"ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၇၄) နောင်တ မာမာအေး မတ် ၁၇၊  ၂၀၁၃  ယခုလဆန်းပိုင်း ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏  အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။ သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ … ဒီကနေ့ဟာ မှတ်မှတ်ရရ မတ်လ ၄ ရက်။ US မှာ ကျတဲ့နေ့ပါ။ ချစ်ရသူတွေနေတဲ့ဆီက ပြန်ရောက်လာရတဲ့နေ့လဲ ဖြစ်ပါတယ်။ မာအေး အသံလွှင့်တဲ့ရက် မဟုတ်ပါဘူး။ မာအေးက စိတ်ရှုပ်နေရင် အလုပ်တခုခု ရှာပြီး လုပ်နေရင်းနဲ့မှ ပြေပျောက်အောင် ရှင်းရတတ်တဲ့ အထုံက ပါနေလို့ ဒီနေ့ အကြောင်းကို ပြောပြရအောင် [...]

Read more of this post