ဒီမိုဝေယံ

ဒီမိုဝေယံ


အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း သီတဂူဆရာတော်..

Posted: 16 Mar 2013 08:31 AM PDT

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း
သီတဂူဆရာတော်

လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။

နှစ် ၆၀ ဆူးခင်းသောလမ်းခရီး
ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ
ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။

အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။

ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။

နှစ် ၆၀အတွင်း ပန်းခင်းသောလမ်းဖန်တီးသည် မတွေ့ခဲ့
စွန့်လွတ်ပုံ အမျိုးမျိုးတော့ရှိတယ်။ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးအတွက် အောင်ဆန်းတစ်ယောက်နဲ့ အပေါင်းပါ၊ ခေါင်းဆောင်ကြီးတွေ အများကြီးပဲ၊ အသက်တွေ စွန့်လွတ်သွားကြတာပဲ။ အဲဒီတော့ အောင်ဆန်းသေပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးရ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ လောက်ခရီးမှာ နိုင်ငံတော်တစ်ခုလုံးရဲ့ ဆူးခင်းသောလမ်းကြမ်းကြီးကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းပေးခဲ့ ခေါင်းဆောင်ဟာ ဒို့တိုင်းပြည်မှာ မတွေ့ခဲ့ဘူး။

Golden Gate ကိုဖွင့်ပေးသူ အောင်ဆန်းသမီး

နောက်တစ်ခါ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ပေးနိုင်တဲ့သူ ဒီကနေ့ တွေ့ပြီ။ "အောင်ဆန်းမရှိတဲ့ နောက်ပိုင်းမှာ အောင်ဆန်းသမီးတစ်ယောက် ပေါ်လာတာဟာ ဒို့အတွက် အတော် ကံကောင်းတယ်၊ နောက်တစ်ခါ တပ်မတော်ကြီးအတွက်လည်း သိပ်ကံကောင်းတယ်။ မစုတစ်ယောက်ဟာ ဒီပဲရင်းကိစ္စကြီးတစ်ခုလုံးကို လုံးဝ မျှက်နှာလွဲပြီး ခွင့်လွတ်ထားတာ။" ဘာ အစအနမှ ပြန်မဖော်ဘူးဆိုရင် လက်ပန်တောင်းတောင်က ကိစ္စကိုလည်း အားလုံးက ဒီလိုပဲ "အော် မစုတောင် ဒီလောက်ကြီး ခွင့်လွတ်နိုင်ရင် ဒို့တတွေလဲ ခွင့်လွတ် ကျေနပ်ကြဖို့ ကိစ္စဟာ နှလုံးသားထဲမှာ စွဲစွဲမြဲမြဲထား။" ဒီမူဝါဒ သုံးခုပေါ့လေ။ ငါတွေးထားတာ အားလုံးရှိဖို့ကောင်းတယ်။

အဲဒါကြောင့် Union Of Myanmarကို United Myanmar ဖြစ်အောင်၊ Golden Myanmar ဖြစ်အောင် ကြိုးစားကြ။ တိုင်းသူ ပြည်သားအားလုံးဟာ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ ပြီးတော့ "အနည်းငယ်မျှသော အကျိုးအမြတ်ကို စွန့်လွတ်မှ ကြီးကျယ်တဲ့ အကျိုးမြတ်ကို ရရှိနိုင်မှာ" ဖြစ်တယ်။ အဲဒီအချက်သုံးချက်ကိုတော့ ငါ အလေးအနက် ထားပြီး ပြောချင်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို နည်းယူ

အေးး- ငါပြောချင်သေးတာက ဘာလဲလို့ဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့ ဖွံ့ဖြိုးတိုးတက်ပုံ၊ တစ်ကမ္ဘာလုံးကို လွမ်းမိုးနိုင်ပုံတွေကို သင်္ခန်းစာ ယူရမည်။ နည်းယူရမည်၊ အမေရိကန်ဆိုတာ နှစ် ၃၀၀ လောက်ပဲ ရှိသေးတယ်။ အမေရိကန်ပေါ်လာတာနော်။ United States ဆိုတာ နှစ်ပေါင်း ၃၀၀ လောက်ပဲ ရှိသေးတယ်။ ပြန်ကြည့်၊ လွတ်လပ်ရေး သက်တမ်းကို ကြည့်၊ သူတို့လည်းပဲ တခါတည်း သတ်ဖြတ်၊ တိုက်ခိုက်ပြီးတော့ လာခဲ့ကြတာ၊ ပြီးတော့ ၀ါရှင်တန်ဆိုတာကို ရလိုက်တော့မှ United States ဆိုတာဖြစ်သွားတာ။ သူတို့သမိုင်းဟာ ဘာမှ မကြာသေးဘူး။ အင်္ဂလိပ်တွေကို ကြည့်၊ United Kingdom။ ဝေလက တစ်ရှင်ဘုရင်၊ စကော့တလန်က တစ်ရှင်ဘုရင်၊ အိုင်ယာလန်က တစ်ရှင်ဘုရင်၊ အင်္ဂလန်က တစ်ရှင်ဘုရင်၊ ဘုရင်ပေါင်းများစွာ ကွဲကွဲပြားပြား ဖြစ်နေတာ၊ အဲဒီလို အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့အချိန်မှာ ဒီဘက်က ပြင်သစ်က နပိုလီယံရဲ့ ခြိမ်းခြောက်မှုကို ခံရတဲ့ အချိန်မှာ အစိပ်စိပ်အမွှာမွှာ ကွဲနေတဲ့ ပဒေသရာဇ်ဘုရင်နေရာမှာ အကုန်ပေါင်းပြီးတော့ United Kingdom လုပ်ခဲ့တာ နှစ် ၂၀၀ ကျော်ပဲရှိသေးတာ။ အဲဒီတော့ United လုပ်နိုင်တဲ့ အဲဒီလူတွေဟာ United ကို ဘာမူနဲ့ လုပ်သွားကြသလဲ ဆိုလို့ရှိရင် ခုနက ငါပြောသလို ခွင့်လွတ်ခြင်းနဲ့ သည်းခံခြင်း၊ ပြီးတော့ သူတပါးတွေရဲ့ အပြစ်ကို မေ့ပျောက်ခြင်း၊ နောက်ပြီးတော့ ကိုယ့်အကျိုးစီးပွား၊ အနည်းငယ်မျှသော စီးပွားကို စွန့်လွတ်ခြင်း၊ အဲဒီမူ လေးချက်နဲ့ United States နှင့် United Kingdomတွေ ဖြစ်လာတာ။

ပြည်ထောင်စုမြန်မာနိုင်ငံ (Union Of Myanmar)
ဒို့ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ သမိုင်းကို တိုတိုလေးပြန်ကြည့်၊ ငါအခု ပုဂံမှာ အနားယူနေတာ၊ မင်း လာမေးတော့ ငါကလဲပဲ ပြောချင်စိတ်ပေါက်နေတာ၊ စိတ်ထဲမှာ ပင်ပန်းလွန်းလို့။ "တိုင်းပြည်အတွက် ဒီလောက်စွန့်လွတ်တဲ့ သူကို ၀ိုင်းပြီး ရန်တွေ့တာ စိတ်မချမ်းသာစရာကောင်းတယ်။" ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပထမဆုံး စည်းလုံးခဲ့တာ အနောရထာ မို့လားကွ၊ အနောရထာဟာ အေဒီ ၁၁ ရာစုဆိုတော့ ဒို့မြန်မာနိုင်ငံရဲ့ စည်းလုံးမှုဟာ အင်္ဂလိပ် အမေရိကန်တို့ထက် သက်တမ်း ရှည်ပြီကွ၊ နှစ်ပေါင်း ၉၀၀ ရှိပြီ။ အဲဒီ အနော်ရထာ စည်းစည်းလုံးလုံးနဲ့ တည်ထောင်ထားခဲ့တဲ့ United Myanmar ကို ဖျက်စီးပြစ်ကြတာတော့ ပုဂံသမိုင်းမှာ ပြန်ဖတ်၊ တိုတိုလေး၊ ငါပြောမယ်၊ သီဟပတိဆိုတဲ့ ဘုရင်နှင့် နရသူဆိုတဲ့မင်းပဲ၊ မင်းနှစ်ပါးအကြောင်း အကျယ်မပြောဘူးကွာ၊ ပုဂံသမိုင်းမှာ အဲဒီမင်းနှစ်ပါးကို ဘယ်လိုရေးထားလဲ။ သီဟပတိမင်းကို ဘာခေါ်လဲဆိုတော့ တရုပ်ပြေးမင်းလို့ခေါ်တယ်။ နရသူကိုတော့ ကုလားကျမင်းလို့ ခေါ်တယ်။ အဲဒါဟာ ဒို့နိုင်ငံသူ နိုင်ငံသားတွေ သိပ်သတိထားရမည့် အချက်ပဲ။ တရုပ်ပြေးမင်းနှင့် ကုလားကျမင်း အဲဒီမင်းနှစ်ပါးတို့ကြောင့် အနော်ရထာ စုစည်းညီညွတ်စွာ တည်ထောင်ခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ အစိပ်အစိပ်အမွှာမွှာ ပျက်စီးခဲ့တယ်။

ရာဂျမင်းဆိုတာ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပတိက္ခယ မင်းသမီးကို လက်ထပ်ခဲ့တဲ့ ဘုရင်ကွ၊ အဲဒီလူ ကုလား သတ်လို့သေတာပဲ။ အဲဒါကြောင့် "တိုင်းပြည်မှာ အဖက်ဖက်က တရုပ်ကတစ်မျိုး၊ ကုလားကတစ်မျိုး၊ ခိမ်းခြောက်နေတဲ့အချိန်မှာ ဒီလို ရှားရှားပါးပါး ရထားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ကို ဒို့တတွေက အားမပေးဘူးဆိုရင် အင်္ဂလိပ်ကျမင်းဆိုတဲ့ သီပေါမင်းဆိုတာလဲ ရှိသေးတယ်။" အဲဒီသမိုင်းတွေကို ဆက်လက်ပြီး စဉ်းစားကြ။

အဲဒီတော့ ဒီအချိန်မှာ ရှေးရှေးက အသက်စွန့်သွားကြတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေရဲ့ လွတ်လပ်ရေးနဲ့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေကို ညီညွတ်ခြင်းဖြင့် ဒို့တတွေဟာ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ညီညွတ်ခြင်းဆိုတဲ့ ကိစ္စကလဲ သည်းမခံနိုင်ရင် မညီညွတ်ဘူး၊ ခွင့်မလွတ်နိုင်ရင် မညီညွတ်ဘူး၊ မစွန့်လွတ်နိုင်ရင် မညီညွတ်ဘူး၊ မေ့ပျောက်ခြင်း မရှိရင်လဲ မညီညွတ်ဘူး၊ အဲဒါကြောင့် Tolerance, Forgiveness, Sacrificed, Forgetness၊ အဲဒီအထဲမှာ ထပ်ပြောရရင် self-forgeteness ကိုယ်ကျိုးကိုယ့်စီးပွားကို မေ့ပျောက်ခြင်းဆိုတဲ့ အဲဒီအခြေခံမူလေးနဲ့ Union Of Myanmar ဆိုတဲ့နိုင်ငံတော်ကို ဆက်လက်၍ ထိမ်းသိမ်း စောင့်ရှောက်ကြပါစို့လို့ အလေးအနက်ပြောချင်ပါတယ်။

သီတဂူဆရာတော်ပြောသော "စည်းလုံးညီညွတ်ခြင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် Union Of Myanmar" ဒီဗီဘီ အင်တာဗျူးအသံဖိုင်မှ စာအဖြစ် ဖန်တီးသည်။
 
Credit by သီတဂူစကား
http://www.sitagustar2020.net/2013/03/blog-post_16.html

The Voice Weekly ဂျာနယ်..

Posted: 15 Mar 2013 11:54 PM PDT

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်လူမှု အဖွဲ့အစည်းများ ရန်ကုန်မြို့၌ တွေ့ဆုံ၊ ရိုဟင်ဂျာသည် တိုင်းရင်းသား မဟုတ်သည်မှာ သမိုင်းအထောက်အထား ခိုင်လုံစွာရှိဟု ဒေါက်တာအေးချမ်း ပြောကြား

Posted: 14 Mar 2013 09:00 PM PDT

ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်လူမှု အဖွဲ့အစည်းများ ရန်ကုန်မြို့၌ တွေ့ဆုံ၊ ရိုဟင်ဂျာသည် တိုင်းရင်းသား မဟုတ်သည်မှာ သမိုင်းအထောက်အထား  ခိုင်လုံစွာရှိဟု ဒေါက်တာအေးချမ်း ပြောကြား

Politic-11-march14
ဒေါက်တာအေးချမ်းမှ ရှင်းလင်းပြောကြားနေစဉ်
ဂျပန်နိုင်ငံ Kanda University ၏ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းနှင့် ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်လူမှုရေး အသင်းအဖွဲ့များသည် မတ်လ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ MICT Park (လှိုင်တက္ကသိုလ်ဝင်း) ၌ တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက ရခိုင်သမိုင်းကြောင်းများ၊ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အစရှိသည်တို့နှင့် စပ်လျဉ်းသော အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ရိုဟင်ဂျာလူမျိုးဆိုသည်မှာ သမိုင်းတွင် မရှိကြောင်း၊ သမိုင်းဆရာဆိုသည်မှာ မျိုးချစ်စိတ်အစွဲဖြင့် မှတ်ယူ၍ မရသလို မဟုတ်တာကိုလည်း ပြောလို့မရကြောင်း၊ အထောက်အထားမရှိဘဲ မည်သည့်အရာကိုမှ ပြောလို့မရကြောင်း၊ ယခုသမိုင်းများကို ရေးသည့်အခါတွင် မျိုးချစ်စိတ်ကို ဖယ်ထားကာ အမှန်တရားကို တင်ပြနိုင်ရန် ကြိုးစားပါကြောင်း၊ လူမျိုးဖက်ကို လိုက်ပြီး ပြောခြင်းကို ဘယ်တော့မှ မလုပ်ကြောင်း စသည်ဖြင့် ဒေါက်တာအေးချမ်းက ပြောသည်။
ဒေါက်တာအေးချမ်းက "ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံသမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတိုင်း ကျွန်တော်အမြဲကြေညာခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် လူ့အခွင့်အရေးကို မလေးစားတဲ့သူ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို မလေးစားတဲ့ စကားလည်း တစ်ခွန်းမှ မပြောပါဘူး။ ကျွန်တော့်မှာ အထောက်အထား ခိုင်လုံစွာ ရှိပါတယ်" ဟု ပြောသည်။
ယခု အဖြစ်အပျက်များသည် ဗြိတိသျှ ကိုလိုနီဘ၀တွင် အနှစ်တစ်ရာကျော် နေခဲ့ရသည့်စနစ်၏ ဆိုးမွေတစ်ခုဖြစ်ကြောင်း၊ ဗြိတိသျှလက်ထက်တွင် ချောင်ဒရီစနစ်ဟုခေါ်သည့် လယ်ယာမြေကို တောများကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေလုပ်ခွင့်ပေးကာ ၁၀ နှစ်တိတိ အခွန်မဆောင်ရသည့် စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် ကိုလိုနီလက်အောက်ခံ ဆန်စပါးကုမ္ပဏီများသည် စစ်တကောင်းသားများကို ရခိုင်ကို သွားခိုင်းကြောင်း၊ အကျိုးအမြတ်များစွာ ရရှိသည့်အတွက် စစ်တကောင်းသားများစွာ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာကြောင်း စသည်ဖြင့်လည်း ၎င်းက ပြောသည်။
"ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ရုတ်တရက်ထပြီး ပေါက်ကွဲခဲ့တာ မဟုတ်ပါဘူး။ တစ်ငွေ့ငွေ့လောင်နေတဲ့ မီးပါ။ ဒီလို တစ်ငွေ့ငွေ့လောင်တဲ့ မီးဟာ အနှစ် ၇၀ ကျော်လာပါပြီ။ ဒါကို ကျွန်တော်တို့က သတိမရဘဲ မေ့မေ့လျော့လျော့ နေခဲ့ကြတယ်။ တစ်ချိန်မှာ ဖြစ်လာမယ်ဆိုတာကို မတွေးမိခဲ့ကြဘူး။ အခု ထပေါက်ကွဲလာတော့မှ အလွန် စိတ်မချမ်းသာစရာ အဖြစ်မျိုးလို့ ဆိုရမယ်။ ဒီကာလမှာ ဒီလိုချိန်ကိုက်ဗုံးမျိုး ပေါက်ကွဲလာမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး" ဟုလည်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဌာနေရခိုင်လူမျိုးများနှင့် ဘင်္ဂါလီများ အတူယှဉ်တွဲ နေထိုင်ရန် ပြောဆိုမှုများနှင့် ပတ်သက်၍ "ဘာသာရေးစစ်ပွဲ (ဂျီဟတ်စ်) ဆင်နွှဲဖို့ ပိုက်ဆံတွေ လှူကြပါ။ ဘာသာရေး စစ်ပွဲအတွက်ဆိုပြီး ဒီလက်ကမ်းစာစောင်တွေကို အစ္စလာမ်မစ်နိုင်ငံတွေမှာ ဝေပါတယ်။ ပိုက်ဆံထည့်ဖို့အတွက် ဘဏ်အကောင့်တွေ ပေးထားတယ်။ စစ်တကောင်းနဲ့ ဒါရ်ကာမှာရှိတဲ့ ဘဏ်တွေက ဘဏ်အကောင့်တွေပါ။ အဲဒီတော့ ဒီလိုအကြံအစည်မျိုးရှိတဲ့ လူတွေက ကျွန်တော်တို့ ရခိုင်လူမျိုးတွေနဲ့ ငြိမ်းချမ်းစွာ အတူနေထိုင်ချင်ပါတယ်၊ ညီအစ်ကိုလို နေချင်ပါတယ်လို့ဆိုရင် ဒီမှာ ယုံတဲ့သူ ပါသလား" ဟု တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား မေးခွန်းထုတ်ခဲ့သည်။
Politic-10-march14
တက်ရောက်လာသော ပရိသတ်များအား မြင်တွေ့ရစဉ်
ရိုဟင်ဂျာ စကားလုံးနှင့် ပတ်သက်၍လည်း ဒေါက်တာအေးချမ်းက ရိုဟင်ဂျာဆိုသည့် စကားသည် ၁၉၅၁ ခုနှစ်တွင် ဘူးသီးတောင်မြို့နယ် လူမျိုးစု လွှတ်တော်ကိုယ်စားလှယ် မစ္စတာ အဘူဂဖားက ဂါးဒီးယန်းသတင်းစာ၌ ဆောင်းပါးတစ်ပုဒ်ရေးရာတွင် ဘူးသီးတောင်၊ မောင်းတောတွင်ရှိသော မွတ်စလင်များသည် တစ်ဖက်နိုင်ငံမှ ခိုးဝင်လာသော သူများမဟုတ်ဘဲ ဟိုးရှေးပဝေသဏီ ရှေးရာစုကတည်းက အာရပ်လူမျိုးများ သင်္ဘောပျက်ကာ ရခိုင်ကမ်းခြေတွင် တင်ကျန်ပြီး အခြေစိုက် ဆင်းသက်လာသည်ဟု ရေးခဲ့ကြောင်း၊ ပိုနာသည့် နောက်တစ်ချက်မှာ ၎င်းတို့သည် ဒေသခံ ရခိုင်အမျိုးသမီးများနှင့် အိမ်ထောင်ကျပြီးမှ ရိုဟင်ဂျာဆိုပြီး ဆင်းသက်လာခြင်းဖြစ်ကြောင်း၊ ဖြစ်နိုင်ပါ့မလားဆိုသည်ကို စဉ်းစားကြစေချင်ကြောင်းလည်း ဒေါက်တာအေးချမ်းက ဆက်ပြောပါသည်။
"ဒါကို ကျွန်တော်နဲ့ ပြင်သစ်သမိုင်းပညာရှင် ဂျက်လိုင်ဒါတို့က ပြန်လည်ချေပဖူးပါတယ်။ အာရပ်သင်္ဘော ပျက်တယ်ဆိုတာဟာ ခိုင်မာတဲ့ အထောက်အထား မဟုတ်ပါဘူး။ ကျွန်တော်တို့ သမိုင်းပညာရှင်တွေဆိုတာ Primary Sources လို့ခေါ်တဲ့ မူရင်းအထောက်အထားကိုပဲ ကိုင်ပြီးပြောပါတယ်။ Secondary Sources ဆိုတာ အလွန်သံသယဖြစ်ဖို့ ကောင်းပါတယ်။ နောက်ထပ်က လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်" ဟု ၎င်းက ဆက်ရှင်းပြခဲ့သည်။
ပွဲအပြီးတွင် ဒေါက်တာအေးချမ်းက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ရာတွင် "ဒီလိုမျိုးပွဲမျိုး များများလုပ်ပေးမှ သမိုင်းအမှန်ကို ကိုယ့်ရခိုင်လူမျိုးတွေလည်း သိမယ်။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း သိမယ်။ ကျွန်တော့်ကို မေးပါတယ်။ ဒီလိုပွဲမျိုး လုပ်တာဟာ ရခိုင်ပဋိပက္ခကို ပိုကြီးစေချင်လို့လားတဲ့။ မဟုတ်ပါဘူး။ ဒီလိုပွဲမျိုး လုပ်တဲ့အတွက် ပဋိပက္ခတွေက ပိုပြီးတော့တောင် ငြိမ်သွားပါဦးမယ်။ ကျွန်တော် မွတ်စလင် လူငယ်တစ်ယောက်နဲ့ တွေ့ပါတယ်။ ရခိုင်ပြည်ကပါပဲ။ သူက ရခိုင်ပြည်ဟာ သူ့မြေ၊ သူ့ဒေသလို့ ထင်နေတယ်။ သူတို့တွေဟာ ရခိုင်ပြည်ရဲ့ မြေရှင်တွေလို့ ထင်နေတယ်။ သူ့အသက်က ၂၀ ကျော်လောက်ပဲ ရှိမယ်။ တကယ်ကို ထင်နေတာ။ အဲဒီမှာ ကျွန်တော်က ကျွန်တော့်မှာရှိတဲ့ သမိုင်းအထောက်အထားတွေ ပြလိုက်တယ်။ မင်းတို့က ဧည့်သည်တွေ၊ ငါတို့က အိမ်ရှင်တွေ။ မင်းတို့က ဧည့်သည်လိုနေရင် ငါတို့က အိမ်ရှင်လို မနေနိုင်စရာ အကြောင်းမရှိဘူး။ မင်းတို့က မှားနေတာ။ အဲတော့ ဒီလိုနားလည်မှုကို သူတို့ကိုလည်း ပေးရမယ်။ အဲဒါမှ သူတို့က အမှန်တရားကိုသိပြီး ပိုပြီးတော့ ငြိမ်သွားမယ်လို့ ယူဆပါတယ်" ဟု ထည့်သွင်း ပြောကြားသွားသည်။

ပွဲအပြီး မေးမြန်းခဲ့သော မေးခွန်းနှင့် အဖြေအချို့
မေး - ကျောက်စာဟာ Primary Source လား။ Secondary Source လား။
ဖြေ - Primary Source ပါ။
မေး - အာနန္ဒစန္ဒြ ကျောက်စာပါ စကားများသည် ရခိုင်စကားလား၊ ဗမာစကားလား။
ဖြေ - ရခိုင်စကားလည်း မဟုတ်ပါဘူး။ ဗမာစကားလည်း မဟုတ်ပါဘူး။ သက္ကတ ဘာသာစကား ဖြစ်ပါတယ်။
မေး - အာနန္ဒစန္ဒြ ကျောက်စာပါ စကားများသည် ယနေ့ ရိုဟင်ဂျာများ ပြောဆိုနေသော စကားနှင့် အများဆုံး တူညီနေသည်ကို သိပါသလား။
ဖြေ - အာနန္ဒစန္ဒြ ကျောက်စာကို သက္ကတ ဘာသာစကားနဲ့ ရေးထိုးထားပါတယ်။ ဘင်္ဂါလီ စကားဟာလည်း ဘာသာစကား ပညာရှင်တွေ ဘာသာစကားတွေကို အုပ်စုခွဲလိုက်တဲ့အခါမှာ သက္ကတဘာသာစကား၊ ပါဠိဘာသာစကား၊ ဟိန္ဒူ၊ ဘင်္ဂါလီအားလုံးဟာ အင်ဒိုအာရိယ ဘာသာစကား အုပ်စုထဲမှာ ပါပါတယ်။ အဲတော့ သက္ကတဘာသာစကားနဲ့ ဘင်္ဂါလီစကား ဝေါဟာရတွေ တူတယ်ဆိုတာ ဘာမှ မထူးဆန်းပါဘူး။
မေး - မြန်မာဘုရင် ဘိုးတော်ဘုရားလက်ထက်တွင် ပြုစုထားသည့် စကားစု ပုရပိုဒ်သည် ဝေသာလီခေတ်သုံး စကားသည် ယနေ့ ရိုဟင်ဂျာများ ပြောသောစကားနှင့် အများဆုံး တူညီနေတာ သိပါသလား။
ဖြေ - ကျွန်တော်တို့ ပုရပိုဒ်နဲ့ ပေစာဆိုတာ ဟိုအရင်တုန်းက ပြောနေတဲ့ ပုရပိုဒ်ဆိုတာ အနှစ်ငါးဆယ်ထက် ပိုမခံဘူး။ ပေစာဆိုတာ အနှစ်တစ်ရာထက် ပိုမခံဘူး။ အဲဒါတောင် ရေနံသုတ်ထားမှ။ အဲဒါဟာ ဝေသာလီခေတ်ကဟာကို ပုရပိုဒ်ပေါ်မှာ တင်ထားတာကို ယုံကြည်လို့ရလား။ မရဘူးလား။ (မရဘူးတဲ့)။ ကျွန်တော့်ဆရာ ဒေါက်တာမျိုးမြင့်က ဖြေပါတယ်။
မေး - ၁၇၉၉ ခုနှစ်တွင် အင်းဝနေပြည်တော်ရောက် ဗြိတိသျှသံမှူး ဖရန်စစ်ဘူချနန်၏ စာတမ်းတွင် ရိုဟင်ဂျာလူမျိုးနွယ်စုရှိပြီး ၎င်းတို့မှာ အစ္စလာမ်ဘာသာဝင်များဖြစ်၍ အာရကန်ရခိုင်ဒေသ...။
ဖြေ - အဲဒီမေးခွန်းဟာ နိမိတ်ပြမေးခွန်းလို့ ခေါ်တယ်။ ဒါပေမဲ့ မေးပုံက မှားနေတယ်။ တင်ပြပုံက မှားတယ်။ ဒီမေးခွန်းကို ကျွန်တော် ဘယ်လိုဖြေမလဲ။ ဒါပေမဲ့ ကျွန်တော်ဖြေပါမယ်။ ဖရန်စစ်ဘူချနန်ရေးတဲ့ စာအုပ်က ကျွန်တော့်မှာ ကော်ပီဆွဲထားတာချည်း လေးအုပ်လောက်ရှိတယ်။ ခုနက ကျွန်တော်ပြောတဲ့ထဲမှာလည်း ပါတယ်။ ရခိုင်ပြည်က ပြေးလာတဲ့သူတွေကို ရခိုင်ဂျာ၊ ရခိုင်ဆိုတာကို ဘင်္ဂါလီတွေက ရိုရှန်၊ ရိုဟန်လို့ခေါ်တဲ့အတွက် အဲဒီက ပြေးလာတဲ့ရခိုင်တွေကို ရိုရှန်ဂျာ၊ ရိုဟန်ဂျာလို့ ခေါ်တယ်လို့ဆိုတာ ဘူချနန်ရေးထားတယ်။ ဒီလူတွေ မွတ်စလင်ဖြစ်တယ်ဆိုတာ ဘယ်စာမျက်နှာမှာ ပါလဲ။ ပြောနိုင်တဲ့သူ အခုထပြောပါ။ ပြနိုင်တဲ့သူရှိရင်လည်း လာခဲ့ပါ။
မေး - ဖရန်စစ်ဘူချနန်သည် ရိုဟင်ဂျာဘာသာစကား သီးခြားရှိပြီး ဘင်္ဂါလီ ဘာသာစကားနှင့် မတူကြောင်း စစ်တမ်းပြုစု မှတ်တမ်းတင်ထားသည်ကို သိပါသလား။
ဖြေ - ရိုဟင်ဂျာဆိုတဲ့ စကားဟာ ရခိုင်ဂျာ၊ ရဟန်ဂါ။ ရခိုင်စကားနဲ့ ဘင်္ဂါလီစကား ဘယ်လိုလုပ် တူမှာလဲ။ ဒါမှန်တယ်။ ဒီနေ့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဆိုပြီး ခေါ်တဲ့သူတွေဟာ ဘင်္ဂါလီတွေ။ ဘင်္ဂါလီစကားမှာ ဒီနေ့ ဘင်္ဂလားဒေ့ရှ်မှာ နေဖူးတဲ့သူတွေ ပါကောင်းပါမယ်။ ကျွန်တော် နှစ်ကြိမ်တိုင်တိုင် ကွင်းဆင်း လေ့လာ ထားတယ်။ ကျွန်တော် ဘူးသီးတောင် မောင်းတောမှာ ပြောတဲ့စကားကို အခု ကျွန်တော်နဲ့ လာပြောပါ။ အဲဒီစကားကို ကျွန်တော် ပြောတတ်တယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အခါမှာ အာလဗန်ဆိုတဲ့ ဒေသကို ကျွန်တော်ရောက်တယ်။ ရောက်တဲ့အခါမှာ ကျွန်တော် ဆိတ်သားစားချင်တော့ စစ်တကောင်းစကားနဲ့ ပြောတယ်။ သူတို့ နားမလည်ဘူး။ အဲတော့ ဒီလို ဒေသစကား မတူတာတော့ ရှိတာပေါ့။ ကျွန်တော် ရခိုင်လိုပြောရင် တချို့ဗမာတွေ နားလည်ချင်မှ နားလည်မှာပေါ့။ အဲလို ကွဲပြားတာတော့ ရှိတာပေါ့။ ဒါကို သီးခြား ရိုဟင်ဂျာ ဘာသာစကားရယ်လို့ ဘယ်အမှတ်အသားမှာမှ မရှိဘူး။ လာပြီး မလိမ်ကြပါနဲ့။ ကျွန်တော် လူရှေ့မှာ မလိမ်ဘူး။ အမှန်တရား အပေါ်မှာပဲ သစ္စာရှိတယ်။
မေး - ၁၉၂၆ ခုနှစ်တွင် အင်္ဂလိပ်လူမျိုး အာရကန်အုပ်ချုပ်ရေးမှူးက အာရကန်မွတ်စလင် သုံးသောင်း၊ ဗမာလူမျိုး တစ်သောင်းဟု ဖော်ပြထားသည်ကို သိပါသလား။
ဖြေ - သိတာပေါ့။ ဟုတ်ပါတယ်။ အဲဒါ မှန်တယ်။ ဒါပေမဲ့ အဲဒီဟာက ရိုဟင်ဂျာလို့ မရေးပါဘူး။ ဂျက်လိုင်ဒါက ဒါကို ယူတယ်။ ရခိုင်လူမျိုး တစ်သိန်းကျော် ဆိုတာကို ယူတယ်။ ဒါက ရိုဟင်ဂျာ ရှိတယ်၊ မရှိဘူး ဆိုတာနဲ့ မဆိုင်ပါဘူး။
မေး - နိုင်ငံတကာမှာ Over Stay ရှိပါတယ်။ သူတို့ကရော Over Stay တွေလား။
ဖြေ - သူတို့က တရားမဝင် ဝင်ရောက်လာခြင်း ဖြစ်တယ်။ Over Stay မဟုတ်ဘူး။
မေး - နိုင်ငံတကာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်မရသူဆိုတာ ရှိပါသလား။ ရှိလျှင် ယင်းနိုင်ငံသား အမျိုးမျိုး၏ အခွင့်အရေးကို ဘယ်လို ပိုင်းခြားထားပါသလဲ။
ဖြေ - ဧည့်နိုင်ငံသား ဆိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကလွဲပြီး တခြားနိုင်ငံတွေမှာ ရှိတယ်လို့ ကျွန်တော်မကြားဖူးဘူး။ အမေရိကမှာ ကျွန်တော် အလုပ်လုပ်တယ်။ ကျွန်တော် တက္ကသိုလ် ဆရာအဖြစ်နဲ့ လေးနှစ် နေထိုင်ပြီးတဲ့အခါမှာ အမြဲတမ်းနေထိုင်ခွင့် Green Card ရတယ်။ ကျွန်တော့်ဇနီးကော၊ ကျွန်တော့် သမီးကောရတယ်။ ဒါက ဘယ်လိုလဲဆိုရင် အမြဲတမ်းနေထိုင်ခွင့် Permanent Residence သာဖြစ်တယ်။ ဒါပေမဲ့ သမ္မတရွေးကောက်ပွဲမှာ ကျွန်တော့်မှာ မဲပေးပိုင်ခွင့်မရှိဘူး။ ကျွန်တော် နိုင်ငံသားမှ မဟုတ်တဲ့ဟာ။ ဒါပေမဲ့ သူတို့ တရားဝင်ခွင့်ပြုထားတဲ့ အမြဲနေထိုင်ခွင့် ရရှိထားတဲ့ အေးချမ်းသည် မဲပေးပိုင်ခွင့် မရဘူး။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်ဦးလား၊ ဘာလားမသိဘူး။ သူထုတ်ပေးထားတဲ့ အဖြူရောက်ကဒ် ကိုင်ထားတဲ့သူတွေက မဲပေးပိုင်ခွင့်ရတယ်။ အဲဒီ အဖြူရောင်ကဒ် ဆိုတာကဘာလဲ။ အမြဲနေထိုင်ခွင့်လား။ ရေးထားတာက ယာယီ မှတ်ပုံတင်ကတ်ပြား။ အမြဲ နေထိုင်ခွင့်ရတဲ့ သူတောင် မဟုတ်ဘူး။ ဘာလို့ မဲပေးခွင့်ရလဲ။ တစ်ချိန်က ဂျပန်တွေက ကိုရီးယားကို ကိုလိုနီလုပ်ပြီး ကိုရီးယားလူမျိုးတွေကို ကျွန်ပြုဖို့ ခေါ်ထားတယ်။ ဂျပန်လူမျိုးတွေ မလုပ်ချင်တဲ့ အလုပ်တွေကို ခိုင်းတယ်။ အဲဒီလူတွေက အခု တတိယမျိုးဆက်ကို ရောက်လာပြီ။ အမြဲတမ်း နေထိုင်ခွင့်ပဲ ရှိတယ်။ မဲပေးလို့မရဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဲဒီ အဖြူရောင်ကဒ် ကိုင်ထားတဲ့သူတွေ အကုန်လုံး မဲပေးခွင့်ရတယ်။ ကျွန်တော်တို့ တိုင်းပြည်လောက် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံ ရှိဦးမလား။
မေး - အခုလို ရန်ကုန်ကို လာဟောပြောတာဟာ ဘာသာရေးစစ်ပွဲ မဖြစ်ဖြစ်အောင် လှုံ့ဆော်နေတာလား။
ဖြေ - ကျွန်တော် ကြောက်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော် စစ်ကိုရှောင်ချင်တယ်။ ဒီမေးခွန်း မေးတဲ့သူကို ကျွန်တော် မေးချင်တယ်။ ခင်ဗျားအိမ်မှာ ကျွန်တော် တစ်ရက်နေမယ်။ နောက်တစ်ခါ နောက်တစ်ရက် နေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်ပတ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက် တိုးနေပါရစေဆိုပြီး ပြောမယ်။ နောက် ကျွန်တော်က ခင်ဗျားကို ကန်ထုတ်ပစ်မယ်ဆိုရင် ခင်ဗျားလက်ခံနိုင်ပါ့မလား။ အဲဒါကိုပဲ ဖြေကြည့်လိုက်ပါ။

EMG

ကျန်စစ်သားကို ကျန်စစ်သားလိုမြင် ငရမာန်ကန်းကို ငရမာန်ကန်းလိုမြင် ကျွန်တော်တို့ ပြည်သူတွေ စောလူးမင်း အဖြစ်မခံကြပါနဲ့..

Posted: 14 Mar 2013 09:12 AM PDT

ကျန်စစ်သားကို ကျန်စစ်သားလိုမြင် ငရမာန်ကန်းကို ငရမာန်ကန်းလိုမြင် ကျွန်တော်တို့ ပြည်သူတွေ စောလူးမင်း အဖြစ်မခံကြပါနဲ့..

ဒီပုံကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်..။
စောလူမင်းကို သွားကယ်တဲ့ ကျန်စစ်သား အဖြစ်နဲ့များ တူနေမလား၊ ကျန်စစ်သားလိုတော့ ငရမာန်ကန်း လက်ထဲမှာ ခွေးသေ ဝက်သေသေပေ ရော့လို့.. ပြောထွက်နိုင်မှာ မဟုတ်တဲ့ လူထုခေါင်းဆောင်ရဲ့ မြင်ကွင်းပါ..။ ပြည်သူတွေ အပေါ်မှာ နောက်ဆုံးထွက်သက်အထိ ပြည်သူ့အကျိုး ထမ်းရွက်သွားမယ် ဆိုတာ ယုံမှား သံသယဖြစ်ဖွယ်မရှိပါ။

တခုလောက် မေးချင်ပါတယ်..။ အွန်လိုင်းမှာ လက်ပံတောင်းတောင် အစီရင်ခံစာ တရားမျှတမှု မရှိ လုံးဝရပ်ဆိုင်းသင့်တယ်လို့ လော်ဘီလုပ် အော်နေကြတဲ့ သူများ..။ ကျွန်တော်တို့ ဒီမိုကရေစီ ပန်းတိုင်ရောက်နေပြီလား.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရေစီအင်အားစုတွေ အစိုးရအာဏာရရှိနေပြီလား..။ ယခင်ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ဘုံရန်သူဟာ ဒေါ်အောင်ဆန်းစုကြည်လား...။

ဒီမိုကရေစီအင်အားစုတွေ အစိုးရအာဏာရပြီးလို့ ရည်မှန်းချက် ပန်းတိုင်ရောက်ပြီဆိုရင် ကိုယ့်အချင်းချင်း ကြိုက်သလောက်အော်ကြ..။ တောင်းဆိုကြပါ..။
နွားကွဲ ကျားကိုက်၊ ပန်းတိုင်မရောက်ခင်.. ဟိုဘက်က နည်းနည်းလေးဟပေးလိုက်တဲ့ အခြေအနေကို အဟုတ်အမှတ် ဂျပန်ခေတ်က အတုအယောင် လွတ်လပ်ရေးလို ဟိုမရောက် ဒီမရောက်တဲ့ အခင်းအကျင်းတွေမှာ ကိုယ့်ကိုယ်ကို အဟုတ်မှတ် ဇာတ်တူသား စားနေကြရမယ့် အခြေအနေမဟုတ်ပါ..။

၂၀၀၈ခုနှစ် အခြေခံဥပဒေ လုပ်ဇာတ် လိုက်ကာနောက်က တဘက်က ဖားတပိုင်း၊ ငါးတပိုင်း ဖားမဟုတ် ငါးမဟုတ် နည်းနည်းလေးဟလာတဲ အနေအထားမှာ ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ရယူရမှာ၊ ထုတ်ဖော်ပြောဆိုရမှာ ဆန္ဒဖော်ထုတ် တောင်းဆို ပြသရမှာ တာဝန်မယူရဲတဲ့ တာဝန်ရှိသူတွေကိုပါ..။ တာဝန်ရှိသူနဲ့ တာဝန်ယူသူ ကွဲကွဲပြားပြားနားလည်ကြပါ..။ ဒီစီမံကိန်း ဒေါ်အောင်ဆန်းစုကြည် စာချုပ်ချုပ်ခဲ့တာမဟုတ်...။ အမြတ်အစွန်းတွေ ရရှိနေတာမဟုတ်၊ ပြည်သူတွေအတွက် မိုင်းကွင်းကို ဖြတ်လျှောက်ပြီး စတေးခံ စွမ်းဆောင် ပေးနေတာပါ..။
ဟသာင်္ကိုးသောင်း ပျက်မယ့်ဇာတ်မခင်းကြပါနဲ့..

၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်သာ မရှိရင် ကမ္ဘာကလည်း မကြည့် သမာသတ်ကျတဲ့ ရွေးကောက်ပွဲဆိုတာ ဝေလားဝေး နောက်ထပ် မျိုးဆက် တဆက် ထိုင်စောင့်ပေရော့..။ ဒီခေါင်းဆောင်ကို မယုံရင် ဘယ်ခေါင်းဆောင်ကို ယုံမလဲ..။ ဘယ်ခေါင်းဆောင်ကို ရွေးချယ်မလဲ...။ အခွင့်အရေးဆိုတာ အကြိမ်ကြိမ် မရ တကြိမ်သာရတယ်..။ ဒီလိုခေါင်းဆောင်မျိုး လက်ဝယ်ရရှိထားတာကို ပတ္တမြားကို ပတ္တမြားမှန်မသိ လမ်းခင်းကျောက်လို့ မှတ်ယူပြီး ကိုယ့်ကိုယ့်ကိုယ် ဟုတ်လှပြီ ထင်နေရင်တော့ ကျွန်တော်တို့တွေ ငရမာန်ကန်း လက်ထဲရောက်တဲ့ စောလူးမင်းလို
မျိုးကန်းပြီသာ မှတ်ပေတော့...။

ကျန်စစ်သားကို ကျန်စစ်သားလိုမြင်ကြပါ.. ငရမာန်ကန်းကို ငရမာန်ကန်းလိုမြင်ကြပါ..။ ကျွန်တော်တို့ ပြည်သူတွေ စောလူးမင်း အဖြစ်မခံကြပါနဲ့..

ရင်နှင့် မမျှစွာ ခံစားချက်နှင့် ရေးမိသည်..
ဒီမိုဝေယံ

၂၀၁၅အတွက် မျက်ဖြူဆိုက်နေသူများ သွေးထိုးလှုံဆော်ဖို့ ဆရာကြိုက် မဖြစ်ရလေအောင်..

Posted: 13 Mar 2013 08:47 AM PDT

၂၀၁၅အတွက် မျက်ဖြူဆိုက်နေသူများ သွေးထိုးလှုံဆော်ဖို့ ဆရာကြိုက် မဖြစ်ရလေအောင်..

လက်ရှိ လက်ပံတောင်းတောင် အရေးမှာ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ မလုပ်ကြပါနဲ့.. ဒီခေါင်းဆောင်၊ ဒီလမ်းကို အားလုံးတားမြစ်တဲ့ ကြားထဲက ကျဉ်းတည်း၊ ကြပ်တည်းမှာ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းတယ် ဆိုကတည်းက ဘယ်အတွက်ကြောင့်ဆိုတာ မေးစရာ မလို ပြည်သူအတွက် ဖြစ်သည်။

တိုင်းပြည်တာဝန် ယူထားပြီး ခေါင်းဆောင်ဆိုသည့် ပုဂ္ဂိုလ်များမှ
ခေါင်းရှောင်ကြသည်...။ အစိုးရဟူသည့် ပုဂ္ဂိုလ်များသည် သိက္ခာမရှိစွာပင် ပြည်သူအပေါ်ထားသည့် မေတ္တာနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိ၊ အများပြည်သူ ထောက်ခံမှု မရှိသည့်အတွက်ကြောင့် ကိုယ်လုပ်ထားသည့် အလုပ်ကို တာဝန်မယူ ခေါင်းရှောင်ကြသည်..။ သတ်ကွင်းကို မဖြတ်ဝံ့ ဖြတ်ရန်လည်း နှလုံးရည်၊ လက်ရုံးရည်လည်းမရှိ..။

တခါတခါ လူမျိုးနဲ့ ယှဉ်ပြောရမှာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်မည်။ ဒူးလောက်တင်မှ ရင်လောက်ကျသည်။ ရေကူးညာတင် စသည့် မြန်မာစကားပုံများရှိသည်..။ မည်သည့်အရေးတွင်မဆို ရည်မှန်းချက် အပြည့်ဆိုသည်မှာ ရှားလှသည်..။ အရှုံးထဲမှ အမြတ်ရှိနိုင်သလို၊ အမြတ်ထဲမှလည်း အရှုံးရှိနိုင်ပေသည်..။

ယနေ့ ပြောင်းလဲလာသော အခြေအနေ တရပ်ဆိုသည်မှာ မိုးပေါ်က ကျလာသည်မဟုတ်ပေ..။ ယနေ့ နိုင်ငံ့ခေါင်းဆောင်ဆိုသူ တာဝန်မယူရဲသူများ၏ စေတနာ ကောင်းလွန်းသောကြောင့်လည်း မဟုတ်ပေ..။ ဒီအခြေအနေတရပ်ကို ပေါ်ထွန်းလာဖို့ လူထုခေါင်းဆောင် မည်၍ မည်မျှ ကြိုးစားခဲ့ရသည် အနစ်နာခံ စတေးခဲ့ရသည်ကို ပြန်မြင်အောင်ကြည့်သင့်ပေသည်...။ ပြည်သူ့အကျိုးမပါပဲ ဘယ်အရာမှ မလုပ်ဟု အကြိမ်ကြိမ် ကတိပေးခဲ့ပြီးဖြစ်သည်။ ယနေ့အရေးတွင် ထွက်ပေါ်လာသော အစီရင်ခံစာအရ ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့သည် ယခင်ကလို ထင်တိုင်းလုပ်ခွင့် မရတော့ပေ။ ထင်သာမြင်သာ မရှိ လုပ်ချင်တိုင်း လုပ်ခွင့်မရတော့သည်မှာလည်း အမြတ်ဖြစ်သည်..။ ပတ်ဝန်းကျင်မှ ပြည်သူ့သဘောထားကို အလေးမထား၍ မရတော့သော အခြေအနေသည် အမြတ်ဖြစ်သည်။

ယနေ့ အရေးမှာ ၂၀၁၅အတွက် မျက်ဖြူဆိုက်နေသူတွေ အတွက် သွေးထိုးရန် ဆရာကြိုက် အခွင့်အလမ်းမဖြစ်ဖို့ အရေးကြီးလှသည်။ သွေးဆူနေသော ဒေသခံပြည်သူများအား
လူထုခေါင်းဆောင် အပင်ပန်းခံ ရှင်းလင်းပြောပြ လုပ်ဆောင် နေသည်။
လူထုခေါင်းဆောင်အ လုံခြုံရေးအတွက် အင်မတန်မှ အရေးကြီးလှသည်.။ အများကြည်ညိုလေးစားရသော ထေရ်ကြီး ဝါကြီး သံဃာတော်များမှလည်း ဝိုင်းဝန်းဖြောင်းဖျပေးဖို့ လျှောက်ထား တောင်းပန်အပ်သလို၊ ၈၈ကျောင်းသား ခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များနှင့် အနုပညာရှင်များမှလည်း ဝိုင်းဝန်းဖြေရှင်း လုပ်ဆောင်ပေးဖို့ တောင်းဆိုအပ်ပါသည်။

ယနေ့လက်ပံတောင်းတောင် အရေး ကော်မရှင်ဥက္ကဋ္ဌသည်.. အာဏာရ အစိုးရအဖွဲ့မဟုတ် သမ္မတမဟုတ်..။

အစိုးရအဖွဲ့သည် ကော်မရှင် အဆင့်လောက်တောင် တာဝန်မယူရဲ၊၊ တာဝန်မခံရဲ၊ တာဝန်မသိ၊ တာဝန်မရှိသည့် အဖွဲ့ဟုသာ သုံးသပ်မိသည်။

ဒီမိုဝေယံ
လက်ပံတောင်းတောင် ကော်မရှင် အစိရင်ခံစာ..

ဘဏ္ဍာအခွန်ငွေအား ရာခိုင်နှုန်းစား မသမာမှုများအား အရေးယူဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)

Posted: 11 Mar 2013 11:33 PM PDT

ဘဏ္ဍာအခွန်ငွေအား ရာခိုင်နှုန်းစား မသမာမှုများအား အရေးယူဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)

ယနေ့ကာလ ဖြစ်ပေါ်နေသော အဂတိလိုက်စားမှု့များအနက် ပြည်တွင်းအခွန်ဌာနဧ။် အဂတိလိုက်စားမှု့သည် နိုင်ငံတော် ဘဏ္ဍငွေများအား ကိုယ်ကျိုးအတွက် သူဌေးဖြစ် ရယူနေကြချင်း ဖြစ်ပေသည်။

 ပြည်တွင်းအခွန်ဧ။် ခြစားနေသောအခွန်ကောင်ခံမှု့ နည်းလမ်းများစွာအနက် နိုင်ငံတော်ဘဏ္ဍာ ငွေများပြားစွာဆုံးမှု ဖြစ်ပေါ်နေရခြင်း မှာအိမ်မြေရောင်းဝယ်မှု့များအပေါ် မသမာသော နည်းလမ်းဖြင့် အခွန်ကောက်ခံ နေခြင်းကြောင့်ဖြစ်ပေသည်။ အိမ်မြေ၀ယ်ယူသူတဦးအနေဖြင့် ဥပဒေအရ ပေးဆောင်ရမည့် အခွန်နှုန်းထားမှာ ယခင် ၁၅% (အခွန် ၈%+ တံဆိပ်ခေါင်းခွန် ၇% ) ၊ ယခု ၃၇% (အခွန် ၃၀% + တံဆိပ်ခေါင်းခွန် ၇%) ဖြစ်သော်လဲ မသမာမှု့များပြု လုပ်ခါ တံဆိပ်ခေါင်းခွန် အပါအ၀င် ယခင်အခွန်အပြီးအစီး ၁၀% မှ၁၂% အတွင်း ၊ ယခု ၂၅% မှ ၂၇% အတွင်း ရာခိုင်နှုန်းထားများဖြင့် မသမာမှု့ပြုလုပ်ခါ ညို့နှိုင်း ကောက်ယူကြခြင်းဖြစ်ပေသည်။

 - ဥပမာ- အိမ်မြေရောင်ဝယ်မှု့တခုသည် (သိန်းငါးထောင်ကျပ်) ဖြစ်သည်ဆိုပါစို့ ၊ ပထမအဆင့်အနေဖြင့် တန်ဖိုး လျော့နည်း သတ်မှတ်ပေးရေးအတွက် တန်ဖိုးဖြတ်အဖွဲ့နှင့် ညို့နှိုင်းခါ အပေးအယူ လုပ်ရမည်ဖြစ်ပေသည်။ တန်ဖိုးဖြတ်အဖွဲ့မှ (သိန်းသုံးထောင်ကျပ်) သတ်မှတ်ပေးသည် ဆိုပါစို့ ၊ ဒုတိယအဆင့်နေဖြင့် ငွေဖြူမရှိသူဝယ် ယူသူမှပေးဆောင်ရမည့်အခွန်မှာ-

 (၁) မူလတန်ဖိုး (သိန်ငါးထောင်ကျပ်) အပေါ်ဥပဒေအရ ၃၇% ဖြင့် (သိန်းပေါင်း တစ်ထောင့်ရှစ်ရာငါးဆယ်ကျပ်) (၂)တန်ဖိုးဖြတ်အဖွဲ့ သတ်မှတ်တန်ဖိုး (သိန်းသုံးထောင်ကျပ်)အပေါ်၃၇%ဖြင် (သိန်းတစ်ထောင့် တစ်ရာတစ်ဆယ် ကျပ်)
(၃) လုပ်ငန်းလက်ခံဝန်ထမ်းဖြင့် ညို့နိုင်းပြီး (သိန်းသုံးထောင်ကျပ်) အပေါ်အခွန်အပြီးအစီး ၂၇% (အခွန် ၂၀% +တံဆိပ်ခေါင်းခွန် ၇% ) ဖြင့် (သိန်းပေါင်းရှစ်ရာတစ်ဆယ်ကျပ် ) ဖြစ်ခါ ဖော်ပြပါငွေအား လုပ်ငန်းလက်ခံ ၀န်ထမ်းထံ အရစ်ကျစနစ်ဖြင့် ပေးလိုက်ရုံပင်ဖြစ်ပေသည်။

 - လုပ်ငန်းလက်ခံဝန်ထမ်းသည် ဥပဒေအရ ၃၇%အပေါ်စာရွက်စာတမ်း အတုများဖန်တီးပြီး နည်းမျိုးစုံဖြင့် တွက်ချက် ပါတော့သည်။ လက်ခံထားသော ၂၇% အပေါ် အကျိုးမြတ် လာဘ်ငွေများများပေါ်အောင် ငွေဖြူစာရွက်အတုများ အားကြိမ်ဖန်များစွာ ပြန်လည်အသုံးပြုကြခြင်းဖြစ်ပါသည်။

တွက်ချက်မှု့အရအခွန်ငွေ ၁၇% ဖြစ်လျှင်လာဘ်ငွေ ၁၀% (သိန်သုံးရာကျပ်)၊ အခွန်ငွေ ၁၂% ဖြစ်လျှင်လာဘ်ငွေ ၁၅% (သိန်းလေးရာငါးဆယ်ကျပ်)၊ အခွန်ငွေ ၇% ဖြစ်ပါကလာဘ်ငွေ ၂၀% (သိန်းခြောက်ရာကျပ်) ဖြစ်ပါမည်။ အောက်ခြေမှတွက်ချက်တင်ပြမှု့များအား အထက်အဆင့်ဆင့်မှ ရာခိုင်နှုန်းအချိုးကျ ရယူပြီးဆောင်ရွက်နေကြချင်းဖြစ်ပါသည်။

 ဖော်ပြပါဥပမာတွင် နိုင်ငံတော်အနေဖြင့် ရရှိမည့်အခွန်ငွေမှာ အနည်းဆုံး (သိန်းနှစ်ရာ့တစ်ဆယ်ကျပ်) မှအများဆုံး (သိန်းငါးရာ့ တစ်ဆယ်ကျပ်) ပမာနအတွင်းသာဖြစ်ပြီး နိုင်ငံတော်အခွန်ငွေ သိန်းပေါင်းမြောက်များစွာ ဆုံးရှူံးနေရသည်ကို အထင်အရှားတွေ့ မြင်ရမည်ဖြစ်ပါသည်။ -

ရန်ကုန်တိုင်းအတွင်းတွင် မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်၊ လသာ၊ တောင်ဥက္ကလာ၊ တာမွေ၊ စသည့် နံမည်ကြီးအခွန်ရုံးများ၊ တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီးများမှ အခွန်ရုံးများ၊ ကုမ္မဏီရုံးမှ အချို့ဝန်ထမ်းများသည် တန်ဖိုးကြီးအိမ်မြေကိစ္စရပ်များ၊ ပမာဏတန်ဖိုး အလွန်များပြားသော နိုင်ငံပိုင်မှ ပုဂ္ဂုလိကပိုင်ပြုလုပ်သော ကိစ္စရပ်များနှင့် အမှု့တွဲပေါင်းများစွာအား ရာခိုင်နှုန်းစားဖြင့် ညိုနှိုင်းလက်ခံပြီး နေပြည်တော်ဗဟို စီစစ်ရေးညွှန်ကြားရေးမှူးနှင့် အပေးအယူလုပ်ခါ မသမာမှု့ပြုလုပ်နေကြခြင်းဖြစ်ပါသည်။

နိုင်ငံတော်ဘဏ္ဍာငွေများဖြင့် ဇနီး၊ မိဘ၊ ယောက်ခမ…….အမည်ခံကာ တန်ဖိုးကြီးကားဝယ်၊ မြေ၀ယ်၊ တိုက်ဆောက်၊ မယားငယ်ယူ တို့ဖြင့်ချမ်းသာပိုင် ဆိုင်မှု့များမှာ ရရှိလစာ၊ ရာထူးအဆင့်တို့အရပြောမယုံ ပုံပြင်အဖြင့်သာ မှတ်ရမည်ဖြစ်ပါသည်။ -

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရ ဖြစ်စေရန်နှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် ရသင့် ရထိုက်သော ဘဏ္ဍာငွေအား ရာခိုင်နှုန်းစားနေသော အကျင့်ပျက် ၀န်ထမ်းများကို ဖော်ထုတ်အရေးယူချင်း၊ ကိုယ့်ကျိုးအတွံက်သူဌေးဖြစ် ရယူထားသောအခွန်ဘဏ္ဍာငွေ များအားနိုင်ငံတော်သို့ ပြန်လည် ပေးသွင်းစေချင်းတို့ဖြင့် စံနမူနာပြ အရေးယူရန် အချိန်တန်ပြီ ဖြစ်ပါကြောင်း နိုင်ငံတော်အကျိုးအတွက်ရေးသားတင်ပြလိုက်ရပါတော့သည်။

 အနှိမ်ခံ၊ အပယ်ခံ ၀န်ထမ်းများ

လယ်/ဆည်ဝန်ကြီးးဋ္ဌာနအကြောင်း တိုင်ကြားစာ ..

Posted: 11 Mar 2013 11:17 PM PDT

အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်..

Posted: 10 Mar 2013 11:15 AM PDT

(ဓာတ်ပုံ) ၉ရက်နေ့က ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနေသည့် ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANーMYANMAR COMMITTEE ဥက္ကဋ္ဌ Mr.Toshio Yamauchi ( ဝဲဘက် မျက်မှန်တပ်ထားသူ)
ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်သည်..

အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ပါကြောင်း အကြံပြုအပ်ပါသည်..။

အဖွဲ့ချုပ် ညီလာခံကို တက်ရောက် ဂုဏ်ပြုနိုင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ဖို့ ယခင် ဂျပန် ပညာရေးနှင့်ယဉ်ကျေးမှု ဒုတိယဝန်ကြီးလည်းဖြစ်ပြီး JAPANーMYANMAR COMMITTEE ဥက္ကဋ္ဌလည်းဖြစ်တဲ့ Mr.Toshio Yamauchiနဲ့ ၄ဦးပါအဖွဲ့ ဖိတ်ခေါ်စာ ရရှိဖို့အတွက် အင်မတန်ကြိုးစားခဲ့ရသည်..။ 


 အမေစုကို တွေ့ဆုံခွင့် ရဖို့ အမေစု ကိုယ်ရေးအရာရှိထံသို့ သူတို့အဖွဲ့ အကြိမ်ကြိမ် အီးမေးလ်ဖြင့် ဆက်သွယ်ခဲ့ကြသည်..။ အကြောင်းပြန်ခြင်း မရှိခဲ့ပါ။ နောက်ဆုံး သူတို့အဖွဲ့ ညီလာခံသို့ တက်ရောက်ဂုဏ်ပြုလိုကြသည်...။ ညီလာခံကျင်းပခါနီး ၂ရက်အလိုထိ ဖိတ်ခေါ်စာက မရောက်လာသေး..။ ကျွန်တော်လည်း အသည်းအသန်ကြိုးစားပေါ့...။ ၆ရက်နေ့ မနက်ပိုင်းထိ ဖိတ်ခေါ်စာ ရောက်မလာသေး ညပိုင်းမှ ဖိတ်ခေါ်စာ ရောက်လာသည်..။
တာဝန်ရှိသူ အဖွဲ့ချုပ်လူကြီးတဦး၏ လုပ်ဆောင်ပေးမှုကြောင့် ဖိတ်စာ အဆင်ပြေခဲ့သည်...။

သူတို့အဖွဲ့ ညတွင်းချင်း လေယာဉ်ပျံ လက်မှတ်အတွက် ပြင်ဆင်ရသည်။ နောက်ဆုံး ၈ရက်နေ့ မနက် (၆)နာရီ လေယာဉ်ပျံ လက်မှတ် ရခဲ့ရသည်..။ Mr.Toshio Yamauchi တို့အဖွဲ့ မနက်လေးနာရီမှာ Check in ဝင်ရမှာ ဖြစ်တဲ့အတွက် ညကတည်းက လေဆိပ်မှာ သွားအိပ်ပြီး လေယာဉ် စောင့်စီးကြရသည်..။ ကိုယ်တိုင်လည်း ဘူတာမှ သွားတွေ့ပေါ့..။ ပရော်ဖက်ဆာ တဦးလည်းပါသည်..။ ကျွန်တော်လည်း သူတို့အစား ရင်တမောမောပေါ့..။

နောက်ဆုံးတော့ ချောမောစွာနှင့် ၉ရက်နေ့ ၉နာရီ ညီလာခံကို အဖွဲ့ဝင် ၄ဦးလုံးတက်ခွင့်ရသည်...။ အမေစုနှင့်လည်း နှုတ်ဆက်ခွင့်ရသည်..။

သူတို့ထဲမှ တဦးက မြန်မာတိုက်ပုံအကျီဝတ်၊ ပုဆိုးကို ကျကျနနဝတ်ကာ အမေစုနဲ့ နှုတ်ဆက်ခွင့်ရသည့် ပုံလေးပို့လာသည်..။ ကျွန်တော့်ထံ ကျေးဇူးတင်ရှိကြောင်း စာလေးရောက်လာသည်..။ ပီတိဖြစ်ရသည်...။ ၁၂ရက်နေ့ ဘဘဦးတင်ဦး မွေးနေ့တက်ရောက် ပြီးရင်တော့ သူတို့ ပြန်လာကြလေမည်..။ အမေစုကို တွေ့ခွင့်ရဖို့နဲ့ ညီလာခံ တက်ခွင့်ရဖို့ ဂျပန်လူမျိုးတွေ မည်သို့မည်မျှ ကြိုးစားခဲ့ကြ အပင်ပန်းခံခဲ့ကြတယ်ဆိုတာလေး သိရှိနိုင်ဖို့ပါ..။

တခုတော့ အဖွဲ့ချုပ်သို့ အပြုသဘော အကြံပေးလိုသည်..။ အမေစုရဲ့ ကိုယ်ရေးအရာရှိရဲ့ အီးမေးလ်သို့ အဆိုပါ ဂျပန်ဒုဝန်ကြီးဟောင်းကိုယ်တိုင် တွေ့ခွင့်ရဖို့ အကြိမ်ကြိမ် အီးမေးလ်ပို့ခဲ့သည်..။ အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါ..။ Yes or No လေးတော့ အကြောင်းပြန်သင့်သည်..။ မိမိကိုယ်တိုင်လည်း အကြိမ်ကြိမ် မျက်နှာ ပူခဲ့ရသည်...။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့ နေရာမှာ အမေစုနဲ့ အဆက်အသွယ် လုပ်ပေးရတဲ့ အမေစုရဲ့ ကိုယ်ရေးအရာရှိ အတွင်းရေးမှူးကိုယ်တိုင် မည်မျှ ပင်ပန်းသည် အလုပ်များသည်ကို စာနာနားလည်ပါသည်..။ သို့ပေတည့် ဆက်သွယ်လာသူများအား အကြောင်းပြန်ကြားသင့်သည် ဟုမြင်မိသည်...။ ပြည်တွင်းသာမက ပြည်ပမှ ထောက်ခံအားများသည်လည်း ၂၀၁၅အတွက် အင်မတန်မှ အရေးကြီးလှပေသည်။

လူတိုင်းမဆက်သွယ်နိုင်သည့် အီးမေးလ်အား နိုင်ငံတကာမှ ဆက်သွယ်လာသည် ဆိုပါက ပြန်လည်ဖြေကြားနိုင်ရန် အဖွဲ့ချုပ်အတွက် နိုင်ငံခြားရေးဆိုင်ရာ ပြန်ကြားရေး အဖွဲ့တခုတော့ သီးသန့် ထားရှိသင့်ကြောင်း အပြုသဘော အကြံပြုအပ်ပါသည်..။
ပြည်ပအားသည်လည်း ပြည်တွင်းအတွက် ဖြစ်ပေသည်..။

ဒီမိုဝေယံ

NLD ဗဟိုအလုပ်အမှုဆောင်သစ်များဖြင့် ရှေ့ဒီမိုကရေစီ ခရီးဆက်မည်..

Posted: 10 Mar 2013 06:44 AM PDT

NLD ဗဟိုအလုပ်အမှုဆောင်သစ်များဖြင့် ရှေ့ဒီမိုကရေစီ ခရီးဆက်မည်
မြစ်မခ
by Myit Makha Mediagroup on 10 Mar, 2013
NLD ဗဟိုအလုပ်အမှုဆောင်သစ်များဖြင့် ရှေ့ဒီမိုကရေစီ ခရီးဆက်မည်မတ်လ ၁၀ရက်နေ့ နံနက်ပိုင်းမှာ   ဒေါ်အောင်ဆန်း စုကြည်   အပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်ပြီး NLD ရှေ့ခရီးလမ်းဆက်မည်ဖြစ်ကြောင်း ဥက္ကဌ   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဗဟိုအလုပ်အမှုဆောင်များအနေဖြင့် ၁၅ ဦး ရွေးချယ်ခဲ့ကြပြီး အရံ ၅ ဦးဖြင့်စုစုပေါင်း ဗဟိုအလုပ်အမှုဆောင် ၂၀ ဦးဖြင့် NLD ပါတီက ရှေ့ဒီမိုကရေစီရေးအတွက် ပီပီပြင်ပြင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။
ပိတ်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မိန်းခွန့်ပြောကြားခဲ့သည်။`ရှေ့ဆက်ရမဲ့ လုပ်ငန်းစဉ်တွေကို ပီပီပြင်ပြင်လုပ်ဆောင်နိုင်မဲ့ သူတွေ၊အရည်အချင်းနဲ့ ပြည်စုံတဲ့ သူတွေကို ကြည့်တဲ့အပြင်တိုင်းရင်းသားတွေနဲ့ အမျိုးသမီးတွေလည်း ပါဝင်အောင် ရွေးချယ်ခဲ့တယ်၊ ဒီကနေ ဘယ်လောက်ထိပီပီပြင်ပြင်ထိထိရောက်ရောက် စတင်လုပ်ဆောင်ရပါတော့မယ်`ဟုဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ရွေးချယ်ပြီး စီအီးစီ ၂၀ ထဲတွင် ယခင် စီအီးစီဟောင်း ၇ဦးပါဝင်ခဲ့ပြီး ယခင်စီစီဟောင်း ၈ ဦးနှင့် အရံစီအီးစီ ၅ ဦးတို့ဖြင့်ဖွဲ့စည်းခြင်းဖြစ်သည်။
အဆိုပါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသမီးဗဟိုအလုပ်အမှုဆောင် ၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇ ဦး ပါဝင်ခဲ့ပြီးအဖွဲ့ဝင်သစ်ပါဝင်မှု နည်းပါးကြောင်း သိရှိရသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ ထောက်ခံချက်မှာတကြိမ်ရရှိရုံဖြင့် မပြီးဘဲ အမြဲတမ်း ပြည်သူလူထု   ထောက်ခံချက်ရရှိအောင်  ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ထောက်ခံချက်မှ နေရာအတွက် မဟုတ်ဘဲ၊ ဒီမိုကရေစီရေး လုပ်ပိုင်ခွင့်အတွက် ပြည်သူလူထု ထောက်ခံချက် လိုအပ်ကြောင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။
ပိတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မီဒီယာသီးသန့်တွေ့ဆုံရာတွင်ဒေါ်အောင်ဆန်းစုကြည်က စီအီးစီအဖွဲ့တွင် အဖွဲ့ဝင်သစ်ပါဝင်မှုနည်းပါးခြင်းမှာအရည်အချင်းရှိရုံနဲ့ မရဘဲ၊ ပါတီအပေါ်သစ္စာရှိမှုနှင့်ပါတီအတွေ့အကြုံရှိဖို့က အရေးကြီးသောကြောင့် စီအီးစီထဲမှာတော့လူငယ်လူသစ် ပါဝင်မှုနည်းပါးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။.
ဗဟိုကော်မတီဝင်များတွင် လူငယ်လူသစ်ပါဝင်မှုမှာ ၃၅% ထိရှိကြောင်း သိရှိရသည်။

ယနေ့ရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် အမည်စာရင်း

Posted: 09 Mar 2013 10:10 PM PST

ယနေ့ရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် အမည်စာရင်း

ယနေ့ရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံ မြင်ကွင်းများနှင့် အသံဖိုင်...

Posted: 09 Mar 2013 01:05 AM PST

 
 
 
Facebook စာမျက်နှာများမှ..
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမနေ့ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံထားရသော ညီလာခံကိုယ်စားလှယ်များစာရင်း..

Posted: 08 Mar 2013 07:32 AM PST


ရွေးချယ်ခံထားရသော ညီလာခံကိုယ်စားလှယ်များစာရင်း

ရန်ကုန်တိုင်းဒေသကြီ:
၁။ ဒေါ်အောင်ဆန်းစုကြည်

၂။ ဒေါက်တာမေ၀င်းမြင့်
၃။ ဒေါက်တာမျိုးအောင်
၎။ ဒေါ်ဖြူဖြူသင်း
၅။ ဒေါ်ကြည်ဖြူရှင်
၆။ ဦးစိုးဟန်
၇။ ဦးဖြိုးမင်းသိန်း
၈။ ဦးမျိုးမြင့်
၉။ ဦးကျော်ထွေး
၁၀။ ဦးမျိုးညွန့်
၁၁။ ဦးမြင့်ဌေး
၁၂။ ဦးမောင်မောင်ဦး
၁၃။ ဦးအေးနိုင်

ပဲခူးတိုင်းဒေသကြီး
၁။ ဦးမြင့်ဦး
၂။ ဒေါက်တာသိန်းလွင်
၃။ ဦးစံဦး
၎။ ဒေါက်တာကျော်ကျော်
၅။ ဦးမင်းဦး
၆။ ဒေါက်တာခင်မောင်ဝင်း
၇။ ဦးအောင်သန်း
၈။ ဦးကျော်မင်း
၉။ ဦးအောင်မြင့်

စစ်ကိုင်းတိုင်းဒေသကြီး
၁။ ဦးဟံသာမြင့်
၂။ ဦးဝင်းမြင့်အောင်
၃။ ဒေါက်တာဝင်းအောင်
၎။ မုံရွာအောင်ရှင်(ခ)ဦးအေးကြူ
၅။ ဦးကျော်သောင်း
၆။ ဒေါက်တာမြင့်နိုင်
၇။ ဒေါ်ခင်စန်းလှိုင်
၈။ ဒေါ်အေးအေးမူ(ခ)ရှားမီး
၉။ ဒေါ်ခင်မွှေးလွင်
၁၀။ ဦးခင်မောင်သိန်း
၁၁။ ဦးမြင့်ကြည်
၁၂။ ဦးဘမင်း

မန္တလေးတိုင်းဒေသကြီ:
၁။ ဦးအုန်းကြိုင်
၂။ ဒေါက်တာဇော်မြင့်မောင်
၃။ ဦးမင်းသူ
၎။ ဦးဝင်းထိန်
၅။ ဦးမောင်မောင်သန်း
၆။ ဦးကျော်စိုးလင်း
၇။ ဦးနိုင်ငံလင်း
၈။ ဦးသောင်းထွန်း (ခ)ငြိမ်းသစ်
၉။ ဦးဖြိုးဇေယျာသော်
၁၀။ ဒေါ်ခင်သန္တာ
၁၁။ ဒေါ်စန္ဒာမင်း
၁၂။ ဦးပေါခင်

မကွေးတိုင်းဒေသကြီး
၁။ ဒေါက်တာအောင်မိုးညို
၂။ ဦးတာ
၃။ ဒေါ်ခင်စောဌေး
၎။ ဦးအောင်ကြည်ညွှန့်
၅။ ဦးသိန်းဇော်
၆။ ဦးကံဦး
၇။ ဒေါက်တာကျော်ငွေ
၈။ ဦးချစ်ထွေး
၉။ ဦးပိုက်ကို

တနင်္သာရီတိုင်းဒေသကြီး
၁။ ဦးခင်ဇော်
၂။ ဦးအောင်စိုး
၃။ ဦးစိုးရီ

ဧရာဝတီတိုင်းဒေသကြီး
၁။ ဦးဝင်းမြင့်
၂။ ဦးမန်းဂျော်နီ
၃။ ဒေါက်တာမျိုးညွန့်
၎။ ဦးသိန်းဆွေ
၅။ ဒေါက်တာလှမြတ်သွေး
၆။ ဦးမန်းညွှန့်သိန်း
၇။ ဦးကြည်ဝင်း
၈။ ဦးကျော်ဟိုး
၉။ ဦးသောင်းအေး
၁၀။ စခင်ဇော်လင်း

ရခိုင်ပြည်နယ်
၁။ ဦးညီပု
၂။ ဦးမောင်ကြွင်းအောင်
၃။ ဦးမင်းအောင်
၎။ ဦးသိန်းမောင်

ကချင်ပြည်နယ်
၁။ ဦးအောင်သိန်း
၂။ ဦးကျော်ငြိမ်း
၃။ ဦးယောဆီ
၎။ ဦးလင်းလင်းဦး
၅။ ဦးအင်ဆုံးခါးနော်ဆန်

ကရင်ပြည်နယ်
၁။ ဒေါ်နန်းခင်ထွေးမြင့်
၂။ ဦးစောတင်ဝင်း
၃။ ဦးသန်းနိုင်

ရှမ်းပြည်နယ်
၁။ ဦးထွန်းထွန်းဟိန်း
၂။ ဒေါက်တာသန်းငွေ
၃။ ဦးထွန်းရွှေ
၎။ ဦးခင်မောင်စီ
၅။ ဦးစိုင်းစွံဆိုင်း
၆။ ဦးစိုင်းဝင်းမြင့်
၇။ ဦးကျော်ခင်
၈။ ဒေါက်တာဒေါ်စိန်စိန်သိန်း

ချင်းပြည်နယ်
၁။ ဦးဇိုဘွဲ
၂။ ဦးလိန်းနိုင်း
၃။ ဦးဘွဲ့ခိန်း

မွန်ပြည်နယ်
၁။ ဦးဥာဏ်ဝင်း
၂။ ဒေါ်ခင်ဌေးကြွယ်
၃။ ဒေါက်တာအေးဇံ
၎။ ဒေါ်နွယ်နွယ်အောင်

ကယားပြည်နယ်
၁။ ဒေါက်တာခင်စည်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နာဂ)
၁။ ဦးကယ်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ဓနု)
၁။ ဦးညီညီ (ခ) ညီလေးချမ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (နမ့်ဆမ်)
၁။ ဦးမိုင်းရဲကျော်သူ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (ပအို့ဝ်)
၁။ ဦးစိုင်းမြင့်ဆွေ

လားရှိုးစည်ပင်နှင့် မြေစာရင်းဋ္ဌာန တို့၏ အာဏာအလွှဲသုံးစားလုပ် ကိုယ်ကျိုးရှာ အမြတ်ထုတ် လမ်းပိတ် အိမ်ဆောက်နေမှုအား တိုင်ကြားစာ..

Posted: 05 Mar 2013 05:07 AM PST

လမ်းဖောက်လုပ်ရန်အတွက် အများပိုင် မြေအား လမ်းမဖောက်ပဲ ကိုယ်ကျိုးရှာ အိမ်ဆောက်နေသော လားရှိုးစည်ပင်နှင့် မြေစာရင်းဋ္ဌာန အကြောင်း တိုင်ကြားစာ..

ဝန်ကြီးနဲ့သမ္မတ ဘယ်သူက အထက်ကလဲ…?

Posted: 05 Mar 2013 04:43 AM PST

ပညာရှိများဟာ စည်ကဲ့သို့နေရမယ်လို့ ရှေးလူကြီးသူမများ ပြောကြားခဲ့ဖူးပါတယ်။ စည်ဆိုတဲ့အမျိုးဟာ တီးမှသာမြည်တဲ့အမျိုးမဟုတ်ပါလား။ အချို့အချို့သောလူများဟာ မတီးခင်က အလိုလိုထထမြည်နေတတ်ကြပါ တယ်။ တစ်ချို့ဆို အတောမသတ်နိုင်အောင်ဘဲ မြည်လို့ကိုမဆုံးတော့ပါဘူး။ ဒါကြောင့် " အသံကြောင့် ဖားသေ" "စကား၊ စကား ပြောပါများ စကားထဲကဇာတိပြ"ဆိုတဲ့စကားပုံတွေပေါ်ပေါက်လာရတယ်လို့ ထင်ပါတယ်။ မြန်မာစကားပုံတွေ လေ့လာလိုက်စားမှုအားနည်းလို့များ သတိလက်လွတ်ဖြစ်နေလေရော့သလားလို့ စကားကြော ရှည်လွန်းသူ ဝန်ကြီးတစ်ပါးကိုမေးခွန်းထုတ်လိုပါတယ်။

           နိုင်ငံတော်သမ္မတဟာ ဥရောပ(၅)နိုင်ငံခရီးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစတင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ သမ္မတနဲ့အဖွဲ့က နော်ဝေရောက် မြန်မာ မိသားစုဝင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ သမ္မတက ငါးမိနစ်လောက်သာစကားပြောခဲ့တာဖြစ်ပြီး ဒီပွဲမှာ တော်တော်များများကို ပြောသွားတာကတော့ ဦးစိုးသိန်းပဲဖြစ်ပါတယ်။ ဒီပွဲအတွက် အချိန်တစ်နာရီသာ သတ်မှတ်ကြောင်း ဖိတ်စာမှာ အတိအလင်းသတ်မှတ်ထားသော်လည်း သူတစ်ယောက်တည်း မိနစ် ၂၀ လောက် မရပ်မနား ပြောသွားတဲ့အတွက် တက်ရောက်လာကြသူတွေနဲ့ မီဒီယာသမားတွေက အချိန်မလေးစားသူ၊ ထင်ရာမြင်ရာ ပြောတတ်သူအဖြစ် မှတ်ချက်ပြုကြကြောင်းကြားသိရပါတယ်။ "တက်ရောက်လာတဲ့ပရိသတ်ကို မေးခွင့်ပေးပါအုံးလို့" အခမ်းအနားမှူး လုပ်တဲ့ DVBသတင်းဌာန ဒုညွှန်မှူး ကိုခင်မောင်ဝင်းက ပြောယူရတဲ့အဆင့်ထိဖြစ်ခဲ့ရသလို"ဝန်ကြီးက သိပ်ပွားတာပဲ"လို့ ထပြီးဝေဖန် တာတွေလဲခံခဲ့ရပါတယ်။

အထက်ပါတွေ့ဆုံမှုမှာ ဦးစိုးသိန်းက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး "အင်ဒိုနီးရှား ပါလီမန်ထဲက စစ်သား ၂၅% ထွက်ဖို့အတွက် ပါလီမန်သက်တမ်း နှစ်ခါစောင့်ခဲ့ရပေမယ့် မြန်မာနိုင်ငံမှာ အဲဒီလောက်အထိစောင့်စရာ မလိုလောက်ပါဘူး" လို့ ပြောကြားခဲ့တာတွေ့ရပါတယ်။ ဒီပြောကြားမှုကြောင့် မီဒီယာတွေနဲ့ ပြည်သူတွေကြား ၂၀၁၅ မှာ တပ်မတော်သားကိုယ်စားလှယ်တွေ မပါတော့ဘူးလားဆိုတဲ့ မေးခွန်းမျိုး တွေ၊ အတွေးမျိုးတွေနဲ့ ဂယက်ရိုက်စေခဲ့ပါတယ်။

ဦးစိုးသိန်းရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး စဉ်းစားစရာတွေများစွာရှိပါတယ်-
-       ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီးဖြစ်တဲ့အတွက် သမ္မတရဲ့သဘောထားတွေကို နောကြေအောင်သိနေလို့ ဒီလိုပြောခဲ့တာလား။

-       တစ်ဖက်ကစဉ်းစားပြန်ရင်လဲ ဦးစိုးသိန်းက သမ္မတရဲ့ယုံကြည်မှုကို အသုံးချပြီးအဖေ့ထက်သားတစ်လကြီး ဆိုသလို သမ္မတရဲ့သဘောထားမဟုတ်ဘဲ ကိုယ့်သဘောထားကိုယ်ပြောခဲ့တာလား။

-       ၀န်ကြီးတစ်ယောက်အနေနဲ့ လက်လွတ်စပယ်ပြောတာကို သမ္မတကထိန်းချုပ်နိုင်ဖို့ မတတ်နိုင်တဲ့ သဘောလား။ ၀န်ကြီးအပေါ် သမ္မတရဲ့အာဏာသက်ရောက်မှုများမရှိလေရော့သလား။ အားနာစရာ၊ မပြောရဲစရာ၊ ထောက်ထားစရာတွေများ ရှိနေပါသလား(ဦးစိုးသိန်းက MIC ဥက္ကဋ္ဌကြီးမဟုတ်ပါလား)။

-       ဦးစိုးသိန်းက သမ္မတကိုတောင် ဘေးဖယ်ထားပြီး ကိုယ်တိုင်ပဲသမ္မတရဲ့ဘိုးအေပုံစံမျိုး ဂိုက်ဖမ်းနေတာ ဆိုတော့ ၀န်ကြီးကသမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေများရှိနေပါသလဲ။ သမ္မတက ကျွန်တော်ပြီးရင် ပြီးတယ်။ ကျွန်တော်ဖြူဆိုဖြူ၊ ကျွန်တော်မဲဆိုမဲ၊ ကျွန်တော်ပြောတဲ့အတိုင်းဖြစ်တယ်ဆိုတာကို ဖော်ထုတ်ပြ(Show)ချင်တာလား။

 အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံမေးမြန်းမှုတွေလုပ်တဲ့နေရာမှာ သတင်းမီဒီယာ တွေရဲ့ မေးမြန်းမှုတွေအပေါ် အကျိုးအကြောင်းဆီလျော်မှု၊ အထောက်အထားခိုင်လုံမှု၊ တည်ကြည်ပြတ်သားမှုတွေနဲ့ မှန်မှန်ကန်ကန်ဖြေကြားဖို့က အလွန်ပဲအရေးကြီးပါတယ်။ စကားတစ်ခွန်း အစွန်းသုံးဖက်ဆိုတာကို ဒီအသက်အရွယ် ရောက်နေမှဖြင့် စဉ်းစားတတ်ပြီလို့ ယူဆထားခဲ့တာ လုံးဝလွဲသွားခဲ့ပါတယ်။ အဓိကရှောင်ရှားရမှာက" ငါ့စကားနွားရ" မဖြစ်စေဖို့ပါ။ သိပ်ပွား၊ သိပ်ဖားတဲ့ ၀န်ကြီးတစ်ပါးရဲ့ ဦးနှောက်ထဲကအကြံဉာဏ်တွေ၊ ၀န်ကြီးနဲ့သမ္မတတို့ ဘယ်သူက အထက်ကလဲဆိုတာတွေကိုဖြင့် နိုင်ငံတကာမီဒီယာများနဲ့ နိုင်ငံရေးသုတေသီများ ယနေ့မှစအထူးဂရုပြုလေ့လာ စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျား…။
           
ရေးသားပေးပို့သူအား ကျေးဇူးတင်ပါသည်..။

သီရိလင်္ကာနိုင်ငံမှ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ညီလာခံ..

Posted: 04 Mar 2013 08:36 AM PST

 
 
 
 သီရိလင်္ကာနိုင်ငံမှ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ညီလာခံ..
 
Karuna Center မှ ကြီးမှုးကျင်းပသည့် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ညီလာခံကြီးတစ်ခုကို ယနေ့ 02.03.2013- ခု နေ့လည် ၂ နာရီအချိန်မှ စတင်ကာ သီရိလင်္ကာနိုင်ငံ BMICH နိုင်ငံတကာခန်းမကြီး၌ ကျင်းပရာ နိုင်ငံတွင်းရှိ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ပရိသတ် 600 ကျော်တက်ရောက်ခဲ့ကြသည်။

 အဆိုပါအစည်းဝေးကြီးတွင် သက်ဆိုင်ရာ ဘာသာအလိုက် အဆိုပြုချက်စာတန်းများကို ဖတ်ကြား တင်သွင်းသွားခဲ့ကြသည်။ အစည်းဝေးဖြစ်မြောက်ရေးနဲ့နိုင်ငံတ၀ှမ်း ၄င်းတို့၏လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အမေရိကန်အခြေစိုက် Karuna Centerမှ အဓိကထောက်ပံ့ပေးထားဖြင်းဖြစ်သည်။ ယင်းအဖွဲ့ကြီးအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး နှင့် လူအဖွဲ့အစည်းတိုးတက် ကောင်းမွန်လာစေရေးတို့အတွက် အဓိကထား ဆောင်ရွက်လျှက်ရှိသည်။ အထူးသဖြင့် ပြည်တွင်းစစ်ဘေးဒဏ် ပြင်းထန်စွာခံစားခဲ့ရသည့် ဒေသများရှိ ပြည်သူများ၏ အုပ်စုစွဲ ဘာသာအယူဝါဒစွဲဖြင့် အကြမ်းဖက်များကိုရှောင်ရှားနိုင်ရေးတို့အတွက် မတူညီသည့် ဘာသာယဉ်ကျေးမှုများအကြား နာလည်မှုရရှိရေးနဲ့ ပူပေါင်းဆောင်ရွက်ရေးတို့အတွက် ဆက်လက် လုပ်ဆောင်လျှက်ရှိသည်။ 

လတ်တလော သီရိလင်္ကာနိုင်ငံအတွင်း စားကုန်သောက်ကုန် များတွင် Hala တံဆိပ်တပ်မှုနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များနဲ့ မူဆလင်တို့အကြား ပဋိပက္ခများကြီထွားနေချိန်ဖြစ်သည်။ သို့သော် ယနေ့ကျင်းပသည့် အစည်းဝေးမှာ ၄င်းပဋိပက္ခဖြစ်ပေါ်နေမှုနဲ့ ဆက်စပ်မှုမရှိပဲ ၄င်းတို့လုပ်ငန်းအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ အစည်းဝေး တက်ရောက်လာကြသည့် ဘာသာရေး ခေါင်းဆောင်အတော် များများ၏ မျက်နှာပေါ်မှာတော့ ဖြစ်ပေါ်နေသည့် ပဋိပက္ခပုံရိပ်များ လွန်းနေသယောင် တွေ့မြင်နေရသည်။ 
 
အရှင် ဥက္ကဋ္ဌ

ဂျော်ဒန်ရောက် CMI အထည်ချုပ်စက်ရုံရှိ မြန်မာ အလုပ်သမားများ၏ ဆန္ဒပြမှုပြဿနာဖြစ်စဉ်..

Posted: 04 Mar 2013 07:57 AM PST

ဂျော်ဒန်ရောက် CMI အထည်ချုပ်စက်ရုံရှိ မြန်မာ အလုပ်သမားများ၏
ဆန္ဒပြမှု ပြဿနာဖြစ်စဉ် (ဓာတ်ပုံ ဧရာဝတီ)

(13.2.2012)(wed)တွင် စက်ရုံမှကျွေးသော ထမင်းကိုစား၍ အလုပ်သမားများ ၀မ်းလျှောခဲ့ ကြပါသည်။ နောက်တစ်ရက်(14.2.2012)(Thu) တွင်ဝမ်းလျှောသည့် သူများအတွက် ဆေးခွင့် တောင်းရာ ဆေးခွင့်မပေးခဲ့ပါ။ ဒါကိုရုံးခန်းသို့ သူတို့ကျွေးတဲ့ထမင်း၊ ဟင်းပန်းကန် ကိုယူပြီးကောင်းမွန်စွာ ပြောပြီးတင်ပြခဲ့သော်လည်း တာဝန်ရှိသူတရုတ်လူမျိုးမှ ရိုင်းပြစွာပြောဆိုဆက်ဆံပြီး အမူအရာကြမ်းတမ်း စွာဖြင့် ခုံကိုလက်သီးဖြင့်ထုခဲ့ပါသည်။ 

ထိုကြောင့် မြန်မာတာဝန်ခံ ဦးရဲထွန်းမှစက်ရုံတွင်း၌ အလုပ် သမားများ အုံကြွလာမှုမဖြစ်စေရန် မြန်မာအလုပ်သမား အမျိုးသား/အမျိုးသမီး အယောက် (၂၀)ကျော်အား တိုင်ပင်ဆွေးနွေးရန်ခေါ်ဆောင်ခဲ့ပါသည်။
ထိုအစည်းအဝေးတွင် တောင်းဆိုချက် (၃) ချက်ကို မြန်မာအလုပ်သမားများမှ တစ်ညီ တစ်ညွတ်တည်း တောင်းဆိုခဲ့ပါသည်။
(၁) အခြေခံလစာကို မြန်မာနိုင်ငံမှ လာရောက်ခေါ်ယူစဉ်နှုန်းထားဖြစ်သော (US $ 200) သို့ ပေးအပ်ရန်။ (မှတ်ချက်။ အလုပ်စတင်လုပ်ခဲ့စဉ်ကတည်းက ရရှိလစာငွေ =( US $ 155 ) ငွေကြေးလဲလှယ်နှုန်း - (JD $ 0.7 = US $ 1) ဖြစ်သဖြင့် လစာကိုလည်း အမေရိကန် ဒေါ်လာဖြင့် နှိမ် ပေးခဲ့ပါသည်။
(၂) လူမျိုးခွဲခြားဆက်ဆံခြင်းများမပြုလုပ်ပဲ အခြားလူမျိုးများနှင့်တန်းတူဆက်ဆံ ပေးရန်၊
(၃) ကျန်းမာရေးနှင့်ညီညွက်ပြီး မြန်မာလူမျိုးများနှင့် ကိုက်ညီသောအစားအသောက်များကျွေးရန်၊
အလုပ်သမား များသည် စက်ရုံမှကျွေးသော ထမင်းဟင်းများလည်းမကောင်းသောကြောင့် ကိုယ်တိုင် ချက်ပြုတ် စားသောက်ရခြင်း၊လုပ်အားခနှင့် သုံးစွဲမှုကုန်ကျစရိတ်မမျှတမှုစသည့် အခက် အခဲများနှင့် ရင်ဆိုင်နေရပါသည်။ ယခုနှစ်တွင် ကုန်ဈေးနှုန်းပိုမြင့်လာသဖြင့် မှုလအဆင်မပြေမှုအပြင် အခက်အခဲအကြပ်အတည်းများဖြင့်သာ လုံးပန်းနေရသဖြင့် မိသားစုထံသို့ ငွေပို့နိုင်ရန်မဆိုထားနှင့် ဂျော်ဒန်နိုင်ငံတွင်ပင် နေထိုင်စားသောက်ရန် အချိန်ကုန်၍ လူပင်ပန်းမှုများသာဖြစ်နေကြရပါသည်။ သို့ဖြစ်ပါ၍ အလုပ်သမားများမှ ယင်းဒုက္ခများမခံစားနိုင် မခံမရပ်နိုင်သောကြောင့် အဆုံးတွင် အလုပ်သမားများအားလုံးမှ အထက်ပါ အချက်အလက်များအား အသနားခံတောင်းခံခဲ့ကြပါသည်။


ဂျော်ဒန်နိုင်ငံရှိ အလုပ်သမားရုံးသို့တိုင်ကြားစာသွားရောက်ပို့ရာတွင် အလုပ်သမားရုံးမှ အကြီးအကဲနှင့်မတွေ့ခဲ့ရဘဲ ရုံးတာဝန်ခံ(ဂျော်ဒန်နိုင်ငံသား)နှင့်သာတွေ့ပြီး ၄င်း၏ပြောကြားမှုများ ဟုဆိုကာ မြန်မာတာဝန်ခံ ဦးရဲထွန်းမှ စကားပြန်ပေးခဲ့ပါသည်။ ( ''မင်းတို့ ခုလိုတောင်းဆိုချင်ရင် ဒီအလုပ်သမားရုံးနဲ့ မင်းတို့အခု အလုပ်လုပ်နေတဲ့ စက်ရုံကို (၁၄)ရက်ကြိုတင် အကြောင်းကြား ပြီးတင်မှ တရားဝင်တယ်။ ဒီတော့အခု မင်းတို့က(၁၄)ရက်ကြိုတင်အကြောင်းမကြားပဲ ဒီလို လုပ်တဲ့အတွက် တရားမ၀င်တာကြောင့် မင်းတို့ကိုတရားစွဲပြီးဒဏ်ကြေးပေးဆောင်ခိုင်းလို့ ရတယ်။ ဒါကြောင့် အလုပ်ပြန်ဆင်းပါ ၊ မဆင်းရင် ပထမဆုံးရက်ကို JD $ 50 ဖြတ်မယ်။ နောက်ရက်တွေထပ်ပျက်ရင် တစ်ရက်ကို JD $ 5 နှုန်းနဲ့ဖြတ်သွားလိမ့်မယ်'' ) ဟုဦးရဲထွန်း မှ ပြန်လည်ပြောကြားခဲ့ပါသည်။


နောက်တစ်ရက် (19.2.2013)(Sun) တွင် အဆောင်၌အထက်ပါသတိပေးစာ လာကပ်ထားပါသည်။ အလုပ်သမားများ၏လစာရငွေမှာ US $ဒေါ်လာဖြစ်ပြီး ဖြတ်မည့်ငွေမှာ JD $ ဟု ဆိုသဖြင့် မတရားမှုမှာ သိသာလှပါသည်။


ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာလူမျိုးတို့၏ တာဝန်ခံဖြစ်သူ မြန်မာပြည်သား တာဝန်ရှိသူ company ပိုင်ရှင်သူဌေးနှင့် တွေ့ဆုံဆွေးနွေးပေးမည်ဟုဆိုကာ ခေါ်ဆိုသဖြင့်(25.2.2013) (Mon)နေ့လယ်နှစ်နာရီတွင် အစည်းအဝေးခန်းမသို့ အလုပ်သမား ၂၀ ကျော်မှ အလုပ်သမားများ ၏ကိုယ်စားသွားရောက်ခဲ့ပါသည်။ ဂျော်ဒန်နိုင်ငံအလုပ်သမားရုံးမှ တာဝန်ရှိသူ(၂)ဦးအရင်လာ ရောက်ခဲ့ရာ အလုပ်သမားများမှ မှတ်တမ်းတင် ဗွီဒီယို၊ဓါတ်ပုံရိုက်သောအခါတွင် လုံးဝလက်မခံပဲ ခါးသီးစွာ ငြင်းပယ်ခဲ့ပါသည်။ အစည်းအဝေး လာရောက်သူများမှာ ယောင်္ကျားလေးများဖြစ်သည်ကို အကြောင်းပြ၍ မိန်းကလေး (၅)ဦးအားခေါ်ဆောင်ခိုင်းကာ အချိန်ဆွဲပြီး အစည်းအဝေးကို ခေတ္တ ရပ်ဆိုင်းထားပါသည်။ 


မိန်းကလေးများရောက်လာသော်လည်း ''သူဌေးက ၄င်း၏အလုပ်မပြီးသေး သဖြင့် ခဏစောင့်ပါ''ဟုပြောခဲ့ပါတယ်။ ထိုသို့စောင့်နေစဉ်တွင် အဆောင်မှကျန်ရှိနေခဲ့သော မိန်းကလေးတစ်ဦးအား ခေါ်ဆောင်လာခဲ့ပါသည်။ ယင်းမိန်းကလေးမှာ မည်သည့်အကြောင်း ကြောင့်ခေါ်လာမှန်းမသိပဲ အထက်လူကြီးမှခေါ်သဖြင့်လိုက်လာခဲ့ခြင်းသာဖြစ်ပါသည်။ အမှန်မှာ ဦးရဲထွန်းမှ ၄င်းတို့၏လူအဖြစ်ခေါ်ဆောင်လာခြင်းသာဖြစ်ပြီး အလုပ်သမားအချင်းချင်း သူ့ဘက်ကိုယ့်ဘက် သူ့လူကိုယ့်လူ ဤသို့ဖြစ်ကာသွေးကွဲစေရန် လိမ်ညာမှုတစ်ခုသာဖြစ်ပါသည်။ အလုပ်သမားများမှာ၂ နာရီ စမည့်အစည်းအဝေးကို ၄နာရီအထိ စောင့်ဆိုင်းခဲ့သော်လည်းဤသို့ အချိန်များဆွဲ၊ သူဌေးလည်းရောက်မလာ ၊ ဦးရဲထွန်းမှလည်း မူမမှန်သော အပြုအမူ လုပ်ဆောင် မှုများကြောင့်မယုံသင်္ကာဖြစ်ကာ ဆက်လက် မစောင့်ဆိုင်းတော့ပဲ ပြန်လာခဲ့ကြပါတယ်။

 ထိုအချိန်မှ စ၍ မြန်မာတာဝန်ခံဦးရဲထွန်းကို ယနေ့အချိန်ထိမတွေ့ရတော့ပဲ ပုန်းရှောင်နေပါသည်။(27.2.2013) (Wed) နေ့လယ် 12:00 နာရီအချိန်တွင်သူဌေးနှင့်တွေ့ပေးမည်ဟု အေးဂျင်းကိုစိုင်း မှ ချိန်းဆိုသဖြင့် အဆောင်အောက်တွင်အလုပ်သမားများမှစောင့်ဆိုင်းနေစဉ် CMJ စက်ရုံမှလွှတ် လိုက်သည်ဟုဆိုကာ ဤနိုင်ငံမှရဲများရောက်လာပါသည်။ ဤသည်မှာတဖက်လှည့်ဖြင့် အလုပ် သမားများ ထိတ်လန့်ဆူပူပြီး အပြစ်ဖြစ်အောင်လုပ်ခြင်းဖြစ်ပါသည်။ အေးဂျင်ကိုစိုင်းမှ အလုပ် သမားများအားမခေါ်ပဲ '' CMJ စက်ရုံသို့သွားရောက်ကာသူဌေးနှင့်တွေ့ခဲ့ပြီးပြီ။ သူဌေးက အလုပ်သမားများအား အလုပ်ပြန်ဆင်းရန်နှင့်မဆင်းပါက မည်သို့မျှ တာဝန်ယူဖြေရှင်းပေးမည် မဟုတ်'' ဟုဆိုသည့် ၄င်း၏နှုတ်ထွက်စကားကိုသာကြားခဲ့ကြရပါသည်။

(ပြဿနာဖြစ်ချိန်ကာလမှစ၍ ယနေ့အချိန်ကာလထိ သူဌေးဆိုသူနှင့်တိုက်ရိုက် တွေ့ဆုံ ပေးခြင်းမရှိဘဲ ဦးရဲထွန်း ၊အေးဂျင့်ကိုစိုင်း တို့၏လိမ်ညာမှုများဖြင့်သာ အချိန်ဆွဲ လှည့်စားခံနေ ကြရပါသည်။ မည်သူထံမှလည်း ယခုအချိန်ထိ အကူအညီရရှိခဲ့ခြင်း မရှိခဲ့ပါ။)

E mailတို့သို့ဆက်သွယ်ကူညီပေးပါရန် .........
Ph (Jordan) 00962-787372905, 00962-777813917, 00962-7774174109,
00962-777429461, 00962-777865365,
(Yangon) 09-42018196 , 09-773248400, 09-43024847
E-Mail decemberei0899@gmail.com, kyawzinlinn4@gmail.com
Facebook myawathan@gmail.com .

တနပ်စား လယ်/ဆည်ဝန်ကြီးအကြောင်း တစေ့တစောင်း (ပေးစာ)

Posted: 01 Mar 2013 11:44 PM PST


တနပ်စား လယ်/ဆည်ဝန်ကြီးအကြောင်း တစေ့တစောင်း 
လယ်သမားများ အကြွေးဆပ်နိုင်ရန် ထမင်းတစ်နပ် လျှော့စားသင့်ကြောင်း ပြောဆိုခဲ့တဲ့ ဂန္တဝင်လယ်ဆည်ဝန်ကြီးနဲ့ လယ်/ဆည် ဝန်ကြီးဋ္ဌာနအကြောင်း ဒီမိုဝေယံသို့ ပေးစာကို ဖော်ပြလိုက်ရပါတယ်..။

ခုရက်ပိုင်းအတွင်း အွန်လိုင်း ပေါ်မှာ ၉မိုင် စက်မှုလယ်ယာကို Company ထိုးပေးတော့မယ့်ကိစ္စ ကို အတော်များများ ဖတ်နေရတာရယ် ၊ ဂျာနယ် တစ်စောင်ပေါ်မှာ လယ်/ဆည် ၀န်ကြီးဆိုတာ အပြောသာသိပ်မတတ်တာ အလုပ်တော.လုပ်ပါတယ် ဆိုတဲ့ စာလေးတစ်ခု ဖတ်မိတာရယ်၊ တောင်သူလယ်သမားနေ့ ၀န်းကျင်ဖြစ်နေတာရယ်ကြောင် ဒီစာလေး ရေးဖြစ်တာပါ ။

လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင် ဒီပုဂ္ဂိုလ် ရဲ. ယူနီဖောင်းဝတ် ဘ၀အကြောင်းတော. မသိဘူးဗျ ၊ ဒါပေမယ်. ၀န်ကြီးဖြစ်လို့ သိပ်မကြာခင်မှာပဲ ပျဉ်းမနား စက်မှုလယ်ယာ အလတ်စား စက်ရုံကိုရောက်လာတယ်ဗျ ။ စက်ရုံထဲရောက် တစ်ချက်နှစ်ချက်ကြည့် ပြီးတာနဲ. ဘာပြောလဲသိလား ၊ ငါ  -ိုး မင်းတို့စက်မှုလယ်ယာက အခွံချည်းပဲရှိတာပဲတဲ့၊ အင်း ပညာတတ်တစ်ယောက် နှုတ်ထွက်ပေါ.ဗျာ ။ ဒီလိုနဲ. သူ. ရာထူးရက်သား ဘ၀မှာပဲ နိုင်ငံတော်အကျိုးအတွက် ကောက်စိုက်စက် တစ်ခုထွင်ခိုင်းတယ်ဗျ၊ ဘယ်လိုထွင်ခိုင်းတာလဲ ဆိုတော့ စက်မှုလယ်ယာ DG ကနေ တစ်ဆင့် ကိုရီးယားက ကောက်စိုက်စက်ပုံ တစ်ပုံပြပြီး တစ်ပတ်အတွင်း တီထွင်ပါတဲ့၊ ဘာအချက်အလက် မှမသိရ ၊ဘာမှလေ့လာချိန်မရှိ ဓါတ်ပုံ တစ်ပုံကြည့်ပြီး တစ်ပတ်အတွင်းရှိတာနဲ့ အပြီးထွင်တဲ့ ၊ကဲ ဒါ.အပြင် သူက ဖိအားပေးသေးတယ်ဗျ ၊ကျုပ်က ဗိုက်ဆာနေတုန်းအချိန် ကိုပဲစားချင်တာ၊ ဒီအချိန်ပဲကျွေးပါ၊ ပြီးလို.ရင်ခံသွားပြီး လေတက်နေချိန်မှ လာကျွေးလို့ကတော. လုံးဝစိတ်မ၀င်စားဘူးတဲ့။ ထုံးစံအတိုင်း ဘယ်ပညာမဲ့ ထွင်သွားမှန်းမသိတဲ့ ရေဘူး ပေါက်တဲ့စကားထက်တော. ခြမ်းခြောက်သံပါပါ.ဗျာ ။

စက်မှုလယ်ယာက လူတွေကလည်းဗျာ မခံချင်စိတ်ရော ၊ DG ရဲ.ဖိအားကြောင်.ရော နေ.မအိပ်ညမအိပ် လုပ်လိုက်ရတာဗျို့၊ နောက်တစ်ခါလာတာတော. စက်အလုံး၂၀ ကို ၂ပတ်အတွင်းအပြီးထုတ်ပါတဲ့ ။ဆိုလိုတာက ဒီလိုအဆင်ခြင်မဲ့ အချိန်ကန့်သတ် အခိုင်းခံရတဲ့ အကျိုးကျေးဇူးက ဘာတွေဖြစ်လာလည်းဆိုတော့ အရည်အသွေးက စကားပြောတော့ တာပေါ.ဗျာ ၊ ဒါ.အပြင် အဲ့ဒီစက်ကို ဘာမဆိုင် ညာမဆိုင် ဆည်မြောင်းကို သွားထွင်ခိုင်းသေးသဗျ၊ သူ.ကျေးဇူးရှင်လေးကို ကျေးဇူးပြုဖို.ထင်ပါ. ဒါတောင်သူ့အဘ ဦးစိုးသိန်းက ဆည်မြောင်းနဲ. ဒီစက်ထုတ်လုပ်တာ ဘာမှမဆိုင်ဘူးပြောလိုက်လို.ရပ်သွားတာဗျ။ စက်ထွင်ပြီးတော.လည်း သူက စက်ပေါ်တက်ထိုင်ကြည့်သေးတာဗျ၊ ပြီးတော့ စက်မှုလယ်ယာ DG ကို မင်းဒီစက်မောင်းဘူးလား ဒီလိုထိုင်ဘူးလား ဆိုပြိးမေးသေးတာဗျ (ဒါတောင်သူ ကိုယ်တိုင်စိုက်ပျိုးကြည့် ရသေးတာတော. မဟုတ်ဘူးနော်)။ ကျုပ်တို့ စက်မှုလယ်ယာရဲ့ အင်မတန်ရဲရင့် ထက်မြက်ပါတယ်ဆိုတဲ့ DG လည်း သူ့ကိုတော…. အေးပေါ.လေ ဗုဒ္ဓဘာသာပီပီ ကိုယ့်ထက်အကြီး ကိုယ့်အထက်အရာရှိဆိုတော.လည်း..။

သူကပြောသေးတယ် ကျုပ်ကစစ်သား၊ သေနတ်ပစ်တတ်တယ်ဗျတဲ့၊ ကျုပ်တစ်ခုသတိသွားရမိပါရဲ. 
တပ်မတော်မှာ တိုက်ပွဲဝင် အရာရှိတွေကိုပြောလေ့ ရှိတဲ့- မင်းတို.က စစ်တိုက်နေရတာနော် သေနတ်ဝင်ပစ်နေဖို့ပဲ စိတ်ကူးမနေနဲ့ စစ်တိုက်ဖို့လုပ် ဆိုတာအရ ဆိုရင်တော့ သေနတ်ကတော့ တပ်သားသစ်တောင် ပစ်တတ်တယ်ဗျ။  အဲ့လိုတွေ အတင်းတည်ထွင်ခိုင်း၊ ၀န်ထမ်းတွေကိုနေ့၊ မအိပ် ညမအိပ် လည်း နှိပ်စက်ပြီးရော ဘာလုပ်လည်းသိလား၊ Good Brother Companyကို တရုပ်ကောက်စိုက်စက် အစီး ရာဂဏန်း သွင်းခိုင်းလိုက်တယ်ဗျာ၊ အဲဒါတွေက ခုထိ စက်မှုလယ်ယာ အရောင်းဆိုင် နဲ့ စခန်းတစ်ချို့မှာ ဖုံတွေတက်လို့၊ ဘယ်သူမှလည်း ဝယ်မယ့်သူ မရှိဘူးလေ။

ပြီးတော့ သူအခုဂုဏ်ယူနေတဲ့ အဆင့်မြင့် လယ်ယာတွေ၊ ဒါတွေအတွက်လည်း ဆည်မြောင်း ၊စိုက်ပျိုးရေး ၊ စက်မှုလယ်ယာ ၀န်ထမ်းတွေအကုန်လုံး နေ့မအိပ် ညမအိပ်လုပ်ကြရတာဗျ  ထုံးစံအတိုင်း ဘယ်ရက်ပြီးရမယ်ဆိုတဲ့ကိစ္စတွေမှာ ဘာတွေဖြစ်လာလည်းဆိုတော. လယ်ကွက်တွေ မြေညှိုတော. နေရာတိုင်းကမညီ၊ အဲ့ဒီတော. နိမ့် နေတဲ့နေရာတွေမှာ နုံးတွေကသွားစု၊ အဲဒါတွေခပ်ထုတ် ၊ အိတ်တွေဖို့ ၊ ထရံတွေခင်း မြေကြီးပြန်တင် ပြီး ကွင်းဖြစ်အောင် စပါးစိုက်လို့ရအောင် ဖြစ်သလို လုပ်ရတာတွေ ဖြစ်ကုန်ရောဗျ။ ဒီတစ်နှစ်တော့ အဆင်ပြေမှာပေါ့ဗျာ ၊နောင်နှစ်တော. မသိဘူးပေါ့။

 ဒါနဲ.ပတ်သက်လို.လည်း သူ.ရဲ. လက်စွဲတော် စပ်မျိုးစပါး တစ်ဧက တင်း၃၀၀ ဆိုတာကိုတော. ၀င်ရိတ်ဖူးတဲ့တစ်ချို.ပြောတာ အလွန်ဆုံး ၁၈၀ ပါတဲ့၊ ပြီးခဲ့တဲ့ မိုးစပါးရိတ်တဲ့ သူတစ်ချို့ကတော့၈၀ ပဲထွက်တယ်တဲ့၊ သူပြပြနေတဲ့ လယ်ကွင်းတွေကတော့ ရေကို အချိန်မရွေး လိုသလောက်ပေး၊ ဓါတ်မြေသြဇာကိုလည်း အလကားရသလို ကျွေးထားတော့ နီးစပ်ရင်လည်း နီးစပ်မှာပေါ.တဲ့၊ ဒါပေမယ့် ဒါက စပါးထွက်ရင်ပြီးရော စိုက်တာလား၊ ထုတ်လုပ်စိုက်ပျိုးကုန်ကျစရိတ်က ကိုယ်.လယ် ကိုယ်.ဆီ ကိုယ်.စက်နဲ. ကိုယ်.ဘာသာထွန်ပြီး ကိုယ့်ဓါတ်မြေသြဇာ ကိုယ့်ပိုက်ဆံနဲ. ၀ယ်ထည့် ရရင်ကော အသားတင်အမြတ်က၊ ပြီးခဲ့တဲ့ ရက်ပိုင်းက  ဒက္ခိဏသီရိ ဧက ၃၀၀၀ ဖွင်. ပွဲမှာ စက်မှုလယ်ယာ DG ပြောတာကိုပဲကြည့်ပါ ။ အဲ့ဒိ ဧက ၃၀၀၀ အတွက် ထွန်စက်ကြီး ၅၆ စီး ၀န်ထမ်း၁၀၈ ဦး နဲ.၂လကျော် နားရက်မရှိ ဖော်ထုတ်ခဲ့တာပါတဲ့၊ ဒီစားရိတ်တွေကိုရော အားလုံးပေါင်း ဘယ်လောက်ဖြစ်နေမယ် ထင်လဲ၊ စက်သုံးဆီ၊ ၀န်ထမ်း စားရိတ်တွေထည့် တွက်ရင်ကော ဒါနဲ့ ပတ်သက်ပြီး ဆည်မြောင်းညွန်မှုးက ကုန်ထုတ်လမ်း ၄၇ မိုင်၊ ရေပေးမြောင်း ၅၉မိုင်၊ ရေနုတ်မြောင်း ၉၇ မိုင်ကို အချိန် ၄ လခန်.ယူပြီးတည်ဆောက်ခဲ့ရတယ်တဲ့ ၊ဒီစ၇ိတ်တွေကရော ကျုပ်ပြောချင်တာက နိုင်ငံအတွက် တကယ်ကောင်းမယ်ဆို လုပ်ပါ ဒါပေမယ်. ကိုယ်လုပ်ချင်တဲ. ကိစ္စတစ်ခုအောင်မြင်ဖို. ကျန်တာတွေ ထည်.မတွက်ကြေးဆိုရင်တော. မဟုတ်သေးပါဘူး။ ပြီးတော. ဒီတစ်နှစ် နှစ်နှစ် ကိုယ်လုပ်နေတဲ့ စီမံကိန်းအောင်မြင်တယ်ဆိုတာပြဖို. ဓါတ်မြေသြဇာလိုမျိုးကအစ အတိုင်းအဆမဲ့သုံး နောင်လည်းကျရော....။ 
ဒါတွေက ခုတရုပ်တွေ ဖရဲငှားစိုက်နေကြတဲ့မြေတွေမှာ ဒီပြဿနာတွေကြုံနေရပါပြီ။

 ပြီးတော. ဒီစုပေါင်းလယ်ယာ ကိစ္စ Company တွေနဲ. လုပ်ချင်တာဘယ်သူ.ဆန္ဒပါလဲ။ ဘာကြောင်.ပါလဲ ဒါအလကားသိချင်တာ မဟုတ်ပါဘူး ။ ဒဂုံတောင်ပြည်သူ.လွှတ်တော်အမတ် ကမေးတာကို လယ်ဆည် ဒုဝန်ကြီး ဦးအုန်းသန်းဖြေတုန်းက ခောတ်မှီ စက်မှုလယ်ယာသို့ ကူးပြောင်းပြီး လယ်ယာမြေများပေါ်တွင် မိမိကျွမ်းကျင်သည်.လုပ်ငန်း ၀င်ရောက်လုပ်ကိုင်ခြင်းဖြင်. ထိုက်တန်သော လုပ်အားခများရပြီး မိသားစု အလုပ်အကိုင်နှင့် ၀င်ငွေ များတိုးတက်ရရှိနေကြောင်း ပြီးခဲ့တဲ့နှစ် ၇ လပိုင်း လွှတ်တော်မှာဖြေကြားသွားခဲ့ပါတယ်။ 

အဲဒီ ရက်ပိုင်း ၂၀၁၂ ဇူလိုင် ၂၇ ထုတ် 7Day News ဂျာနယ်မှာတော. ညောင်ပင်ကျေးရွာ လယ်သမားကြီး ဦးဝင်းစိန်က  - လယ်ကလုပ်ခမရတာ ၂နှစ်ကျော်ပြီ သားသမီးလုပ်စာနဲ. စားနေရတာ၊ လယ်ရှိရင် သီးစားချထားလို့ ရတယ်ဆိုပြီး ဖြေကြားသွားခဲ့သလို သရက်ပင်ချောင်က အသက်၅၀ကျော် လယ်သမားကြီး ဦးမောင်ညိုကလည်း စပါးရောင်းစရာ မရှိဘူး၊ ဆန်လည်းရောင်းစရာမရှိဘူး ဈေးက၀ယ်စားနေရတယ် တဲ့။

ကဲ ဒါလယ်သမားတွေပြောတာ အဲဒီတော. ပူးပေါင်းလုပ်ဆောင်နေတဲ့ Company တွေကရော ဘာတွေပြောလဲ ကြည့်ရအောင် အဲဒီဆောင်းပါးမှာပဲ ပါပါတယ် ဧဒင်ဦးချစ်ခိုင်က စိုက်ပျိုးရေးဖွံ.ဖြိုးဖို့ အတွက် အထူးဇုန်ဆိုပြီး တာဝန်ပေးလို.လုပ်ရတာပါတဲ့။ ကဲနောက်တစ်ယောက် ပင်လယ်ကိုးသွယ် Company ဥက္ကဋ္ဌ ဦးအောင်သန်းဦးက -ကျွန်တော်တို.က လယ်သမားသားသမီးတွေပဲ လယ်မလုပ်ချင်လို့ မြို.ပေါ်တက်လာတာ၊ နိုင်ငံတော်ကတာဝန် ပေးလို.လုပ်ရတာ၊ ဒီဒဂုံဆိပ်ကမ်း စံပြ စက်မှုလယ်ယာ စီမံကိန်းဆိုရင် စီမံကိန်းစစဉ်ကနေ လယ်ဧက ၅၀၀ မြေ ပြင်၊ ကုတ်ထုတ်လမ်းဖောက်၊ မီးသွယ်နဲ. ကျပ်သန်း ၁၅၀၀၀ မြှပ်နှံထားရပါတယ်တဲ့၊ အဲဒီ စီမံကိန်းဟာ ဒဂုံဆိပ်ကမ်း ၉ ရွာနဲ့ Company ၁၅ခု အကျိုးတူဆောင်ရွက်တာပါတဲ့၊ Company က လယ်လုပ်ခွင်.မပြုလို. အဲဒီ၉ရွာက လယ်သမား ၁၀၈၅ ယောက် အလုပ်ဆုံးရှုံးခဲ့ရတယ်လို.ရေးထားပါတယ်။ (အဲဒီမှာ ဒီပုဂ္ဂိုလ်ရဲ. မိသားစု Company က နိုင်ငံတော်ပိုင်စက်တွေ ၊နိုင်ငံတော်ပိုင်ဆီတွေ၊ နိုင်ငံတော်ရဲ. ၀န်ထမ်းဖြစ်တဲ့ ၉မိုင်စက်မှု လယ်ယာဝန်ထမ်းတွေကို ကိုယ်ပိုင်အခမဲ့ ယူသုံးပြီး နဂါးမောက်ပင်ကအစ စိုက်ခိုင်းတာတွေတော့ မပြောတော.ပါဘူး၊ ဘာလို.လည်းဆိုတော. အဲဒီကိစ္စလိုက်တဲ့ ထောက်လှမ်းရေး တစ်ယောက်ရာထူးက ပြုတ်သွားတယ်ဆိုတဲ့ အတည်ပြုချက်မရတဲ့ သတင်းကြောင့် တွေးကြောက်တာရယ်၊ သူကိုယ်တိုင်ကလည်း လမ်းလျှောက်ရင် စကားပြောရင် ပုဆိုးလှည့် မပြောတတ်ပေမယ့် သူ့ကိုစကားပြောတာ တိုက်ပုံအကျီင်္ထဲ လက်ထည့် ပြောလို.ဆိုပြီး အရာရှိတစ်ယောက်ပြုတ်သွားတယ်ဆိုတဲ့သတင်းရယ်ကြောင်.  မပြောရဲပါဘူး)။ ပြောချင်တာက ဒီနှစ်ဖက်လုံးက မလုပ်ချင် အကျိုးအမြတ်မရှိသလိုကိစ္စကို ဘယ်သူက ဘာကြောင့် အတင်းဖိအားပေးခိုင်းရတာပါလဲ ၊ခုခောတ်က အာဏာနဲ့ ဖိခိုင်းတဲ့ခောတ်တော.မဖြစ်သင့် တော့ပါဘူး၊

ခုနောက်တစ်ခုလာပြန်ပါပြီ ၊ ၉မိုင်စက်မှုလယ်ယာ ငှားတဲ့ကိစ္စ၊ ၀န်ထမ်းတွေကလည်း ဒီမှာပဲ ဆက်လုပ်ချင်ကြ သလို Company ကလည်း သူတို့ မလုပ်ချင်ပဲ အတင်းထိုးပေးလို.လုပ်ရတာပါ၊ သူတို.လုပ်လည်း မလုပ်တတ်ပါဘူးလို့ ပြောနေတဲ့ကြားထဲက အတင်းထိုးပေးလိုက်ပြန်ပါပြီ။ Company ကလည်း သူ့ဆီနေခဲ့မယ့်ဝန်ထမ်းတွေတောင် အစိုးရဋ္ဌာနတွေဆီလိုက်သွားပါ၊ အဲ့ဒီက ပိုအာမခံချက်ရှိတယ် ရှိတယ်ဆိုပြီး တောင်တောခြောက် ထုတ်နေပါတယ်တဲ့၊ ဒါဆိုဘယ်သူ့ အကျိုးစီးပွားအတွက် ဒီစက်ရုံလွှဲတာပါလဲ။ ဒီဝန်ကြီးဌာနအောက်က လွှဲပြီးသား စက်ရုံ ၄၀ကျော် စာချုပ်ပါစည်းမျဉ်း တွေအတိုင်းတကယ်လိုက်နာ/မနာ ဘယ်အဖွဲ.က တာဝန်ယူစစ်ဆေးနေပြီး မညီရင် ဘယ်လိုအရေးယူနေပါသလဲ၊ ဘယ်သူတွေကိုအရေးယူနေပါသလဲ။ အဲ့ဒီ လွှဲယူခဲ့တဲ့ စက်ရုံ ၄၀ ကျော်ကရော တကယ်လည်ပတ်လုပ်ကိုင်နေပါရဲ.လား။ 

ခုလိုမယူချင်ပဲ အတင်းယူခိုင်းလို. ယူရတာပါဆိုတဲ့ စက်ရုံတွေ လုပ်ငန်းတွေကျရင်ကော ပိတ်ထားရင် ၊ အခြားလုပ်ငန်းပြောင်းလုပ်ရင်၊ တစ်ဆင့် ငှားစားရင် ဘယ်သူ့ကိုအရေးယူမှာပါလဲ အဲဒီစက်ရုံ ၄၀ ကျော်က ထောင်ချီနေတဲ့ နိုင်ငံ့ ၀န်ထမ်းအားလုံးရော ရသင့် ရထိုက်တဲ့အခွင်.အရေးတွေ ရသွားကြပါသလား ၊ဘယ်နှစ်ယောက်အလုပ်ပြုတ်သွားပြီး မိသားစု ဘယ်နှစ်ခုအခြေပျက်သွားပါသလဲ၊ ဒါတွေကရော ဘယ်သူ့မှာ တာဝန်ရှိနေပါသလဲ။ ဆက်သွယ်ရေးကိစ္စလိုမျိုး တကယ်ပဲဟုတ်တော.မလိုလိုနဲ. အဖျား၇ှုးသွားမယ်.ကိစ္စမျိုးတော. အခြေပျက်သွားတဲ့ ၀န်ထမ်းတွေဘက်ကနေခံစားပြီး ခွင်.မလွှတ်ချင်စရာပါ။ နိုင်ငံတော်ရဲ. Policy အရ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ပြုလုပ်ရေးကို မဝေဖန်လိုပေမယ့် ဒီ့ထက် စနစ်ကျတဲ့၊ ဒီ.ထက်မြင်သာ ထင်သာရှိတဲ့၊ နိုင်ငံ့တော်အတွက်ရော ၀န်ထမ်းတွေအတွက်ပါ ဒီ့ထက်ပိုအကျိုးရှိမယ့်၊ ဒီ့ထက်ပို စည်းစနစ်ကျတဲ့ လွှဲပြောင်းပုံမျိုးကသာ ဖြစ်သင့်တဲ့အရာပါ။ ခုဆို မန္တလေး တိုင်းက အငြိမ်းစားတွေကလည်း သူတို့တိုင်းထဲက ပုဂ္ဂလိက လှိမ့်ပေးနေတဲ့ကိစ္စတွေ သေချာစိစစ်ဆိုင်းငံ့ဖို့တွေ သမ္မတဆီ စာတင်တယ်လို.လည်းပြောပါတယ်။

အဲဒီတော.ဗျာ၊ နောက်ဆုံးဖြစ်ချင်တာက ဘယ်သူဖြစ်ဖြစ် ကိုယ်.တာဝန်တော့ ကိုယ်ယူကြစေချင်တယ်ဗျာ တာင်းပန်လိုက်ရုံနဲ့၊ စေတနာအမှားပါလို့ ပြောရုံနဲ့ နိုင်ငံတော်ရဲ. အချို့ အကျိုးစီးပွားတွေက ပြန်ကောင်း လာတတ်တာမျိုးတော. မဟုတ်ပါဘူး။ ဒါကြောင်.ဒီဝန်ကြီးဋ္ဌာနအောက်က ဖြစ်ရပ်တွေဟာ တကယ်ဖြစ်သင့် တာတွေလား၊ မဟာဗျုဟာ မှန်ပေမယ့် နည်းဗျုဟာပိုင်းရော ဟုတ်ရဲ.လားဆိုတာတွေတော. ပြန်လည်စစ်ဆေး စေချင်ပါကြောင်း တောင်းဆိုလိုက်ရပါတယ်ဗျာ။

အငြိမ်းစား လယ်/ဆည် ဝန်ထမ်းတဦး။

အတ္တ၏ သားကောင် (ဆောင်းပါးရှင် အရှင်ဥက္ကဋ္ဌ)

Posted: 01 Mar 2013 08:39 PM PST

အတ္တ၏ သားကောင်  
(ဆောင်းပါးရှင် အရှင်ဥက္ကဋ္ဌ)

"၀ါဒတဏှာအားကြီးသောသူများက ငါနှင့် ငါ့ဖွဲ့အစည်း ငါတို့သာ အမှန်ဟု ငါကောဝါဒဖြင့် ငြိမ်းချမ်းရေးကို နှောင့်ယှက်ဖျက်ဆီးတတ်၏။ သံလွင်ခက်ကို အယောင်ပြီး နောက်ကွယ်က ဂျိုးငှက်ကို သတ်ပစ်ထားသကဲ့သို့ ငြိမ်းချမ်းရေးတစ်ဝက် အယောင်ပြပြီး ကိုယ်နှင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာ အတွက်ချည်း အကျိုးစီးပွါးအမြတ်ထုတ်တတ်သည်။ အဆုံးမှာတော့ ပတ်ဝန်းကျင် လောကလူသားများကို စတေး၍ ကိုယ်နှင့် ကိုယ့်ဝါဒနောက်လိုက်သူများ၏ အကျိုးစီးပွါးသာ ရယူသွားတတ်ကြ၏" ။

အထက်ပါစာသားလေးကို အမှတ်တရအဖြစ် မှတ်သားထားမိခဲ့ပေမယ့်လည်း ဘယ်သူရေးသွားခဲ့သည်ကိုမူ အမှတ်တမဲ့ ဖြစ်သွားခဲ့ရသည်။ စာသားပိုင်ရှင် သက်ရှိထင်ရှား ရှိ / မရှိ အရေးမှာ တတ်အပ်သေချာ မသိနိုင်သော်လည်း သူရဲ့အဆို စကားလေးကတော့ ယနေ့တိုင် အသက်ဝင်လျှက်ရှိပေသည်။ ငါ (အတ္တ) နှင့် ငါ့ဥစ္စာ (အတ္တနိယ) ဟူသည့် ၀ါဒစွဲ၏ နောက်မှ သူနှင့် သူဥစ္စာဟူသည့် ပရသဘောတရားမှာလည်း အလိုအလျောက် ၀င်ပါလာပြီးဖြစ်တော့သည်။ ထိုအပြင် မိမိမှတစ်ပါး အခြားတစ်ဦးတစ်ယောက် ရှိနေသေးသည်ဟူသည့် အသိ၏နောက်တွင် မိမိ၏အတ္တစွဲ ပြင်းထန်ခြင်း မပြင်းထန်ခြင်းအပေါ်မူတည်ပြီး တစ်ပါးသူထက် သာလွန်လိုမှု၊ လွှမ်းမိုးလိုမှုစသည့် သဘောထားအပြင်၊ သူတပါးထက် မိမိက အရာရာမှာ သာလွန်ကြီးမြတ်သည်ဟူသည့် ထောင်လွှားတက်ကြွခြင်း မာန်မာန သဘောမှာလည်း အလိုအလို ၀င်ရောက်လာပါတော့သည်။

 အကျိုးဆက်အားဖြင့် လူမျိုး ၊ ရာထူး၊ စည်းစိမ်ဥစ္စာ၊ ပညာအရည်အချင်းအားဖြင့် မိမိကိုယ်ကို မိမိ သွေးနားထင်ရောက် အထင်ကြီးကာ တစ်ပါးသူတို့အား အထင်သေးတတ်သည်။ ထိုအများထဲတွင် ဂိုဏ်ဂဏစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲ စသည်တို့ဖြင့် နွံနစ်နေကြသည့် ဘာသာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များကိုလည်း စိတ်မကောင်းစွာ တွေ့မြင်နေကြရပေသည်။ လူသားတိုင်း လူဂုဏ်သိက္ခာနှင့်အညီ ဘ၀ရှင်သန်နိုင်ရေး၊ လူသားတို့၏ ကိုယ်ကျင့်စာရိတ္တမြင့်မားရေးနှင့် အရည်အသွေးမြှင့်တင်ရေးသည် ဘာသာတရား၏ အဓိကဦးတည်ချက်ဖြစ်ရာ ယင်းဦးတည်ချက်များ လမ်းကြောင်းပြောင်းမသွား၊ ပျောက်မသွားစေရေးတို့သည် ဘာသာရေးခေါင်းဆောင်များတွင် အထူးတာဝန်ရှိပေသည်။

 ယနေ့အချိန်ခါတွင် ငါနှင့် ငါ့လူမျိုး၊ ငါ့အဖွဲ့အစည်း၊ ငါ့တိုင်းပြည်၊ ငါ့ဘာသာ စသည်ဖြင့် ငါတစ်လုံးကို အစွဲပြုကာ မလိုမုန်းတီးမှု ရန်လိုတိုက်ခိုက်မှုများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေကြသည်။ အတ္တမာန အားကြီးသူများအနေနဲ့ ၄င်းတို့၏ အယူအဆများကို ကာကွယ်ဖို့အရေးမှာ သတ္တိရှိသော်လည်း မိမိရဲ့ကိုယ်ပိုင်အယူအဆအမှားကို ပြန်လည်တိုက်ခိုက်၊ ပြင်ဆင်ရေးမှာတော့ သူရဲဘောကြောင် နေတတ်ကြသည်။

လူးလွန့်ပြီးမှသာ သွားတတ်သည့် မြွေ၏ ခန္ဓာကိုယ်အတွင်းသို့ တုတ်ချောင်းတစ်ချောင်း အလျားလိုက်လျှိုသွင်းလိုက်ပါက ၄င်းမြွေအဖို့ ရှေ့သို့ခရီးဆက်ရန် မဖြစ်နိုင်တော့သကဲ့သို့ မာနတုတ်ချောင်း နက်နက်နဲနဲစူးဝင်နေသူများနဲ့ မတူညီသည့် သဘောထားယူဆချက်များကို ပြေလည်မှုရရေး စေ့စပ်ညှိနိုင်း ဆွေးနွေးကြရာမှာလည်း ခရီးပန်းတိုင်ရောက်ရေး အလွန်ခဲယဉ်းလှပေသည်။ အကြောင်းကတော့ အပေးအယူ အလျှော့အတင်း မလုပ်နိုင်လောက်အောင် မာနတုတ်ချောင်းက တင်းခံနေသောကြောင့်ဖြစ်သည်။

အုပ်စုနှစ်စုအကြား မတူညီသည့် သဘောထားများကို ရင်ကြားစေ့ရေး ကြိုးပမ်းကြရာတွင် အတ္တသမားတို့၏ တစ်ဖက်အုပ်စုအပေါ် အမြင်မှားနေသည့် သဘောထားနှင့် မိမိအုပ်စု၏လုပ်ဆောင်ချက်များသည်သာ အမှန်အဖြစ် ယူဆတတ်သည့် တယူသန်သဘောထားမှာလည်း ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေသည်။ တခါတရံတွင်မူ အတ္တမာန ပြင်းထန်သည့် ခေါင်းဆောင်အချို့သည် မိမိတို့၏ အတွေးအမြင်တွေေ၀၀ါးသွားမှာကို စိုးရိမ်သည့်အတွက် တဖက်လူ၏ ထင်မြင်ချက်ကို ထည့်မစဉ်းစာတတ်ကြပေ။ ဒီထက်ဆိုးသည်မှာ တစ်ဖက်အုပ်စုအပေါ် အထင်မှား အမြင်မှားဖြစ်အောင် မိမိ၏နောက်လိုက်များကို မျက်မှန်စိမ်းတပ်ပေးလိုက်ခြင်းဖြစ်သည်။ ထိုအပြုအမူသည်လည်း အုပ်စုနှစ်ခုအတွက် စေ့စပ်ရေးလုပ်ရာတွင် ကောင်းသည့် လက္ခဏာမဟုတ်ပေ။

 ထို့အပြင် မိမိအုပ်စုအတွင်း ပြိုကွဲသွားမည့်ကို စိုးရိမ်သည့်အတွက် မိမိအယူအဆ လုပ်ဆောင်ချက်များကို မှားနေမှန်းသိပါလျှက် မပြင်ဆင်နိုင်၊ မချပြနိုင်၊ မဝေဖန်နိုင်တော့ပဲ ထိန်ချန်ခြင်း၊ စိစစ်ဖြတ်တောက်ခြင်းများကို မိမိကပင် ပြန်လည်၍ လုပ်ဆောင်လေ့ရှိတတ်ကြသည်။ သို့သော် ငြိမ်းချမ်းရေး ၊ စည်းလုံးညီညွတ်ရေး၊ သာယာဝပြောရေး ၊ တိုးတက်ကြီးပွါးရေး စသည့် စကားလုံးမှိုင်းများကိုမူ နှုတ်ဖျားမှ မချနိုင်လောက်အောင် မိမိတို့အုပ်စုအတွင်း တတွတ်တွတ် ရေရွတ်လျှက်ရှိတတ်ကြသည်။ ဒီလိုနဲ့ပဲ ထိပ်ပိုင်း အတ္တမာန ၀ါဒရှင်ကြီးတို့သည်သာ အကျိုစီးပွါးများကို ရရှိခံစားသွားကြရပြီး နှစ်ဖက်လက်အောက် ငယ်သားတို့သည်သာလျှင် အစတေးခံ သားကောင်များ ဖြစ်သွာကြရရှာသည်။

ယင်းဖြစ်စဉ်များနဲ့ပတ်သက်၍ ခပ်ဝေးဝေးသို့ သွားပြီး သုတေသန ပြုလုပ်နေစရာပင် မလိုပါ၊ နှစ်ပေါင်းများစွာ ဖြစ်ပွါးလာခဲ့သည့် မြန်မာပြည်တွင်းစစ်ဖြစ်စဉ်က သက်သေခံလျှက်ရှိနေပေလိမ့်မည်။ တဖန် အတ္တမာန၀ါဒရှင်များတို့ရဲ့ သီးခြားဝါဒ၊ ဂိုဏ်းဂဏစွဲ၊ ပုဂ္ဂိုလ်စွဲဝါဒအရ သူက ဘာလူမျိုး ၊ ဘယ်ဘာသာ စသည်ဖြင့် လူမျိုး၊ ဘာသာယုံကြည်မှု၊ ယဉ်ကျေးမှုအရ ခွဲခြားလိုက်ခြင်းကသည်ပင် မိမိကိုယ်ကိုအစပျိုးပြီး အခြားကမ္ဘာလောကမှ သီးခြားခွဲထွက်လိုက်ခြင်းဖြစ်သည်။ ၄င်းအမြင်ကျဉ်းမြောင်းမှု၏ရလာဒ်အဖြစ် မိမိအတွက် အနေပါကျဉ်းသွားရခြင်း အကျိုး အမြတ်ထွက်ပေလိမ့်မည်။ တနည်းအားဖြင့်ဆိုရသော် မိမိကိုယ်တိုင်သည်ပင် မိမိရဲ့အတ္တနှင့် မာနတို့ရဲ့ လက်တွင်းသို့ သက်ဆင်းကျရောက်နေသည့် သားကောင်ပမာဖြစ်နေသည်။

 အကျိုးဆက်တစ်ခုအနေဖြင့်လည်း မိမိရဲ့ အတ္တဆန်ဆန်လုပ်ရပ်များကြောင့် မိမိနှင့် ဆက်စပ်နေသည့် တိုင်းပြည်၊ လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း၊ ယဉ်ကျေးမှု စသည်တို့၏ ဂုဏ်သိက္ခာများကိုပါ ထိခိုက်နစ်နာရသည်အထိ ဖြစ်ရတတ်ပေသည်။ ယင်းကို မျိုးချစ်စိတ်ဓာတ်ဟု ခေါ်ကြမည်လော၊ မျက်စိတစ်ဖက်ကန်း မျိုးချစ်စိတ်သာ ဖြစ်ပေလိမ့်မည်။ မြတ်ဗုဒ္ဓသည် အတ္တ၀ါဒလွှမ်းမိုးသည့် ခေတ်ကာလကြီးတွင် အနတ္တ၀ါဒဟု ကြွေးကြော်ကာ ပေါ်ထွက်လာခဲ့သည်။

 မာန်မာနအရာတွင်လည်း သူမတူအောင်ထောင်လွှားနိုင်သည့် မင်းမျိုး မင်းနွယ်အနေထားမှာ ရှိနေပါလျှက် မာန်မာန ချိုးနှိမ်ကြောင်းလမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သည်။ မိမိကိုယ်တိုင် လျှောက်လှမ်းခဲ့သည့် ကျိုးရှိကောင်းမွန်သည့် လမ်းကြောင်းကို မိမိ၏နောက်လိုက်တို့အား ချပြကာ ကျင့်သုံးစေခဲ့သည်။ အဆိုပါလမ်းကြောင်းမှာ ဖန်ဆင်းထားသည့် လမ်းကြောင်းမဟုတ်ပဲ ရှာဖွေတွေ့ရှိထားသည့် လမ်းစဉ်သာဖြစ်သည်။ ယင်းသည် သဘာဝအမှန်တရား ဓမ္မပင်ဖြစ်သည်။ ၄င်းရှာဖွေတွေ့ရှိထားသည့် လမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးသူကို ဗုဒ္ဓဘာသာဝင်အဖြစ် ခေါ်ဆိုရလေသည်။

ဝမ်းနည်းစရာကောင်းသည်မှာ ဗုဒ္ဓဘာသာဝင် အများစုရှိသည့် မြန်မာပြည်တွင်းနှင့် ပြည်ပရောက် မြန်မာပြည်ဖွားများ အကြားမှာ အုပ်စု၊ အဖွဲ့အစည်း၊ လူမျိုးစု စသည်အားဖြင့် အုပ်စုတစ်ခုနဲ့ တစ်ခုတို့အကြား အမှားနဲ့ အမှန် အပြန်အလှန် အပြစ်ဖို့ကာ အတ္တ မာနစစ်ပွဲကြီးများဆင်နွဲနေကြသည်။ ဒီလိုဖြစ်ရတာဟာ ခေတ်နဲ့ စနစ်ဆိုးတို့၏ အမွေဆိုးကြောင့်ဟု အပြစ်ဆိုကောင်း ဆိုကြပေလိမ့်မည်။ မှန်သင့်သလောက်မှန်ပါသည်။ သို့သော် လူသားတိုင်း အတိတ်ရဲ့ ခေတ်နဲ့စနစ်ဆိုးတို့၏ အပြဌာန်းခံများမဖြစ်သင့်ကြသလို မိမိကိုယ်တိုင်ကလည်း အနာဂတ်မျိုးဆက်သစ်တို့အတွက် စနစ်ဆိုး အမွေးဆိုးများကို ပေးဝေငှသူများ မဖြစ်သင့်ကြပေ။

အတိတ်ကချန်ထားရစ်ခဲ့သည့် စနစ်ဆိုးများကို မိမိခေတ်တွင် ပြုပြင်လိုသည့် အသိစိတ်မျိုးရှိသင့်ကြပေသည်။ ပြဿနာ၏ ဖြစ်စဉ်အများစုများကို လေ့လာကြည့်ပါက သက်ဆိုင်ရာအုပ်စု အဖွဲ့အစည်း နာမည်မျှသာ ကွာခြားကောင်း ကွာခြားပေလိမ့်မည်၊ သို့သော် အနှစ်သာရအရ အမူအကျင့်အားဖြင့် ဒီပုတ်ထဲက ဒီပဲတွေကြီးဖြစ်နေသည်ကို တွေ့ကြရပေလိမ့်မည်။ ထို့ကြောင့် အမည်နာမနှင့် ခေါင်းစဉ်အစွဲ ပြင်းထန်မှုများကိုလျှော့ချပြီး အမှားအမှန်ကို ခွဲခြား သိမြင်နိုင်ကြမည်ဆိုပါလျှင် ပြဿနာ၏ ရာခိုင်နှုန်း တော်တော်များများကို ဖြေရှင်းပြီးသားဖြစ်လိမ့်မည်ဟု ယူဆမိသည်။

 နိဂုံးချုပ်အနေနဲ့ မှတ်သားလိုက်နာဖွယ် ဟိန္ဒူဘာသာရေး ခေါင်းဆောင်ကြီး ရာမာခရစ်ရှနာ ၏ စကားလေးဖြင့် ဤဆောင်းပါးကို အဆုံးသတ်အပ်ပါသည်။ "ဇာတ်အနိမ့်အမြင့် အတန်းအစားဆိုသည်မှာ လူတို့၏ သညာသာဖြစ်သည်။ ဇာတ်အနိမ့်အမြင့်ထက် စေတနာအနိမ့်အမြင့် ရွေးတာက ပိုပြီးသဘာဝကျပါတယ်"။

(အရှင်ဥက္ကဋ္ဌ)

ဂျော်ဒန်နိုင်ငံ စီအန်ဂျေ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား ၂၀၀၀ ကျော်ဆန္ဒပြမှု အလုပ်သမားဝန်ကြီးဋ္ဌာနမှ မိမိနိုင်ငံသားများအတွက် တာဝန်မဲ့လှစ်လျှူရှူနေ...

Posted: 27 Feb 2013 07:22 AM PST

 ဂျော်ဒန်နိုင်ငံ စီအန်ဂျေ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား ၂၀၀၀ ကျော်ဆန္ဒပြမှု အလုပ်သမားဝန်ကြီးဋ္ဌာနမှ မိမိနိုင်ငံသားများအတွက် တာဝန်မဲ့လှစ်လျှူရှူနေ...

ဖေဖေါ်ဝါရီလ ၁၄ ရက်မှ စတင်ဖြစ်ပွားခဲ့သော ဂျော်ဒန်နိုင်ငံ စီအန်ဂျေ အထည်ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား ၂၀၀၀ ကျော်ဆန္ဒပြမှုမှာ ယနေ့ချိန်ထိ ထိရောက်သော ဖြေရှင်းပေးမှု တစ်စုံတစ်ရာ ရရှိခြင်းမရှိသေးကြောင်း သိရပါသည်။

 ဖေဖေါ်ဝါရီ ၁၈ ရက် Eleven media တွင်ပါရှိသော သတင်းအရ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦး မှ တာဝန်ရှိသူများထံ တင်ပြသွားမည်ဖြစ်ကြောင်း ကြားသိရသော်လည်း ယခုချိန်ထိ ထိရောက်သော ကူညီ/တာဝန်ယူဖြေရှင်းပေးမှု့ တစ်စုံတစ်ရာ ရရှိခြင်းမရှိသေးကြောင်း သိရှိရပါသည်။ ဦးသက်နိုင်ဦး မှ " အဲဒီကိစ္စ ကျွန်တော်တို့ဆီကို သတင်းမ၀င်သေးဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် တာဝန်ရှိသူတွေကို တင်ပြပေးသွားမှာဖြစ်တယ်။ နောက်ပြီး ဂျော်ဒန်နိုင်ငံက မြန်မာသံရုံးနဲ့ ချိတ်ဆက် ဖြေရှင်းပေးမှာ ဖြစ်ပါတယ်" ဟု ၎င်းက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပြောကြား " ဟုပါ ရှိချက်အရ အဆိုပါဆန္ဒပြ မြန်မာအလုပ်သမားများမှ သက်ဆိုင်ရာ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှု့ ဖူလုံရေးဝန်ကြီးဌာနာ သို့ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် မေလ်းဖြင့် (moloffice51@gmail , mol@mptmail.net.mm ) သာမက ဖုန်းဖြင့် ဆက်သွယ် အသိပေး တိုင်ကြားခဲ့ပါသော်လည်း ကူညီဖြေရှင်းပေးခြင်း မရှိကြောင်း သိရှိရပါသည်။

ထိုအတောအတွင်း ဒုရဲအုပ် -------------- ဆိုသူမှ (adunt123@gmail.com ) ဆက်သွယ်လာပြီး အသေးစိတ်အချက်အလက်များ ရေးသားပေးပို့ရန် ပြောကြားလာခြင်းမှလွဲပြီး ၂၅ ရက်နေ့အထိ ပြန်လည်ဆက်သွယ်ခြင်း မရှိတော့ကြောင်း ၊ ယနေ့ ၂၆ ရက်နေ့တွင်မှ ဖြစ်စဉ်အသေးစိတ်အား ILO သို့ ဆက်လက်တိုင်ကြားရန် စာရေးသားပေးပို့သည်ကိုသာ လက်ခံရရှိကြောင်း ကြားသိရပါသည်။

ထိုသို့ ILO သို့သာ ဆက်လက်တင်ပြတိုင်ကြားရန် ပြုစေခြင်းမှာ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် မိမိနိုင်ငံသား အလုပ်သမားအရေးအပေါ် တာဝန်ယူဖြေရှင်းပေးခြင်းမရှိပဲ ခေါင်းရှောင်လွဲသော လုပ်ရပ်တစ်ခုသာဖြစ်ပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အလုပ်သမားများ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါက အလုပ်သမား ၀န်ကြီးဌာန(သို့မဟုတ်) သက်ဆိုင်ရာ မြန်မာသံရုံးများသို့ တရားဝင် တိုင်ကြားနိုင်ကြောင်း ပြောကြားထားသော်လည်း လက်တွေ့တွင် ထိုသို့မဟုတ်ကြောင်း ၊ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရပါသည်။

 ဂျော်ဒန်နိုင်ငံရောက် မြန်မာအလုပ်သမား ၂၀၀၀ ကျော် ဆန္ဒပြမှုအပေါ် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးကမူ လက်ရှိတွင် အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် ဂျော်ဒန်နိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ရန် မည်သည့်အေဂျင်စီကိုမှ ခွင့်ပြုထားခြင်း မရှိကြောင်း ပြောဆိုချက်ကို ထောက်ချင့်လျှင် ၀န်ကြီးဌာန အနေနှင့် တရားမ၀င် အလုပ်သမားစေလွှတ်မှု့ ကို ခွင့်ပြုထားသကဲ့သို့ဖြစ်နေပါသည် ။

 မြန်မာပြည်မှ အလုပ်သမားများ ဂျော်ဒန်နိုင်ငံသို့ တရားဝင်ခွင့်ပြုထားခြင်းမရှိပဲ ပို့ဆောင်နေသော အေဂျင်စီ မှာ နယူစိုင်း (ကိုစိုင်း) -------------------- တိုက်(၄၄) ၄လွှာ- လှည်းတန်းလမ်းမ၊ ကမာရွတ်မြို့နယ် ဖုန်း ၀၁-၇၀၈၈၂၈ ဟန်းဖုန်း ၀၉-၇၃၀၇၀၆၈၈ ဆိုသူဖြစ်ကြောင်း .... သိရှိရပါသည် ။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဖြစ်ရပ် ကိစ္စရပ်များအား ၀င်ရောက်ကူညီဖြေရှင်းပေးခြင်း တစ်စုံတစ်ရာမရှိပါက သက်ဆိုင်သူများအား အဆင့်ဆင့် ထိရောက်စွာ တိုင်ကြားအရေးယူခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆန္ဒပြသူများမှ ပြောကြားပါသည်။ ဖြစ်စဉ်အသေးစိတ်အားသိရှိလိုပါက

 ဇာနည်အောင် - ၀၀၉၆၂ ၇၇၇၄၁၇၄၀၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------- (ဆက်လက်ဖြန့်ဝေပေးခြင်းဖြင့် ပြည်ပတွင်အခက်အခဲနှင့်ရင်ဆိုင်နေရသော မြန်မာနိုင်ငံသား အလုပ်သမားများကို ကူညီပေးပါရန် ၊ အများစုမှာ အမျိုးသမီးများ ဖြစ်ပါသည်)သတင်းဆက်စပ်လင့် .... http://news-eleven.com/local/18079
https://www.facebook.com/DVBTVNews/posts/507197292652109

Posted: 26 Feb 2013 05:06 AM PST

ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ
နေပြည်တော်။ ဖေဖော်ဝါရီ ၂၂။

ဖေဖော်ဝါရီလ နွေဦးရောက်ပြီဆိုတော့ မြန်မာနိုင်ငံအလယ်ပိုင်း နေပြည်တော်မြို့တော်ကြီးရဲ့ အပူချိန်ကတော့ ရေနွေးအိုးမတည်ရဘဲ လက်ဖက်ခြောက်ခပ်သောက်လို့ရမယ့် အနေအထားပါပဲ.။ ဒီနေ့ ရုံးပိတ်ရက်ဆိုတော့ ကျွန်တော်လည်း အိမ်ရှေ့က မန်ကျည်းပင်ရိပ်အောက်မှာ အေးအေးလူလူ ဂျာနယ်တစ်စောင်ဖတ်နေတုန်း ဆက်သွယ်ရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့ တူတော်မောင်အရာရှိ ရောက်လာပြီး .

"ဘကြီး နေကောင်းလား . ဘာတွေဖတ်နေတာတုန်း" လို့ မေးရာ
"အေး. အတော်ပဲကွာ. ဘကြီးလည်း တူမောင်ကို မေးချင်. သိချင်တာလေးတွေ ရှိနေတာနဲ့ အတော်ပဲ" ဟု ပြန်ပြောလိုက်ပါတယ်.
"ဘာတွေ သိချင်နေတာလဲ ဘကြီးရ" ဟု တူမောင်က ပြောရာ ကျွန်တော်လည်း .
"ဟို တလောကကွာ ဂျာနယ်တစ်စောင်မှာ ဘကြီးဖတ်လိုက်ရတယ်။ တူမောင်တို့ ဝန်ကြီးဌာနက ဝန်ကြီး ဦးသိန်းထွန်းနဲ့ အထွေထွေမန်နေဂျာ/အင်ဂျင်နီယာချုပ်စတဲ့ အရာရှိကြီး(၈)ဦးကို မိုဘိုင်း ဆက်သွယ်ရေး စီမံကိန်းလုပ်ငန်းအတွက် လိုအပ်တဲ့ စက်ပစ္စည်းနဲ့ အဆောက်အဦ စရိတ်အတွက် ဘဏ္ဍာငွေ တင်ပြတောင်းခံရာမှာ ပိုမိုတွက်ချက်တင်ပြပြီး ထုတ်ယူတာကြောင့်ရယ်၊  စက်ကိရိယာ ပစ္စည်းတွေ ၀ယ်ယူရာမှာလည်း ဈေးလျော့ဝယ်ယူတာတွေ လုပ်ခဲ့တဲ့အတွက် နိုင်ငံပိုင်ငွေတွေကို ထုတ်ယူအလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်မှု ပအမှတ် ၆/၁၃၊ ပြစ်မှုပုဒ်မ ၄၀၉ နဲ့ ဥတ္တရသီရိမြို့နယ်က ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူတော့မယ်လို့ ဘကြီးဖတ်လိုက်ရတယ်ကွ၊ ဒါပေမယ့် အခုချိန်ထိ အဲဒီအကြောင်း ဘာမှထပ်မကြားတော့လို့ ပြီးများသွားပြီလား၊ ဘာတွေဖြစ်ကုန်ပြီလဲလို့ သိချင်နေတာ ကွ တူမောင်ရ" 

ဟု ပြောလိုက်ရာ ကျွန်တော့တူတော်မောင်က ပြုံးပြုံးလေးနဲ့ ကျွန်တော့်ကိုကြည့်ပြီး ဒါက ဒီလိုရှိတယ် ဘကြီးရဟုဆိုကာ သူတို့ဝန်ကြီးဌာနက သတင်းတွေအားလုံးကို ပြောပြပါတော့တယ်.။

"ဘကြီးပြောတဲ့ ပထမသတင်းက မှန်တယ်ဘကြီးရ. အမှုလည်းဖွင့်ပြီး နောက်နေ့မှာပဲ ကျွန်တော်တို့ ဝန်ကြီးဌာနကို စသုံးလုံးကလူတွေရောက်လာပြီး လူကြီးပိုင်းတွေကို စပြီးစစ်တော့တာပဲ. သူတို့ရုံးခန်း တွေထဲက ကွန်ပျူတာတွေ၊ ဖိုင်တွေ၊ ဖုန်းတွေ အားလုံးကို သိမ်းဆည်းလိုက်ပြီး အကုန်စစ်တော့တာပဲ ဘကြီးရ." ဟု ဆိုကာ ဆက်ပြောပါတယ်...။

"နောက်ပြီး စစ်နေတဲ့အချိန်မှာပဲ ဝန်ကြီးဆီကို ဦးသိန်းဝင်းက ငွေလွှဲပေးတဲ့ပြေစာတွေ အင်တာနက် ပေါ်ရောက်လာတော့ ပိုဆိုးတော့တာပေါ့ ဘကြီးရာ. စစ်စစ်ချင်း အစောပိုင်းမှာတင် စာရင်းကွာတာ တွေ၊ ငွေကွာတာတွေ၊ ပစ္စည်းဈေးနှုန်းကွာတာတွေ၊ ဆက်သွယ်ရေးပစ္စည်းတွေတင်သွင်းဝယ်ယူတဲ့ နေရာမှာ နိုင်ငံတော်ကိုတန်ဖိုးများများစာရင်းပြ ကုမ္ပဏီနဲ့ညှိပြီး အရည်အသွေးနိမ့်တဲ့စက်ပစ္စည်းတွေ သွင်းတာတွေ တွေ့တာပေါ့ဘကြီးရာ. ကျွန်တော်တို့လည်း ဒီတစ်ခါတော့ နိုင်ငံတော်သမ္မတကြီး တကယ်အရေးယူပြီလို့ ထင်တာပေါ့ဘကြီးရာ. အခုကြတော့ အဲဒီလို မဟုတ်တော့ပြန်ဘူး ဘကြီးရ." ဟု ပြောတော့
ကျွန်တော်လည်း အတော်စိတ်ဝင်စားသွားပြီး "ဟေ ဟုတ်လား ဘကြီးသိချင်နေတာ အဲဒါကွ. ဆက်ပြောပါအုံး" ဟု ပြောလိုက်ပါရာ

"စစချင်းတော့ သူတို့ပဲပေါ. နောက်တော့မှ ဘကြီးရေ- စစ်လိုက်တာ တစ်နွယ်ငင် တစ်စင်ပါ ဆိုသလိုပေါ့. အခုလိုအလွဲသုံးစားလုပ်မှုတွေက အခုဒီဝန်ကြီးလက်ထက်ကြမှ ရှိတာ မဟုတ်ဘူး၊ အရင် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်လက်ထက်ကတည်းက ဖြစ်နေတာ ဘကြီးရ၊ ဇာတ်လမ်းက အရှုပ်ကြီးရယ်၊ စာရင်းဇယားတွေ အကုန်လုံးကို စစ်တာဆိုတော့ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ဆက်စပ်ပြီး အလုပ်လုပ်တဲ့ အပြင်ကကုမ္ပဏီတွေလည်း ပါတာပေါ့ ဘကြီးရာ၊ 

အဲဒီထဲမှာ ဆက်သွယ်ရေးရဲ့ Project တွေ အများဆုံးရတဲ့ ကုမ္ပဏီက RedLink ကုမ္ပဏီလေ."
"RedLink ကုမ္ပဏီကို ဘကြီးသိလား" လို့ တူတော်မောင်က စကားဖြတ်ပြီးမေးလိုက်ရာ
"အင်း မြင်တော့ မြင်ဘူးတယ်. ကြေငြာတွေထဲမှာ တွေ့တာလေ" ဟု ပြန်ပြောလိုက်ပါတယ်. ဒါနဲ့ တူတော်မောင်က .

"အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော်ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား တိုးနိုင်မန်းပိုင်တာ ဘကြီးရ၊ ဒါကြောင့်မို့ ဆက်သွယ်ရေးရဲ့ Project တွေ အများကြီးကို သူတို့ရတာပေါ့. အခုဒီမှာ ပြဿနာလည်းဖြစ်ရော ဟို.စသုံးလုံးအဖွဲ့တွေက သူတို့ကိုပါခေါ်ပြီးစစ်တာပေါ့.

 အဲဒါ ဆက်သွယ်ရေးနဲ့ RedLink နဲ့ပေါင်းပြီး စာရင်းလိမ်ပြထားတာတွေ၊ လာဘ်ပေးလာဘ်ယူကိစ္စတွေ၊ အခွန်ရှောင်ထားတဲ့ ကိစ္စတွေ အများကြီး အများကြီး ပေါ်လာတာပေါ့ဘကြီးရာ. ဇာတ်လမ်းက အဲဒီမှာ စတာ ဘကြီးရ. ဝန်ကြီးနဲ့ အစစ်ဆေးခံနေရတဲ့ လူကြီးတွေကလည်း သူတို့ကို ဖော်ထုတ်ရင်. သူတို့ကလည်း အရင် ဝန်ကြီးဟောင်းတွေ၊ လက်ရှိဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးဟောင်းတွေရဲ့ လာဘ်စားထားတဲ့အကြောင်း တွေ၊ သူတို့ကို ခွဲဝေပေးရတဲ့အကြောင်းတွေ၊ သူတို့ရဲ့ ဆွေမျိုးသားသမီး.တွေကို လုပ်ကိုင်ခွင့် Project တွေ ပေးရတဲ့အကြောင်းတွေကို ဖော်ကောင်လုပ်မှာလို့ ပြောလိုက်တယ်. 

အခုကျွန်တော် နောက်ဆုံး သိရတာကတော့ သူတို့ကိုသာ အရေးယူမယ်ဆိုရင် သူတို့ဖော်ကောင်လုပ်မယ့် အချက်အလက်တွေကို ပြုစုပြီးပြီလို့ သိရတယ်ဘကြီးရ. အဓိကကတော့ RedLink ကုမ္ပဏီနဲ့ ပေါင်းပြီး နိုင်ငံတော်ကို ညာထားတဲ့အချက်တွေပေါ့ ဘကြီးရာ. အဲဒီကုမ္ပဏီက ပြည်သူ့လွှတ်တော် ဥက္ကဌကြီး ဦးရွှေမန်းရဲ့သား ပိုင်တဲ့ကုမ္ပဏီဖြစ်နေတော့ သူပါ သိက္ခာကျ၊ အရှက်ကွဲရမယ့် အခြေအနေလေ. ဒါကြောင့်မို့ အခုတော့ ဝန်ကြီး ဦးသိန်းထွန်းနဲ့ အဖွဲ့ အရေးယူမခံရဘဲ ရှိနေတာကို လွှတ်တော်ကလည်း ဘာမှမပြောရဲ၊ မလုပ်ရဲ မကိုင်ရဲဖြစ်နေတာပေါ့ ဘကြီးရ"လို့ ပြောလိုက်တော့မှ ကျွန်တော်လည်း သဘောပေါက်ပါတော့တယ်။

ဒီအခြေအနေတွေကြောင့် ဒေါ်လာသန်းချီ အလွဲသုံးစားလုပ်ခဲ့တဲ့ ဆက်သွယ်ရေးဝန်ကြီး ဘာကြောင့် အရေးယူမခံရတာလဲ ဆိုတာ အားလုံး သဘောပေါက်လောက်ပါပြီ..။

နေပြည်တော်မှ တူမောင်..။ 

ခရမ်းမြို့နယ်မှာ ခေါ်မရ ပြုမရ အဆင်မပြေဖြစ်နေသည့် ဖုန်းလိုင်းများ အတွက်.. ခေတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များနှင့် ပြည်သူများမှ ကိုယ့်..ရပိုင်ခွင့် အခွင့်အရေး ကိုယ်တိုင် တောင်းဆိုကြမည်

Posted: 21 Feb 2013 09:20 AM PST

  ခရမ်းမြို့နယ် အတွင်းရှိ ဖုန်းလိုင်းများ အဆင်မပြေ ဖြစ်နေတာကြာပါပြီ။ မည်သူမျှ ဆောင်ရွက် မပေးကြသဖြင့် ခေတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များနှင့် ပြည်သူများမှ လက်မှတ်ရေးထိုး တောင်းဆိုပွဲ ကို 21.2.2013 နေ့တွင် ခရမ်းမြို့အတွင်းကျင်းပမည်ဖြစ်ပါသည်။
လက်မှတ် များကို ဆက်သွယ်ရေးရုံး ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ လွှတ်တော်ကိုယ် စားလှယ်ရုံးများသို့ ပေးပို့တင်ပြ တောင်းဆိုကြပါမည်။ 

 မှတ်ချက်။ အသနားခံခြင်းမဟုတ်ပါ၊ 
ကိုယ်အခွင့် အရေးကို တောင်းဆိုခြင်းဖြစ်ပါသည်။ 

ခရမ်းသား...
 
 
 
 ခေါ်မရ ပြုမရ ခရမ်းမြို့မှ ဖုန်းလိုင်းများအတွက် ခရမ်းမြို့ ခတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များနှင့် ပြည်သူများမှ ယနေ့ လက်မှတ်ရေးထိုး လှုပ်ရှားမှု... 
ဓာတ်ပုံ ခရမ်းသား
 
 

ခရမ်းမြို့(ခေတ်ဆန်းလူငယ်)များမှ လမ်းမီးများတပ်ဆင်ခြင်း

နတ်ပြည်မှ နာမ်မရှိပဲ ရုပ်သာရှိတဲ့ ရူပဘုံသား ဗြဟ္မာ့ဦးခေါင်းများ 
 ခရမ်းမြို့နယ်မှာ ခေါ်မရ ပြုမရ အဆင်မပြေဖြစ်နေသည့် ဖုန်းလိုင်းများ အတွက်.. ခေတ်ဆန်းလူငယ်စာကြည့်တိုက် လူငယ်များနှင့် ပြည်သူများမှ ကိုယ့်ရပိုင်ခွင့် အခွင့်အရေး ကိုယ်တိုင် တောင်းဆိုကြမည်ဆိုလို့....

 နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေခံရပိုင်ခွင့်တွေ Infrastructure တွေအတွက် ပြည်သူတွေကိုယ်တိုင် ဖန်တီးစရာမလို အစိုးရက ဖန်တီးပေးသည်.။ ဒီတော့ နိုင်ငံခြားတိုင်းပြည်တွေမှာ အစိုးရက ဖန်တီးရှင် ပြည်သူတွေက ဖန်တီးစရာမလို လူတွေ နေတဲ့တိုင်းပြည် လူ့ပြည်ပေါ့..။

ကျွန်တော်တို့ မြန်မာပြည်မှာတော့ အခြေခံရပိုင်ခွင့်တွေ အခြေခံ ရေ၊ မီး၊ လမ်း Infrastructure တွေအတွက် ပြည်သူတွေ ကိုယ်ကိုယ်တိုင် ဖန်တီးကြရသည်..။ ပြည်သူတွေက ရေဆိုရေ။ မီးဆိုမီး၊ လမ်းဆိုလမ်း ကိုယ်ထူကိုယ်ထ လိုအပ်တာကို ကိုယ့်ဖာသာကိုယ် ဖန်တီးရတဲ့ ဖန်တီးရှင် နတ်ပြည်သားတွေပေါ့..။ ဒီတော့ ကျွန်တော်တို့ ပြည်သူတွေ နတ်ပြည်ကလူတွေလို့ ကြံဖန်ဂုဏ်ယူလိုက်ပါမယ်..

ဒီလိုဆိုတော့ မြန်မာပြည်က အစိုးရဆိုသူတွေ ရုပ်သာရှိပြီး နာမ်မရှိတဲ့ ရုပ်ပြ၊ ဟန်ပြ အတွင်းအနှစ်သာရ ဘာမှ မရှိတဲ့ ရူပဘုံက ဗြဟ္မာတွေလို့ ကြံဖန် ဂုဏ်ယူကြလေမလား...
ဒါမှမဟုတ် ရေထဲပစ်ချ မရ လေထဲလွှင့်ပစ်မရ   ကျရာအရပ်မှာ လောင်မီးကျတတ်တဲ့
 ဗြဟ္မာဦးခေါင်းတွေလို ဖြစ်နေလေမလားပဲ...။

တွေးမိ ရေးမိတာလေးပါ..။


ဒီမိုဝေယံ

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ)

Posted: 21 Feb 2013 08:27 AM PST

 ဓာတ်ပုံ ဧရာဝတီ
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကနဦး)ဌာန၏ လာဘ်ငွေ အဓမ္မ တောင်းခံနေခြင်းကိစ္စ (ပေးစာ)

ကညနယာဉ် မှတ်ပုံတင်ဌာန(ကနဦး) မြင်သာ ရန်ကုန်တောင်ဉက္ကလာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများသည် နိုင်ငံတော်မှ စေတနာထား၍  ပြည်သူအများ သက်သာချောင်ချိ နိုင်ငံတကာအဆင့်မှီ ကားများ  စီးနိုင်စေရန် စေတနာထား၍၊ ယာဉ်အိုဟောင်းအပ်ကာ အဆင့်မြင့် ယာဉ်များ သွင်းစေခြင်း၊ မော်ဒယ်မြင့်များ  နိုင်ငံခြားငွေစာရင်းဖြင့် သွင်းစေခြင်းများ ဆောင်ရွက်ပေးလျှက်ရှိရာတွင် ယင်းဌာန၏ ယာဉ်စစ်အင်္ဂျင်နီယာဌာန ယာဉ်စစ်ဆေးခြင်းအထိ  အဆင်ပြေချောမွေ့သော်လည်း၊ ကနဦးဌာနသို့ ရောက်ရှိ၍ အမှုတွဲ စဖွင့်သည်မှ စ၍ကိစ္စရပ်တိုင်းအား ငွေညှစ်ခြင်းငွေ   တောင်းခြင်းများကို လုပ်ငန်း၏ ဆောင်ရွက်မှု အဆင့်တိုင်းတွင် ယာဉ်မှတ်ပုံတင် စာအုပ်လက်ဝယ် ရောက်ရှိသည့် ဆောင်ရွက်ပေးသည့် စားပွဲတိုင်း ငွေလမ်းခင်းနေရပါသည်။

အမှုတွဲယာဉ် စစ်မှပေးပို့သည်ကို ရှာ၍မှတ်တမ်းသွင်း ရသောဒုဉီးစီးမှုးဦးညီညီမှ တရားဝင်ယာဉ် တစီးလျှင် တသောင်းကျပ် တောင်းသည်ကိုပေးမှ ညနေတွင် အမှုတွဲငွေတွက်ရန် ရရှိပါသည်။ကညနအခွန် ငွေတွက်သူမှာလည်း အခြားသူမဟုတ်ပါ။ ထိုဉီးညီညီ၏ တအိမ်ထဲနေ ဇနီးဖြစ်သူ ဒေါ်တင်ချိုဝင်းဖြစ်ပြီး ယာဉ်တစီး ငွေတွက်ခသူမအား ငါးထောင်ကျပ်ပေးပါမှ ငွေတွက်ပေးသဖြင့် လုပ်ငန်း အဆင်ပြေစေရန် မဖြစ်မနေပေးရပါသည်။

 ငွေတွက်ပြီးလျှင်လည်း လက်မှတ်ထိုးပေးသူ အရာရှိအား ငါးထောင်ပေးရပြန်ပါသည်။   ပြီးငွေသွင်းသော ငွေခန်း၌လည်း သုံးထောင်မှ ငါးထောင်ကြားပေးမှ အဆင်ပြေရပြန်ပါသည်။ နံပတ်ယူသော အခန်းတွင်းသို့ဝင်ရန် မည်သည့် ဌာနတွင်မှမရှိသော တိုကင်ယူခြင်း အစီအစဉ် ဆောင်ရွက်ရာတွင် အခြားအရာရှိများ အလှည့်ကျ လက်မှတ်ထိုးသော စလစ်များမှာ အခန်းတွင်းဝင်ခွင့် အခက်အခဲဖြစ်စေပြီး ဒုဉီးစီးဉီး တင်မောင်လွင်မှ သူတစ်သောင်းယူ၍ ထိုးထားသောစလစ်ဖြင့်သာနံပါတ်ပေး အခန်းတွင်းသို့ ဝင်ခွင့်ပြုပါသည်။

ထိုသူ၏နောက်တွင် မည်ကဲ့သို့သောအဆင့်မှ မွေးစားထား   သည်မသိရပါ၊ သူ၏လာဘ်စားမှုများ၊ ဝန်ထမ်း မသမာ ဆောင်ရွက်မှုများကို တိုင်ကြားသည်များ ရှိသော်လည်း ငွေတောင်းကျွမ်းကျင်သူ အဖြစ် တာဝန်ချထားမြဲမှာ မဖြစ်သင့်တော့ပါ။ ဌာနနှင့် ယာဉ်ကိစ္စ ဆောင်ရွက်ရသူ ပြည်သူများအတွက် ဝန်ပိပါသည်။   ထိုကနဦး ဌာနမှဝန်ထမ်းများမှာ စကားပြောဆို ဆက်ဆံရာတွင်လည်း ဝန်ထမ်းကဲ့သို့ ပြောဆိုခြင်းမရှိဘဲ ဆဲဆိုအော်ဟစ်ခြင်းများမှာ ဝန်ထမ်းများ သိက္ခာကျပါသည်။

ထိုဌာနမှာ လင်မယားအတူ တာဝန်ပေးခြင်းမှာလည်း မည်သည့် ဌာနတွင်မှမရှိပါ။ အမှုတွဲစာအုပ်နှင့် ဝှီးတက်ကွန်ြပူတာ ရိုက်လက်မှတ်ထိုးရန် အပ်ရာတွင်လည်း ဦးတင်မောင်လွင်မှ ငါးထောင်ဟိုလိုဂရမ်ဖိုးတောင်းပါသည်။ ဌာန၏ သတ်မှတ်နှုံးထားမှာ ခြောက်ရာကျပ်သာဖြစ်ပါသဖြင့် မေးမြန်းသူအား နိုင်ငံတော်မှ အချိန်ပို လုပ်းအားခခွင့် မပြုတော့သဖြင့် တောင်းကြောင်း။ ဝန်ထမ်းရှစ်ဆယ်ကျော်အတွက် အပတ်စဉ် လုပ်အားခပေးရန် ဖြစ်ကြောင်း ပြောဆိုပါသည်။

        ယာဉ်ကနဦး မှတ်ပုံတင်ဌာနမြင်သာတွင် ထိုကဲ့သို့ စီးပွားရှာနေသော ဝန်ထမ်းများမှာ မရှိသင့်ပါ။ အမှန်တကယ် လုပ်ငန်းကျွမ်းကျင်ပြီး ပြည်သူနှင့် အဆင်ပြေစွာ နေထိုင်လုပ်ုင်နိုင်သော ဝန်ထမ်းများကို ထားပေးပါရန်နှင့် မြေဝယ်၊ တိုက်ဆောက်ကားတစီးပြီး တစီးဝယ်ရန် စီးပွားရှာနေသော ဝန်ထမ်းများကို ဖယ်ရှားပေးနိုင်ပါရန် အကြံပြုအပ်ပါသည်။ တာဝန်ရှိ သူများကလည်း စာအုပ်အမြန်ထွက် ငါးသောင်းခွဲဖြင့် ကညနဝန်ထမ်းပွဲစားများ အလုပ်လက်ခံ လက်မှတ်ထိုးခြင်းဖြင့် သာယာမနေဘဲ၊ ဝန်ထမ်းထုအတွင်း ဖြစ်ပျက်နေသည်များကို စဉ်ဆက်မပြတ် လေ့လာသင့်ကြောင်း အကြံပြုအပ်ပါသည်။

                   ကညနယာဉ်သစ် တင်သွင်းမှုအကျိုးဆောင် ကုမ္မဏီဝန်ထမ်းများ

ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)

Posted: 19 Feb 2013 05:49 AM PST

ဒီမိုဝေယံသို့ ပေးစာ
  ဓာတ်ပုံ... ကားနေရာအခက်အခဲကြောင့် 
ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍ ကားParking နေရာရယူကြပုံ တချို့
ကားရပ်နားရန် နေရာကိစ္စအတွက် မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှုတွင် အာဏာပိုင်များ၏ သားသမီးများ ပါဝင်နေသည်ဟုဆို.. (ပေးစာ)

သမ္မတကြီး ဦးသိန်းစိန်ခင်ဗျား...

သမ္မတကြီးနှင့် အစိုးရအဖွဲ့သည် clean government, good governance ဖြစ်ဖို့
ကြီးစားနေသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း ပြည်သူများက ယုံကြည်နေကြပါသည်။

သို့သော် ထိုယုံကြည်ချက်များအား ဖျက်လို ဖျက်ဆီးပြုမည့်သူများက သမ္မတကြီးတို့အစိုး
အဖွဲ့အတွင်း၌ ရှိနေကြပါသည်။ ၎င်းအတွင်းလူများကြောင့် သမ္မတကြီးတို့ အစိုးရအဖွဲ့သည် တဖြည်းဖြည်းနှင့် အမည်းစက်များ များလာသည်ကို တွေ့လာရပါသည်။ ထိုလူများသည် သမ္မတကြီးတို့ အစိုးရအဖွဲ့၏ သားသမီး၊ ဆွေမျိုးတစ်စုပင် ဖြစ်ပါသည်။

ဥပမာပြရသော် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် လူစုလူဝေးများဖြင့် မင်းမဲ့စရိုက်ဆန်
စွာပြုလုပ်ခဲ့ကြသော အမှုများမှာအင်းယားလိတ် ညကလပ်တွင် ကားဖြင့်တိုက်ခဲ့သောအမှု၊
နှင်းဆီကုန်း ဘိုးဘွားရိပ်သာရှေ့တွင် လူအုပ်စုများဖြင့် ရမ်းကားခဲ့သောအမှု၊ ခိုင်းစေသူများ
လွတ်မြောက်ဆဲ ဖြစ်သောမြောက်ဥက္ကလာ လူသတ်မှုတို့ပင်ဖြစ်ပါသည်။ ထိုအမှုများသည်
အစိုးရအဖွဲ့၏ သားသမီးဆွေမျိုးများ ပါဝင်သည်ကို ပြည်သူများသိရှိနေကြပါသည်။

ထိုမင်းမဲ့စရိုက်ဆန်သော ဖြစ်ရပ်များကို သမ္မတကြီးတို့အစိုးရအဖွဲ့သည်ထိန်းကျောင်းနိုင်ခြင်း
မရှိသေးကြောင်းကို နောက်ထပ်တွေ့ရှိလာရပါသည်။ ထိုဖြစ်ရပ်မှာရန်ကုန်တိုင်းဒေသကြီး၊
ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်၊ သိန္ဒိလမ်းတွင် car parking နေရာထားရှိရေးနှင့်
ပတ်သက်ပြီး၊ 15.2.2013 ည၈နာရီလောက်က ရပ်ကွက်တွင်းတွင် မင်းမဲ့စရိုက်ဆန်စွာ
ပြုလုပ်ခြင်း တစ်ခုဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပါသည်။

ထိုဖြစ်ရပ်တွင်ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ်မိတ်ဆွေနှင့် စ.စ.စ ညွှန်ကြားရေးမှူးရဲ့ သားဖြစ်သူသည်(၎င်းကိုယ်တိုင်ဟော်ဟစ်
ပြောဆိုချက်) အများနှင့် ဆိုင်သည့်နေရာတွင် ၎င်းကားတစ်စီးသာ ရပ်နားရန်နေရာ ဦးထားလေ့ရှိပါသည်။ (တုတ်ချောင်းများထောင်ထားခြင်း)

ထိုနေ့တွင် အခြားကားတစ်စီးက ၎င်းနေရာတွင် သွားရောက်ထားရှိသည့်အခါ ရပ်ထားသည့်ကားပိုင်ရှင် တိုက်ခန်းပေါ်သို့ ၎င်းဦးဆောင်သည့် လူများနှင့်တက်၍ ကြမ်းတမ်းစွာ ဖယ်ရှားပေးဖို့ပြောဆိုပါသည်၊ ၎င်းတိုက်ခန်းတွင် အသက်ကြီးပြီး အားနည်းနေသည့် မိခင်ကြောင့် ကားပိုင်ရှင်သည် ဘာမှမပြောနိုင်
ဖြစ်နေပါသော်လည်း ၎င်းမင်းမဲ့စရိုက်ဆန်သော လူတစ်စုသည် တိုက်ခန်းအောက်တွင်ပါ
အော်ဟစ်နေကြသည်ကို တွေ့ရှိရပါသည်။ ၎င်းမင်းမဲ့စရိုက်ဆန်သူ လူတစ်စုတွင် အမျိုးသမီးများလည်း ပါဝင်သည်ကို တွေ့ရှိရပါသည်။ (မြောက်ဥက္ကလာ လူစုလူဝေးဖြင့် လူသတ်မူတွင်လည်း မိန်းမများပါဝင်သည်ကို တွေ့ရှိရသည်)။

ထိုလူရမ်းကားများသည် ဘယ်လောက်များ
နောက်ခံအားကိုး ရှိသလဲတော့မသိပါ၊။ ၎င်းကားပိုင်ရှင်ရဲ့ ကားကိုတစ်ခြား ရပ်ကွက်တွင်
သွားထားဖို့အထိ ပြောဆိုနေသည်ကိုလည်း တွေ့ရှိကြားသိနေရပါသည်။ ထိုအချိန်တွင်
ရပ်ကွက်အတွင်းရှိ အိမ်များမှ ကြည့်မနေနိုင်သောကြောင့် တိုင်ကြားသောအခါ ရပ်ကွက်
အုပ်ချုပ်ရေးမှူးနှင့် တာဝန်ကျရဲများ လာရောက်သည့်အခါ ၎င်းမင်းမဲ့စရိုက်အဖွဲ့မှ
ခေါင်းဆောင်ဖြစ်သူသည် ရဲအရာရှိများအားသူသည် စ.စ.စ(စုံစမ်းစစ်ရေး)မှ
ညွှန်ကြားရေးမှူးချုပ်ရဲ့ သားဖြစ်ကြောင်း၊ ၎င်းအပြင် ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ
(ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်)နှင့်လည်း ရင်းနှီးကြောင်း၊ ခင်ဗျားတို့ရဲ့
ဓာတ်ပုံ... ကားနေရာအခက်အခဲကြောင့် ယနေ့ရန်ကုန်မြို့မှ တိုင်ထောင်၍ ကားParking နေရာရယူကြပုံ တချို့
ကိုယ်ပိုင်အမှတ်ပေးပါ။ အခုဖုန်းဆက်မည်ဖြစ်ကြောင်းေ ပြာဆိုသည်ကိုတွေ့ရှိရပါသည်။

၎င်းဖြစ်ရပ်တွင်လည်း မင်းမဲ့စရိုက်ဆန်သည့် လူတစ်စုကို အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ထိုကြောင့် ကျွန်တော်တို့ကြည့်မြင်တိုင်မြို့နယ်၊ သီတာရပ်ကွက်
ကဲ့သို့နောက်ထပ်အခြား မြို့နယ်၊ ရပ်ကွက်၊ တိုင်းဒေသကြီးတို့တွင် မဖြစ်ပွားအောင်ပြင်းထန်စွာအမြန်ဆုံး အရေးယူ ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ရွှေတိုင်သား

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော် (အပိုင်း ၂) ဆောင်းပါးရှင် တိုင်းရင်းသား တစ်ဦး

Posted: 19 Feb 2013 05:33 AM PST



ဓာတ်ပုံ ဝ စစ်တပ်ပိုင် လက်နက်အချို့
 တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော်
 (အပိုင်း ) ဆောင်းပါးရှင် တိုင်းရင်းသား တစ်ဦး

() နိုင်ငံရေး    ။ ပထမဆုံး လုပ်သင့်တာက ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေမှာ တပ်မတော်က ယူထား တဲ့ (၂၅) ရာခိုင်နှုန်း အမတ် နေရာထဲက အချို့အ၀က်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အတွက် ခွဲဝေပေးဖို့ ဖြစ်ပါတယ်။ ဘယ်နှစ်နေရာပေးမယ်ဆိုတာကတော့ အကြေအလည် ဆွေးနွေးပြီး တိုင်းရင်း သား နယ်ခြားစောင့်တပ်ဖွဲ့က အမည်စာရင်းတင်သွင်း၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရမှာပါ။ ဒီလို ခန့်အပ်လိုက်တဲ့ အတွက် ကိုယ့်ပြည်နယ်ကိစ္စ၊ ဒေသခံပြည်သူ့ကိစ္စတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြောရေးဆိုခွင့်၊ မဲပေးခွင့် ရှိသွားသလို ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဒူးတိုက်ဆွေးနွေးလို့ရ၊ အလုပ်အတူလုပ်လို့ ရတဲ့ အခြေအနေကို ရောက်သွားမှာပါ။

နောက်ပြီး ပြည်သူ့လွှတ်တော်ထဲမှာလဲ တပ်မတော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းရထားတဲ့ အထဲက တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ကို တစ်ဦးစီ၊ ဒါမှမဟုတ် နှစ်ဦးစီ ခန့်အပ်ပေးသင့်ပါတယ်။ သူတို့က လိုအပ်သလို ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးနိုင်တယ်၊ အခြားလွှတ်တော် ကိုယ်စားလှယ် တွေနဲ့လဲ ဆွေးနွေးနိုင်တယ်၊ မဲလဲ ပေးနိုင်တယ်။ အခုကချင်ဒေသ စစ်ပွဲကိစ္စမျိုးဆိုရင် ဒေါ်စု ကြားဝင်ပေးပါ လို့ အထူး ပြောစရာမလို၊ လွှတ်တော်ထဲ နေ့တိုင်းတွေ့နေရမှာကိုး။ (စာရေးသူ အထင် တကယ်လို့သာ ပြည်နယ် လွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေထဲမှာ KIA ကိုယ်စားလှယ်သာ နဂိုကတည်းက ပါခွင့် ရခဲ့မယ်ဆိုရင် ကချင်ဒေသမှာ ဒီလောက် အခြေအနေဆိုးခဲ့မှာ မဟုတ်ဘူး။)

တခုရှိတာကတော့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တယ် ဆိုပေမယ့် သူတို့ အမြင်နဲ့သူတို့ လွတ်လွတ်လတ်လတ် ပြောဆိုဆွေးနွေးမဲပေး ကြမှာ ဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေလိုတော့ ဦးစီးချုပ်အမိန့်အတိုင်း တသွေမတိမ်း လိုက်နာမှာ မဟုတ်ဘူး။ ဒါကိုတော့ ကာကွယ်ရေးဦးစီးချုပ်က နားလည်ပေးနိုင်ရမှာပါ။

နောက်ပြီး တိုင်းရင်းသားတပ် ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်ထဲ ရောက်သွားတာကို တပ်မတော် ဖက်က ဒေသခံ တပ်တွေက ကျေနပ်ပါ့မလားလို့ မေးစရာ ရှိတယ်။ ဒါကတော့ စဉ်းစား ကြည့်ပါ။ တကယ် ပြဿနာ ဖြစ်လာတဲ့ အချိန်မှာ ဒေသခံ တပ်တွေနဲ့ ပြီးလေ့မရှိပါဘူး။ ဟိုတပ်မ၊ ဒီတပ်မ စစ်ကူခေါ်ကြရတာပါပဲ။ အဲဒီတော့ အစကတည်းက ပြဿနာမဖြစ်အောင် တားဆီးဖို့ ပြည်သူ့လွှတ်တော်ထဲ သူတို့ကိုယ်စားလှယ် ခေါ်ထားတာကို ကြည်ဖြူသင့်ပါတယ်။

နောက်ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အရပ်သားနိုင်ငံရေး အဖွဲ့အစည်းတွေ (ဥပမာ KIO, NMSP) ကိုလဲ နိုင်ငံရေးလုပ်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် ပေးနိုင်ရမယ်။ (KIOက လာတဲ့ ဒေါက်တာ တူးဂျာကို အရင်အစိုးရက ရွေးကောက်ပွဲ ၀င်ခွင့် မပေးခဲ့တာဟာ ဥပဒေအရ မှန်ချင်မှန်မယ်၊ နိုင်ငံရေး ရှုထောင့်က ကြည့်ရင်တော့ အင်မတန် ကြီးမားတဲ့ အမှားလို့ စာရေးသူ မြင်ပါတယ်။) သူတို့ ဖက်ကလဲ ကိုယ့်တိုင်းရင်းသား အကျိုး အတွက် တကယ် လုပ်နေပါတယ်ဆိုရင် NLD၊ ပြည်ခိုင်ဖြိုး စတဲ့ ပါတီကြီး တွေနဲ့ ယှဉ်ပြီး ကိုယ့်ပြည်သူရဲ့ ဆန္ဒမဲ အဆုံးအဖြတ်ကို ခံယူရဲရပါမယ်။ ယူနီဖေါင်းဝတ် သေနတ်ကိုင်ထား လို့ ရွေးကောက်ပွဲဝင်လို့မရတာတော့ ထားပေါ့။ အရပ်သား နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ပါရက်နဲ့ ရွေးကောက်ပွဲ မ၀င်ရဲရင် သူတို့ပြောတဲ့ "တိုင်းရင်းသား အကျိုးအတွက် လုပ်နေတာပါ" ဆိုတဲ့ စကားဟာ သံသယရှိစရာ ဖြစ်သွားပြီ။

() စီးပွားရေး။  ၀န်ကြီး ဦးအောင်မင်းက KNU ဥက္ကဋ္ဌကို "အကောက် မကောက်ပါနဲ့၊ စီးပွားရေးလုပ်ပါ" လို့ ပြောသတဲ့။ ဒီစကားကို စာရေးသူ အပြည့်အ၀ထောက်ခံပါတယ်။ အစိုးရတပ်ကပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်ကပဲ ဖြစ်ဖြစ် ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်ပြီး ပိုက်ဆံ တောင်းတဲ့သူကို ပြည်သူတွေ သိပ်အထင်သေးတယ်။  စစ်သားတယောက်ရဲ့ လက်ဟာ စစ်ဖြစ်ချိန်မှာ သေနတ်ကိုင်ရတာ မှန်ပေမယ့် ငြိမ်းချမ်းချိန်မှာ ပြည်သူကို ကူညီတဲ့လက်၊ ပေးကမ်း တဲ့လက်သာ ဖြစ်သင့်တယ်၊ တောင်းတဲ့လက် မဖြစ်သင့်ဘူး။ နောက်ပြီး ဆက်ကြေး ကောက်တယ် ဆိုတာ ကိုယ့်နယ်မြေထဲ နေထိုင်သူတွေ၊ ဖြတ်သန်း သွားသူတွေ၊ စီးပွားရေးလုပ်သူတွေဆီက ကောက်တာ ဖြစ်လို့ နယ်မြေ ကျယ်လေလေ အချက်အခြာ ကုန်သွယ်ရေး လမ်းကြောင်းတွေကို အုပ်စီးထားနိုင်လေလေ အကောက် များများ ရလေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ခွင့်ပြုထားရင် အစိုးရတပ်နဲ့ တိုင်းရင်းသား တပ် အကြား၊ ဒါမှမဟုတ် တိုင်းရင်းသား တပ် အချင်းချင်း နယ်လု စစ်ပွဲတွေ ဖြစ်အောင် တွန်းပို့ သလို ဖြစ်နေတယ်။  ဒါကြောင့် ၀ါးလုံးတားပြီး အကောက် ကောက်တဲ့ အလုပ်မျိုး၊ ကုမ္ပဏီဝင်ပြီး ဆက်ကြေး တောင်းတဲ့ အလုပ်မျိုးကို အစိုးရတပ်ရော၊ တိုင်းရင်းသား တပ်တွေပါ မလုပ်သင့်တော့ပါဘူး။ 

ဒါဆိုရင် စီးပွားရေးရော လုပ်သင့်လို့လားလို့ မေးစရာ ရှိတယ်။ ဟုတ်ပါတယ်၊ စီးပွားရေး လုပ်တာလဲ စစ်သားအလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုင်ရာ တပ်ဖွဲ့ဝင်တွေသာမက သူတို့ မိသားစုတွေရဲ့ စားဝတ်နေရေးက ရှိသေးတာကိုး။ အစိုးရတပ် ကိုယ်တိုင်က ဦးပိုင်ကုမ္ပဏီ ထောင်ပြီး စီးပွားရှာနေတဲ့ အချိန်မှာ တိုင်းရင်းသားတပ်တွေ စီးပွားရေးလုပ်တာကို တားမြစ် လို့ ဘယ်တရားမှာလဲ။ လုပ်ခွင့်ပေးရမှာပဲ။ 
ဒါပေမယ့် စီးပွားရှာတယ်ဆိုတာလဲ အပြိုင်အဆိုင် လုပ်ရတာမျိုးဆိုတော့ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်၊ ဒါမှမဟုတ် တိုင်းရင်းသားတပ် အချင်းချင်း စီးပွားရေး စားကွက် လုတာ၊ ခွက်စောင်း ခုတ်တာတွေ ရှိလာနိုင် တာပဲ။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ကို ပြည်နယ် လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ထဲမှာ တိုင်းရင်းသားတပ်က ကိုယ်စားလှယ်တွေ ထည့်ထားသင့်တယ်လို့ ပြောခဲ့တာပါ။

() စစ်ရေး။      ။ ငြိမ်းချမ်းရေး ယူလိုက်ပြီ ဆိုတာနဲ့ စပြီး ဆွေးနွေးကြမှာကတော့ နယ်မြေကိစ္စပါ။ စစ်သား ဆိုတာမျိုးကလဲ မြေတလက်မကို အသက်တချောင်း ဆိုသလို ရင်းပြီး တိုက်ယူထားရတဲ့ ကိုယ့်ပိုင်နက် နယ်မြေကို အလွန်တန်ဖိုးထားတာ ဖြစ်လို့ နယ်မြေကိစ္စ ဆိုတာ ဆတ်ဆတ်ထိ မခံ၊ အတိမ်းအစောင်း မခံတဲ့ ကိစ္စမျိုးပါ။ တဖက်က ကြည့်ပြန်တော့ နှစ်ဖက်တပ်တွေ သိပ်နီးကပ်နေရင် အထင်လွဲမှားပြီး ပစ်ခတ် တဲ့ ကိစ္စက မကြာခဏ ဖြစ်နေမှာမို့ သူလဲဆုတ်၊ ကိုယ်လဲဆုတ် အပေးအယူ လုပ်ကြရမှာပါ။  ဒါပေမယ့် နယ်မြေ ကိစ္စဟာ ငြိမ်းချမ်းရေးလုပ်ခါစ လောက်သာ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးယူပြီးသား တပ်ချင်း နောင်အခါ ပြန်တိုက်ကြတယ်ဆိုတာ များသောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတွေကြောင့် ဖြစ်ပါတယ်၊ နယ်မြေကိစ္စ သက်သက်ကြောင့်တော့ ဖြစ်ခဲပါတယ်။  နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေကို အဆင်ပြေအောင် လုပ်ထားနိုင်ရင် ငြိမ်းချမ်းရေး ပျက်ဖို့ ခဲယဉ်းပါတယ်။

တခု စဉ်းစားရမှာက လူသစ် စုဆောင်းတဲ့ ကိစ္စပါ။ လူငယ်တွေ ကိုယ့်သဘောနဲ့ ကိုယ် စစ်ထဲ ၀င်တာကို ဘာမှ ပြောစရာ မရှိပေမယ့် အတင်း အဓမ္မ ချောဆွဲပြီး စစ်မှုထမ်းခိုင်းတဲ့ ကိစ္စကိုတော့ နှစ်ဖက် လုံးက မလုပ်သင့်ပါဘူး။ ဒါက ကိုယ့်ပြည်သူကို စိတ်ဆင်းရဲအောင် လုပ်ရာ ရောက်တဲ့အပြင် တပ်အတွက် လဲ မကောင်းပါဘူး။ အမေရိကန်နိုင်ငံဆိုရင် စစ်မှုမထမ်းမနေရ ဥပဒေရှိပေမယ့် ဗီယက်နမ်စစ်ပွဲ ရှုံးတဲ့ အချိန်က စပြီး အဲဒီဥပဒေကို လက်တွေ့ မကျင့်သုံးတော့လို့ အခုလက်ရှိ အမေရိကန် စစ်တပ်ဟာ ကိုယ့် သဘော နဲ့ကိုယ် စစ်ထဲဝင်လာသူ volunteer တွေနဲ့သာ ဖွဲ့စည်းထားတဲ့တပ် ဖြစ်နေပါပြီ။ ဘာဖြစ်လို့ အဲဒီလို လုပ်ရသလဲ။ ဥပဒေနဲ့ အတင်း ချောဆွဲပြီး စစ်ထဲ ရောက်လာသူတွေဟာ အများအားဖြင့် စစ်မြေပြင် မှာ သုံးစားလို့ မရတာကို ဗီယက်နမ် စစ်ပွဲမှာ ကိုယ်တွေ့ သိလိုက်ရလို့ ဖြစ်ပါသတဲ့။ မြန်မာပြည် (တပ်မတော်/ တိုင်းရင်းသား) စစ်ခေါင်းဆောင်တွေကတော့ ဘယ်လိုယူဆမလဲ မပြောတတ်ပါ။

ဒါပေမယ့် တပ်မတော်က လက်ခံနိုင်ပါ့မလား

အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ရုတ်တရက်တော့ လက်ခံနိုင်ဖို့ မလွယ်ဘူး။ ဘာလို့လဲ ဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေချိန်မှာ ပြဿနာ မရှိလှပေမယ့် အခု KIA နဲ့ ဖြစ်ခဲ့သလို တိုင်းရင်းသား တစ်ဖွဲ့ဖွဲ့နဲ့ စစ်ရေးတင်းမာလာတဲ့ အချိန် မျိုးမှာ အဲဒီအဖွဲ့ ကိုယ်စားလှယ်တွေ ပြည်နယ် လွှတ်တော်ထဲ၊ ပြည်သူ့ လွှတ်တော်ထဲ ရှိနေရင် တပ်မတော်ဟာ စစ်ရေး အရရော၊ နိုင်ငံရေးအရပါ နှစ်ဖက်ညှပ် အတိုက်ခံရတဲ့အခြေအနေ ရောက်သွား နိုင်လို့ပဲ။ စစ်မျက်နှာ () ဖက်ဖွင့်ပြီး တိုက်ရတာကို ဘယ်စစ်ခေါင်းဆောင်မှ မကြိုက်ဘူး။

ဒါပေမယ့် စဉ်းစားကြည့်ပါဦး။  စစ်အုပ်ချုပ်ရေး ကနေ (၂၀၀၈) ဥပဒေနဲ့ အရပ်သား အုပ်ချုပ်ရေး ကို ပြောင်းလိုက်တာနဲ့ နိုင်ငံရေး စစ်မျက်နှာဟာ ပွင့်သွား ခဲ့ပါပြီ။   ပြည်နယ်အဆင့် ဖြစ်ဖြစ်၊ ဗဟိုအဆင့် ဖြစ်ဖြစ် လွှတ်တော်ဆိုတာ အယူဝါဒကွဲပြားဆန့်ကျင်တဲ့သူတွေ လွန်ဆွဲအားပြိုင်နေတဲ့ နိုင်ငံရေး စစ်မြေပြင် ပါပဲ။ အစိုးရနဲ့ လွှတ်တော် သဘောထားကွဲတာတွေ၊ လွှတ်တော် ထဲမှာ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီ သဘောထား ကွဲတာတွေ၊ အာဏာရ ပါတီတခုထဲမှာကို (ဦးဆန်းဆင့်နဲ့ ဦးဌေးဦးတို့လို) သဘောထား ကွဲကြတာတွေ လူသိရှင်ကြား တွေ့ခဲ့ရပြီး ဖြစ်ပါတယ် (လူမသိတဲ့ အကွဲအပြဲတွေလဲ ဘယ်လောက် တောင် ဖြစ်ခဲ့လဲ မသိဘူး)။ တပ်မတော် အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ မဖွင့်ချင်လို့ အစကတည်းက လွှတ်တော်ထဲ မပါဘဲ နိုင်ငံရေး သမား တွေနဲ့ လွှဲထားတယ် ဆိုရင်တော့ တမျိုးပေါ့။ အခုကျတော့ လွှတ်တော်ထဲ ကိုယ်စားလှယ် နေရာ (၂၅) ရာနှုန်း ယူထားတယ် ဆိုတဲ့အတွက် နိုင်ငံရေး စစ်မြေပြင်မှာ အသင့်နေရာ ယူထားတဲ့ သဘောပဲ။ စစ်မြေပြင်မှာ နေမှတော့ စစ်လဲ တိုက်နိုင်ရမှာပေါ့။ ဒါ လွှတ်တော်ထဲ ရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ရမှာပဲ။ 
 
 
 အခု KIA နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာမျိုးဆိုပါတော့။ သွေးမြေမကျခင် ပြဿနာ ပြေလည်အောင်၊ တိုက်ပွဲတွေ ဖြစ်နေပြီ ဆိုရင်တောင် ငြိမ်းချမ်းရေးကို အမြန်ပြန်လည်တည်ဆောက်နိုင်အောင် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အပြိုင် အခြား လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေကို စည်းရုံးဖို့ ကြိုးစားရမှာပေါ့။ ဒါမှလဲ စစ်မြေပြင်မှာ အသက်သွေးချွေးတွေ ပေးဆပ်ရမယ့်၊ ပေးဆပ်နေဆဲဖြစ်တဲ့ ကိုယ့် ရဲဘော်ရဲဘက် အရာရှိ စစ်သည်တွေ အပေါ် ကူညီစောင့်ရှောက်ရာ ရောက်မှာပါ။

စည်းရုံးရတာတော့ ဟုတ်ပါပြီ၊ ဘာလို့ "အပြိုင်" စည်းရုံးရမှာလဲလို့ မေးစရာ ရှိပါတယ်။ လူ့သဘာဝကိုက တဖက်သတ်စကားဆို နားဝင်လေ့မရှိလို့ပါ။  အနီးဆုံး ဥပမာ ပေးရရင် စစ်အစိုးရ လက်ထက်တုံးက ပြည်တွင်းအတိုက်အခံ တွေကို ပါးစပ်ပိတ်ထားပြီး အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားတွေထဲကနေ နှစ်ပေါင်းများစွာ ပြည်သူကို စည်းရုံးလိုက်တာ ဘာများ အောင်မြင်ခဲ့သလဲ။ လူတွေဟာ ဘီဘီစီ၊ ဗွီအိုအေလို ပြည်ပအသံလွှင့် ဌာနတွေက သတင်းတွေကိုမှ ယုံကြည်ပြီး အစိုးရက မှန်တာ တရားဝင် ပြောရင်တောင် မယုံကြည် ကြတော့တဲ့ အထိ ဖြစ်ကုန်တယ်။ အဲဒါ တဖက်သတ် စည်းရုံးရေး လုပ်ခဲ့လို့ ဖြစ်ခဲ့တဲ့ ဆိုးကျိုးတွေ။ 

အမှန်က ကိုယ့်စကားကို သူများနားဝင်စေချင်ရင် ကိုယ်နဲ့ အယူဝါဒမတူ ဆန့်ကျင်သူတွေကိုလဲ ပြောခွင့် ပေးရပါတယ်။ အခု နာမယ်ကြီးနေတဲ့ ဒေါက်တာဆိတ်ဖွား ကိစ္စ ကြည့်ပေါ့။ သူရေးတာ ဖတ်တဲ့လူ မရှိဘူး ဆိုရင် လွှတ်တော်က ဘယ်ဂရုစိုက်နေပါ့မလဲ။ သူ့ ပရိသတ်နဲ့သူ အားပေးဖတ်ရှုနေတဲ့သူတွေ အခိုင်အမာ ရှိနေလို့သာ လွှတ်တော်မှာ အဆိုတင်ခံရတဲ့ အခြေအနေထိ ရောက်ရတာကိုး။ သူ ဘယ်သူ ဘယ်ဝါဆိုတာ မသိရပေမယ့် အတိုက်အခံထဲက မဟုတ်ဘဲ  အစိုးရဌာနတခုခုက လူကြီး ဖြစ်နိုင်တယ် ဆိုတာ၊ အစိုးရအနေနဲ့ တရားဝင် ထုတ်ပြောလို့ မဖြစ်တဲ့ သဘောထား အာဘော် တွေကို တဖက်လှည့်နဲ့ တင်ပြနေတယ် ဆိုတာတော့ သေချာ သလောက် ရှိပါတယ်။ အရင် အစိုးရ လက်ထက် မှာဆို ဒီလိုလူမျိုး ဘယ်လောက် စာရေး ကောင်းကောင်း ပရိသတ် ရှိမှာ မဟုတ်ဘူး။ ဒါဖြင့် အခု ဘာလို့ ဒေါက်တာဆိတ်ဖွား မှာ ပရိသတ် ရှိနေရသလဲ။ ရှင်းရှင်း လေးပါ။ အတိုက်အခံ မီဒီယာတွေ ရှိနေတဲ့အတွက် နှစ်ဖက်စကား ချိန်ထိုးချင်သူတွေက ဒေါက်တာ ဆိတ်ဖွားရေးတဲ့ စာတွေကို ဖတ်ကြလို့ ပရိသတ်ရှိနေတာ ဖြစ်ပါတယ်။

အခုလဲ ဒီသဘောပါပဲ။ အခု ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဆိုတာ တချိန်က တပ်မတော်နဲ့ သူသေကိုယ်သေ တိုက်ခဲ့သူတွေ ဖြစ်တယ်၊ နိုင်ငံရေးအရ အလုံးစုံ ပြေလည်မှု မရခင်မှာ အခန့်မသင့်ရင် အခု KIA နဲ့ တိုက်သလို ပြန်လည်တိုက်ခိုက်ရမယ့် သူတွေလဲ ဖြစ်တယ် ဆိုတာ မငြင်းလိုပါဘူး။ ဒါပေမယ့် အဲဒီ တပ်ဖွဲ့တွေရဲ့ အသံတွေ၊ သဘောထား အမြင်တွေကို  လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက တိုက်ရိုက်နားထောင်ခွင့်၊ ပြန်လှန် ဆွေးနွေးခွင့် ရမှသာ တပ်မတော်ရဲ့ အသံ၊ တပ်မတော်ရဲ့ သဘောထားအမြင်တွေကိုလဲ နိုင်ငံရေး လောကမှာ၊ အောက်ခြေလူထုအထဲမှာ တလေးတစား နားထောင် စဉ်းစားကြမှာပါ။ ဒါက တပ်မတော် ခေါင်းဆောင်များ ချင့်ချိန်နိုင်ဖို့ တင်ပြတာ ဖြစ်ပါတယ်။

အနာဂတ် ပြည်ထောင်စု တပ်မတော်

အခုပြောခဲ့တာတွေက (၂၀၀၈) ဥပဒေဘောင်အတွင်းက အခုဆန္ဒရှိရင် အခုထလုပ်လို့ ရတာတွေ ကို ပြောခဲ့ တာပါ။ ထာဝရ ငြိမ်းချမ်းရေး ဖြစ်ဖို့၊ ခိုင်မာတဲ့ ပြည်ထောင်စု တပ်မတော်ကို ထူထောင်ဖို့ ဆိုရင်တော့ အခြေခံ ဥပဒေကို ပြင်မှ ရမှာပါ။ အဲဒီလို ပြင်ဖို့ ဆိုတာလဲ ပြည်ထောင်စု တပ်မတော်ကို ပြည်သူတွေက ဘယ်လို မြင်ချင်တယ်၊ ဘယ်လိုပုံစံနဲ့ ရှိစေချင်တယ် ဆိုတဲ့ သဘောထားပေါ် မူတည် ပါတယ်။ ပြည်သူ တဦး၊ တိုင်းရင်းသားတဦး အနေနဲ့ စာရေးသူ မြင်ချင်တဲ့ တပ်မတော် ပုံစံကို ဒီနေရာမှာ တင်ပြသွားမှာပါ။

ပထမဆုံး ပြည်ထောင်စု အစိုးရလက်အောက် က ဗဟိုတပ် အကြောင်းကို ပြောကြည့်ပါမယ်။ ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ် () ယောက် အထက်မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သား သမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမှာပါ။ (ပုံမှန်အချိန်မျိုးမှာတော့ သမ္မတက စစ်တပ်ကို တိုက်ရိုက် ကိုင်တွယ်မှာ မဟုတ်ပါဘူး၊ အရပ်သား ကာကွယ်ရေးဝန်ကြီးကို လွှဲထားမှာပါ။) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးရယ်လို့တော့ သီးသန့် မရှိရတော့ပါဘူး။ အခြေခံဥပဒေမှာ တပ်ကို အာဏာ သိမ်းခွင့် ပေးမထားရုံမက အခြေခံဥပဒေကို ကျော်ပြီး အလွယ်တကူ အာဏာမသိမ်း နိုင်အောင် တားဆီးဖို့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို သီးသန့် မထားတာ ဖြစ်ပါတယ်။ (အိန္ဒိယဆိုရင် ကြည်း၊ ရေ၊ လေ ဦးစီးချုပ် သုံးယောက်ဟာ အရပ်သားဖြစ်တဲ့ ကာကွယ်ရေး ၀န်ကြီး ရှေ့မှောက်က လွဲရင် သာရေးနာရေးကိစ္စ မှာတောင် လူချင်း မဆုံရဘူးလို့ တားမြစ်ထားပါသတဲ့)  နောက်ပြီး (၂၀၀၈) ဥပဒေအရ ယူထားတဲ့ (၂၅) ရာနှုန်း ပြည်သူ့လွှတ်တော်၊ တိုင်း/ပြည်နယ်လွှတ်တော် အမတ် ရာထူးတွေကိုလဲ စွန့်လွှတ်ရမှာပါ။ နိုင်ငံရေးက လုံးဝထွက်ရတဲ့ သဘောပါပဲ။

ပြီးတော့ စီးပွားရေးလုပ်တာကိုလဲ စွန့်ရမှာပါ။ ဒီလို ပြောလို့ ဦးပိုင်ကုမ္ပဏီကြီးကို အစိုးရလှူလိုက် ရမယ်လို့ မဆိုလိုပါဘူး။ ပိုင်ဆိုင်မှုကို မစွန့်ဘဲ အုပ်ချုပ်စီမံမှု (management and execution) အပိုင်း ကိုသာ အစိုးရကို လွှဲလိုက်ရမှာပါ။ တကယ်တော့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာတောင် ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြား ထားပါတယ်။ အစုရှယ်ယာပိုင်ဆိုင်သူတွေက ကုမ္ပဏီက ဖြစ်လာတဲ့အမြတ်အစွန်းကို ဝေပုံကျ ခွဲယူရုံ ဖြစ်ပြီး အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးကျတော့ တကယ် စီးပွားရေးကျွမ်းကျင်တဲ့ professional တွေကို CEO (အမှုဆောင် အရာရှိချုပ်) အဖြစ် လခ ကောင်းကောင်းပေးပြီး ခန့်၊ အဲဒီ CEO ကမှ ၀န်ထမ်း တွေ ခန့်ပြီး စီးပွားရေး လုပ်ကြတာပါ။ အခုလဲ ဒီသဘောပါပဲ။  ကိုယ်မကျွမ်းကျင်တဲ့ စီးပွားရေး အလုပ်ကို စစ်သားတွေ ကိုယ်တိုင် လုပ်မယ့်အစား အစိုးရကတဆင့် တကယ်ကျွမ်းကျင်သူတွေကို လခ ကောင်းကောင်း ပေးပြီး လုပ်ခိုင်း၊ အဲဒီက ဖြစ်လာတဲ့ အမြတ်အစွန်းရယ် နိုင်ငံတော်က ချပေးတဲ့ ကာကွယ်ရေးဘတ်ဂျက်ရယ် ပေါင်းပြီးမှ စစ်သည်တွေအတွက် လက်နက်ခဲယမ်း၊ လစာ၊ ရိက္ခာ၊ သက်သာချောင်ချိရေး စသည်ဖြင့် စီစဉ် ရပ်တည် ရမှာပါ။ 

စစ်အစိုးရခေတ်လို စီးပွားရေး အကွက်အကွင်း ကောင်းတိုင်း နေရာဝင်ယူတာမျိုး ကတော့ ဘယ်ဖြစ်နိုင်တော့မလဲ။ နောက်ထပ် စီးပွားရေး အသစ် တိုးချဲ့ခွင့်ကို ရှိတော့မှာ မဟုတ်ပါဘူး၊ တကယ်တမ်းကျတော့ စီးပွားရေးလုပ်တာ စစ်သားအလုပ်မှ မဟုတ်တာကိုး။

နောက်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ကိစ္စပါ။ သူတို့အတွက်ကျတော့ ဥပဒေ လိုအပ်ချက် () ခုရှိတယ်လို့ မြင်ပါတယ်။ အဲဒါတွေကတော့ . . .
။ ဆိုင်ရာ ပြည်နုယ်အစိုးရကို ဒေသခံ ပြည်သူတွေက လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြှောက်ခွင့်
။ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရအကြားမှာ ဥပဒေကြောင်းအရ တိကျပြတ်သားတဲ့ အာဏာခွဲဝေမှု
။ ပြည်နယ်က ထွက်တဲ့ သယံဇာတနဲ့ ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းတွေကနေ ရလာတဲ့ အခွန် ဘဏ္ဍာကို  ပြည်နယ်နဲ့ ဗဟိုအစိုးရတို့ ခွဲဝေရယူပုံ စံနစ် တို့ ဖြစ်ပါတယ်။ (လက်နက်ကိုင်တပ်တွေ နဲ့ ဆိုင်တာကိုသာ ပြောတာဖြစ်လို့ တိုင်းရင်းသားအခွင့်အရေးကိစ္စလို အခြား အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေ မပြောဘဲ ချန်ထားခဲ့ရတာပါ)

အဲဒီဥပဒေကြောင်း လိုအပ်ချက်တွေ ပြည့်စုံပြီ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဆိုင်ရာ ပြည်နယ် အစိုးရကို သစ္စာခံရမှာ ဖြစ်ပါတယ်။ ဗဟိုအစိုးရမှာလိုပဲ အရပ်သားဖြစ်ပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ပြည်နယ် ၀န်ကြီးချုပ်က  ပြည်နယ် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ရမှာပါ။ သူက (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့) ပြည်ထောင်စု သမ္မတကို တိုက်ရိုက် သစ္စာခံပြီး  သူ့ပြည်နယ်ထဲက တိုင်းရင်းသားတပ်ဖွဲ့တွေကို သူ့လိုပဲ အရပ်သားဖြစ်တဲ့ ပြည်နယ်ကာကွယ်ရေး ၀န်ကြီးကတဆင့် အုပ်ချုပ် ပါလိမ့်မယ်။  

တိုင်းရင်းသားတပ်တွေဟာလဲ ဗဟိုအစိုးရ တပ်လိုပဲ လွှတ်တော်အမတ်ရာထူးတွေကို စွန့်လွှတ်ပြီး နိုင်ငံရေးကထွက်ရမှာပါ။ လက်ရှိ စီးပွားရေးလုပ်ငန်းတွေကိုလဲ ပိုင်ဆိုင်မှုကို မစွန့်ပေမယ့် အုပ်ချုပ်စီမံမှု အပိုင်းကို ပြည်နယ် အစိုးရကို လွှဲအပ်ရပါလိမ့်မယ်။ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ အမြတ်အစွန်းရယ်၊ ပြည်နယ်က ချပေးတဲ့ ကာကွယ်ရေး ဘတ်ဂျက်ရယ် ပေါင်းပြီးတော့ တိုင်းရင်းသားတပ်တွေ ရပ်တည်ကြ ရမှာပါ။ နောက်ထပ် စီးပွားရေးအသစ်တိုးချဲ့ခွင့်တော့ မရှိတော့ပါဘူး။ လက်နက်ခဲယမ်း ၀ယ်ယူ မှုကလဲ ပြည်ထောင်စုအစိုးရက တဆင့်သာ ဖြစ်ရပါလိမ့်မယ်။ အခုလို သူခိုးဈေးက ၀ယ်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ 

ဒါက လက်နက်ကိုင်တော်လှန်ရေးရှိတဲ့ ပြည်နယ်တွေ အတွက်သာ မဟုတ်ပါဘူး။ ပြည်တွင်းစစ် မရှိတဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း စတဲ့  ဒေသတွေက တိုင်းဒေသကြီးအစိုးရတွေကလဲ ကိုယ့် ဘတ်ဂျက် ပေါ် မူတည်ပြီး ဒေသခံတပ်တွေ ဖွဲ့ခွင့် ရှိတာပါပဲ။ တကယ်ကတော့ ဖွဲ့ခွင့်ရှိရုံ မဟုတ်၊ ဥပဒေထုတ်ပြီး တော့ကို ဖွဲ့ခိုင်းရမှာပါ။ 

အဲဒီ ဒေသခံ ပြည်နယ်တပ်၊ တိုင်းဒေသကြီးတပ်တွေဟာ ပုံမှန်အချိန်မျိုးမှာတော့ ကိုယ့်ဒေသမှာ ကိုယ် နေပြီး လုံခြုံရေးတာဝန်ယူကြရမှာပါ။ ဗဟိုအစိုးရတပ်တွေကတော့ တိုင်းအနှံ့၊ ပြည်နယ်အနှံ့ မှာ နေထိုင် ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ယူကြရမှာ ဖြစ်ပါတယ်။ 

အခုပြောခဲ့တဲ့ အနေအထား ကို ကြည့်မယ် ဆိုရင် ပြည်နယ်တပ်တွေ၊ တိုင်းဒေသကြီးတပ်တွေဟာ ဗဟို အစိုးရစစ်တပ် လက်အောက်မှာ တိုက်ရိုက်ရှိမနေဘူး ဆိုတာ တွေ့ရမှာပါ။ ဒီလို central command (ဗဟိုအုပ်ချုပ်မှု) တခုတည်း အောက်မှာ မရှိတဲ့တပ်တွေ ဒေသတခုတည်းမှာ အတူတူ တာဝန်ထမ်းဆောင် ရရင် ပြဿနာ ဖြစ်မကုန်ဘူးလားလို့ မေးစရာ ရှိပါတယ်။

အဖြေကတော့ ပြဿနာ မဖြစ်အောင် လုပ်ထားရင် ပြဿနာ မဖြစ်ပါဘူး။  အရေးအကြီးဆုံးက သူတို့ရဲ့ လုပ်ငန်း တာဝန်ကို တိတိကျကျ ခွဲခြားထားဖို့ဖြစ်ပါတယ်။ ဥပမာ အမေရိကန်နိုင်ငံမှာ ဆိုရင် သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်တာ၊ ရဲတပ်ဖွဲ့ တောင် မနိုင်လောက်အောင် သူခိုး ဓါးပြ ထကြွနေတာမျိုး ကို နှိမ်နင်းတာ၊ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်တာ စတဲ့ အလုပ်တွေဟာ ပြည်နယ်စောင့်တပ်နဲ့သာ သက်ဆိုင်ပါတယ်။ ပြည်တွင်းက နီးစပ်တဲ့ ဥပမာပေးရရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ လိုပါပဲ။ စစ်သားနဲ့ ရဲဆိုတာ တယောက် ချင်း၊ နှစ်ယောက်ချင်း ရန်ဖြစ်ချင် ဖြစ်မယ်။ အုပ်စုလိုက်လဲ ရန်ဖြစ်နိုင်တာပဲ။ ဒါပေမယ့် တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်တယ် ဆိုတာမျိုး ကတော့ မကြားဖူးဘူး။ လုပ်ငန်းတာဝန်ချင်း လုံးဝမတူ ကြလို့ ဖြစ်ပါတယ်။ ခုလဲ ဒီသဘောမျိုး လုပ်ရမှာပါပဲ။ 

ဒါဆိုရင် ပြည်နယ်တပ်တွေဟာ ကိုယ့်ပြည်နယ်ဆိုင်ရာ လုံခြုံရေးပဲ လုပ်ကြရတော့မှာလား၊ ပြည်ထောင်စုကြီး အန္တရာယ်ကြုံချိန်မှာ မျက်နှာလွှဲခဲပစ် နေကြရတော့မှာလားလို့ မေးစရာ ရှိတယ်။ မဟုတ်ပါဘူး။ အရေးကြုံရင် ပြည်ထောင်စုကာကွယ်ရေး တာဝန်ကိုလဲ ထမ်းဆောင်ကြရမှာပါပဲ။ ဒါပေမယ့် ပြည်နယ်တပ်တွေ သစ္စာခံတာက ပြည်နယ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပြီး သူကမှ ပြည်ထောင်စုကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့ ပြည်ထောင်စုသမ္မတကို တိုက်ရိုက် သစ္စာခံတာ ဖြစ်တဲ့အတွက် ပြည်နယ်တပ်တွေ ပြည်ထောင်စုအဆင့်တာဝန်ကို ထမ်းရမယ်ဆိုရင် သမ္မတက တိုက်ရိုက် အမိန့် ထုတ်ပြီး ဆင့်ခေါ်ရပါလိမ့်မယ်၊ တိုင်းမှူး တပ်မမှူးအဆင့်လောက်နဲ့ ဆင့်ခေါ်လို့ မရပါဘူး။ 

သမ္မတက ဆင့်ခေါ်တဲ့နေရာမှာလဲ ဘယ်လိုအခြေအနေမျိုးမှာ ဆင့်ခေါ်လို့ရတယ်ဆိုတာကို ဥပဒေ စည်းကမ်းတွေ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားရမှာပါ။ (ဒါလဲ အမေရိကန်နိုင်ငံကို အတုယူတာပါပဲ)
နောက်တခု။  ပြည်နယ်တခုရဲ့ နယ်စပ်မှာ မငြိမ်မသက် ဖြစ်လို့ စစ်ပြင်ရတဲ့ အချိန်မျိုး၊  နိုင်ငံခြားကတပ်တွေနဲ့ အခြေအနေတင်းမာပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ အချိန်မျိုးမှာ သမ္မတရဲ့ ဆင့်ခေါ်ချက်ကို နာခံပြီး  ပြည်နယ်တပ်တွေက ဗဟိုအစိုးရတပ်နဲ့ အတူတူ တာဝန်ထမ်းကြပြီ ဆိုပါတော့။ အဲဒီအချိန်မျိုးမှာ တပ်တွေကို တာဝန်ယူ အမိန့်ပေးရမယ့် စစ်သူကြီး (commander) ဟာ တစ်ယောက် တည်း ဖြစ်ရပါတယ်။  နှစ်ယောက် ရှိနေရင် တယောက်တပေါက် အမိန့်ထုတ်နေတာနဲ့ အကုန် အချိတ် အဆက်လွဲပြီး ဒုက္ခ ရောက်ကုန်မှာကိုး။ အဲဒီ အခြေအနေမျိုးမှာ စစ်သူကြီးကို ဘယ်လို ရွေးမလဲ ဆိုတဲ့ ကိစ္စကို စဉ်းစားရပါမယ်။ ဒီကိစ္စမျိုးမှာ နိုင်ငံတကာထုံးစံကတော့ စစ်တပ် အင်အား များများ ပေးနိုင်တဲ့ ဖက်က စစ်သူကြီး ဖြစ်လေ့ ရှိပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်တုံးက နော်မန်ဒီ ကမ်းခြေတက် တိုက်ပွဲကို ကြည့်ပါ။ 

အဲဒီတိုက်ပွဲမှာ အင်္ဂလိပ် တပ်ရော၊ အမေရိကန်တပ်တွေပါ မဟာမိတ် တွေအနေနဲ့ ပါတယ်။ အင်္ဂလိပ် ဖက်က ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ (Gen. Montgomery) ဟာ တကယ့် ၀ါရင့်ဗိုလ်ချုပ်ကြီးပါ။ ဒါပေမယ့် တိုက်ပွဲဝင် တပ်အင်အား ကျတော့ အမေရိကန်တပ်တွေက များနေတဲ့ အတွက် မောင်ဂိုမာရီ လောက် အတွေ့အကြုံမရင့်တဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါ (Gen. Eisenhower) က စစ်သူကြီး အနေနဲ့ ခေါင်းဆောင်ရသူ ဖြစ်သွား ခဲ့ပါတယ်။ ခုလဲ ဒီသဘောမျိုး ကျင့်သုံး ရမှာပဲ။ ဒါပေမယ့် တပ် အင်အား နည်းတဲ့ဖက်မှာ တကယ် တော်တဲ့ စစ်ခေါင်းဆောင် ရှိလို့ သူ့ကိုပဲ ဗဟိုကရော၊ ပြည်နယ် ကပါ ရွေးချင်သပ ဆိုလဲ ရတာပါပဲ။ 

ဒီနေရာမှာ မေးစရာရှိတာက "တိုင်းပြည်တခုမှာ တပ်မတော်တစ်ခုတည်းရှိရတယ် မဟုတ်ဘူးလား" ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ နိုင်ငံတိုင်းမဟုတ်ပါဘူး။ စာရေးသူ တင်ပြခဲ့တာ ဆိုရင် အမေရိကန်နိုင်ငံမှာ လက်တွေ့ကျင့်သုံးနေတဲ့ ပုံစံပါ။ (အသေးစိတ်ကို http://en.wikipedia.org/wiki/National_Guard_of_the_United_States မှာကြည့်နိုင်ပါတယ်) ဘာလို့ ဒီပုံစံကိုမှ အတုယူရမလဲလို့ မေးစရာရှိတယ်။ အရင် ပါလီမန် ဒီမိုကရေစီခေတ် (၁၉၆၂) တုံးက ဖက်ဒရယ် စံနစ် လုပ်ဖို့ လွှတ်တော်ထဲ ဆွေးနွေးနေတုံး စစ်တပ်က အာဏာသိမ်းခဲ့တာ တိုင်းရင်းသားတွေ မမေ့ကြ သေးဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီ: အားလုံး အခြေတကျဖြစ်လို့ တိုင်းရင်းသားတပ်တွေ လက်နက်ချပြီးကာမှ စစ်တပ်က ထပ်ပြီး အာဏာသိမ်းခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ သံသယဟာ တိုင်းရင်းသားတွေမှာ ရှိနေဆဲ ဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားတပ်တွေကို လက်နက်ချခိုင်းဖို့ (ဒါမှမဟုတ်) တပ်မတော်လက်အောက်မှာ နယ်ခြားစောင့်တပ်အနေနဲ့ နေခိုင်းဖို့ ဆိုတာ လက်တွေ့အားဖြင့်  မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ အမေရိကန်စံနစ်ကို အကြံပေးရတာ ဖြစ်ပါတယ်။

အခုပြောခဲ့တာဟာ စာရေးသူအနေနဲ့ ပုံဖေါ်ကြည့်မိတဲ့ ပြည်ထောင်စု တပ်မတော် အနေအထားပါ၊ ဝေဖန်ဖို့နဲ့ ဆင်ခြင်ကြည့်ကြဖို့ပါ။ 

နောက်ဆက်တွဲ။  ။ စာရေးသူ တင်ပြခဲ့တာနဲ့ မတူခြားနားတဲ့ အဆိုပြုချက်တွေကိုလဲ အင်တာနက် မှာ တွေ့ရပါတယ်။ 

အချို့က ဖက်ဒရယ်ပြည်ထောင်စုရယ်လို့ ဖြစ်လာပြီး ပြည်ပရန်စွယ်လဲမရှိ ငြိမ်းချမ်းတဲ့ အချိန်မျိုး ဆိုရင် ပြည်နယ် ကာကွယ်ရေးဟာ ဆိုင်ရာ ပြည်နယ်တပ်နဲ့တင် လုံလောက်တာ ဖြစ်တဲ့အတွက် ဗဟို အစိုးရ တပ်တွေ ပြည်နယ်ထဲ လာပြီး တပ်စွဲထားဖို့ မသင့်ဘူး၊ ပြည်မမှာပဲ နေသင့်တယ်လို့ ယူဆ ကြပါတယ်။ ဒီအယူအဆဟာ သဘာဝ မကျပါဘူး။ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်တဲ့ အမေရိကန် နိုင်ငံထဲက ပြည်နယ်အားလုံးလိုလိုမှာ ဗဟိုအစိုးရတပ် (Federal forces) တွေ တပ်စွဲထားတာပါပဲ၊ အဲဒဲီလို တပ်စွဲ ထားလို့ ဖက်ဒရယ်မူ ပျက်မသွားပါဘူး။ နောက်ပြီး "ငါတို့ နယ်မြေထဲမှာ ငါတို့တပ်ပဲ ရှိရမယ်၊ တခြား တပ်တွေ မနေနဲ့" ဆိုတဲ့ စကားမျိုးကို လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်စိုးတဲ့ နိုင်ငံ (sovereign state) တခုကသာ ပြောပိုင်တယ်၊ ပြောခွင့် ရှိတယ်။ ဖက်ဒရယ် ပြည်ထောင်စုတခုရဲ့ ပြည်နယ်က ပြောတယ် ဆိုရင်တော့ ပြည်ထောင်စုရဲ့ အချုပ်အချာ အာဏာကို ထိပါးခြိမ်းခြောက်ရာ ရောက်လို့ ဘယ် ပြည်ထောင်စုအစိုးရမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို မဖြစ်မနေသွားမယ် ဆိုရင်တော့ ပြည်တွင်းစစ် အဓွန့်ရှည်ဖို့သာ ရှိပါတယ်။

နောက် တချို့ကတော့ ပြည်ထောင်စု တပ်မတော်ဆိုတာ ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တွေက အချိုးကျ ပို့လွှတ်တဲ့ တပ်တွေ ပေါင်းထားတဲ့ တပ်ပေါင်းစုသာ ဖြစ်သင့်တယ် လို့ ဆိုကြတယ်။ သူတို့ မူအရ သက်ဆိုင်ရာ တိုင်းတပ်၊ ပြည်နယ်တပ်တွေ ဖယ်လိုက်ရင် ဗဟိုအစိုးရ လက်အောက်မှာ  နေပြည်တော် စစ်ရုံးချုပ်ပဲ ကျန်ရမယ့် သဘောဖြစ်ပါတယ်။ ဒါလဲ မသင့်တော်ပါဘူး။ ဖက်ဒရယ်စံနစ်မှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရဆိုတာ ရန်ဖြစ်လိုက်၊ ပြန်တဲ့လိုက်နဲ့ "လင်နဲ့မယား လျှာနဲ့သွား" ဆိုသလို နေကြရတာပါ။ ဗဟို အစိုးရမှာ စစ်တပ် မရှိဘူးဆိုရင် ထစ်ကနဲ တခုခု အဆင်မပြေ ဖြစ်လိုက်တာနဲ့ ပြည်နယ်အစိုးရတွေက ပြည်နယ်ပိုင် စစ်တပ်ကို အားကိုးပြီး အလွယ်တကူ လွတ်လပ်ရေး ကြေညာ နိုင်အောင် လမ်းခင်းပေးထား သလို ဖြစ်နေတယ်။ ဒီ အခြေအနေမျိုးကို ဘယ်ပြည်ထောင်စု အစိုးရကမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို သွားရမှ ဖြစ်မယ်ဆိုရင်လဲ ပြည်တွင်းစစ်ဟာ "မငြိမ်းသောမီး" ဖြစ်နေဦးမှာပဲ။

တိုင်းရင်းသား တစ်ဦး

 အပိုင်း (၁) ပြန်ဖတ်လိုလျှင် http://www.demowaiyan.org/2013/02/blog-post_8124.html

လက်ပံတောင်းတောင် အစီရင်ခံစာ..

Posted: 19 Feb 2013 03:54 AM PST

လက်ပံတောင်းတောင် အစီရင်ခံစာ..
Latpadaungtaung-by-People-Defense-Committee