March 18, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

၈၈ မျိုးဆက်ကျောင်းသားများ နိုင်ငံရေးပါတီဖွဲ့မည်

၈၈ မျိုးကျောင်းသား အဖွဲ့တွင် နိုင်ငံရေးပါတီ ထူထောင်မည့်သူများ ရှိသကဲ့သို့ စာပေ၊ အနုပညာနှင့်လူမှု ရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်မည့်သူများ ရှိသည် Read More

 

တန်ဖိုးနည်း ဖုန်းကတ်ကြောင့် ဖုန်းဈေးကွက်လှုပ်ရှား

ဧပြီလ ၁ ရက်နေ့ ကျပ်ထောင်ဂဏန်းတန် ဖုန်းကတ်များ အမှန်တကယ် ထွက်ရှိလာပါက ပြည်သူအများစု ကြိတ်ကြိတ်တိုး ၀ယ်ယူကြမည်ဟု ဖုန်းဟန်းဆက် အရောင်းဆိုင် အများစုက ဆိုကြသည်။ Read More

 

သြစတြေးလျက မြန်မာစစ်တပ်အပေါ် ကန့်သတ်မှုများ ဖြေလျှော့မည်

သြစတြေးလျနိုင်ငံက မြန်မာ့တပ်မတော် အပေါ် ကန့်သတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေး သွားမည်ဖြစ်ကြောင်း သြစတြေးလျ ၀န်ကြီးချုပ် မစ္စ ဂျူလီယာ ဂျီလတ်က ယနေ့ ပြောကြားလိုက်သည်။ Read More

 

ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ငွေကြေးအကူအညီ ပြည်ပမှ ယူနေရ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွက် နေပြည်တော်အစိုးရမှ ဘက်ဂျက် ထုတ်ပေးခြင်း မရှိသည့်အတွက် လိုအပ်သည့် အကူညီများကို ဆွေးနွေးပွဲကျင်းပရာ အိမ်ရှင်နိုင်ငံများမှ ယူနေရကြောင်း သိရသည်။ Read More

 

ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်း

နိုင်ငံခြားသား ခရီးသွားများနှင့် ဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့နိုင်ရေးအတွက် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် လေ့လာသင်ယူဖူးသူ ရဲတပ်ဖွဲ့ဝင်များဖြင့် ဦးစားပေး ဖွဲ့စည်းထားပြီး၊ ဘွဲ့ရပညာတတ်များကိုသာ ခေါ်ယူ စုဆောင်းထားခြင်း ဖြစ်ကြောင်း သိရသည်။ Read More

 

ကရင် လက်နက်ကိုင် ခွဲထွက်အဖွဲ့များ ပေါင်းစည်းရေး KNU ကြိုးပမ်းမည်

“KNU ဆိုတဲ့အဖွဲ့ အောက်မှာ အဖွဲ့တွေ ပြန်ပေါင်းမလား ဒါမှမဟုတ် တပ်ပေါင်းစုအနေနဲ့ သွားမလားဆိုတာ အဆင့်ဆင့် လုပ်ရဦး မယ်။ အများစုကတော့ KNUရဲ့ ပေါ်လစီ၊ မူသဘောထား ရပ်တည်ချက်ကို လက်ခံမယ့် သဘောထားရှိတယ်” Read More

 

မြန်မာ့ဈေးကွက်မှာ အပြိုင်ကြဲမယ့် ဘီယာစစ်ပွဲ

ထိုင်း Thai Beverage နှင့် ဒိန်းမတ် Carlsberg ဘီယာ ကုမ္ပဏီတို့သည် မြန်မာ့ဈေးကွက်တွင် အဓိက ယှဉ်ပြိုင်ကြမည့် ပြိုင်ဘက်များဖြစ်ပြီး ဘန်ကောက် အခြေစိုက် Singa Corporation ကလည်း မြန်မာဘီယာ ဈေးကွက်သို့ ထိုးဖောက်ရန် ပြင်ဆင်လျက် ရှိနေသည်။ Read More

 

သံချပ် စစ် မစစ်၊ လူထုပဲ့တင်သံ ထပ် မထပ်

စကိုင်းနက်မှာ ထုတ်လွှင့်ပြသလျှင် တနိုင်ငံလုံးကြည့်ကာ သံချပ်ဆိုတာ ဒါပဲဟု ခေတ်လူငယ်တွေ သိကြမည်။ သူတို့ ကြိုက်သော ဟစ်ဟော့သီချင်းပုံစံနှင့် သိပ်မကွာခြားလှ။ Read More

 

ကောင်းတဲ့ ပယောဂသမား (သို့မဟုတ်) ဟန်ဝင်းအောင်

ဖိနှိပ်မှုတွေရှိခဲ့တဲ့အတွက် သူ့သဘာဝအလျောက် ဆန္ဒထုတ်ဖော်မှုတွေ ဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေက ပြည်သူတွေဘက်က ရပ်တည်ခဲ့ကြတာဟာ ပယောဂ မဟုတ်ဘူး၊ ပယောဂဆိုရင်တောင် ကောင်းတဲ့ပယောဂတခုပဲ ဖြစ်ခဲ့လိမ့်မယ်။ Read More

 

“အနာဂတ်တွေကို မဖျက်ဆီးကြပါနဲ့”

တိုင်းပြည်ကို အုပ်ချုပ်မယ့် လူတွေဆိုတော့ သူတို့ကို လွတ်လပ်စွာနေထိုင် ခွင့်ပေးပါ၊ ရှင်သန်ခွင့် ပေးပါ၊ သူတို့ရဲ့လွတ်လပ်မှုတွေ၊ အနာဂတ်တွေကို မဖျက်ဆီးကြပါနဲ့လို့ ပြောချင်ပါ တယ်။ Read More

 

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ရောက် အသင်းများအား သုံးသပ်ချက်

နိုင်ငံပေါင်း ၅ နိုင်ငံမှ အသင်း ၈ သင်း တက်ရောက်လာလို့ ခါတိုင်းလို နိုင်ငံကြီးတွေ ကြီးစိုးတဲ့ အရိပ်လက္ခဏာ ကျဆုံးလာပြီး ယူအီးအက်ဖ်အေ ဥက္ကဌ မစ်ချယ် ပလာတီနီ ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်လာတယ် လို့လည်း ဆိုရပါမယ်။ Read More

 

အဖိုးမနည်းလှသည့် ရှိုးပွဲများ

“တွံတေးသိန်းတန်တို့၊ ဟင်္သာတ ထွန်းရင်တို့ သီချင်းလေးတွေ သိပ်ကောင်းတာပဲ …။ ငါတို့ ရွာမှာတော့ သဘောကျလွန်းလို့ ငယ်ငယ် ကလေးကတည်းက အခုအချိန်အထိ အလှူ မင်္ဂလာဆောင်တွေဆို ဖွင့်တုန်း …” Read More

 

မူးယစ်ဆေး တိုက်ဖျက်တဲ့ ကိုယ်ထူကိုယ်ထ “အမေများအဖွဲ့”

ဖမ်းမိတဲ့ တရားခံများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ပို့တဲ့အခါ တရားခံစရိတ်ကို အမေများအဖွဲ့ကပဲ စိုက်ထုတ်ပေးနေရလို့ အမေများ အဖွဲ့နဲ့ အာဏာပိုင်တွေ အကြား အခြေအတင် ဖြစ်ကြတယ် Read More

 

အုန်းသီးပန်းပု လက်မှုပညာ (ရုပ်/သံ)

အလေလွင့် အုန်းသီးတွေကို လူအသုံးဆောင် ပစ္စည်းလေးတွေ ဖြစ်လာအောင် ဖန်းတီးထားတဲ့ အုန်းသီးပန်းပု လက်မှုပညာကို ဧရာဝတီမှ ရိုက်ကူး တင်ဆက်ထားပါတယ်။ Read More

 

၁၀ တန်းစာမေးပွဲ မြင်ကွင်း (ရုပ်/သံ)

ပန်းဘဲတန်း အ.ထ.က(၁) မှ ၁၀ တန်း စာမေးပွဲဖြေဆိုပြီး ထွက်လာတဲ့ ကျောင်းသားတွေနဲ့ စောင့်ဆိုင်းနေတဲ့ ကျောင်းသားမိဘတွေရဲ့ မြင်ကွင်းတွေကို ဧရာဝတီက ရိုက်ကူး တင်ပြထားတယ်။ Read More

 

ကမ္ဘာ့စားသုံးသူများ အခွင့်အရေးနေ့ ကျင်းပ

ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ (World Consumer Rights) ကို မတ် ၁၅ နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး ခန်းမ၌ ကျင်းပကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ Read More

 
 

နေပြည်တော် စည်ပင်သာယာရေး ဥပဒေကြမ်း ပြဌာန်း

ပြည်ထောင်စု လွှတ်တော်က နေပြည်တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ပြဌာန်းလိုက်သည်။ ယင်း ဥပဒေ၌ လုပ်ငန်းတာဝန် များ၊ လုပ်ပိုင်ခွင့်များ၊ အခွန်စည်းကြပ်ကောက်ခံခြင်း၊ စည်ပင်သာယာရေး လုပ်ငန်း စီမံခန့်ခွဲခြင်း၊ အနှေးယာဉ်နှင့် Read More

 
 

ပြည်ပထွက်ခွာသူများ ပညာရေး ဆိုင်ရာ ထောက်ခံချက် မလိုတော့

ပြည်ပသို့ ထွက်ခွာမည့် နိုင်ငံသားများအနေနှင့် ပြည်ထဲရေး ၀န်ကြီးဌာန နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် အတွက် ပညာရေး လျော်ကြေး ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြရန် မလိုအပ်တော့ကြောင်း သိရ သည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။