ဒီမိုဝေယံ

ဒီမိုဝေယံ


မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူရန် ကားတစ်စီးဖြင့် လိုက်လံလှုံ့ဆော်မှုများ ဖြစ်ပွားခဲ့၊ လှုံ့ဆော်သူများ ပေါ်ပေါက်လာပါက အများပြည်သူမှ ဓာတ်ပုံရိုက်ယူထားပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင် ..

Posted: 25 Mar 2013 04:27 AM PDT

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြ ဆူပူရန် ကားတစ်စီးဖြင့် လိုက်လံလှုံ့ဆော်မှုများ ဖြစ်ပွားခဲ့၊ လှုံ့ဆော်သူများ ပေါ်ပေါက်လာပါက အများပြည်သူမှ ဓာတ်ပုံရိုက်ယူထားပြီး ရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း ဘာသာရေးအကြောင်းပြကာ ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည့်ဖြစ်ရပ်မှာ မတ်လ ၂၄ ရက်နေ့ညတွင် ဖြစ်ပွားခဲ့သည်ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေထိုင်သူများက ပြောကြားခဲ့ကြသည်။

ယင်းကဲ့သို့ ဆူပူစေရန်လှုံ့ ဆော်သူများအကယ်၍ ပေါ်ပေါက် လာခဲ့သည်ရှိသော် အများပြည်သူမှ ဓာတ်ပုံရိုက်ယူ၍လည်းကောင်း၊ အ ရေးပေါ်ဆက်သွယ်၍လည်းကောင်း အနီးစပ်ဆုံး မြန်မာနိုင်ငံရဲတပ်ဖွဲ့ သို့သတင်းပေးတိုင်ကြားနိုင်ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ မတ်လ ၂၄ ရက်နေ့ ည ၁၁ နာရီ ၀န်းကျင်အချိန်မှစ၍ နောက်တစ်ရက် နံနက် ၂ နာရီဝန်းကျင်အထိ မင်္ဂလာတောင်ညွန့်မြို့နယ်အ တွင်းရှိ ရပ်ကွက်အချို့တွင် ဘာသာရေး အကြောင်းပြကာ ဆူပူမှုဖြစ်စေရန် သတင်းဖြင့် လှုံ့ဆော်ခြင်း၊ လိုက်လံပြောကြား လှုံ့ဆော်ခြင်း၊ အော်ဟစ်ပြောကြားခြင်းများကို လူတစ်စုမှပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ဖြစ်ပွားသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ "ည ၁ နာရီလောက်မှာ သတင်းဝင်လာတယ်။ ရပ်ကွက်ထဲမှာရှိနေတဲ့ ပြည်သူတွေက လှမ်းပြီးအကြောင်းကြားတယ်။ ဒီလိုပဲ အသံတွေ ကြားတယ်၊ ဘာညာဆိုတော့ အစ်မတို့ အဖွဲ့ဝင်သုံးယောက်ကို ဆက်သွယ်ပြီးတော့ လျှောက်ကြည့်ပေးပါဆိုလို့ လျှောက်ကြည့်တော့ အေးဆေးပဲ၊ ဘာမှမဖြစ်ဘူး။ နောက်နှစ်ပတ် သုံးပတ်လောက် ရပ်ကွက်ထဲကို လှည့်ကြည့်တော့လည်း ဘာမှမဟုတ်ဘူးလို့သတင်းပြန်ပို့တယ်။ နောက်တစ်ကြိမ် ၂ နာရီခွဲလောက်မှာ ပြန်ပြီး အဆက်အသွယ်ရတဲ့အခါ လွတ်လပ်ရေးရပ်ကွက် ဘက်မှာတော့ ဒီလို ဒီလို ဖြစ်နေတယ်။ ကျွန်မလွှတ်လိုက်တဲ့လူက ကျွန်တော်သွားကြည့်မယ်ဆိုပြီး သွားကြည့်တော့ Super Custom အမျိုးအစား ကားတစ်စီးက ရပ်ပြီးတော့ ဗလီတွေဘာတွေကို ဖြိုနေပြီဆိုပြီးတော့ လှမ်းပြီးတော့ ရပ်ကွက်ထဲက လူတွေကို ပြောတာ။ အဲတော့ ရပ်ကွက်ထဲက လူတွေကလည်း ဓားတွေဆွဲ၊ တုတ်တွေဆွဲနဲ့ ထွက်ကြတာပေါ့နော်။ ကျွန်မတို့ဆီက သွားကြည့်တဲ့လူက မဟုတ်ဘူး။ ကျွန်တော် ရောက်ခဲ့ပြီးပြီ။ ဘယ်ဗလီမှ မဖြိုဘူးဆိုတော့ ကားထဲကနေပြီးတော့ ဟာရှုပ်တယ်ကွာ ဆိုပြီး ကားကိုလှည့်ပြီးတော့ မောင်းထွက်အသွားမှာ ကားပေါ်ကနေ ဓားထွက်လာတာပေါ့နော်။ သူတောင် တော်တော်ရှောင်လိုက်ရတယ်ပေါ့။ ဓားနဲ့ လှမ်းခုတ်တဲ့ ပုံစံမျိုးပေါ့နော်။

 အဲဒီ တစ်ယောက်ကတော့ ရှောင်လိုက်တော့ လွတ်သွားတယ်။ ကားနောက်ကို လိုက်တော့ မမီတော့ဘူး။ သူကလည်း တစ်ယောက်တည်း ဖြစ်နေတယ်။ လွတ်လပ်ရေးမှာလည်း နည်းနည်းခပ်ကြမ်းကြမ်းတွေ ဖြစ်နေတော့ ကားနံပါတ်ကို မမှတ်လိုက်ဘူး။ ၁၀၁ လမ်းဘက်ကို ထွက်သွားတယ်လို့ ပြောတယ်။ ကားပေါ်မှာ လူ ၁၃ ယောက်လောက် ပါတယ်ပြောတယ်။ ဘယ်လူမျိုး၊ ဘာညာတော့ မသုံးနှုန်းချင်ဘူး။ အကြမ်းဖက်သမားတွေလို့ပဲ သုံးစွဲရမှာပဲ။ ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် လိုက်လုပ်နေတဲ့သူတွေ ရှိတယ်လို့ ကောက်ချက်ဆွဲရမှာပဲ" ဟု ပြောပြခဲ့သည်။

မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း နေထိုင်သူတစ်ဦးက "ညဦးပိုင်းကတည်းက စပြီး မင်းတို့ရပ်ကွက်ကို ဒီညမီးလာရှို့လိမ့်မယ်ဆိုပြီး သတင်းတွေ ဘယ်ကမှန်းမသိဘူး ရောက်လာတယ်။ ရပ်ကွက်ထဲကလည်း ကြောက်ပြီး စိတ်မချတော့ မအိပ်နိုင်ဘူး။ အဲဒီမှာ ရပ်ကွက်နား ရောက်လာတော့မယ် ဘယ်နားကို ရောက်နေပြီ လူအုပ်လာနေပြီဆိုပြီး သတင်းတွေကို ဆက်တိုက်လိုက်လွှင့်တယ်။ တစ်ချို့ ရပ်ကွက်ထဲနေတဲ့ သူတွေကလည်း အသင့်စောင့်တဲ့သူစောင့် တချို့ဆဲတဲ့သူလည်းဆဲ တုတ်ဓားတွေကိုင်ပြီး ဆင်းတဲ့သူဆင်း ဖြစ်ကုန်တာပေါ့။ သတင်းမှားတွေ လွှင့်တယ်၊ ဆူပူအောင် လိုက်လုပ်နေသလိုမျိုးဖြစ်နေတယ်" ဟု ပြောပြခဲ့သည်။

ကန်တော်ကြီးတာဝါတွင် နေထိုင်သူတစ်ဦးက "ကျွန်မတို့ ည ၁၁ နာရီလောက်မှာ တစ်ခါအော်ဟစ်နေတဲ့ အသံတွေ ကြားတယ်။ ပြီးတော့ ပြန်ငြိမ်သွားတယ်။ နောက်တစ်ခေါက် ည ၁ နာရီခွဲလောက်လဲ ရောက်ရော အော်ဟစ်သံတွေကြားလို့ ပြတင်းပေါက်က ကြည့်နေတာ တုတ်တွေလက်နက်တွေ ကိုင်ထားတဲ့ လူတစ်စုက မင်္ဂလာဈေး တက္ကစီမောင်းသမားတွေနဲ့ တခြားရှိနေတဲ့သူတွေကို လှမ်းဆဲပြီး ရန်စနေတယ်။ ယုဇနပလာဇာရဲ့ အရှေ့၊ မင်္ဂလာဈေးရဲ့ ဘေးဘက် တစ်ဖက်လမ်းမှာရှိတဲ့ ရပ်ကွက်ထဲမှာ လူတစ်ချို့က အော်ပြီးလျှောက်သွားနေတယ်။ တိုက်ခန်းအပေါ်ထပ် အခန်းတွေကို ကြည့်ပြီးလည်း အော်တယ်။ အပေါ်ထပ်အခန်းက လူတွေက အဲဒီလူစုနဲ့ သွားပေါင်းဖို့ တချို့ဆင်းတဲ့အခါ မိသားစုတွေက မဆင်းဖို့ ပြန်ဆွဲထားတယ်။ ရဲကားတွေ လှည့်နေတဲ့အတွက် ရဲကားရောက်လာတော့ ပျောက်သွားကြရော" ဟု ပြောပြခဲ့သည်။

ဆူပူရန် လှုံ့ဆော်မှုများ ဖြစ်ပွားပါက မိမိရှေ့တွင် ဖြစ်ပွားသည်ဆိုပါက သက်ဆိုင်ရာရဲစခန်းများသို့ ချက်ခြင်းသတင်းပေးပို့ခြင်း၊ ရဲစခန်းများမှလည်း ချက်ခြင်းဖမ်းဆီးကာ အရေးယူခြင်း၊ နောက်ကွယ်မှ ကြိုးကိုင်လှုံ့ဆော်နေသည့် အဖွဲ့အား အမိအရ ဖော်ထုတ်အရေးယူသည်အထိ ဆောင်ရွက်ပါက လှုံ့ဆော်မှုများ လျော့ပါးသွားနိုင်သည်ဟု ရပ်ကွက်နေ ပြည်သူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။

ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက "လှုံ့ဆော်တဲ့အဖွဲ့တွေ တွေ့တာနဲ့ ချက်ချင်းပဲ အနီးစပ်ဆုံး သက်ဆိုင်ရာရဲနဲ့ သက်ဆိုင်ရာ ရဲစခန်းတွေကို သတင်းပို့ရင် အရမ်းကောင်းပါတယ်။ သတင်းပို့တာနဲ့ ချက်ချင်းပဲ ဆောင်ရွက်ပေးမှာပါ။ တကယ်လို့ ကိုယ့်ဆီမှာ ဓာတ်ပုံရိုက်ထားနိုင်မယ်ဆိုရင်လည်း ကောင်းပါတယ်။ ကျွန်တော်တို့လည်း အခုဆို နေရာတော်တော်များများမှာ ဒီလိုပဲ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေပါ ယူဖို့လုပ်ထားပါတယ်။ လှုံ့ဆော်တဲ့အခါ ကိုယ်တိုင်မပါဝင်ပဲ အများပြည်သူအနေနဲ့ ဒီလိုလုပ်ရင် ဒါမျိုးတွေ နည်းသွားနိုင်ပါတယ်။ လက်ရှိ အနေအထားအရလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေနဲ့ အင်အားတိုးပြီး ချထားတယ်။ တောက်လျှောက်လှည့်ကင်းတွေထားပြီး လုံခြုံရေးတွေချပြီး လုပ်နေပါတယ်" ဟု ပြောပြခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူတစ်ဦးကလည်း "တစ်ကယ်လို့ ရပ်ကွက်ထဲမှာလည်း တစ်ခုခုဖြစ်ရင် ကိုယ်တိုင်မပါပဲနဲ့ သက်ဆိုင်ရာ အကြောင်းကြားပြီး တိုင်မယ်၊ ဓာတ်ပုံတွေရိုက်ထားပြီး တိုင်ရမှာဖြစ်သလို အစိုးရနဲ့ တာဝန်ရှိ ရဲတပ်ဖွဲ့အနေနဲ့လည်း အမြန်ဆုံး ဖမ်းဆီးပြီး အရေးယူမှဖြစ်မယ်။ ဖမ်းဆီးအရေးယူမှု ပြုမပြုကိုလည်း မီဒီယာတွေက စောင့်ကြည့်ပြောကြားသင့်တယ်။ မီဒီယာတွေကို သတင်းမှန်ပေးတာကလည်း ဆူပူအောင်လုပ်တဲ့ သူတွေရှိနေရင် သူတို့ကို တားဆီးရာ ရောက်ပါတယ်" ဟု ပြောပြခဲ့သည်။

နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး၊ ဦးဇော်ဌေး၏ Facebook စာမျက်နှာတွင်လည်း မြို့ရွာရပ်ကွက်များအတွင်း ဆူပူမှုများဖြစ်ပေါ်လျှင် အရေးပေါ်ဖုန်းများသို့ ဆက်သွယ်နိုင်ကြောင်း ရေးသားထားသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းများ ဖုန်းနံပါတ်
ပြည်ထဲရေးဝန်ကြီးဌာန

၁။ ဒဂုံတောင်ရဲစခန်း ၀၁-၅၉၀၀၉၃
၂။ ဒဂုံမြောက်ရဲစခန်း ၀၁-၅၈၄၁၀၉
၃။ ဒဂုံအရှေ့ ၀၁-၅၈၅၁၈၇
၎။ ဒဂုံဆိမ်ကမ်း ၀၁-၅၉၃၀၀၇
၅။ ဗိုလ်တစ်ထောင် ၀၁-၂၉၁၈၇၄
၆။ မင်္ဂလာတောင်ညွန့် ၀၁-၂၉၁၀၃၄
၇။ သာကေတ အမှတ် ( ၁ ) ၀၁-၅၅၆၈၆၅
၈။ သာကတေအမှတ် (၂) ၀၁-၅၄၇၂၅၃
၉။ တောင်ဥက္ကလာပ ၀၁-၅၆၁၆၄၂
၁၀။ မြောက်ဥက္ကလာပ ၀၁-၉၆၉၉၃၈၄
၁၁။ ရွှေပေါက်ကံ ၀၁-၉၆၉၅၅၆၁
၁၂။ ဝေဘာဂီ ၀၁-၉၆၉၉၁၃၈
၁၃။ တာမွေ ၀၁-၅၅၆၇၇၁
၁၄။ သင်္ဃန်းကျွန်း ၀၁-၅၆၂၅၄၄
၁၅။ သုဝဏ္ဏ ၀၁-၅၆၂၅၈၈
၁၆။ ပုဇွန်တောင် ၀၁-၂၉၁၂၁၈
၁၇။ ဒေါပုံ ၀၁-၅၅၆၉၈၈
၁၈။ ရန်ကင်း ၀၁-၅၇၇၁၉၀
၁၉။ မရမ်းကုန်း ၀၁-၆၆၀၃၅၂
၂၀။ ဘုရင့်နောင် ၀၁-၆၈၀၇၇၄
၂၁။ လှိုင် ၀၁-၅၁၉၅၃၁
၂၂။ ပိတောက်ချောင်း ၀၁-၆၈၁၅၇၄
၂၃။ ကမာရွတ် ၀၁-၅၃၄၃၀၄
၂၄။ ဗဟန်း ၀၁-၅၅၄၆၃၀
၂၅။ စမ်းချောင်း ၀၁-၅၃၅၁၈၄
၂၆။ ကြည့်မြင်တိုင် ၀၁-၅၃၅၈၆၇
၂၇။ စက်ဆန်း ၀၁-၇၀၈၉၃၁
၂၈။ အလုံ ၀၁-၂၂၀၇၉၃
၂၉။ လမ်းမတော် ၀၁-၂၂၄၅၂၈
၃၀။ လသာ ၀၁-၂၅၃၂၀၂
၃၁။ ပန်းဘဲတန်း ၀၁-၃၇၁၃၉၈
၃၂။ ကျောက်တံတား ၀၁-၃၇၁၀၅၄
၃၃။ ဆိပ်ကမ်း ၀၁-၂၅၆၉၂၀
၃၄။ ဒလ ၀၁-၂၆၉၁၉၂
၃၅။ သံလျင် ၀၅၆-၂၁၅၀၄
၃၆။ ကျောက်တန်း ၀၅၆-၂၅၅၀၄
၃၇။ အင်းစိန် ၀၁-၆၄၅၈၁၉
၃၈။ မင်္ဂလာဒုံ ၀၁-၆၃၅၀၇၄
၃၉။ ထောက်ကြန့် ၀၁-၆၀၀၀၃၂
၄၀။ လှိုင်သာယာ ၀၁-၆၄၅၀၁၆
၄၁။ မှော်ဘီ ၀၁-၆၂၀၀၀၁
၄၂။ လည်းကူး ၀၁-၆၂၉၀၀၉
၄၃။ တိုက်ကြီး ၀၅၅-၂၀၀၀၃
၄၄။ သောင်းကြီး ၀၁-၇၂၂၉၁၆
၄၅။ လှော်ကား ၀၁-၇၀၈၉၃၀



မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

၁။ အမှတ်(၁)ရဲစခန်း ၀၂-၆၁၂၀၇
၂။ အမှတ်(၂)ရဲစခန်း ၀၂-၃၂၀၀၈
၃။ အမှတ်(၃)ရဲစခန်း ၀၂-၃၂၀၈၉
၎။ အမှတ်(၄)ရဲစခန်း ၀၂-၆၀၈၃၁
၅။ အမှတ်(၅)ရဲစခန်း ၀၂-၃၆၉၉၁
၆။ အမှတ်(၆)ရဲစခန်း ၀၂-၃၆၉၉၂
၇။ အမှတ်(၇)ရဲစခန်း ၀၂-၃၆၉၉၃
၈။ အမှတ်(၈)ရဲစခန်း ၀၂-၃၆၉၉၄
၉။ အမှတ်(၉)ရဲစခန်း ၀၂-၃၆၉၉၅
၁၀။ အမှတ်(၁၀)ရဲစခန်း ၀၂-၃၆၁၄၅
၁၁။ အမှတ်(၁၁)ရဲစခန်း ၀၂-၃၆၉၉၆
၁၂။ အောင်ပင်လယ်ရဲစခန်း ၀၂-၆၂၇၁၀
၁၃။ ပြည်ကြီးတံခွန်ရဲစခန်း ၀၂-၈၀၃၄၈
၁၄။ ပုသိမ်ကြီးရဲစခန်း ၀၂-၅၇၇၄၉
၁၅။ အုန်းချောရဲစခန်း ၀၈၅-၄၀၁၉၉
၁၆။ အမရပူရရဲစခန်း ၀၂-၇၀၉၉၈
၁၇။ မြစ်ငယ်ရဲစခန်း ၀၂-၅၅၀၇၅
၁၈။ ပြင်ဦးလွင်ရဲစခန်း ၀၈၅-၂၂၀၃၇
၁၉။ သရုပ်ပြရဲစခန်း ၀၂-၅၀၂၆၂
၂၀။ မတ္တရာရဲစခန်း ၀၂-၇၉၀၀၁
၂၁။ စဥ့်ကူးရဲစခန်း ၀၈၆-၃၅၁၉၉
၂၂။ သပိတ်ကျင်းရဲစခန်း ၀၈၆-၃၀၀၀၂
၂၃။ မိုးကုတ်ရဲစခန်း ၀၈၆-၂၀၀၁၃
၂၄။ ကျပ်ပြင်ရဲစခန်း ၀၈၆-၂၅၀၁၂
၂၅။ အချုပ်ထောင်ရဲစခန်း ၀၈၆-၂၀၀၁၄
၂၆။ ကျောက်ဆည်ရဲစခန်း ၀၆၆-၅၀၃၃၂
၂၇။ မြစ်သားရဲစခန်း ၀၆၆-၆၀၀၀၆
၂၈။ ကူမဲရဲစခန်း ၀၆၆-၆၂၀၁၃
၂၉။ စဥ့်ကိုင်ရဲစခန်း ၀၆၆-၄၀၀၃၁
၃၀။ ပလိပ်ရဲစခန်း ၀၆၆-၄၂၀၉၃
၃၁။ လေဆိပ်ရဲစခန်း ၀၂-၈၇၄၁၆
၃၂။ တံတားဦးရဲစခန်း ၀၆၆-၄၄၀၀၇
၃၃။ မိတ္ထီလာအမှတ်(၁)ရဲစခန်း ၀၆၄-၂၃၅၀၄
၃၄။ ရှမ်းမငယ်ရဲစခန်း ၀၉၆၅၂၀၆၇၁
၃၅။ အလယ်ရွာရဲစခန်း ၀၉၆၅၂၀၆၇၂
၃၆။ ယင်းမာပင်ရဲစခန်း ၀၉၆၅၂၀၆၇၃
၃၇။ ညောင်ရမ်းရဲစခန်း ၀၉၆၅၂၀၆၇၄
၃၈။ ဟံဇာရဲစခန်း ၀၉၆၅၂၀၆၇၅
၃၉။ ရွှေတောင်ရဲစခန်း ၀၉၆၅၂၀၇၂၄
၄၀။ ပင်းတလဲရဲစခန်း ၀၉၆၅၂၀၈၅၄
၄၁။ နှောကန်ရဲစခန်း ၀၉၆၅၂၀၇၃၆
၄၂။ ဆည်တိုရဲစခန်း ၀၉၆၅၂၀၇၃၅
၄၃။ မိတ္ထီလာအမှတ်(၂)ရဲစခန်း ၀၆၄-၂၃၅၀၅
၄၄။ မိတ္ထီလာအမှတ်(၃)ရဲစခန်း ၀၆၄-၃၅၁၉၉
၄၅။ မလှိုင်ရဲစခန်း ၀၆၄-၆၀၂၅၄
၄၆။ သာစည်ရဲစခန်း ၀၆၄-၆၉၀၀၁
၄၇။ ၀မ်းတွင်းရဲစခန်း ၀၆၄-၅၀၀၀၇
၄၈။ ရမည်းသင်းရဲစခန်း ၀၆၄-၄၀၀၀၃
၄၉။ ပျော်ဘွယ်ရဲစခန်း ၀၆၄-၄၉၀၀၆
၅၀။ မြင်းခြံအမှတ်(၁)ရဲစခန်း ၀၆၆-၂၁၅၀၄
၅၁။ မြင်းခြံအမှတ်(၂)ရဲစခန်း ၀၆၆-၂၁၀၃၉
၅၂။ ဆီမီးခုံရဲစခန်း ၀၆၆-၂၂၁၃၀
၅၃။ နွားထိုးကြီးရဲစခန်း ၀၆၆-၈၀၀၀၄
၅၄။ တောင်သာရဲစခန်း ၀၆၆-၇၀၅၀၄
၅၅။ ကျောက်ပန်းတောင်းရဲစခန်း ၀၆၁-၅၁၁၉၉
၅၆။ ငါန်းဇွန်ရဲစခန်း ၀၆၆-၄၆၂၂၉
၅၇။ ညောင်ဦးရဲစခန်း ၀၆၁-၆၀၅၀၃
၅၈။ ပုဂံရဲစခန်း ၀၆၁-၆၅၁၉၉

Eleven Media Group

ကောလာဟလ ထုတ်လွှင့်မှုအချို့ကြောင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းအများစု ပိတ်သိမ်း

Posted: 25 Mar 2013 03:25 AM PDT

3.25.2
ယုဇနပလာဇာနှင့် မင်္ဂလာဈေးအနီး ဗညားဒလ လမ်းပေါ်ရှိ ဈေးဆိုင်များ အချိန်စောပိတ်သိမ်းခဲ့သည်ကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်

ဘာသာရေး၊ လူမျိုးရေးနှင့် သက်ဆိုင်သည့် ကောလာဟလ ထုတ်လွှင့်မှု အချို့ကြောင့် မင်္ဂလာဈေးနှင့် ယုဇနပလာဇာ အနီးဝန်းကျင်ရှိ ဆိုင်ခန်းများမှာ ပိတ်သိမ်းလျှက် ရှိသည်။
ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ရှိ မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တစ်ဝိုက်တွင် လူမျိုးရေး၊ ဘာသာရေးနှင့် သက်ဆိုင်သည့် ကောလာဟလများ ထုတ်လွှင့်မှုကြောင့် ဆိုင်ခန်းပိုင်ရှင်များမှာ ဆက်လက်ရောင်းချခြင်း မပြုပဲ ဆိုင်ခန်းအချို့ ပိတ်သိမ်းခြင်းဖြစ်သည်။
မင်္ဂလာဈေးရှိ ဆိုင်ခန်းများအား လုံးပိတ်သိမ်းခြင်း မဟုတ်ပဲ ဆိုင်ခန်းအချို့မှ ပိတ်သိမ်းခြင်း၊ ဗညားဒလ လမ်းမပေါ်ရှိ ဆိုင်ခန်းအများစု ပိတ်သိမ်းခြင်း ဖြစ်သည်။

မင်္ဂလာဈေးမှ ဈေးကော်မတီနှင့် တာဝန်ရှိသူများကမူ စိုးရိမ်စရာ မရှိကြောင်း၊ ဆက်လက်၍ ဆိုင်ခန်းဖွင့်လှစ် ရောင်းချနိုင်ကြောင်းကို ဆက်တိုက်နီးပါး ကြေညာပေးလျှက်ရှိပြီး တာဝန်ရှိသူများ၊ တာဝန်ကျ ရဲဝန်ထမ်းများလည်း လာရောက်ဆောင်ရွက်ပေးလျှက် ရှိသည်ဟု သိရသည်။
ယခုဖြစ်စဉ်အရ မည်သည့်အကြောင်းရင်း တစ်စုံတစ်ရာမရှိပဲ ကောလာဟလ ထုတ်လွှင့်နေသူများကြောင့် ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၄ ရက်နေ့ညကလည်း ကားတစ်စီးဖြင့် လူတစ်စုမှ လိုက်လံ၍ မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ဗလီတွေကို ဖျက်နေပြီဟူသော သတင်းမှားများ ထုတ်လွှင့်ကာ ဆူပူစေရန် လှုံ့ဆော်မှု ဖြစ်ပွားခဲ့သည်။

Eleven Media Group

မင်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန်

Posted: 25 Mar 2013 03:22 AM PDT

 င်္ဂလာတောင်ညွှန်တွင် ဖြစ်ပေါ်နေသော သတင်းများ မဟုတ်မှန်

မင်္ဂလာတောင်ညွန့်တွင်ဖြစ်ပေါ်နေသောသတင်းများမဟုတ်မှန် ရန်ကုန်၊ မတ် ၂၅ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လူတစ်စုက အုပ်စုဖွဲ့၍ ရန်ပြုဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပြီး ယင်းသတင်းများမှာ မဟုတ်မှန်ဘဲ ကောလာဟလများကြောင့် ယင်းမြို့နယ်တွင်း လူစုလူဝေးများဖြစ်ပေါ်နေခြင်းကို မြို့နယ်မှူး နှင့် ရဲအုပ် တို့ဦးဆောင်ကာ လိုက်လံရှင်းပြပြောဆို၍ အခြေနေကို ထိန်းသိမ်းလျက်ရှိကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ တာဝန်ကျရဲအရာရှိက The Voice Weekly သို့ ပြေကြားသည်။ 
 "မြို့နယ်မှုးရော၊ ရဲအုပ်ဝင်းရွှေခေါင်းဆောင်တဲ့ အဖွဲ့တွေပါ လူစုလူဝေးဖြစ်တဲ့နေရာတွေကို လိုက်ပြီး ရှင်းပြနေပါတယ်။ ဘာပဋိပက္ခမှ မရှိပါဘူး" ဟု ၎င်းက ဆိုသည်။ ရဲတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်သည့်အပြင် ရပ်ကွက်အလိုက် လူမျိုး/ဘာသာ မရွေး စုပေါင်း၍ လုံခြံရေးဆောင်ရွက်သည့် အစီအမံကို အုပ်ချုပ်ရေးမှူးများ ၊ ရပ်မိ/ရပ်ဖများဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ကိုးကား၍ သမ္မတရုံးညွန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။ 
တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက် ၁၃၈လမ်းရှိ ဓမ္မာရုံတစ်ခုတွင် အစ္စလာမ်ဘာသာဝင်များ လာရောက်ဖျက်ဆီးမည်ဆိုသော သတင်းကြောင့် ဗုဒ္ဓဘာသာဝင်များ လူစုလူဝေးဖြင့် စောင့်ဆိုင်းနေကြပြီး အခြား တစ်ဘက်ကလည်း ယင်းသတင်းများကြောင့် လက်နက်အချို့ ကိုင်ဆောင်ကာ စောင့်ကြည့်မှုများရှိခဲ့ကာ ယခုအခါ အခြေနေကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်းရဲတပ်ဖွဲဝင်များထံမှ သိရသည်။ ယခုဖြစ်စဉ်များမှာ အဖွဲ့အစည်း တစ်ခုခုက မြန်မာနိုင်ငံတွင် ဘာသာရေး ပဋိပက္ခတစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်ခြင်း ဖြစ်ရန်သေချာကြောင်း၊ အစိုးရအနေနှင့် လုံခြုံရေးတိုးမြှင့် သည်မျိုးဆောင်ရွက် သင့်ကြောင်း၊ နှစ်ဘက်ဘာသာရေး အဖွဲ့အစည်းများကလည်း သတင်းအမှားများအပေါ် ပွင့်ပွင့်လင်းလင်း ပြောဆိုဖြေရှင်းသင့်ပြီး သံသယစိတ်များနှင့် စောင့်ကြည်သည်မျိုး မလုပ်သင့်ကြောင်း၊ အစိုးရကလည်း ပြည်သူများ ထိတ်လန့်မှုမရှိစေရန် မီဒီယာများမှတစ်ဆင့် ဖြစ်ရပ်မှန်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နေသင့်ကြောင်း နိုင်ငံရေးသမားများနှင့် လေ့လာသူများက ပြောကြားသည်။
The Voice Weekly 

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား..

Posted: 25 Mar 2013 02:52 AM PDT

မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား လုံခြုံရေးအား အပြည့်အ၀ တာဝန်ယူဟု ဆို    မတ်လ ၂၄ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းအောင်နီက
မတ်လ ၂၄ ရက် ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း မည်သည့် ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှုးပြောကြား.. လုံခြုံရေးအား အပြည့်အ၀ တာဝန်ယူဟု ဆို


မတ်လ ၂၄ ရက်နေ့ ညပိုင်းက မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း ဆူပူမှုများ ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာမှုနှင့် ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ၀င်းအောင်နီက
"ညဦးပိုင်းကတည်းက ကျွန်တော်တို့ကိုယ်တိုင် အနီးကပ် အစအဆုံး ရှိနေတယ်။ ည ၈ နာရီလောက်ကတည်းက နယ်မြေထဲမှာ လုံခြုံရေးအတွက် စိတ်မပူရအောင် ကင်းလှည့်တာမျိုးတွေ ဆက်တိုက်လုပ်နေတယ်။ အဲဒီအချိန် ကတည်းကနေ မနက်လင်းတဲ့ အထိပဲ။ တချို့က မလိုအပ်ဘဲ စိတ်ပူတယ်။ မလိုအပ်ဘဲ အချင်းချင်း ဆက်သွယ်တယ်။ မလိုအပ်ဘဲ လူအုပ်နဲ့ အပြင်ထွက်တယ်။ မမှန်တဲ့သတင်းကို မမှန် မှန်းလည်းမသိဘဲနဲ့ ဖြန့်တယ်။ ညတုန်းကဆိုရင် မဖြစ်သင့်တဲ့အနေအထားမျိုးပါ။ ရှေ့သာဆက်ဖြစ်မယ်ဆိုလို့ရှိရင် ပြဿနာရှိလာနိုင်တယ်။ လူငယ် ၆ ယောက်က ကားငှားနေတယ်။ အဲဒါကိုပဲ တချို့က လူအုပ်နဲ့ ကားနဲ့ လာပြီး ရန်တွေ့မယ်ထင်လို့ စိတ်ပူပြီး အုပ်စုလိုက်ကြီး ထွက်လာတယ်။ ဒါတွေက ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင်သုံးသပ်ဖို့ လိုတယ်။ အဲလို မသုံးသပ်ဘဲ လူငယ်တွေကို အန္တရာယ်ပြုဖို့ လိုက်လို့ လူငယ်တွေ ထွက်ပြေးရတယ်၊ အဲလိုသတင်းတွေကြားလို့ ကျွန်တော်တို့က ပြေးပြီး ကာကွယ်ပေးရတာမျိုးတွေ ရှိတယ်၊
ကျွန်တော်တို့ဆီကို ဟိုမှာ ဘာဖြစ်နေပြီ၊ ဒီမှာ ဘာဖြစ်နေပြီဆိုပြီး ဖုန်းဆက် တာတွေ အကြောင်းကြားတာတွေ ရှိတယ်။ သူတို့ပြောတဲ့နေရာတွေကို ကျွန်တော်တို့ ချက်ချင်းသွားတယ်။ တကယ်တော့ ဘယ်သူမှလည်း မရှိဘူး။ ဘာမှလည်း မဖြစ်ဘူး။ သို့သော် သူတို့စိတ်ပူပြီး စိုးရိမ်ပြီး ထင်ရာမြင်ရာ လျှောက်လုပ်ရင် ပိုစိုးလာနိုင်တဲ့အတွက် ခင်ဗျားတို့ စိတ်မပူနဲ့။ မလိုအပ်တဲ့ နေရာမှာ မပါကြနဲ့။ ကျွန်တော်တို့ကိုယ်တိုင် သွားမယ်ဆိုပြီး သက်ဆိုင်တဲ့သူတွေကိုပဲ ကျွန်တော်တို့က ပြန်ပြီး ရှင်းပြခဲ့ရတယ်။
ကျွန်တော်တို့မှာ ရဲတပ်ဖွဲ့အင်အား အလုံအလောက်ရှိပါတယ်။ အခြေအနေ အားလုံးကိုလည်း ထိန်းသိမ်းနိုင်ပါတယ်။ မနေ့ညကဆို တောင်ညွှန့်နယ်မြေထဲကို တိုင်းရဲတပ်ဖွဲ့မှူး၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်တပ်ဖွဲ့မှူးတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအကုန်လုံး ကျွန်တော်တို့ အနားမှာ အနီးကပ်လာကြည့်ပြီး ကြီးကြပ်ပေးတယ်။ လုံခြုံရေးပိုင်းကိုတော့ ကျွန်တော်ကိုယ်တိုင် အပြည့်အ၀ တာဝန်ယူတယ်။ မမှန်မကန်လုပ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေအရ အရေးယူမယ်။
အဓိကတော့ မမှန်သတင်းတွေကို မစဉ်းစား မတွေးခေါ်ဘဲ ဖြစ်နိုင်တယ်ဆိုပြီး တစ်ခုခု ထလုပ်လိုက်မှ မလိုအပ်တဲ့ မီးပွားက အဲဒီမှာ ထတောက်လာမယ်။ အဲလိုမဖြစ်အောင် စဉ်းစားတွေးတော ဆုံးဖြတ်ကြဖို့ ပြောချင်ပါတယ်" ဟု ပြည်သူ့ဆန္ဒဂျာနယ်အား ပြောကြားခဲ့သည်။
 
The People's Will News Media ပြည်သူ့ဆန္ဒ
 

Weekly Eleven Journal 8-25

Posted: 25 Mar 2013 02:20 AM PDT