သစ်ထူးလွင် |
- မြို.နယ်တစ်ချို.တွင် ပုဒ်မ ၁၈၈ထုတ်ပြန်
- အစိုးရအဖွဲ့အနေဖြင့် အကြမ်းဖက်ရန် လှုံ့ဆော်မှုများကို အစွမ်းကုန် တားဆီးကိုင်တွယ်သွားမည်
- အိုးသည်ကုန်း မြို့မှာ ဆူပူ တိုက်ခိုက်မှုဖြစ်ပွား
- ပဋိပက္ခများဖြစ်ပွားနေသည်ဟု ကောလဟာလများကြောင့် လူများစိတ်နှောင့် အယှက်ဖြစ်နေ
- ကောလာဟလများကို မယုံရန် တာဝန်ရှိသူများ ပြောကြား
- အကြမ်းဖက်လုပ်ရပ် လှုံ့ဆော်မှုကြောင့် မင်္ဂလာတောင်ညွန့်ပြည်သူများ ထိတ်လန့်
- မင်္ဂလာတောင်ညွန့်တွင်ဖြစ်ပေါ်နေသောသတင်းများမဟုတ်မှန်
- ရန်ကုန်မြို့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်
- နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ
- သံတွဲခရိုင် လ၀က ရုံး မီးလောင်
- ၁၂၄ အထူး ယာဉ်အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ယာဉ်များကိုဝင်တိုက်
- သံဃာစာမေးပွဲများ ရက်ရွှေ့ဆိုင်း
- ခုလက်ရှိလုပ်နေတဲ့အလုပ်မှာ မပျော်ကြဘူးလား? ဘာကြောင့်လဲ?
- ထိုင်းငါးဖမ်းလှေပေါ်က ရက်စက်မှုအကြောင်း လွတ်မြောက်လာသူများ ဖွင့်ဟ
- ထွေ/အုပ်ရုံးမှ သင်္ကြန် စတစ်ကာ တစ်စောင် ကျပ် (၁၀၀၀)နှင့် အဓမ္မရောင်းချနေ
- မတ်လ (၂၈) ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၁၃)
- မတ်လ (၂၇) ရက်နေ့ ထုတ် Smart Pro Journal (မိုဘိုင်း နှင့် နည်းပညာ ဂျာနယ်) အတွဲ (၁) အမှတ် (၁၀)
- မတ်လ (၂၇) ရက်နေ့ ထုတ် Mobile Guide Issue 97
- တံတားနီနေ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပခြင်းအပေါ် ကိုစည်သူမောင်အား တရားဆွဲဆို
- မိတ္ထီလာ အကြမ်းဖက်မှု သံသယရှိသူတွေ ဖမ်းဆီးစစ်ဆေးနေ
- ပါကစ္စတန် သမ္မတဟောင်း မူရှာရက်ဖ် ပြည်တော်ပြန်
- မိတ္ထီလာမြို့ ဒုက္ခသည်တွေမှာ အမုန်းတရားတွေမတွေ့ရကြောင်း ဗီဂျေးနမ်ဘီယား ပြောကြား
- အစိုးရအနေနဲ့ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ဖို့ တောင်းဆို
- မိတ္ထီလာမြို့ အဓိကရုဏ်ဖြေရှင်းရေးဆွေးနွေးမှု မူ ၆ ချက်ချမှတ်
- တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့
မြို.နယ်တစ်ချို.တွင် ပုဒ်မ ၁၈၈ထုတ်ပြန် Posted: 25 Mar 2013 06:49 AM PDT ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို.နယ်တစ်ချို.တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ. အကြီးတန်း အရာရှိတစ်ဦးက Venus News သို. ယနေ.ညပိုင်းတွင် ပြောကြားသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
အစိုးရအဖွဲ့အနေဖြင့် အကြမ်းဖက်ရန် လှုံ့ဆော်မှုများကို အစွမ်းကုန် တားဆီးကိုင်တွယ်သွားမည် Posted: 25 Mar 2013 06:05 AM PDT အစိုးရအဖွဲ့အနေဖြင့် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အများပြည်သူ အကျိုးစီးပွား အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အစွမ်းကုန် တားဆီးကိုင်တွယ် ဆောင်ရွက်သွားမည်။ သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
အိုးသည်ကုန်း မြို့မှာ ဆူပူ တိုက်ခိုက်မှုဖြစ်ပွား Posted: 25 Mar 2013 04:45 AM PDT | ||
ပဋိပက္ခများဖြစ်ပွားနေသည်ဟု ကောလဟာလများကြောင့် လူများစိတ်နှောင့် အယှက်ဖြစ်နေ Posted: 25 Mar 2013 04:34 AM PDT မင်္ဂလာ တောင်ညွှန့်မြို့နယ်အတွင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တဝိုက်ရှိ ဆိုင် အများအပြားကို ယနေ့မွန်းလွဲပိုင်းတွင် ဆိုင်ရှင်များပိတ်သိမ်းနေသည် ဟူသော ထွက်ပေါ်နေသော ကောလာ ဟလ များကြောင့် လူအများကြား စိတ်အနှောက်အယှက် ဖြစ်နေကြောင်း ယုဇနပလာဇာတွင် ဆေးဆိုင်ဖွင့်ထားသူ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
ကောလာဟလများကို မယုံရန် တာဝန်ရှိသူများ ပြောကြား Posted: 25 Mar 2013 04:21 AM PDT မိတ္ထီလာမြို့ပေါ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများမှာ ယခုအခါ တည်ငြိမ်သွားပြီဖြစ်သော်လည်း ရန်ကုန် အပါအ၀င် အချို့မြို့ကြီးများ၌ ဆူပူမှုကို ဖြစ်ပေါ်စေရန် ကောလာဟလများ ဖြစ်ပေါ်နေမှုအပေါ် မယုံကြည်ကြရန်နှင့် နယ်မြေတည်ငြိမ် အေးချမ်းမှုရှိရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ၀ိုင်းဝန်းဆောင်ရွက်နေကြောင်း --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
အကြမ်းဖက်လုပ်ရပ် လှုံ့ဆော်မှုကြောင့် မင်္ဂလာတောင်ညွန့်ပြည်သူများ ထိတ်လန့် Posted: 25 Mar 2013 03:50 AM PDT ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင် ညွန့်မြို့နယ်အတွင်း အကြမ်းဖက် လုပ်ရပ်တွေ လုပ် ဆောင်ဖို့ အော်ဟစ် လှုံ့ဆော်သူ လူတစုကြောင့် ရပ်ကွက်နေပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ကြရပါတယ်။ မတ် ၂၄ ရက်ည သန်းခေါင်းယံ အချိန်မှာ Townace ကား ၁ စီးနဲ့ ဂျစ်ကား ၁ စီးပေါ်က လူတစုဟာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်ဖို့ လိုက်လံ လှုံ့ဆော် အော်ဟစ်ခဲ့ကြတာ ဖြစ်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
မင်္ဂလာတောင်ညွန့်တွင်ဖြစ်ပေါ်နေသောသတင်းများမဟုတ်မှန် Posted: 25 Mar 2013 03:33 AM PDT ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့် မြို့နယ်တွင် လူတစ်စုက အုပ်စုဖွဲ့၍ ရန်ပြု ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်းများ ကျယ်ကျယ် လောင်လောင်ထွက် ပေါ်နေပြီး ယင်းသတင်းများမှာ မဟုတ်မှန်ဘဲ ကောလာ ဟလများကြောင့် ယင်းမြို့နယ်တွင်း လူစုလူဝေးများ ဖြစ်ပေါ်နေခြင်းကို --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ မင်္ဂလာ တောင်ညွန့် မြို့နယ်မြင်ကွင်း - သတင်း-ဓါတ်ပုံ ၊ The Voice Weekly | ||
ရန်ကုန်မြို့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန် Posted: 25 Mar 2013 03:10 AM PDT ရန်ကုန်မြို့တွင်း ယနေ့ဖြစ်ပေါ်ခဲ့သော အခြေအနေအချို့အရ ယနေ့မွန်းလွဲပိုင်းတွင် ဒေသဆိုင်ရာ အာဏာပိုင်များမှ ပြုလုပ်သော အစည်းအဝေးအပြီး၌ ရန်ကုန်မြို့တွင် ပုဒ်မ ၁၈၈ ထုန်ပြန်ရန် အတည်ပြုဆုံးဖြတ်လိုက်သည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ လှည့်ကင်းများ ပိုမိုတိုးမြှင့် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား ၂၄.၃.၂၀၁၃ ရက်နေ့ညတွင် မြင်တွေ့ရပုံ ။ ဓါတ်ပုံ - ရန်ကုန်တိုင်း ရဲတပ်ဖွဲ့  | ||
နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ Posted: 25 Mar 2013 02:44 AM PDT လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်းရသော ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနမှ ရှာဖွေ တူး ဖေါ်ရရှိခဲ့သည်။ ကျောင်းတော်ကြီးကို ပါလ မင်းဆက် ဒုတိယ ဓမ္မပါလ မင်း လက်ထက် အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
Posted: 25 Mar 2013 02:38 AM PDT ရခိုင်ပြည်နယ် သံတွဲမြို့ရှိ သံတွဲခရိုင် လ၀ကရုံး ယမန်နေ့က မီးလောင်ရာ စာရွက် အများအပြား မီးထဲ ပါသွားသည်ဟု သတင်း ရရှိသည်။ မတ်လ ၂၃ ရက်နေ့ ညနေ ၈ နာရီ မိနစ် ၂၀ ခန့်တွင် မီးလောင်ကျွမ်းခြင်း ဖြစ်သည်ဟု သံတွဲမြို့နယ် ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
၁၂၄ အထူး ယာဉ်အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် ယာဉ်များကိုဝင်တိုက် Posted: 25 Mar 2013 02:20 AM PDT ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် မြောက်ပိုင်းခရိုင် ယာဉ်လိုင်းမှ အမှတ် ၁၂၄ အထူး ယာဉ်သည် ရန်ကုန်မြို့ ပြည်လမ်း နှင့် မင်းရဲကျော်စွာလမ်းထောင့် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ယာဉ်ကြော ညာဘက်အခြမ်းရှိ ယာဉ်ရောင်းဝယ်ရေး စခန်း အုတ်နံရံကို အရှိန်ပြင်းစွာ ၀င်တိုက်ခဲ့မှု ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
သံဃာစာမေးပွဲများ ရက်ရွှေ့ဆိုင်း Posted: 25 Mar 2013 01:59 AM PDT မြို့နယ်တချို့မှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့အတွက် သာသနာရေးဝန်ကြီးဌာနက စာဖြေသံဃာတော်တွေကို ဒီလကုန်ပိုင်း ကျင်းပဖို့ရှိတဲ့ ဓမ္မစရိယ၊ ပထမပြန်စာမေးပွဲတွေကို သင်္ကြန်ပြီးနောက်ပိုင်းမှ ကျင်းပတော့မယ်လို့ သိရပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
ခုလက်ရှိလုပ်နေတဲ့အလုပ်မှာ မပျော်ကြဘူးလား? ဘာကြောင့်လဲ? Posted: 25 Mar 2013 01:44 AM PDT ခုလက်ရှိ လုပ်နေတဲ့ အလုပ်မှာ မပျော်ကြဘူးလား။ ဘာကြောင့်လဲ။ ဒါဆိုရင် အလုပ်ခွင်တွင်း စိတ်ကျေနပ်မှုရအောင် အလုပ်မ၀င်ခင်နဲ့ အလုပ်ခွင်တွင်းမှာ ဘာတွေသိသင့်၊ လုပ်သင့်လဲဆိုတာကို လင်းလက်ကြယ်စင်က ပညာရှင်နဲ့ ဆွေးနွေးထားတာ နားဆင်နိုင်ပါပြီ။ အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ
| ||
ထိုင်းငါးဖမ်းလှေပေါ်က ရက်စက်မှုအကြောင်း လွတ်မြောက်လာသူများ ဖွင့်ဟ Posted: 25 Mar 2013 01:29 AM PDT ထိုင်းလူမျိုးပိုင် ငါးဖမ်းလှေပေါ်ကနေ ထွက်ပြေး လွတ်မြောက်လာသူ မြန်မာအမျိုးသား တွေက သူတို့ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည် ပြောပြတဲ့အခါမှာ လခမပေးဘဲ ခိုင်းရုံသာမက ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်မှုတွေလည်း ကြုံခဲ့ရတယ်လို့ ဆိုကြပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
ထွေ/အုပ်ရုံးမှ သင်္ကြန် စတစ်ကာ တစ်စောင် ကျပ် (၁၀၀၀)နှင့် အဓမ္မရောင်းချနေ Posted: 25 Mar 2013 01:13 AM PDT 25.3.2013 နံနက် (၇)နာရီမှ (၁၀)နာရီအထိ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ မွေတော် ဘုရားကြီးရှေ့တွင် ဟိုပုံးမြို့ (၅)ရက်တစ်ဈေးသို့ လာရောက်ကြသော ဒေသခံ ပအိုဝ်းတိုင်းရင်းသား ပြည်သူများ၏ ဆိုင်ကယ်၊ ထော်လာဂျီများကို မြို့နယ်အရံ မီးသတ်တပ်ဖွဲ့နှင့် မြို့နယ်ထွေ/အုပ်ရုံး မှ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
မတ်လ (၂၈) ရက်နေ့ ထုတ် အင်တာနက်ဂျာနယ် အတွဲ (၁၄) အမှတ် (၁၃) Posted: 25 Mar 2013 01:01 AM PDT | ||
မတ်လ (၂၇) ရက်နေ့ ထုတ် Smart Pro Journal (မိုဘိုင်း နှင့် နည်းပညာ ဂျာနယ်) အတွဲ (၁) အမှတ် (၁၀) Posted: 25 Mar 2013 12:59 AM PDT မတ်လ (၂၇) ရက်နေ့ ထုတ် Smart Pro Journal (မိုဘိုင်း နှင့် နည်းပညာ ဂျာနယ်) အတွဲ (၁) အမှတ် (၁၀) ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ | ||
မတ်လ (၂၇) ရက်နေ့ ထုတ် Mobile Guide Issue 97 Posted: 25 Mar 2013 12:57 AM PDT | ||
တံတားနီနေ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပခြင်းအပေါ် ကိုစည်သူမောင်အား တရားဆွဲဆို Posted: 24 Mar 2013 08:36 PM PDT တံတားနီနေ့ အခမ်းအနားကို မတ်လ ၁၆ရက်နေ့တွင် ပြည်လမ်းမပေါ်ရှိ အင်းလျား ကန်ဘောင်ပေါ် တွင် ပြုလုပ်ခဲ့ကြောင်း ခြင်းကြောင့် ရန်ကုန် စီးပွားရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တ.က.သ) မှ ကိုစည်သူမောင်အား တရားဆွဲ ဆိုထားကြောင်း သိရသည်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
မိတ္ထီလာ အကြမ်းဖက်မှု သံသယရှိသူတွေ ဖမ်းဆီးစစ်ဆေးနေ Posted: 24 Mar 2013 08:26 PM PDT မိတ္ထီလာမြို့ နောက်ဆုံးအခြေအနေ နဲ့ သေဆုံးမှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး ဦးမင်းအောင်ကို ညဦးပိုင်းက ဆက်သွယ်မေးကြည့်ရာမှာ နောက်ဆုံးစာရင်းအရ သေဆုံးသူ ၃၆ ဦးရှိပြီး၊ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ် ၁၃၃ လုံးအနက်၊ ၁၀၃ အိမ်ဟာ မွတ်ဆလင်တွေရဲ့ အိမ်တွေဖြစ်တယ်လို့ ပြောပါတယ်။ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
ပါကစ္စတန် သမ္မတဟောင်း မူရှာရက်ဖ် ပြည်တော်ပြန် Posted: 24 Mar 2013 06:13 PM PDT ပါကစ္စတန် သမ္မတဟောင်း ပါဘက် မူရှာရက်ဖ် ဟာ တိုင်းပြည် ပြင်ပမှာ သူ့သဘောနဲ့ သူ အဝေးရောက် အနေနဲ့ ၄ နှစ်ကြာ နေထိုင် ခဲ့ပြီး နောက် အခုတော့ ပါကစ္စတန် ကို ပြန်သွား ခဲ့ပြီ ဖြစ်ပါတယ်။ ပါကစ္စတန် ကရာချိ လေဆိပ်ကို ရောက်လာတဲ့ မူရှာရက်ဖ်ကို လက်နက် အပြည့် အစုံ တပ်ဆင် ထားတဲ့ ---- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||
မိတ္ထီလာမြို့ ဒုက္ခသည်တွေမှာ အမုန်းတရားတွေမတွေ့ရကြောင်း ဗီဂျေးနမ်ဘီယား ပြောကြား Posted: 24 Mar 2013 06:02 PM PDT မိတ္ထီလာမြို့မှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံတွေ စိုးရိမ် ကြောက်ရွံ့ နေကြပေမယ့် နှစ်ဖက်စလုံးမှာ အမုန်းတရားတွေ မတွေ့ရဘူးလို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား (V J Nambiar) က ပြောကြားလိုက်ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
အစိုးရအနေနဲ့ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ဖို့ တောင်းဆို Posted: 24 Mar 2013 05:55 PM PDT ကိုးကွယ်ယုံကြည်သူ အမျိုးမျိုး စုပေါင်းနေထိုင် နေကြတဲ့ မြန်မာနိုင်ငံမှာ ပြည်သူအားလုံး ချစ်ကြည်ငြိမ်းချမ်း နေထိုင်ကြဖို့၊ အစိုးရအနေနဲ့ လုံခြုံရေးကိစ္စ တိုးမြှင့်ဆောင်ရွက်ဖို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့က ဒီကနေ့ သဘောထား ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
မိတ္ထီလာမြို့ အဓိကရုဏ်ဖြေရှင်းရေးဆွေးနွေးမှု မူ ၆ ချက်ချမှတ် Posted: 24 Mar 2013 05:48 PM PDT မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပက်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦး မနေ့ကတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။--- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||
တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့ Posted: 24 Mar 2013 04:31 PM PDT မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ်မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။ မန္တလေးတိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ(အနော်ရထာ)ရပ်ကွက် မှာ ပလီတစ်ခုအပါအဝင် အိမ်ငါးလုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ --- သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
You are subscribed to email updates from Thit Htoo Lwin To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |