March 26, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

မိတ္ထီလာ ပဋိပက္ခ ပြန်လည် ထူထောင်ရေး ပါတီကြီး ၂ ခုလည်း ကူညီ

ဒုက္ခသည်တွေ နေရာချထားရေး၊ စားဝတ်နေရေး ကိစ္စရပ်တွေကို မြို့ခံ အာဏာပိုင်တွေနဲ့ ညှိနှိုင်း လုပ်ဆောင်နေတဲ့ အပြင် မိတ္ထီလာ၊ မန္တလေး၊ ပျော်ဘွယ်၊ ပြင်ဦးလွင်၊ ရေနံချောင်းတို့က NLD ပါတီ ဝင်တွေကလည်း လာရောက် ပူးပေါင်းကူညီတယ်လို့ ဆိုပါတယ်။ Read More

 

ကရင်ပြည်နယ် အတွက် Japan Platform အဖွဲ့ ဒေါ်လာ ၁၁ သန်း ထောက်ပံ့မည်

ကရင်ပြည်နယ် အတွင်း ပြန်လည် နေရာချထားရေးနှင့် ပုံမှန် လူနေမှုဘ၀ ပြန်လည် ရောက်ရှိရေးတို့ကို အဓိကထား၍ ဆောင်ရွက်ရန် ပါဝင်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။ Read More

 

ပဲခူးတိုင်း အနောက် ခြမ်းတွင်လည်း ဆူပူ အကြမ်းဖက်မှုများ ဖြစ်

ပဲခူးတိုင်း အနောက် ဘက်ခြမ်း ပြည်၊ သာယာဝတီ ခရိုင်များရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်များ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် ကျောင်းသားများက မိမိတို့ မြို့ရွာများအတွင်း ဆူပူမှုများ မဖြစ်ပေါ်စေရန် အသိပညာပေး စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု သိရှိရသည်။ Read More

 

တနိုင်ငံလုံးဆိုင်ရာ ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး ဆွေးနွေးမည်

ပညာရေးမူဝါဒ ပြုပြင် ပြောင်းလဲတဲ့ နေရာမှာ သင်ရိုးညွှန်းတမ်းကို ပြုပြင်ဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် သင်နည်းကိုပဲ ဆရာတွေက ပြောင်းမယ် ဆိုရင် ပိုကောင်းတယ် Read More

 

ပြည်တွင်း ပြည်ပ ဘဏ်များ ပူးပေါင်းနိုင်ရန် ငွေကြေးမူဝါဒ မကြာမီ ထွက်မည်

“ရေးဆွဲနေတဲ့ မူက ဧပြီ (သို့) မေလောက်မှာ ထွက်လာနိုင်မယ်။ ဒီလိုထွက်လာ ပြီးရင်တော့ စတင် လက်ခံသွားမှာပါ။ အဲဒီမူကို ရေးဆွဲနေတုန်းမှာ လုပ်ချင်တဲ့သူတွေ ဘဏ်ချင်းချင်း တိုင်ပင်ထားလို့ ရပါပြီ” Read More

 

မငြိမ်သက်မှုများ၊ MLTR နဲ့ မူပိုင်ခွင့်

စီစဉ်ထားပြီးသား ဖြစ်ပေမယ့် ဘယ်လို အခြေအနေ ဖြစ်လာဦးမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာပါပဲ။ ဒီဖျော်ဖြေပွဲကို အေးအေးဆေးဆေး ကြည့်ရပါ့မလားလို့ စိတ်ပူနေတဲ့ လက်မှတ် ၀ယ်ပြီးသား ပရိသတ်တွေ ကလည်း ရင်တမောမောပါပဲ။ Read More

 

အနုပညာ တက္ကသိုလ်များတွင် အနောက်တိုင်း ဂီတသင်ရန် စီစဉ်နေပြီ

ဒီတက္ကသိုလ် လာတက်တဲ့ သူတွေဟာ မြန်မာ့ ရိုးရာ တမျိုးတည်း ကိုပဲ သိသွားတယ် ဆိုတာထက် နိုင်ငံတကာ ကိုလည်း သိနားလည် သွားတယ် ဆိုတာမျိုး ဖြစ်စေချင်ပါတယ် Read More

 

ဖယ်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရန် တိုင်းရင်းသားများ တောင်းဆို (ရုပ်/သံ)

တန်းတူ ရည်တူရှိပြီး ကိုယ်ပိုင် ပြဌာန်းခွင့်ရှိတဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို တိုင်းရင်းသားများ တောင်းဆို လိုက်ပါတယ်။ ရုပ်သံ ကြည့်ရှုနိုင်ပါပြီ။ Read More

 

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး ခန့်အပ်

မြန်မာ-ကနေဒါ ဆက်ဆံရေး ၂၅ နှစ်ကြား အေးစက်နေပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီးအဖြစ် မစ္စတာ မာ့ခ် မက်ခ်ဒေါ်ဝဲလ် (Mark McDowell) အား ခန့်အပ်ရန် အတည်ပြုလိုက်ကြောင်း သိရသည်။ Read More

 
 

အစိုးရက အကြမ်းဖက်မှုအားလုံး အစွမ်းကုန် တားဆီးကိုင်တွယ်မည်

လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်ရန် လှုံ့ဆော်မှုများ အပါအ၀င် အကြမ်းဖက်မှု အားလုံးကို အစိုးရက တည်ဆဲ ဥပဒေများနှင့် အညီ အစွမ်းကုန် တားဆီးကိုင်တွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ Read More

 
 

ထိုင်းတွင် ကားမှောက်၍ မြန်မာ ၁၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီမြို့နယ်တွင် မကြာသေးခင် ရက်ပိုင်းက ကားမှောက်မှု ဖြစ်ပွားခဲ့ရာ ကားပေါ်တွင်ပါလာသည့် မြန်မာနိုင်ငံသား ၁၅ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ Read More

 
 

ပုဂ္ဂလိက သတင်းစာများ ထပ်မံ ခွင့်ပြု

အစိုးရက ပုဂ္ဂလိက နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်အတွက် သတင်းစာ ၈ စောင်ကို ထပ်မံ ခွင့်ပြုလိုက်သည်။ The Daly Eleven ၊ စံတော်ချိန် ၊ ခေတ်သစ် နေ့စဉ်၊ ရန်ကုန်တိုင်းမ် ၊ မြန်မာဓိက ၊ ဒီလှိုင်း ၊ ပြည်ထောင်စု အသံ၊ ၇ ရက်နေ့စဉ် စသည့် Read Mo re

 
 

သတင်းသမားများ အကာအကွယ်ပေးရန် အစိုးရကို တောင်းဆို

မြန်မာ အစိုးရအနေနှင့် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများ၌ သတင်းယူနေသည့် သတင်းသမားများအတွက် လုံခြုံရေး အကာ အကွယ်ပေးရန် အမေရိကန်နိုင်ငံ အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး အဖွဲ့(CPJ) က ထုတ်ပြန်လိုက်သည်။ Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။