March 25, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

ရန်ကုန်တွင် ပဋိပက္ခဖြစ်စေရန် သွေးထိုးလှုံ့ဆော်မှုတချို့ ရှိနေ

မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းလျက်ရှိသော အခြေအနေများကို တမင်ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် နေခြင်းပြီး ပဋိပက္ခများဖြစ်ပွားစေရန် စနစ်တကျ အကွက်ကျကျ လုပ်ဆောင်ခြင်းဖြစ်သည် Read More

 

အဓိကရုဏ်း ဖြစ်ပွားမှုတွင် ပါဝင်သည်ဟု ယူဆရသူ ၄၀ ကို ဖမ်းထားပြီ

အစိုးရအနေနဲ့ ပြဿနာ ထပ်မဖြစ်အောင် ထိန်းမယ်။ စားရေးသောက်ရေး စီစဉ်ပေးရမယ်။ အဆောက်ဦးတွေနဲ့ နေစရာတွေ ပြန်ဆောက် ပေးရမယ်၊ နေရာ ချထားပေးရမှာပေါ့ Read More

 

KIA နှင့် အစိုးရတပ်များ တိုက်ပွဲပြန်ဖြစ်

ကချင် လွတ်လပ်ရေး တပ်မတော်(KIA) နှင့် အစိုးရ စစ်တပ်တို့ အကြား ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၄ ထိန်းချုပ် နယ်မြေ၌ ယနေ့မနက်ပိုင်းတွင် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သတင်းရသည်။ Read More

 

ကရင်နီ မီးဘေးဒုက္ခသည်များ ပြန်လည် ထူထောင်ရေး အကူအညီ လိုအပ်

နေထိုင်စရာ ရွက်ဖျင်တဲများ၊ စောင်၊ အနွေးထည်များနှင့် စားသောက်ဖွယ်ရာ တချို့ကို UNHCR မှ ကူညီ ထောက်ပံ့ပေးနေကြောင်း၊ စခန်းအနီးရှိ သဲသောင်ပြင်၌ ရွက်ဖျင်တဲများ တည်ဆောက်၍ နေရာချထားပေးကြောင်း ဒုက္ခသည်များကို ကူညီပေးနေသူ ကရင်နီ အမျိုးသမီးအဖွဲ့မှ မအဲလီဇာက ပြောသည်။ Read More

 

အခြေခံဥပဒေ ပြင်ဆင်ရေး တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

အားလုံးဖျက်ပစ်ပြီး အသစ်ပြန်ရေး ဆွဲမလား ဆိုတာ ပြည်သူထူထု တရပ်လုံးရဲ့ သဘောတူ ထောက်ခံမှုနဲ့ ဆောင်ရွက်ရမှာပါ။ ပြင်ဆင်မလား၊ အသစ်ပြန်ဆွဲမလား၊ ပြင်ဆင်စရာတွေက များလွန်းတော့ စာအုပ်အဖုံးက စပြီး ပြင်ရမှာပါ Read More

 

မြန်မာနိုင်ငံသား ၂၉ ဦး ရောင်းစားခံရ

ထိုင်းနိုင်ငံ တောင်ပိုင်း တရန်း (Trang) မြို့နယ်ရှိ ကန်တန် (Kantang) လှေဆိပ်တွင် ရေလုပ်သားအဖြစ် ရောင်းစား ခံထားရသည့် မြန်မာ နိုင်ငံသား ၂၉ ဦးကို ထိုင်း အာဏာပိုင်းများက မကြာသေးခင် ရက်ပိုင်းက သွားရောက် ကယ်ခဲ့သည်။ Read More

 

ခေါင်းပုံဖြတ်ခံရသည့် ထိုင်းရောက် မြန်မာ အလုပ်သမားများ ပြည်တော်ပြန်

လစာထဲမှ စားစရိတ်အပါအ၀င် အမည်မသိ ဖြတ်ငွေမှာ ပုံမှန် တလ ဘတ်ငွေ ၅၄၀၀ ရှိခဲ့ကြောင်း၊ အဆိုပါ ကိစ္စများကို ပြောဆိုတင်ပြခဲ့၍ ယခုကဲ့သို့ လုပ်ကြံခြင်း ခံရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။ Read More

 

“ယုံကြည်မှုမရှိလို့ ယုံကြည်မှု တည်ဆောက်နေတယ်”

အခု လောလော ဆယ်တော့ ယုံကြည်မှုမရှိလို့ ယုံကြည်မှု တည်ဆောက်နေတယ်။ ယုံကြည်လာအောင် ဘယ်လို လုပ်ကြမှာလဲ ဆိုတာ အခု ပြောကြဆိုကြနေတာပဲလေ။ ဒါကတော့ ဒုတိယ အဆင့်ပေါ့ Read More

 

ငြိမ်းချမ်းရေးရဖို့ တရားဥပဒေ စိုးမိုးရမည်

တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက် ပျက်ပြားစေသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေရန် ဖန်တီးလှုံ့ဆော်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ရှုတ်ချပါကြောင်း Read More

 

ရန်ကုန်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်သည်ဆိုသော သတင်းမဟုတ်မှန်ဟုဆို

ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပုဒ်မ ၁၈၈ ထုန်ပြန်ရန်အတည်ပြုဆုံးဖြတ်လိုက် သည်ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်းရန်ကုန်တိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။ Read More

 
 

ရန်ကုန်တိုင်း အစိုးရနှင့် ဘာသာပေါင်းဆုံ စည်းဝေး

ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းအစိုးရ အဖွဲ့နှင့် ရန်ကုန်ရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္နူဘာသာ စသည့် ဘာသာရေး ခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်ကြောင်း သတင်းရရှိသည်။ Read More

 
 

ရန်ကုန်တွင် အစိုးရနှင့် ဘာသာရေး ခေါင်းဆောင်များ အစည်းအဝေး ထိုင်

ရန်ကုန်မြို့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်ရှိ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္နူဘာသာ တို့မှ ဘာသာရေး ခေါင်းဆောင်များ အစည်းအဝေး ထိုင်နေကြောင်း သတင်းရရှိသည်။ မကြာသေးမီ ရက်ပိုင်းက မိတ္ထီလာမြို့တွင် ဆူပူအကြမ်းဖက် သတ်ဖြတ် မီးရှို့မှုများ ဖြစ်ပြီးနောက်ပိုင်း မိတ္ထီလာမြို့နှင� ��် အနီးတ၀ိုက်ကို သမ္မတ ဦးသိန်းစိန် အစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီးနောက်ပိုင်း ကောလဟာလ လွှင့်ထုတ်မှုများသည် ရန်ကုန်တိုင်း အတွင်းသို့ပါ ကူးစက်ပြန့်ပွားလာမည်ကို စိုးရိမ်၍ မလိုလားအပ်သည့် အခြေအနေများ၊ မတည်ငြိမ်မှုများ မဖြစ်ပေါ်လာစေရေးအတွက် ယခုကဲ့သို ရန်ကုန်တိုင်း အစိုးရက အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။ Read More

 
 

ဂျပန် နစ်ဆန်း ကုမ္ပဏီ မြန်မာ ၌ ကားအပိုပစ္စည်း ထုတ်လုပ်ရန် စီစဉ်

ဂျပန် နစ်ဆန်းကုမ္ပဏီသည် ၂၀၁၁ ခုနှစ်က ကား အပိုပစ္စည်း အစိတ်အပိုင်းများနှင့် ၀န်ဆောင်မှု စင်တာ ဖွင့်လှစ်ခဲ့ပြီး နောက် ယခု အခါ ကား အပိုပစ္စည်း ထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် စီစဉ်နေကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ Read More

 
 

ကရင်နီ ဒုက္ခသည် စခန်း မီးလောင်၊ ၃၆ ဦး သေဆုံး

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်ရှိ ကရင်နီ ဒုက္ခသည် စခန်း သောကြာနေ့က မီးလောင်ရာတွင် လူ ၃၆ ဦး သေဆုံးပြီး ၂၃၀၀ ခန့် အိုးအိမ်မဲ့ ဖြစ်သွားကြောင်း တာဝန်ရှိသူ တဦးက ပြောသည်။ Read More

 
 

The New Light of Myanmar သတင်းစာ အကျိုးတူဖက်စပ် လုပ်ရန် ဖိတ်ခေါ်

ပြန်ကြားရေး ၀န်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း မှ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသည့် The New Light of Myanmar နေ့စဉ်ထုတ် သတင်းစာကို အကျိုးတူ ဖက်စပ်လုပ်ကိုင်ရန် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ Read More

 
 

ဆူပူအကြမ်းဖက် မီးရှို့မှု၌ ပါဝင်ပတ်သက်သူများ ဖမ်းဆီးအရေးယူ

မန္တလေးတိုင်း မိတ္ထီလာမြို့ နှင့် လယ်ဝေးမြို့နယ်၊ ရမည်းသင်း မြို့နယ်များ၌ ဆူပူအကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုများတွင် ပါဝင် ပတ် သက် သည်ဟု ယူဆရသူများကို အာဏာပိုင်များက ဖမ်းဆီးအရေး ယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။