အဓိကရုဏ်းနှိမ်နင်းရာတွင် ရဲတပ်ဖွဲ့ဝင်များ "ရဲဝံ့ပြတ်သား" ကြရန် သမ္မတဦးသိန်းစိန်ပြောပြီ မိုးမခအထောက်တော် အမှတ် ၀၀၁ မတ် ၂၈၊ ၂၀၁၃ မတ်လ ၂၃ ရက်နေ့က တွေ့ရသော မိတ္ထီလာမြို့ မြင်ကွင်းတစ်ခု (ဓာတ်ပုံ - စိုးသန်းဝင်း/AFP) ရဲတပ်ဖွဲ့က လတ်တလော ဆူပူမှုများကို နှိမ်နင်းရာတွင် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ရန် သမ္မတဦးသိန်းစိန်က ယနေ့ညနေပိုင်း အရေးပေါ် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောဆိုလိုက်သည်။ "မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်" ဟု သမ္မတဦးသိန်းစိန်က ပြောသည်။ "ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး [...]

Read more of this post