သန်းဝင်းလှိုင် မတ်လ ၁၈၊ ၂၀၁၃ ● တောင်ငူခေတ် (ခရစ်နှစ် ၁၅၂၇ - ၁၅၉၆) တောင်ငူခေတ်တွင် မြန်မာကဗျာသည် အတော်ပင် အခြေခိုင်ခံ့နေပေပြီ။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်တို့မှ လက်ဆင့်ကမ်း သယ်ဆောင်လာသော မြန်မာကဗျာအင်အားစုသည် အလွန်ကြီးမားသော အခြေအနေသို့ရောက်ရှိနေသည်။   တောင်ငူခေတ်တွင် ပေါ်ထွန်းလာသော ကဗျာစာဆိုများမှာ လှော်ကားသုံးထောင်မှူး၊ ရှင်ထွေးနာသိန်၊ ပြည်န၀ဒေးကြီး၊ ရဝေရှင်ထွေး၊ နတ်သျှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခိုတို့ ဖြစ်ကြသည်။ ၎င်းတို့ဖွဲ့ဆိုရေးသားခဲ့ကြသော ကဗျာလင်္ကာစာပေများ မှာ လှော်ကားသုံးထောင်မှူး၏ မင်းတရားရွှေထီးဧချင်း၊ မင်းတရားရွှေထီးနားတော်သွင်း၊ ရှင်ထွေးနာသိန်၏ အင်းဝမြို့သို့ တမ်းတရတုပိုဒ်စုံ၊ ပြည်န၀ဒေးကြီး၏ မိုးဖွဲ့၊ တောဖွဲ့၊ ပန်းဖွဲ့၊ ပြည်ဖွဲ့၊ နန်းဖွဲ့၊ စစ်ချီမောင်ဖွဲ့၊ ဘုရားတိုင်မယ်ဖွဲ့၊ မောင်ဖွဲ့၊ အမေးအဖြေရတု၊ ကျေးစေရတု၊ သိကြားတိုင်ရတု၊ [...]

Read more of this post