သစ်ထူးလွင်

သစ်ထူးလွင်


ပဲခူးတိုင်းအနောက်ခြမ်းတွင် အာဏာပိုင်များက ကူညီရေးအဖွဲ့ကို တားဆီး၊ ဆူပူအကြမ်းဖက်မှုများကို မဟန့်တား (ရုပ်/သံ)

Posted: 29 Mar 2013 07:02 AM PDT

ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူဝင်း၊ ဆရာမဒေါ်သန်းမြင့်အောင်နဲ့ မနီလာသိန်းတို့ ဦးဆောင်ပြီး ပဲခူးတိုင်းအနောက်ခြမ်းက ကြို့ပင်ကောက်မြို့ကို မတ်လ ၂၈ရက်နေ့က သွားရောက်ခဲ့ပြီး စိုးရိမ်ထိတ်လန့်နေတဲ့ ဒေသခံပြည်သူတွေကို အားပေးခဲ့ပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ တားဆီးမှုကြောင့် ရန်ကုန်ကို ပြန်လာခဲ့ရပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ





ထူးဆန်းစွာ ပျောက်ဆုံးနေသူ ကိုရဲမင်းဦးအား ရဲက စစ်မေးနေခြင်းဖြစ်ဟု ၈၈ ပြော

Posted: 29 Mar 2013 06:42 AM PDT

လွန်ခဲ့သည့် မတ်လ ၂၅ ရက်နေ့က စ၍ ပျောက်ဆုံးနေသည့် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးမှာ ရန်ကုန်တိုင်းရဲမှ ခေါ်ယူစစ်ဆေးနေ၍ ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုကိုကြီးက မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ရန်ကုန်တက္ကစီများ မီတာစနစ်ဖြင့် ပြေးဆွဲရေး စတင်လုပ်ဆောင်

Posted: 29 Mar 2013 06:25 AM PDT

ရန်ကုန်မြို့က တက္ကစီကားတွေကို မြို့တော်စည်ပင် ထံကနေ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ)က လွှဲပြောင်းယူပြီး မီတာစနစ်နဲ့ ပြေးဆွဲဖို့ စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မထသဥက္ကဋ္ဌ ဦးလှအောင်ကို ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည်

Posted: 29 Mar 2013 06:14 AM PDT

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card  များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ။ ဓါတ်ပုံ - သမ္မတရုံးဝက်ဆိုဒ်

ပအိုဝ်းအမျိုးသားနေ့ ရန်ကုန်တွင် ကျင်းပ (ရုပ်/သံ)

Posted: 29 Mar 2013 03:11 AM PDT

ပအိုဝ်း အမျိုးသားနေ့ကို ရန်ကုန်မြို့မှာ ၂ရက်မြောက်နေ့အဖြစ် မတ်လ ၂၈ရက်နေ့က တောင်ကြီးကျောင်းတိုက်မှာ ရိုးရာအကတွေ၊ အဆိုတွေနဲ့ ကျင်းပခဲ့ကြပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



မင်းလှအစ္စလာမ်ဘာသာဝင်များကို သံဃာတော်များက ဆွေမျိုးများထံ ကူညီပို့ဆောင်

Posted: 29 Mar 2013 02:48 AM PDT

နိုင်ငံတော် သမ္မတဦးသိန်းစိန်က လတ်တလော အရေးအခင်းတွေကို အင်အားသုံး နှိမ်နင်းမယ်လို့ မိန့်ခွန်းမကြေညာခင်မှာ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်မှာ အကြမ်းဖက် အဖျက်သမားတွေက အစ္စလာမ်ဘာသာရေး အဆောက်အဦတွေ၊ နေအိမ်နဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးနေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ပဲခူးတိုင်းအနောက်ခြမ်းက နတ္တလင်းမြို့နယ်တွင်းက ဖျက်စီးခံထားရသည့် ဗလီတစ်လုံးကို မတ်လ ၂၈ ရက်နေ့လည်ပိုင်းက တွေ့ရစဉ်။ ဓါတ်ပုံ - RFA

အကြမ်းဖက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း သီတဂူဆရာတော် မိန့်ကြား

Posted: 29 Mar 2013 02:11 AM PDT

ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကြောင်း သီတဂူဆရာတော်က မိန့်ကြားလိုက်ပါတယ်။ မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပါအ၀င် ပဲခူးတိုင်း မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ သာယာဝတီ၊ လက်ပံတန်းနဲ့ မိုးညိုမြို့တွေမှာ အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


တောင်ကြီးမြို့ ဓာတ်ဆီဆိုင်တခုတွင် မီးလောင်ပေါက်ကွဲမှုဖြစ်

Posted: 29 Mar 2013 02:01 AM PDT

ရှမ်းပြည်နယ် တောင်ကြီးမြို့က ဓာတ်ဆီဆိုင်တခုမှာ မတ် ၂၈ ရက်နေ့ ညနေပိုင်းက မီးလောင်ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ပါတယ်။ တောင်ကြီးမြို့တောင်ဘက်အထွက် သစ်တောဂိတ်နားက ၀င်းမေတ္တာလို့ခေါ်တဲ့ ပုဂ္ဂလိက ဓာတ်ဆီဆိုင်မှာ မနေ့ ညနေ ၄ နာရီကျော်က လောင်ကျွမ်းခဲ့တာဖြစ်ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဝင်းမေတ္တာ ဓါတ်ဆီဆိုင် မီးလောင်နေစဉ်

ပဋိပက္ခတွင် အကြမ်းဖက်သူ ၆၈ဦးကို ဖမ်းဆီးမိထားဟု ရဲတပ်ဖွဲ့ကြေညာ

Posted: 29 Mar 2013 01:46 AM PDT

မိတ္ထီလာမြို့နှင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ ဘာသာရေး လူမျိုးရေး အကြမ်းဖက်မှု များတွင် ပါဝင်ပတ်သက်ခဲ့သူ ၆၈ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာ မျက်နှာတွင် ဖော်ပြထားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၂ တွင် ဂျပန်သွားမည်

Posted: 29 Mar 2013 01:36 AM PDT

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ် အောင်ဆန်းစုကြည်သည် လာမည့်ဧပြီ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြောသည်။ ဧပြီ ၁၂ ရက်မှ စတင်မည့် ဂျပန်ခရီးစဉ်မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မတ်လ(၂၉)ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.50)

Posted: 29 Mar 2013 01:21 AM PDT

မတ်လ(၂၉)ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.50)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




မတ်လ(၂၈)ရက်နေ့ ထုတ် Popular News Journal အတွဲ ၅ ၊ အမှတ် ၁၃

Posted: 29 Mar 2013 01:20 AM PDT

မတ်လ(၂၈)ရက်နေ့ ထုတ် Popular News Journal အတွဲ ၅ ၊ အမှတ် ၁၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မတ်လ(၂၈)ရက်နေ့ ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်အတွဲ(၉)အမှတ်(၁၃)

Posted: 29 Mar 2013 01:18 AM PDT

မတ်လ(၂၈)ရက်နေ့ ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်အတွဲ(၉)အမှတ်(၁၃)

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မတ်လ(၂၆)ရက်နေ့ ထုတ် Flower News Journal အတွဲ ၉ အမှတ် ၁၃

Posted: 29 Mar 2013 01:14 AM PDT

မတ်လ(၂၆)ရက်နေ့ ထုတ် Flower News Journal အတွဲ ၉ အမှတ် ၁၃

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


မူလတန်းပြ ဆရာ၊ ဆရာမ တစ်သောင်း တိုးမြှင့်ခန့်မည်

Posted: 28 Mar 2013 08:56 PM PDT

သင်ကြားရေး ဆရာ၊ ဆရာမအင်အား လိုအပ်ချက်ရှိနေသည့် အခြေခံပညာ ရေးကဏ္ဍအတွက်
လာမည့်ပညာ သင်နှစ်အမီ မူလတန်းပြ ဆရာ၊ ဆရာမ အင်အား တစ်သောင်းတိုးမြှင့်ခန့်ထားမည်
ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက မတ်လ ၁၉ ရက်နေ့တွင် ပြော
ကြားသည်။

"နေရာဒေသအလိုက် လိုအပ်ချက်အရ အင်အားဖြည့်တင်းတဲ့သဘောပါ။ ဒေသအားလုံးမှာ မူပြ
ဆရာ၊ ဆရာမတွေ ခန့်ထားဖြည့်ဆည်းသွားမှာပါ။ ဦးစား ပေးအနေနဲ့ လိုအပ်ချက်ရှိနယ်တွေကို
ဦးတည်ဖြည့်ဆည်းသွားမယ်။ မူလတန်းပြ တစ်သောင်းဝန်းကျင်လောက် ခန့်အပ်သွားပါမယ်" ဟု
ပညာရေးဝန်ကြီးဌာန၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုတင်က ပြောကြားသည်။

သင်ကြားရေးဆရာ၊ ဆရာမအင်အား နှစ်သိန်းနီးပါးရှိသည့် မူလတန်းနှင့် မူလွန် အဆင့် အခြေခံ
ပညာရေးကဏ္ဍ အင်အားဖြည့်တင်းရာ၌ နယ်ဒေသများတွင် လက်ရှိလုပ်ကိုင်နေသော ဆွဲခန့် ဆရာ၊
ဆရာမများအား ဦးစားပေးခန့် အပ်သွားမည်ဟု သိရသည်။

မူလတန်းပြ ဆရာ၊ ဆရာမ၀န်ထမ်း၊ အခြေခံပညာ ကျောင်းများအတွက် အထွေထွေလုပ်သား
ဝန်ထမ်း၊ အငယ်တန်းစာရေးရာထူးနှင့် ရုံးအကူနေရာများအတွက် ၀န်ထမ်းလျှောက်လွှာများ ခေါ်ယူ
ခြင်းကို နိုင်ငံပိုင်သတင်းစာများတွင် မတ်လ ၁၇ ရက်နေ့မှ စတင်ပြီး ပညာရေး ၀န်ကြီးဌာနမှ
ကြေညာခဲ့သည်။

မူလတန်းပြဆရာ၊ ဆရာမ၀န်ထမ်း နေရာလျှောက်ထားလိုသူများအနေဖြင့် ဧပြီလ ၉ ရက်နေ့တွင်
ရေးဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး လာမည့်ပညာသင် နှစ်အမီ သင်ကြားရေးဆိုင်ရာ သင်တန်းများ
ကိုလည်း မေလအတွင်း တက်ရောက်ရမည်ဖြစ်သည်ဟုလည်း ဦးကိုကိုတင်က ပြောကြားသည်။

အစိုးရအဖွဲ့အနေဖြင့် နှစ်စဉ် ပညာရေးအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး၊ ၂၀၁၂-၁၃
ပညာသင်နှစ်တွင် ငွေကျပ်ဘီလျံ ၆၀၀ ကျော် အသုံးပြုခဲ့သော်လည်း လာမည့်ပညာသင်နှစ်
အတွက် ငွေကျပ် ဘီလျံ ၉၀၀ အထိ တိုးမြှင့်သုံးစွဲမည်ဟု ဖေဖော်ဝါရီလအတွင်း ကယားပြည်နယ်
သို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြားခဲ့ဖူး
သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ မလိုအပ်သော ရုံးအသုံးအဆောင်ပစ္စည်းများ ၀ယ်ယူအသုံးပြုရန်လျာ
ထားသည့် ငွေကျပ် ဘီလျံ ၃၀ ကျော်အား အခြေခံ ပညာရေးကဏ္ဍတွင် ဖြည့်ဆည်းပေးနိုင်ရန်
ဖေဖော်ဝါရီလအတွင်းက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူညီခဲ့ပြီးဖြစ်သည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ပညာရေးကဏ္ဍ ဘတ်ဂျက်တိုးမြှင့်ရရှိခဲ့ရာ ပညာ ရေးဝန်ကြီးဌာနအနေ
ဖြင့် မူလတန်းပြ ဆရာ၊ ဆရာမအင်အား ဖြည့်တင်းခြင်း အပြင် အခြေခံပညာကျောင်းများ တည်
ဆောက်ပြုပြင်ခြင်းနှင့် ပညာရေးမှူးရုံးများ တိုးချဲ့ခြင်း၊ ဆောက်လုပ်ခြင်းတို့ အတွက် ဘတ်ဂျက်ခွဲဝေ
အသုံးပြုသွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုကိုတင်က ပြောသည်။

"ဥပဓိရုပ်ကောင်းမွန်တဲ့ အခြေခံပညာကျောင်းတွေဖြစ်လာဖို့ ပြင်သင့်တာပြင်၊ အသစ်ဆောက်သင့်
တာ ဆောက်သွားဖို့ရှိပါတယ်။ အသုံးပြုဖို့ အန္တရာယ်အဆင့်ရှိတဲ့ ကျောင်းတွေ လည်းရှိနေပါတယ်။
ပထမအနေနဲ့ အခြေခံပညာကျောင်း တစ်ထောင် လောက်ကို ဦးစားပေးပြုပြင်သွားဖို့ ရှိတယ်" ဟု
ဦးကိုကိုတင်က ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပညာရေးမှူးရုံး ၁၈ ရုံးနှင့် မြို့နယ်ပညာရေးမှူးရုံး
ပေါင်း ၃၀၀ ကျော် ရှိသည့်အနက် လာမည့်ပညာသင်နှစ်မှ စတင်ပြီး တစ်နိုင်ငံလုံးရှိ ခရိုင် ၅၂ ခရိုင်
တွင် ခရိုင်ပညာရေးမှူးရုံးများ တိုးချဲ့ ဖွင့်လှစ်နိုင်ရန် အသစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း
သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ပညာရေးကဏ္ဍ အတွက် စုစုပေါင်းအသုံးစရိတ်၏ ၄ ဒသမ ၃ ရာခိုင်နှုန်းအသုံးပြု
ခဲ့သော်လည်း ယခုနှစ်တွင် ၅ ဒသမ ၈၄ ရာခိုင်နှုန်းခန့် တိုးမြှင့် သုံးစွဲသွားမည်ဖြစ်ကြောင်း
ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သည့် ၂၀၁၃ - ၂၀၁၄ ပြည်ထောင်စု အစိုးရ၏ ရသုံးခန့်မှန်း
ခြေငွေစာရင်းအရ သိရသည်။

အောင်ရှင်   |  မြန်မာတိုင်း(မ်)

ဘုန်းတော်ကြီးသင် စာသင်ကျောင်းတစ်ကျောင်း၌ ဆရာမတစ်ဦးက ကလေးငယ်များကို စာပေသင်ကြားပေးနေစဉ်။ ကောင်းထက်/မြန်မာတိုင်း(မ်)

မိတ္ထီလာ၌ တည်ငြိမ်သွားပေမယ့် အခြားမြို့များတွင် စိုးရိမ်နေရ

Posted: 28 Mar 2013 08:51 PM PDT

မိတ္ထီလာမြို့တွင် ဆူပူအကြမ်းဖက်မှု များကို ထိန်းသိမ်းနိုင်ရန် နိုင်ငံတော် သမ္မတကြီးက ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အရ အပ်နှင်းထားသည့် အခွင့်အာဏာအရ
စစ်တပ်အကူအညီယူပြီး ထိန်းသိမ်းလိုက်သည့်အတွက် မိတ္ထီလာမြို့မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မှုတွင် နေအိမ်များမီးလောင်နေသည်ကို လာရောက်ကြည့်ရှုသူများအား တွေ့ရစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)

လိုင်းကား မတော်တဆမှုများကြောင့် မတ်လ ပထမလ၀က်အတွင်း လူသုံးဦးသေဆုံး

Posted: 28 Mar 2013 08:58 PM PDT

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုဗဟိုကော်မတီ
ကွပ်ကဲမှုအောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်များသည် မတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပထမ
လ၀က်အတွင်း ရန်ကုန်မြို့တော်စည်ပင် သာယာ နယ်နိမိတ်အတွင်းနှင့် အပြင်တွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မတ်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း၊ ယာယီယာဉ် ရောင်းဝယ်ရေးစခန်းအနီးတွင် လိုင်းကားတစ်စီး အရှိန်လွန်ကာ မတော်တဆမှု ဖြစ်ပွားခဲ့စဉ်။ ရဲနောင်/မြန်မာတိုင်း(မ်)

နတ္တလင်းမှာ ဗလီ ၁ လုံးနဲ့ အိမ် ၅ လုံး ဖျက်စီးခံရ

Posted: 28 Mar 2013 08:21 PM PDT

ပဲခူးတိုင်း အနောက်ခြမ်း နတ္တလင်းမြို့က ဗလီ ၁ လုံးနဲ့ အိမ် ၅ လုံးကို မနေ့ညက အကြမ်းဖက်သမားတစ်စု ဝင်ရောက်ဖျက်ဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။ ည ၉ နာရီကျော်လောက်မှာ လူ ၁ ရာကျော်လောက် မြို့ထဲရောက်လာပြီး ဖျက်ဆီးသွားတာလို့  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပဲခူးတိုင်းအနောက်ခြမ်းက နတ္တလင်းမြို့နယ်တွင်းက ဖျက်စီးခံထားရသည့် ဗလီတစ်လုံးကို မတ်လ ၂၈ ရက်နေ့လည်ပိုင်းက တွေ့ရစဉ်

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို

Posted: 28 Mar 2013 08:13 PM PDT

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထား တွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန် ပြည်ထောင်စုက တိုက်တွန်းပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေနဲ့ ပတ်သက်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံစိတ်မွေးဖို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောကြားစဉ် ( မတ်လ ၂၈၊ ၂၀၁၃)

လူမျိုးရေးတင်းမာမှုကြောင့် လူနေမှုအကြပ်အတည်းဖြစ်ဖွယ် ကုလ သတိပေး

Posted: 28 Mar 2013 08:04 PM PDT

မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခ အသွင်ဆောင်တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ကြုံနေရပြီလို့ လူသားချင်းစာနာ ကူညီမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးမှူးရုံး UNOCHA က အကြီးတန်း အရာရှိတဦးက သတိပေး ပြောဆိုလိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိထ္ထီလာမြို့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုများဖြစ်ပွားစဉ်။

သမ္မတဟောင်း ဂျင်မီကာတာ မြန်မာပြည်လာမည်

Posted: 28 Mar 2013 07:55 PM PDT

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဟာ အခုလာမယ့် ဧပြီလဆန်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာ ငြိမ်းချမ်းရေး တည်ဆောက် နိုင်အောင် ဘယ်လို အကူအညီ ပေးမလဲဆိုတာကို စူးစမ်းလေ့လာ ဖို့အတွက် မြန်မာနိုင်ငံနဲ့ နီပေါလ်နိုင်ငံကို မတ်လ ၂၉ ရက်နေ့ ကနေ ဧပြီ ၆ ရက်နေ့ အထိ သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ

ကြယ်တွင်းထဲသို့ပြုတ်ကျသွားသူအား အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သော မီးသတ်သူရဲကောင်းတစ်ဦး

Posted: 28 Mar 2013 04:05 PM PDT

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်း ကျေးရွာ အုပ်စု၊ ကျောက်တန်း ကျေးရွာ သို့ သွားသော လမ်းဘေးတွင် ကြယ်တွင်းတစ်ခုရှိရာ ၎င်းကြယ်တွင်းထဲသို့ 27.3.2013 ရက်နေ့ နံနက် 9 နာရီအချိန်ခန့်က အသက် (၃၅)နှစ်ဝန်းကျင် ဦးအောင်သူ ဆိုသူသည် ပြုတ်ကျသွားခဲ့ကြောင်း သိရှိရပါသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ














အုပ်ချုပ်ရေးမှူးရှေ့တွင် ပါးရိုက်သော်လည်း ရိုက်သူကိုအရေးယူခြင်းမရှိ

Posted: 28 Mar 2013 03:52 PM PDT

ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ် သရက်ကွင်း ရေကျော်ကြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း၏ နေအိမ်ပေါ်၌ ပါးရိုက်မှု တခုဖြစ်ပွား ခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက ရိုက်နှက်သူအား အရေးယူပေးခြင်း မရှိကြောင်း သတင်းရရှိသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လူတစ်ယာက်၏ အော်ဟစ်သံကြောင့် ကလေးမြို့တွင် လုံခြုံရေးချထားရ

Posted: 28 Mar 2013 03:37 PM PDT

ကလေးမြို့တွင် ဟင်းသီးဟင်းရောင်းသော စိမ်းလန်းဈေးအနီးမှ လူတစ်ယောက်၏ အော်ဟစ်သံကြောင့် ကလေးမြို့ဗလီအနီးတွင် စစ်တပ်နှင့် ရဲလုံခြုံရေးများ ချထားရကြောင်း ကလေးမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ -  မြန်မာ့ခေတ်

ပဋိပက္ခများ ကြိုတင်တားဆီးရေး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့်ဆွေးနွေး

Posted: 28 Mar 2013 03:21 PM PDT

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့တွင် လူမျိုးရေး၊ ဘာသာရေးနှင့် ဆက်စပ်သော ပဋိပက္ခများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြို့ပေါ်ရှိ လူမှုရေး အသင်းအဖွဲ့များနှင့် အစ္စလာမ် ဘာသာရေးခေါင်းဆောင်များသည် တေဇလမ်းရှိ ဆူလေမာနီယာ အစ္စလာမ်မစ် ဘာသာရေး စာသင်ကျောင်းတွင် ယနေ့မွန်းလွဲ(၂)နာရီအချိန်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ -  မြန်မာ့ခေတ်