မြန်မာကာကွယ်ရေးဦးစီးချုပ် နှင့် ရုရှားဝန်ကြီး တက္ကသိုလ်ပညာရေးကိစ္စ ဆွေးနွေး မိုးမခအထောက်တော် ရန်ကုန် မတ် ၅၊ ၂ဝ၁၃ မော်စကို တက္ကသိုလ် (Moscow State University - MSU) တွင် မြန်မာပြည်သားတို့ ပညာဆည်းပူးနိုင်ရန် ကူညီမည်ဟု   ရုရှား ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး Sergy K. SHOUGU  က  မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း အင်္ဂါနေ့ထုတ် အစိုးရအာဘော် သတင်းစာများတွင် ရေးသားထားသည်။ ၀န်ကြီးက (MSU) တွင် "ပညာသင်ကြားနိုင်ရေး ကြိုးစား ဆောင်ရွက်ပေးသွားမည်"ဟု ပြောဆိုကြောင်း ရေးထားသော်လည်း  ကျောင်းသူကျောင်းသား အရေအတွက်၊  သင်ယူမည့် ဘာသာရပ် စသည့် အသေးစိတ် [...]

Read more of this post