March 28, 2013 (Burmese Version)

 

သတင်းလွှာကို ကောင်းကောင်းမမြင်ရပါက ဤနေရာသို့နှိပ်ပါ။

 
 

အကြမ်းဖက်မှုများ ပြတ်သားစွာ အရေးယူရန် ရဲတပ်ဖွဲ့ကို သမ္မတ အမိန့်ပေး

သမ္မတ ဦးသိန်းစိန်က ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှုကို ထိပါးလာသော လုပ်ရပ် မှန်သမျှကို လုံးဝ လက်မခံမည် မဟုတ်ဘဲ ဥပဒေနှင့် အညီ ထိထိရောက် တားဆီးနှိမ်းနင်းရန် ရဲတပ်ဖွဲ့ကို အမိန့်ပေးလိုက်သည်။ Re ad More

 

သွေးထိုးလှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုများ လုံးဝ လက်မခံဟု ၈၈ ဆို

အကြမ်းဖက်မှုတွေကို လက်မခံဘူး ဆိုတာ သေချာပြီ။ ဒါပေမယ့် လက်မခံဘူးဆိုပြီး ငုတ်တုတ် ထိုင်နေလို့ မရဘူး။ ကျနော်တို့ စွမ်းအားရှိသမျှ တားဆီး ကာကွယ်နေပါတယ် Read More

 

ပဋိပက္ခများ ပြီးဆုံးရေးအတွက် မေတ္တာထားကြရန် ဘာသာပေါင်းစုံ တိုက်တွန်း

လူမျိုးဘာသာ မရွေး အတူတကွ ငြိမ်းချမ်းစွာ စုပေါင်းနေထိုင်ကြရန် တိုက်တွန်းလိုကြောင်း မင်းကွန်းတောရ ဆရာတော် တိပိဋကဓရ ဦးကောပညာက မိန့်သည် Read More

 

SSA မြောက်ပိုင်း တပ်စခန်း ၂ ခု အစိုးရတပ်က ဖယ်ရှားခိုင်း

ဆုတ်ခွာ ပေးပါလို့တော့ မပြောဘူး၊ ခဏ ရှောင်ပေးပါလို့ ပြောတယ်။ ဒါပေမယ့် ရှောင်ပေးလိုက်တဲ့ နေရာတိုင်း အမာခံ တပ်စခန်းတွေ လာဆောက်တယ်၊ နယ်မြေစိုးမိုးရေး ဆိုပြီး။ ဒါကြောင့် ကျနော်တို့လည်း နောက်ထပ် ရှောင်ပေးနိုင်စွမ်းလည်း မရှိတော့ဘူး။ Read More

 

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

“အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေးခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀ လောက်ထိ တိုးလာတယ်” Read More

 

မီလျံနာကနေ လူမွဲစာရင်း ဝင်သွားတဲ့ ပရီးမီးယားလိဂ် ဘောလုံးသမားများ

ဒေ၀ါလီ ခံရတဲ့သူတွေထဲမှာ မန်ယူ ကစားသမားဟောင်း ကီး ဂယ်လစ်စပီ၊ ဂျမ်ဘာ ဂျမ်ဘာတို့ ပါဝင်သလို ချယ်လ်ဆီးနဲ့ နယူးကာဆယ် ကစားသမားဟောင်း ဘာဘာရာရို ဟာလည်း ဒေ၀ါလီ ခံခဲ့ရပါတယ်။ Read More

 

အမှိုက်ပုံကို မစွန့်နိုင်သေးသူများ

နှစ်နိုင်ငံ သဘောတူညီ ချက်ဖြင့် ရွှေ့ပြောင်း လုပ်သားများ အတွက် ယာယီ နိုင်ငံကူး လက်မှတ်များ ပြုလုပ်ပေးနေသည် ဆိုသော်လည်း ၀င်ငွေနှင့် ထွက်ငွေကြား အပိုစုဆောင်းရန် မလုံလောက်သည့် သူတို့ဘ၀ အတွက်တော့ အလှမ်းကွာနေဆဲ ဖြစ်သည် Read More

 

ကမ္ဘာ့ကဗျာနေ့ ပုံရိပ်များ

ကျနော်တို့ ပွဲရှိတိုင်း ကဗျာလာရွတ် နေကျ ပေါ်ဦး (မင်းကိုနိုင်) လည်း အရောက်လာခဲ့မယ် ပြောပြီးကာမှ မိတ္ထီလာကိစ္စ ပေါ်ပေါက်လာလို့ ညတွင်းချင်း ခရီးထွက် သွားရတော့ ရောက် မလာနိုင်ဘူး။ Read More

 

သန်လျှင်မြို့မှာ ကိုယ်ထူကိုယ်ထ မီးသင်္ဂြိုလ်စက်နှင့် ရေခဲတိုက်ဆောက်လုပ် (ရုပ်/သံ)

သန်လျှင်မြို့မှ မိဘပြည်သူများ စုပေါင်းအားဖြင့် ကိုယ်ထူ ကိုယ်ထ မီးသင်္ဂြိုလ်စက်နှင့် ရေခဲတိုက် ဆောက်လုပ်နေတာကို ဧရာဝတီက ရုပ်သံ ရိုက်ကူး တင်ဆက်ထားပါတယ်။ Read More

 

ခုတ်ရာတခြား … ရှရာတခြား

Read More

 

ကြို့ပင်ကောက်တွင် ပုဒ်မ ၁၄၄ ထုတ်ထားသည့် ကြားမှ ညပိုင်း အိမ် ၂ လုံး အဖျက်ခံရ

ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကြို့ပင်ကောက်မြို့ပေါ်ရှိ အစ္စလမ် ဘာသာဝင်တို့၏ နေအိမ် ၂ လုံးကို ယမန်နေ့ညပိုင်းက ဖျက်ဆီးမှု ဖြစ်ပွားခဲ့ပြီး ယင်းဖျက်ဆီးမှုကို ဒေသခံ ဘုန်းကြီးအချို့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း Read More

 
 

ရခိုင်တွင် ကောလာဟလ တိုက်ဖျက်ရေး အဖွဲ့ ဖွဲ့စည်း

ကောလာဟလများကြောင့် ပြဿနာများ မဖြစ်ပွားစေရေးအတွက် ရခိုင်ပြည်နယ် သံတွဲ ခရိုင်တွင် ခရိုင် အုပ်ချုပ်ရေးမှူး၏ အစီအစဉ်နှင့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများနှင့် ဖွဲ့စည်းကာ ယမန်နေ့မှ လုပ်ငန်းများ စတင် ဆောင်ရွက်နေကြောင်း သိရသည်။ Read More

 
 

အမေရိကန်တွင် ဗုဒ္ဓဘာသာ ရှေးဟောင်း ပစ္စည်းများ ပြသရေး ဆွေးနွေး

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှ Metropolitan Museum of Art ၏ အရှေ့တောင်အာရှဆိုင်ရာ Florence and Herbert Living Curator of the Arts မှ Mr. John Guy နှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးအေးမြင့်ကြူတို့ မတ်လ ၂၆ ရက်နေ့က တွေ့ဆုံရာ၌ Read More

 
 

စင်ကာပူ သမ္မတ မြန်မာနိုင်ငံ လာရောက်မည်

သမ္မတ ဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်းတို့၏ ဖိတ်ကြားချက်အရ စင်ကာပူ သမ္မတ ဒေါက်တာ တိုနီ တန် ကင် ယမ်းနှင့် ဇနီး မစ္စစ် မေရီ ကန်တို့သည် မကြာမီ ကာလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်မည် Read More

 
 

ဤသတင်းလွှာမှာ ဧရာဝတီအင်တာနက်စာမျက်နှာက သတင်း၊ ဆောင်းပါး၊ အယ်ဒီတာ့အာဘော်နဲ့ အခြားကဏ္ဍတွေအားလုံး ပါဝင်ပါတယ်။ သိလိုတာ များရှိရင် news@irrawaddy.org ကို အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်။

 

ဧရာဝတီနေ့စဉ်သတင်းလွှာကို ဆက်မယူလိုတော့ပါက ဤနေရာသို့ နှိပ်ပါ။ သတင်းလွှာယူသူများစာရင်းမှ အလိုအလျောက်ပယ်ဖျက်ပြီး ဖြစ်ပါလိမ့်မယ်။