March 05, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

အခွန်ငွေကျပ် ဘီလီယံ ၂၃၀၀ ကျော် ရအောင် ကောက်မည်

ဝင်ငွေ မည်မျှတွင် အခွန်ရာခိုင်နှုန်း မည်မျှ ကောက်ခံမည်ကို အသေးစိတ် မရှင်းလင်း ထားသောကြောင့် အပြောင်း အလဲတွင် ရုန်းကန်နေရသော ကာယ ဉာဏ လုပ်သားများ အတွက် ဝန်ထုတ်ဝန်ပိုး ပိုမို ပိမည်ကို စိုးရိမ်ရသည်။ Read More< /a>

 

သမ္မတကို တရားစွဲမှု ထူးခြားဖြစ်စဉ်အဖြစ် တရားရုံးက လက်ခံပြီ

“တရားစီရင်ရေးနဲ့ ဥပဒေ ရေးရာအရ ဘယ်သူကမှ ဒီအပေါ် လွှမ်းမိုးချုပ်ကိုင်လို့ မရဘူးဆိုခဲ့တဲ့အခါ ဒီ ဦးတိုက် လျှောက်တာလည်း မှန်တယ်ဆိုခဲ့ရင် တရားရုံးရဲ့ ဆင့်ခေါ်ချက်ကို သမ္မတဖြစ်သူ ကလည်း လိုက်နာရမှာပဲ” Read Mor e

 

ကျုံမကူးချောင်းအတွင်း ဓာတုအဆိပ်သင့် ပစ္စည်းများ ပျော်ဝင်နေ

အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း (NHL) သို့ ရေ နမူနာ ပေးပို့ စစ်ဆေးကြည့်ရာ သောက်သုံးရန် မသင့်ကြောင်းနှင့် ရေအတွင်း၌ ဓာတုအဆိပ်သင့် ပစ္စည်းများ ပျော်ဝင်လျက် ရှိကြောင်း အဖြေရရှိခဲ့သည်။ Read More

 

ဆက်သွယ်ရေး အရာရှိတချို့ကို ပြန်လွှတ်ပေးသော်လည်း အမှုမရုပ်သေး

၇ ဦးကို တရားသေ ပြန်လည် လွှတ်ပေးခဲ့ သော်လည်း ၎င်းတို့ကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ (နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစား လုပ်မှု) ကို လက်ရှိ အချိန်အထိ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း Read More

 

ဘင်္ဂလားဒေ့ရှ်က ရခိုင်ရွာများ လုံခြုံရေးအတွက် ညကင်း စောင့်နေရ

မဆိုင်သူတွေကိုပါ မီးရှို့ဖျက်ဆီး လာတာတွေ ရှိနေတာက တကြောင်း၊ နောက်ပြီးတော့ ပန်းဝါ (ရာမူး) မှာလို ဘုရားတွေ မီးရှို့၊ အိမ်တွေ မီးရှို့တဲ့ ပြဿနာမျိုး ထပ်ဖြစ်လာမှာ စိုးရိမ်လို့ Read More

 

“ထိုင်းဘုရင်ဂူ အမှန်ဆိုတာကို တင်ပြပေးရုံ သက်သက်ပါပဲ”

ရှေးဟောင်း သမိုင်းသုတေသီတွေ သဘောထားကတော့ ထိန်းသိမ်းချင်တဲ့ စိတ်ပဲရှိပါတယ်။ မည်သည့် အကြောင်း ကြောင့် ဖြစ်စေ ဖြိုဖျက်ပစ်တာတို့ ပြောင်းရွှေ့ပစ်တာတို့ မလုပ်စေချင်ဘူး၊ လက်လည်းမခံနိုင်ဘူး Read More

 

AFC ၂၀၁၄ ဖလား ခြေစစ်ပွဲအောင်ဖို့ ခက်ခဲသွားတဲ့ မြန်မာအသင်း

မြန်မာ အသင်းဟာ ၂ ပွဲကစား ၄ မှတ်နဲ့ အုပ်စု ဒုတိယ အနေဖြင့်သာ ရပ်တည်နေ ပါတယ်။ အိန္ဒိယ အသင်းကတော့ ၂ ပွဲ ကစား ၆ မှတ်ဖြင့် ပထမနေရာမှာ ရပ်တည်နေပြီး နှစ်သင်းစလုံး ဂိုးကွာခြားချက် တူညီစွာ ရှိနေကြပါတယ်။ Read More

 

အဆိပ်သင့် ကျုံမကူးချောင်း (ရုပ်/သံ)

မွန်ပြည်နယ်ကျိုက်ထိုမြို့ နယ်က ကျုံမကူးချောင်းရေဟာ ပုဂ္ဂလိကပိုင် ရွှေတူးဖေါ်ရေး လုပ်ငန်းတွေကြောင့် ရေအဆိပ်သင့်နေပြီး ချောင်းပတ်ဝန်းကျင်က ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေမှာ အခက်အခဲအမျိုးစုံနဲ့ရင်ဆိုင်နေရတာကို ဧရာဝတီက ရုပ်/သံ ရိုက်ကူးတင်ဆက်ထားပါတယ်။ Read More

 

ယုံကြည်မှု မတည်ဆောက်နိုင်ရင် ငြိမ်းချမ်းရေး ရဖို့ခက် (ရုပ်/သံ)

ကျနော်တို့နဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင် တွေ့ဆုံဖြစ်မယ်ဆိုရင် ကျနော်တို့ပြောမယ် ယုံကြည်မှု တည်ဆောက်ဖို့ လိုအပ်တယ်။ ယုံကြည်မှု မတည်ဆောက်နိုင်ရင် ငြိမ်းချမ်းရေး ဆိုတာလည်း တည်ဆောက်နိုင်မှာ မဟုတ်ဘူး Read Mo re

 

ပိတ်ဆို့မှု ဖယ်ရှားရေး သြစတြီးယား ထောက်ခံမည်

ဥရောပ သမဂ္ဂအဖွဲ့ အစည်းများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် သြစတြီးယား ထောက်ခံသွားမည် ဖြစ်ကြောင်း သြစတြီးယားနိုင်ငံ သမ္မတ H.E. Dr. Heinz Fischer က ယနေ့ ပြောကြားသည်ဟု သိရသည်။ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ ရောက်ရှိနေသည့် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေး နွေးပွဲအ ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် သမ္မတ H.E. Dr. Heinz Fischer က သတင်းထောက်များကို ပြောကြားသည်ဟု သမ္မတရုံး အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။ ယခင် မြန်မာ စစ်အစိုးရ လက်ထက်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခြင်းကြောင့် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ [...] Read More

 
 

KNU နှင့် အစိုးရ အရာရှိများ သထုံတွင် တွေ့မည်

အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ များကို ကရင် အမျိုးသား အစည်း အရုံး(KNU) ခေါင်း ဆောင်များက အစိုးရအရာရှိများနှင့် အလွတ် သဘော တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ Read More

 
 

Western Union နှင့် ငွေလွှဲနိုင်တော့မည်

မြန်မာ ဘဏ်များအနေဖြင့် အမေရိကန် အခြေစိုက် ငွေလွှဲလုပ်ငန်းကြီး ဖြစ်သည့် Western Union နှင့်ပူးပေါင်း၍ ကမ္ဘာအရပ်ရပ် သို့ ငွေလွှဲပြောင်း ပေးပို့မှုများ ပြုလုပ်နိုင်တော့မည် ဖြစ်သည်။ Read More

 
 

ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှား ကာကွယ်ရေး ၀န်ကြီး တွေ့ဆုံ

ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က ရုရှား ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး Sergy K. SHOUGU နှင့်တွေ့ဆုံကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ Read More

 
 

EU ပိတ်ဆို့မှု အားလုံး ရုပ်သိမ်းပေးရန် ဦးသိန်းစိန် တောင်းဆို

ဥရောပသမဂ္ဂ(EU)၏ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအားလုံး ရုပ်သိမ်းပေးရန် သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံကြောင်း သတင်းရသည်။ Read More

 
 

UN ဌာနေ ကိုယ်စားလှယ် စစ်တွေမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် မစ္စတာ အာရွှတ် နီဂမ် (Mr. Ashok Nigam) ဦးဆောင်သည့် အဖွဲ့သည် ရခိုင်ပြည်နယ်တွင် လေ့လာပြီးနောက် ယမန်နေ့က စစ်တွေဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း သိရသည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။