မခံတော့ဘူးဆိုပြီး သူတို့ဘာသာ ဆုံးဖြတ်တာ။ ဆုံးဖြတ်ချင်တဲ့သူလည်း ဆုံးဖြတ်တယ်။ ပါချင်တဲ့သူ လည်းပါမယ်။ မပါချင်တဲ့သူလည်း မပါဘူး။ ကျွန်တော် က အားလုံးကို ကိုင်ထားလို့မရဘူး။ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းအလိုမရှိ၊ စုံးစမ်းစစ်ဆေးရေး ကော်မရှင် အဖြေအလိုမရှိဆိုပြီး ဆန္ဒပြပွဲဖြစ်သွားတယ်။ ကျွန်တော်နဲ့လည်းမဆိုင်ဘူး။ ကျွန်တော် တာဝန်ယူ သလားဆိုရင် ဒီဒေသမှာ ကူညီနေတဲ့သူတွေအတွက်ရှိရင် ရှိသလောက် သတ်မှတ်ပါ။ ကျွန်တော် တာဝန်ယူတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင် ရေးမလုပ်ဘူး။ ဖြစ်သွားတာ ဒါပဲ။

ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြတဲ့သူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ ကြိုးစားတယ်လို့ကြားတယ်။ တစ်ဖက်က လည်း အတွေ့မခံဘူးလို့ ကြားတယ်။ ဘာလို့မတွေ့ တာလဲ။


          ဒေါ်အောင်ဆန်းစုကြည် ၁၃ရက်နေ့ ရောက်ပြီး မနေ့က ၁၄ ရက်နေ့ ပြန်သွားရတဲ့အချိန်ထိ ဒေါ်အောင် ဆန်းစုကြည်ဘေးမှာပါတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သတင်းသမားတွေ၊ လုံခြုံရေးတွေ၊ အကြံပေးတွေ၊ ဆက် သွယ်ခြင်း၊ အကြောင်းကြားခြင်း မရှိဘူး၊ ကျွန်တော် ဖုန်းကို Call Log  ကို ပြန်ဖွင့်လို့ရတယ်။ ကြားခံတစ်စုံတစ် ဦးနဲ့ ဖြေရှင်းပေးတယ်။ ကျွန်တော်တို့ဒေသခံတွေ အနေနဲ့ မတွေ့ရဲတာ ဘာများရှိလို့လဲဗျာ။ ဝမ်းပန်းတသာနဲ့ ခုန်ပျံကျော်ပေါက်ပြီး တွေ့ရမယ့်ဟာ။ ဒါဖြင့် မင်းက ကော တွေ့ဖို့မကြိုးစားဘူးလား။ ခင်ဗျားတို့ မေးနိုင် ပါတယ်။ မကြိုးစားဘူး။ ဘာကြောင့်လဲဆိုတော့ ကိုဗထူးနဲ့ ပထမဦးဆုံးဖြစ်စဉ်မှာ အန်တီလာတာက ရန်ကုန်ကလူတွေနဲ့ တွေ့ဖို့မဟုတ်ဘူး။ ဒေသခံတွေနဲ့ တွေ့ဖို့လာတာဆိုတဲ့ စကားရှိပြီးသားဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသခံပြည်သူလူထု အတွက် ဒေသခံတွေရှင်းပြဖို့က အဓိကဖြစ်တယ်။ ကျိန်းသေတာ တစ်ခုက လုံးဝ အဲ့ဒီဘက်ကနေ ဆက်သွယ်မှု၊ ကမ်း လှမ်းမှု မရှိခဲ့ဘူး။ ဒါဟာ ကျိန်းသေဘဲ။

လက်ပံတောင်းကိစ္စမှာ ကိုဟန်ဝင်းအောင်တို့ကို နိုင်ငံခြား တိုင်းပြည်တစ်ခုကနေ အဖွဲ့အစည်းတစ်ခုက ပိုက်ဆံထောက်ပံ့တယ်လို့ သတင်းတွေထွက်တယ်။ ဒီငွေတွေနဲ့ လက်ပံတောင်းတောင် ရပ်စဲရေးဖြစ်အောက် လုပ်ခိုင်း တယ်။ နဂိုအစိုးရလက်ထက်က ထိုင်း-မြန်မာ နယ်စပ် ဟိုဘက်ကမ်းကနေ မြန်မာအစိုးရကို ဝေဖန်ပြီး ဆဲရင် ပရိုပို့ဆယ် တင်ပြီး ပိုက်ဆံရတယ်။ အခု ဒီလိုပုံစံ လုပ်နေတယ်လို့ သတင်းတွေပျံ့နေတယ်နော်။

          ကျွန်တော်သိသလောက် ကျွန်တော်တို့ကို ထိုင်း နိုင်ငံအခြေစိုက် ဒေါက်တာနိုင်အောင်၊ ဒေါ်ခင်ဥမ္မာ၊ ထောက်ပံ့တယ် ဆိုတဲ့ စကားသံတွေရှိတယ်။ နောက် တစ်ခါ AAPP  က ကိုဘိုကြည်တို့ ထောက်ပံ့တယ်။ ကိုမိုးသီးဇွန်၊ တခြားအဖွဲ့အစည်း ပြည်တွင်းကဆိုရင် ဒေါက်တာကျော်သူ ထောက်ပံ့တယ်လို့ပြောတယ်။ နိုင်ငံရေးအမည်ခံတဲ့ အဖွဲ့အစည်းတွေ ထောက်ပံ့မှုပေး တယ်လို့ ထွက်နေတာ မဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော် ကို ညီအစ်ကိုလိုခင်လို့ ပိုက်ဆံပေးတာကိုတော့ လာ မပြောနဲ့လေဗျာ။ ကျွန်တော်အမေ ပိုက်ဆံပေးတာ။ ထောက်ပံ့တာမဟုတ်ဘူး။ ဒါကမဆိုင်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုက နိုင်ငံရေးရည်ရွယ်ချက်တစ်ခုနဲ့ ထောက်ပံ့တယ်လို့ ပြောကြတာပေါ့။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ဟန်ဝင်းအောင်ရှင်းလို့ရတယ်။ စိန်ခေါ် တယ်။ ကိုဘိုကြည် မြန်မာပြည်ကို AAPP  ကိစ္စနဲ့ လာတယ်။ ကျွန်တော်က နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက်ဖြစ်လို့ ရောဂါဖြစ်နေရင် အကျဉ်းသားတစ် ယောက်ကို  အကူအညီပေးလို့ရတဲ့ ဆေးဖိုး ငါးသိန်း ပေးလို့ရတယ်လို့ ပြောတယ်။ ကျွန်တော် လက်မခံဘူး။ ကျွန်တော်နဲ့တွဲပြီးလုပ်တဲ့ ရဲဘော်တွေရှိတယ်။ ကြိုက်တဲ့ အချိန်မေးကြည့်။ ကျွန်တော်ပြောတာကို တရားဝင် ကြေညာပေးပါ။ ဒေါက်တာနိုင်အောင်၊ ဒေါ်ခင်ဥမ္မာတို့နဲ့ ငါးပြားမှ မပတ်သက်ဘူး။ မယူဖူးဘူး။ ဒေါက်တာနိုင် အောင် ကျွန်တော်ကို တစ်ခါတစ်လေ Online  မှာတွေ့ရင် ညီလေးတော့ ဒီလိုမျိုးဆောင်ရွက်နေတယ်။ ကိုယ်တို့ လည်း ဒီမိုကရေစီအရေး ဆောင်ရွက်နေတာဖြစ်လို့ ဘာအကူအညီလိုပါသလဲ မေးတယ်။ ကျွန်တော် မလို ပါဘူး။ လက်လည်း မခံပါဘူး၊ သုံးကြိမ်တိတိ ကျွန်တော့် ကို ပြောတယ်။ လုံးဝ လက်မခံဘူး။ AAPP အဖွဲ့နဲ့လည်း  လုံးဝ မရှိပါဘူး။ ယူထားတာလည်း မရှိပါဘူး။ ပေါင်းကူး ဒေါက်တာကျော်သူ ငါးပြားမှ မယူဘူးဖူး။ အမေရိကန် သံရုံးဆို ပိုတောင်ဆိုးပါတယ်။ ကျွန်တော်မှာ မွေးချင်းနှစ် ယောက်ရှိတယ်။ ကျွန်တော့်အမေက ရွှေဆိုင်ဖွင့်တယ်။ ကျွန်တော်ညီမလည်း ရွှေဆိုင်ဖွင့်ထားတယ်။ ကျွန်တော် ထောင်နှစ်ကြိမ်ကျတာ အိမ်က သိန်း ၄ဝဝ ကျော် ကုန်သွားတယ်။ အိမ်ကိုသွားတယ်၊ မုန့်ဖိုးယူတယ်။ တစ်ခါတစ်လေကျရင် ငယ်ပေါင်းကြီးဖော် သူငယ်ချင်း တွေက ခင်မင်လို့ ပေးတာမျိုးတွေရှိတယ်။ အရက်တိုက် ရင် တိုက်တယ်။ ဘီယာတိုက်ရင် တိုက်သွားတယ်။ နိုင်ငံရေးအမည်ခံတဲ့ အဖွဲ့အစည်းတွေကမယူဘူး။ NLD ဆီကလည်း မယူဘူး။ ဒေါက်တာနိုင်အောင်ကို အဆက် အသွယ်ရှိရင် မေးကြပါ။ ကျွန်တော့်ကို ကိုမိုးသီးဇွန် ထောက်ပံ့ပါတယ် ပြောတယ်။ မိုးသီးဇွန်နဲ့ တစ်ခါမှ မဆုံဖူးဘူး။ Online  ပေါ်မှာ တွေ့ဖူးတယ်။ ပြည်သူ့ လှုပ်ရှားမှု သပိတ်စခန်းကနေ တစ်သောင်းတောင်းလို့ ဆန္ဒထပ်မပြရင် ငါးထောင်စီတောင်းတာ ဒီမှာ အကုန် လုံးရှိတယ်။ ရွာသားတွေကို မေးကြည့်ပါ။ ကျွန်တော် တရားဝင် အကူအညီတောင်းပြီး သပိတ် စခန်းဖြစ်နေတာ။ အလှူရှင်တွေရှိတယ်။ ကိုဇော်ထွန်း ပြည်တွင်းခရီးစဉ်လာ တုန်းက လာလှူသွားတာရှိတယ်။ လူ့ဘောင်သစ် ဒီမို ကရက်တစ်ပါတီ ပြည်တွင်းကိုလာတုန်းက လာလှူသွား တာရှိတယ်။ တရားဝင်စာရင်းဇယားရှိတယ်။ မဟုတ်ရင် ပြောတဲ့လူ အကုန်တာဝန်ယူရမယ်။

ကိုဟန်ဝင်းအောင် ၂ဝ၁ဝ မှာ ထောင်ကလွတ်လာပြီး ဘာအသက်မွေးဝမ်းကျောင်းမှု အလုပ်လုပ်လဲ။ ဘယ် လို ရပ်တည်သလဲ။ လက်ပံတောင်းတောင်မှာ ဘယ်လို ပုံစံမျိုးနဲ့ နေထိုင်တာလဲ။


          ကျွန်တော် ၂ဝ၁ဝ ဒီဇင်ဘာမှာ ထောင်ကနေ လွတ် လာပြီး အိမ်မှာနေတယ်။ စာဖတ်တယ်။ ကျွန်တော့် အမေဆီက ပိုက်ဆံတောင်းတယ်။ ညီမဆီက တောင်း တယ်။ ဦးလေးဆီက တောင်းတယ်။ အရင်တုန်းက ရွှေဆိုင်ထိုင်ပြီး ပန်းတိမ်လုပ်တယ်။ ကျွန်တော်က နိုင်ငံ ရေးလှုပ်ရှားမှု၊ လယ်သမား၊ အလုပ်သမား၊ လူတန်းစား တွေရဲ့ အခွင့်အရေးလှုပ်ရှားမှု တတ်နိုင်သလောက် ပါ ဝင်ခဲ့တယ်။ ဥပမာ နိုင်ငံရေးအကျဉ်းသားတွေ ထောင် ဝင်စာ တွေ့ဖို့လိုရင် အချင်းချင်း ချိတ်ဆက်ပြီးတော့ ငါးပိတို့၊ ငါးခြောက်တို့ သွားပို့တာမျိုးတွေရှိတယ်။ ရန်ကုန်မှာ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြတုန်းက ကျွန်တော် မြန်မာငွေ ငါးရာပဲ ကုန်တယ်။ ပြည်သူတွေက ဖယောင်းတိုင်ယူလာကြတယ်။ အပြန်ကျတော့ သူတို့ ပါလာတဲ့ကားနဲ့ လိုက်ပို့တယ်။ ကျွန်တော်နဲ့ သိတဲ့အိမ် ရှိတယ်။ ကျွန်တော် ငွေရေးကြေးရေး မသုံးစွဲဘူး။ လက်ပံတောင်းကို ၂ဝ၁၁ မေလမှာ စရောက်တယ်။ ကျွန်တော် လှုပ်ရှားမှုနဲ့ သွားလာမှုတွေက ဟိုတယ်ကြီး အခမ်းအနားကြီးတွေ လုပ်တာမဟုတ်ဘူး။ သာမန်ပြည် သူတွေလိုပဲ ငွေရေးကြေးရေး သုံးစွဲတယ်။ သူငယ်ချင်း တွေလည်း လူမှုရေးအရ ကူညီတာရှိတယ်။ မိသားစု ကလည်း ကူညီတယ်။ ဒီရွာလာတုန်းက သူငယ်ချင်း တစ်ယောက်က အသုံးစရိတ် မြန်မာငွေ သုံးသောင်း သုံးချင်တာ သုံးလို့ ပေးလိုက်တယ်။ အဲဒီစရိတ်နဲ့ လက်ပံ တောင်းတောင်ကို ကားစီးလာတယ်။

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးဖို့ စီမံကိန်းကြီးတွေ လိုအပ်တယ်။ ဒီစီမံကိန်းရပ်လိုက်ရင် အခြားစီမံကိန်းတွေပါ လိုက်ရပ် ပေးရမယ့်ပုံစံ ဖြစ်နေတယ်။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံ တွေကလည်း ဝင်ရမှာ ကြောက်နေတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး လက်ပံတောင်းတောင် စီမံကိန်းကို ဆက် လုပ်သင့် မလုပ်သင့်။

          လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို နှစ်နိုင်ငံ စာချုပ် ချုပ်ထားတဲ့အတွက် ရပ်ဆိုင်းလိုက်ရင် ဒီဖြစ်စဉ် ပေါ်မူတည်ပြီး အခြားနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ တွန့် ဆုတ်သွားနိုင်တယ်ဆိုတာ ပြီးပြတ်နိုင်တဲ့ ဆင်ခြေမဟုတ် ဘူး။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် ဥရောပသမဂ္ဂ အမေရိကန် နိုင်ငံလိုဟာမျိုးတွေ မြန်မာပြည်ကို စင်ကာပူ၊ ဂျပန်၊ ကိုရီးယား အစရှိတဲ့ နိုင်ငံတွေကလည်း စိတ်ဝင် စားကြတယ်။ တစ်နိုင်ငံက တစ်နိုင်ငံကို ပြန်လည် ပြည့် ဖြိုးမြဲမဟုတ်တဲ့ စွမ်းအင်ထုတ်လုပ်ရေး၊ ရေနံ၊ ကျောက် မျက် ထုတ်လုပ်ရေးလုပ်ငန်းတွေကို ကုန်သွယ်ဖက် လုပ် ဖို့ဆိုရင် ပြည်သူတွေက ကန့်ကွက်တာ ဘာမှ စိုးရိမ်စရာ မရှိဘူး။ ပြည်သူတွေအနေနဲ့ အဆင့်အတန်းရှိတဲ့ ကုန် ထုတ်လုပ်မှု၊ မညှာမတာ ဈေးပေါပေါနဲ့ လုပ်တာတွေကို ကန့်ကွက် ရဦးမယ်ထင်တယ်။ ဥပမာ အမေရိကန်ဆိုရင် ဒီလိုဟာမျိုးတွေ မထုတ်ဘူး။ ဒါ Open  မိုင်းချည်းပဲ။ လက်ဝါးကြီးအုပ်ထားတာ ဖြစ်နေတယ်။ သဘာဝ ပတ်ဝန်းကျင် ညစ်ပတ်တယ်။ ကျွန်တော်တို့က ကန့် ကွက်ရင် ပြည်သူလူထုကို ပွင့်လင်းမြင်သာအောင် လုပ်ပေါ့။ အဲဒီတော့ အခြားလူတွေက ကြောက်သွား လို့ရှိရင် ကြောက်သွားကောင်း ကြောက်သွားလိမ့်မယ်။ မြန်မာပြည်ကနေ ခရိုနီတချို့ လက်ဝါးကြီးအုပ် ဝင်နှိုက် မယ့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကြောက်သွားမှာ ဖြစ်တယ်။ ဒါပေမဲ့ မတရား အမှောင်ချပြီးတော့ တစ် သက်လုံး မြှုပ်နှံမှုတွေ ဆက်လုပ်နေရင် မလုပ်တာကမှ ပိုကောင်းဦးမယ်။ ဘာကြောင့်လဲဆိုရင် ဟိုးရှေးက လုပ်ခဲ့တဲ့ စီမံကိန်းတွေ၊ မဆလ လက်ထက်ကတည်းက စီမံကိန်းတွေ လုပ်တာ၊ ဘယ်သူအတွက် အကျိုးအမြတ် ရမလဲ။ သာဓကတွေ ရှိတယ်။ ထုတ်လုပ်တိုင်း ပြည် သူတွေ အကျိုးမခံစားရဘူး။ ပွင့်လင်းမြင်သာမှုနဲ့ ထုတ် လုပ်ရေး ပေါ်လစီ နိုင်ငံတော်က ဘယ်လောက်ရမှာလဲ။ အစိုးရ ဘယ်လောက်ရမလဲဆိုတဲ့ ပေါ်လစီတွေ ဆက် လုပ်ဆောင်နေရင် အလကား ပြီးစီးနေမှာပဲ အဲဒီဆင်ခြေ ကို ကျွန်တော် လုံးဝ လက်မခံဘူး။

တကယ်လို့ စာချုပ်ချုပ်တဲ့ထဲမှာ ကိုဟန်ဝင်းအောင်လိုမျိုး ကူညီပေးနေတဲ့ လူမျိုးပါလာခဲ့မယ်ဆိုရင် ဒီစီမံကိန်း ရပ်ဆိုင်းသင့် မသင့်ဆိုတာက တစ်စုံတစ်ရာ ပြောင်းလဲ လာနိုင်သလား။

          ကျွန်တော်အမြင်ပြောရရင်တော့ အစီရင်ခံစာ ဖော်ပြချက်မှာ အစီရင်ခံစာရဲ့ အပိုင်းပေါ့ဗျာ။ စီမံကိန်းလုပ် မယ်ဆိုရင် ဒီအတိုင်းကြီးတော့ မလုပ်ပါနဲ့။ မကောင်းဘူး။ ဖျက်သိမ်းတာလည်း မကောင်းဘူး။ ပြင်ဆင်ပြီးလုပ်တဲ့ အကြံပြုချက်တွေမှာ စီမံကိန်း မစတင်ခင် ဖြည့်ဆည်း ဆောင်ရွက်ရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုပ်ဆောင် နေတဲ့နှစ် ၂၈ နှစ်လောက် တောက်လျှောက်ဖြည့်ဆည်း ပေးရမယ့်ကိစ္စတွေရှိတယ်။ စီမံကိန်းလုံးဝပြီးသွားပြီ။ တောင်ကြီးလည်း လုံးဝ ပျောက်သွားပြီဆိုတဲ့ ကာလမှာ ပြန်လည်ဖြည့်စွက်ပေးရမယ့် ကိစ္စသုံးပိုင်းလောက် ရှိတယ်။ အဲဒီအကြံပြုချက်ကို တကယ်ဖြည့်ဆည်း ပေးနိုင်မလား။ ဘယ်သူက စောင့်ကြည့်မလဲ။ ဘယ်သူကရော အာမခံမလဲ ဆိုတဲ့ ပြဿနာရှိတယ်။ ဒါက မဖြစ်နိုင်တာကို မေးခွန်း ထုတ်နေတာ မဟုတ်ဘူး။ ပွင့်လင်းမြင်သာမှုနဲ့ တကယ် တာဝန်ခံမှု ရှိတယ်ဆိုရင် မလုပ်ရသေးတဲ့ ဒီတောင်ကို မပြောနဲ့။ လုပ်ပြီးလက်စ စံပယ်တောင်၊ ကြေးစင်တောင် ကိုပဲ အရင်ဖြည့်ဆည်းကြည့်ပါလို့။ ကြေးစင်က ရန်စီ ကုမ္ပဏီ၊ လက်ပံတောင်းတောင်က  ဝမ်ပေါင်ကုမ္ပဏီ အတူတူပဲ အရင်ဖြည့်ဆည်းပေးပါလို့ မေးခွန်းထုတ်ချင် တယ်။ စာချုပ်ပါ အချက်အလက်တွေကို  ပြင်ဆင်ဖို့ အရင်လုပ်မယ်ဆိုရင် ဒီကိစ္စဟာ ဒေသဆိုင်ရာ ပြဿနာ မဟုတ်တော့ဘဲ တည်ငြိမ်ရေးကိုပါ တဖြည်းဖြည်းနဲ့ ထိပါးလာတဲ့ ပြဿနာတွေ ဖြစ်တဲ့အတွက် တိုင်းပြည် မှာ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ တကယ်ဒေသခံခေါင်းဆောင်တွေ တိုင်းပြည်ကို တကယ် ချစ်မြတ်နိုးသူတွေနဲ့လုပ်တာ တကယ် အဆင်ပြေပါ တယ်။ ကျွန်တော်တို့ကတော့ ပြည်သူအများစု လက်ခံ တယ်။ သဘောတူတယ်ဆိုရင် ပြည်သူတွေရဲ့သဘော ဆန္ဒအတိုင်းပဲ လိုက်မှာပါ။

သပိတ်ဖြိုခွင်းတဲ့နေရာမှာ အသုံးပြုသွားတဲ့ ဗုံးကို အစိုးရက ထုတ်ပြန်တဲ့အခါမှာ မီးခိုးဗုံးလို့ထုတ်ပြန်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာမှာလည်း မီးခိုးဗုံးလို့ပဲ သတ်မှတ်ထားတယ်

          တစ်ကြောင်းဆွဲကောက်ချက်နဲ့တော့ အပိတ် ပြော လို့မရဘူး။ နှစ်ပိုင်းတော့ရှိတယ်။ အကြမ်းဖက်ဖြိုခွင်း လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စဉ်းစားရမယ့်အချက်က နံပါတ်တစ်၊ နံပါတ်နှစ်က ကန့်သတ်လက်နက် သုံးစွဲမှု ဟုတ်မဟုတ်ဆိုတဲ့ အဖြေရှာရမယ့်အပိုင်း နှစ်ပိုင်းရှိတယ်။ စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ တင်ပြသလို အဆင့်ဆင့်ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအရ  အသိပေး ပြီးမှ ကျင့်ထုံးအရ ဝင်ရောက် ဖြိုခွင်းတယ်ဆိုရင် ဥပဒေနဲ့ညီတယ်ပေါ့ဗျာ။ ဒါဆိုရင် ကန့်သတ် ပစ္စည်းသုံး မသုံးဆိုတာ လေ့လာရမယ်။ ဒါနဲ့ပတ်သက်ပြီး  အမေရိ ကန်နိုင်ငံက ဒေါက်တာရောလ်မန်တို့ ခွဲစိတ် သုတေသန လုပ်တာ၊ ထိုင်းနိုင်ငံက ဆင်းလာတဲ့အဖြေတွေကို စတဲ့ ကျွမ်းကျင်အလွတ်ပညာရှင်တွေ၊ နိုင်ငံတော် တာဝန်ပေး ချက်မဟုတ်တဲ့ ဟာတွေကတော့ ဖော့စဖရိတ် ဗုံးလို့ သတ်မှတ်ထားတယ်။ ဒီကတော့ မဟုတ်ဘူးလို့  ပြော တယ်။ ဒါကတော့ သေသေချာချာ စုံစမ်းပြီးတော့ ပြော ရမှာပေါ့။ ကပစ ကနေ ထုတ်ပေးလိုက်တယ်လို့လည်း ပြောကြတယ်။ ဒါက အငြင်းပွားစရာရှိတယ်။ ကျွန်တော် ပြောချင်တာက လူထုရှုထောင့်ကနေ ပြောတာတွေ၊ အော် တာတွေ၊ တစ်ခုတည်းကိုကြည့်လို့ မရဘူး။ သပိတ်စခန်း တွေဖွင့်တယ်။ အကြိမ်ကြိမ်ဆန္ဒပြခွင့် ရှစ်ကြိမ်တောင်း တယ်။ တစ်ကြိမ်မှ မရဘူး။ ကုမ္ပဏီဘက်ကျတော့ လယ်မြေတွေသိမ်းတယ်။ ခွင့်ပြုချက်မကျတော့ ဆန္ဒပြဖို့ လိုတယ်။ မပြလို့ကလည်း မဖြစ်နိုင်ဘူး။ ကုမ္ပဏီက မြေသိမ်းတော့ ဒေသခံတွေက လမ်းမပေါ်ထွက်လာတဲ့ အကြောင်းကို ထည့်စဉ်းစားရတယ်။ အဲဒါတွေက ပြဿနာ တွေကြီးထွားလာတဲ့အခါကျတော့ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးသာအေးက စီမံကိန်းနဲ့ ပတ် သက်ပြီးကြွေးကြော် တောင်းဆိုနေတဲ့ကိစ္စတွေကို ဆန္ဒပြမှုတွေနဲ့ ပတ်သက်တာတွေကို သူ့အနေနဲ့ မဖြေ ရှင်းပေးနိုင်ဘူးလို့ပြောတယ်။ ပြည်ထောင်စုအဆင့်ကပဲ ဖြေရှင်းပေးနိုင်တာလို့ပြောတယ်။ ပြည်ထောင်စုအဆင့် Level  ကလည်း လုံးဝမလာဘူး။ နိုဝင်ဘာ ၂၃ ရက်မှာ တော့ တစ်ကြိမ်လာတယ်။ ဦးအောင်မင်းရယ်၊ ပြည် ထောင်စုကြံ့ခိုင်ရေးအမတ် ဦးသန်းမြင့် အဲတာပဲလာ တယ်။ ဒါတောင် ဖြေရှင်းသွားတာမဟုတ်ဘူး။ ဒေသခံ တွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ မကြာကြာအောင် အချိန်ဆွဲ ထားတဲ့ကိစ္စက မကြီးထွားရင် ကြီးထွားလာအောင်လုပ်ခဲ့ တဲ့ကိစ္စတွေ ဖြေရှင်းသင့်တယ်။ ဘယ်သူ့မှာတာဝန် ရှိသ လဲ။ စည်းမဲ့ကမ်းမဲ့ လမ်းပေါ်တက်လာတာမျိုးတော့ မဟုတ်ဘူး။ ဥပဒေအရမဟုတ်တော့ဘဲ တက်လာ အောင်ခွင့် မပြုပေးတာက ဘယ်သူတွေလဲ။ အဲဒါကြောင့် ဒါမျိုးတွေဖြစ်လာတာ။ သပိတ်စခန်းတွေ ဖွင့်ကြတယ်။ အဲဒီမှာ ကုမ္ပဏီနဲ့ ပြည်သူ တိုက်ရိုက်ဆက်ဆံခိုင်း ပြီးမှ မြေသိမ်း မှုတွေလုပ်တယ်။ ပြည်သူက တိုက်ရိုက်မြေသိမ်း တာကို ဆန့်ကျင်တယ်။ အဲဒီလိုမျိုး ကုမ္ပဏီ၊ အစိုးရနဲ့ တိုက်ရိုက် ဖြစ်ပေါ်လာတဲ့ ပြဿနာမှာ ကြားခံပါ။

ဒေါ်အောင်ဆန်းစုကြည်က (၁၄)ရက်နေ့က သပိတ်စခန်း မှာ ဆရာတော်ကို လျှောက်ပါတယ်။ အစီရင်ခံစာက ကျွန်မပဲလုပ်တာပါ။ ကုမ္ပဏီနဲ့လည်းမဆိုင်ပါဘူး။ ဒေသ ဆိုင်ရာ အာဏာပိုင်နဲ့လည်း မဆိုင်ပါဘူး။ ဆန္ဒပြချင် တယ်ဆိုရင် ကျွန်မကိုပြလို့ရပါတယ်။ ခွင့်ပြုချက်ယူပြီး တရားဝင် ကျွန်မအိမ်ရှေ့မှာလာပြီး ဆန္ဒပြနိုင်ပါတယ်လို့ ပြောသွားတယ်။ အစ်ကိုတို့အနေနဲ့ ဆန္ဒပြမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ပြသလို ဖြစ်နေမှာပေါ့။

          ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ဆို တော့ ဒေသတွင်းပြဿနာတွေ ကြီးထွားနေတဲ့ ဒေသမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအရ ပေါက်ကွဲမှုတွေ၊ ပယော ဂတွေမပါလာအောင် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပြော လိုက်တဲ့ စကားတွေလို့ နားလည်တယ်။ လက်တွေ့ ဆန်ဆန်ကြတော့ ပြည်သူက ဒေါ်အောင်ဆန်းစုကြည်ကို မမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဒါကြီး ဖြစ် နေတယ်။ သူတို့က မြင်တာမဟုတ်ဘူး။ ဒေါ်အောင် ဆန်းစုကြည်နဲ့လည်း မဆိုင်ဘူး။ နှစ်ပေါင်းများစွာ ကတည်းက ဦးပိုင်က လုပ်ခဲ့တယ်။ Wanbao နဲ့ ဖြစ် ခဲ့တယ်ဆိုတာပဲ သူတို့နားလည်ထားတယ်။ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းမယ်ဆိုရင် တကယ်ကုမ္ပဏီပိုင်း နဲ့ တာဝန်ရှိသူပိုင်းကပဲ တာဝန်ယူပြီး ဖြေရှင်းရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကြံပြုတဲ့အပိုင်း စုံစမ်း တဲ့အပိုင်းမှာပဲ တာဝန်ရှိတယ်။ စေတနာနဲ့ ပါဝင်ခဲ့တာ ပါ။ ကျွန်တော်နားလည်တာကတော့ ဒေါ်အောင်ဆန်းစု ကြည်ကို ဆန္ဒပြစရာမလိုပါဘူး။ ပြတယ်ဆိုတာကတော့ တခြားအပိုင်းတွေပဲ ရှိလိမ့်မယ်။ ကျွန်တော်တို့က ဒေါ် အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြောစရာ အကြောင်း မရှိပါဘူး။ ကျွန်တော်တို့က စီမံကိန်းနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့ မလိုအပ်ဘူးဆိုရင် ဖျက်သိမ်းဖို့ လုံးဝ Perfect  ဖြစ်နေရင် ပြည်သူလူထုက လက်ခံလို့ ဆိုရင် လုပ်ချင်နေ မလုပ်ချင်နေ ဒါကတစ်ပိုင်း။ ကျွန်တော်တို့က စီမံကိန်းဖျက်သိမ်းရေး ပွင့်လင်းမြင်သာမှုရှိရေး၊ လူထု အကျိုးစီးပွားပိုင်းကပဲ သွားနေတဲ့အတွက် ဒေါ်အောင် ဆန်းစုကြည်အပိုင်းကို ဘာမျှပြောမှာမဟုတ်ပါဘူး။ စီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ သူရဲ့အပိုင်းကို ပြောရမှာပါ။

နောက်ဆုံးအနေနဲ့ ဆည်တဲရွာကို ဒေါ်အောင်ဆန်းစု ကြည်နဲ့ လုံခြုံရေး ငါးဦးကိုပဲ လမ်းလျှောက်ပြီး ပေးဝင် ခိုင်းတာ ဘာကြောင့်လဲ၊ လုံခြုံရေးအပြည့်အဝနဲ့ ဘာ ကြောင့် ပေးမဝင်တာလဲ။

          ဆည်တဲရွာက ဇီးတောရွာ၊ ဝက်မှေးရွာတို့က ပုဒ်မ ၁၄၄ အထုတ်ခံထားရတာ။ ရွာက ခြံစည်းရိုးတွေ ကာထားတယ်။ အမြဲတမ်း သတိနဲ့နေတဲ့ ရွာပေါ့ဗျာ။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်က ဆည်တဲကို ဝင်တယ်။ ဝင်တဲ့အခါကျတော့ ကျွန်တော်က အဲဒီဘက် မှာ မရှိဘူး။ ရွာသားတွေက အခြေအနေ လှမ်းပြော တယ်။ လုံထိန်းကား သုံးစီးပါတယ်။ အားလုံးလည်း သက်သေရှိတယ်။ ထောက်လှမ်းရေးတွေလည်း ပါလာ တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို လာ ရောက်ရှင်းလင်း အဖြေရှာတာပဲ။ ဒါက ပြဿနာ မဟုတ်ဘူး။ လုံထိန်းတွေက ပါနေတဲ့အတွက် လုံထိန်းတွေကို ရွာထဲ အဝင်မခံတာ။ ရွာလမ်းကြောင်းတွေကို သိပြီး နောက်တစ်ခါကျရင် လုံထိန်းတွေက ဒီရွာကို လာဖြိုရင် လုံထိန်း လမ်းကြောင်း သိနိုင်တယ်။ ဒါမျိုးကို သူတို့တွေ စိုးရိမ်မှုရှိတယ်။ ရွာသားတွေက တံခါးကို ပိတ်လိုက်တယ်။ ရွာသားတွေက စပြောတယ်။ ဒေါ် အောင်ဆန်းစုကြည် ဝင်ပါ။ လုံခြုံရေး လေးငါးခြောက် ယောက် ဝင်ပါ။ ထောက်လှမ်းရေးတွေ မပါ ပါစေနဲ့။ သတင်းထောက်တွေထဲမှာလည်း ထောက်လှမ်းရေးတွေ ပါနေမှာကို သူတို့ အရမ်းကြောက်တယ်။ ကားနဲ့ ဝင်ပါ၊ လမ်းလျှောက်ဝင်ပါ၊ ဘာမှမပါဘူး။ ရွာသားတွေ ပြော တာက ဒေါ်အောင်ဆန်းစုကြည်ကို ဝင်ခွင့်မပေးတာ မဟုတ်ဘူး။ လုံထိန်းနဲ့ ထောက်လှမ်းရေးကို ပိတ်တာ။ အဲဒီမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ နောက်ဆုံးတော့ လုံထိန်းတွေ ပါမသွားဘူးပေါ့ဗျာ။ သတင်းထောက် တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ ဝင်ခွင့်ရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆည်တဲရွာ မဝင်ပါနဲ့လို့ ရွာသားတွေက အမိန့်ပေးလို့ မရဘူး။ ဘယ်သူမှ အမိန့် ပေးလို့ မရဘူး။ ကျွန်တော်လည်း အမိန့်ပေးလို့ မရပါ ဘူး။ ရွာသားတွေပြောတာက လမ်းလျှောက်ခြင်း မလျှောက်ခြင်း တစ်ခုမှ မပါပါဘူး။ လုံထိန်းတပ်ဖွဲ့တွေ ရွာထဲ အဝင်မခံနိုင်ဘူး။ ထောက်လှမ်းရေးတွေ အဝင် မခံနိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် လိုအပ်တဲ့သူတွေ ဝင်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွာသားတွေလည်း ပြေလည်တာလည်း ရှိတယ်၊ မပြေလည်တာလည်း ရှိ တယ်။ ကျွန်တော့်သဘောအရ ရွာသားတွေပြောတာ ရှင်းရှင်းလင်းလင်း သဘောပေါက်တယ်။ ဖြစ်စဉ်က ဒီအတိုင်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်း ဆောင်တစ်ယောက်အနေနဲ့ ဒီဒေသက ပြည်သူတွေ မမုန်းဘူး။ မကန့်ကွက်ကြဘူး။ သူတို့ကန့်ကွက်နေတာက တစ်ဖက်သတ် နိုင်ထက်စီးနင်းလုပ်နေတဲ့ စီမံကိန်းအပေါ် မှာ စိတ်ပျက်နေကြတာ ဖြစ်တယ်။ အဲဒါကို ကွဲကွဲပြား ပြား နားလည်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒေါ်အောင် ဆန်းစုကြည်ကြောင့် စီမံကိန်းကြီး ပုံဖော်မှုက ပင်မ အကြောင်းအရာဖြစ်တဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ အဖြေ ရှာရေး၊ အကြမ်းဖက်မှုတွေ ဖော်ထုတ်ရေး၊ ဒေသတည် ငြိမ်ရေးနှင့် တိုင်းပြည်စီးပွားရေးနဲ့ ပတ်သက်တဲ့ ပြဿနာ တွေ လမ်းကြောင်းလွှဲမှာဖြစ်တဲ့အတွက် ကျွန်တော် ကိုယ်တိုင်လည်း အဲဒါကို မပြောဘူး။ အားလည်း မပေး ဘူး။ ကျွန်တော ဆက်မရှင်းဘူး။ တိုင်းပြည်အတွက် အကျိုးမရှိတဲ့ ခေါင်းစဉ်တွေဖြစ်နေတဲ့အတွက် ပြည်သူနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြဿနာတွေ တက်တယ် ဆိုတာတွေ မဖြစ်သင့်ဘူး။ အဓိက က စီမံကိန်းကြောင့် ပြဿနာကို ဖြေရှင်းဖို့ဆိုရင် စီမံကိန်းခေါင်းစဉ်အောက် ကဖြစ်နေတဲ့ ခေါင်းစဉ်ကိုပဲပြောကြတာ အဖြေရှာကြပါ။

by Messenger News Journal


လားရှိုးမြို့ ပြန်/ဆက်ရုံး အောက်ထပ်ရှိ ဈေးဆိုင်ခန်း (၁၄) ခန်းဖယ်ရှားရန် အမိန့်ထုတ်ပြန်ခံနေရ

Posted: 18 Mar 2013 01:02 AM PDT

လားရှိုးမြို့ ၊ ရပ်ကွက် ၃ ၊ လမ်းမတော်လမ်း နှင့် ဟံစာဝတီ လမ်းထောင့် ရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးအောက်တွင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်ခန်း (၁၄) ခန်းအား လုံခြုံရေးအခြေအနေ၊ မီးဘေးအန္တရာယ်၊ စိုးရိမ်ရခြင်း၊ ရုံးဥပဓိရုပ် ကိုထိခိုက်စေခြင်း စသည့် အကြောင်း ပြချက်များဖြင့် ဆိုင်ခန်းပိုင်ရှင်များအား မတ် ၃၁ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ ထွက်ခွာရန် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်း-ဓါတ်ပုံ - ဂျွန်ချစ်ငြိမ်း(တောင်ကြီး)






ဈေးဆိုင်ခန်းပိုင်ရှင်များက မတ်လ ၁၀ ရက်နေ့တွင် လားရှိုးမြို့ တွင် မီဒီယာတွေ့ဆုံ ရှင်းလင်းပွဲ

ဖားကန့်မြို့နယ်တွင် မျက်နှာဖုံးစွပ် သေနတ်သမား တဦး ဈေးဆိုင်အတွင်း ၀င်ရောက် ပစ်ခတ် သတ်ဖြတ်မှု ဖြစ်ပွါး

Posted: 18 Mar 2013 12:32 AM PDT

ကချင်ပြည်၊ ဖားကန့်မြို့ နယ်၊ မော်လကင်ရပ်ကွက်တွင် ၂၀၁၃ ခုနှစ်၊မတ်လ ၈ ရက်နေ့က လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူမှာ ရခိုင်လူမျိုး ဦးအေးထွန်းဖြစ်ပြီး သေနတ်ဒဏ်ရာ များဖြင့် သေဆုံးသွား ခဲ့ခြင်းဖြစ်ပါတယ် ။ အခင်းဖြစ်ပွား ခဲ့သောနေရာမှာ မော်လကင်ရပ်ကွက် ဦးအောင်အောင် ဧ။် ဈေးဆိုင်ထဲတွင်ဖြစ်ပြီး ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သေဆုံးသူ ဦးအေးထွန်း




ကျဉ်ဆံခွံများ

ရန်ကုန်အဲဝေးလေယာဉ် ခရီးသည်များပြန်ချကာ စက်ပိုင်းဆိုင်ရာ စစ်ဆေးမှုပြုလုပ်ခဲ့ရ

Posted: 18 Mar 2013 12:04 AM PDT

ပုဂံညောင်ဦး လေဆိပ်တွင် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းက ညောင်ဦးမှရန်ကုန်သို့ ပျံသန်းထွက် ခွာမည့် ရန်ကုန် အဲဝေးလေယာဉ် တစ်စီးသည် လေယာဉ်ပြေးလမ်းပေါ် ရောက်ရှိပြီးမှ ခရီးသည်များပြန်ချ ကာ စက်ပိုင်းဆိုင်ရာ စစ်ဆေးမှုပြု လုပ်ခဲ့ကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - Popular Myanmar News Journal

ဒီမိုကရေစီ ပြယုဂ်ကနေ နိုင်ငံရေးသမားအဖြစ် ပြောင်း

Posted: 17 Mar 2013 11:48 PM PDT

မြန်မာ့ လူထုကြားမှာသာမက ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်တွေနဲ့ လူထု တခိျု့ကြားမှာပါ ထင်ရှားတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ရည်ညွှန်းတဲ့ ပြယုဂ်အဖြစ်ကနေ မျက်မှောက်နိုင်ငံရေး အပြောင်းအလဲမှာ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



လက်ပံတောင်းမှာ သွားရောက် ဖြေရှင်းပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

မန်း မဟာမုနိဘုရားကြီးဝန်းအတွင်း ၀ိုင်းဝန်းရိုက်နှက်မှုဖြစ်ပွား

Posted: 17 Mar 2013 11:44 PM PDT

ကလေးချီထားသော အမျိုးသမီးတစ်ဦးအား မန်းမဟာမုနိ ဘုရားကြီးဝန်း အတွင်း အမျိုးသမီး ၆ယောက် ၇ယောက်ခန့်က မတ်၁၅ရက်တွင် ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယခုလ ၁၅ရက် နေ့ မနက် ၉နာရီခန့် ကိုအောင်နိုင်စိုးနှင့် မအေးမြဝေတို့မှာ ဘုရားကြီး အရှေ့ဘက်စောင်းတန်းရှိ မိမိဆိုင်းခန်းတွင် ဆိုင်ဖွင်ရန် လာရောက်ရာတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရိုက်နှက်ခံရသူ မအေးမြဝေ

၈၈ မျိုးဆက်ကို ကိုယ်စားပြုတဲ့ ပါတီပေါ်ထွက်လာမယ်

Posted: 17 Mar 2013 11:37 PM PDT

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေး ပါတီတခု ဒီနှစ်ထဲ ထွက်ပေါ်လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆို လိုက်ပါတယ်။ ပြည်ပရောက် မြန်မာတွေအတွက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ပါဝင်ဖို့နဲ့ မြန်မာ့ အပြောင်းအလဲတွေ အတွက် အရေးပါတဲ့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



၈၈ မျိုးဆက်ကို ကိုယ်စားပြုတဲ့ ပါတီသစ်တခု ဒီနှစ်ထဲမှာ ထွက်ပေါ်လာမယ်လို့ ခေါင်းဆောင်တဦး ပြော

ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွား အမျိုးသမီးတစ်ဦး ပွဲခြင်းပြီးသေဆုံး

Posted: 17 Mar 2013 11:35 PM PDT

မတ်လ ၁၇ ရက်နေ့ ည ၈နာရီခွဲခန့်က ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် လမ်းဖြတ်ကူး သည့် အမျိုးသမီး တစ်ဦးကို အဌားယာဉ် တစ်စီးမှ ၀င်ရောက်တိုက်မိမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အဆိုပါ အမျိုးသမီးသည် ၄င်း၏ အမျိုးသားဖြစ်သူ နှင့်အတူ တစ်ဖက်ကားလမ်းသို့ ကူးဖြတ်စဉ် ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မတ်လ ၂၀ ရက်နေ့ ထုတ် Mobile Guide ဂျာနယ် အတွဲ ၁ ၊ အမှတ် ၉၆

Posted: 17 Mar 2013 11:30 PM PDT

မတ်လ ၂၀ ရက်နေ့ ထုတ် Mobile Guide ဂျာနယ် အတွဲ ၁ ၊ အမှတ် ၉၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ