[mrsorcerer:37437] Fwd: [လူဗိုလ်ဟူသည် ...] နေလုံးကိုဆွဲချသွားသူများနှင့် ပျော်ရွှ့င်ခြင်းအနုပညာ
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/1
Subject: [လူဗိုလ်ဟူသည် ...] နေလုံးကိုဆွဲချသွားသူများနှင့် ပျော်ရွှ့င်ခြင်းအနုပညာ
To: lubo601@gmail.com
by A Mon Moon on Wednesday, February 27, 2013 at 12:24am ·
ဖခင်ကြီး ကျန်းမာရေးမကောင်းသည့် သတင်းကို ကြားရာက ငွေလည်းမပို့ နိုင်၊ လူလည်း မသွားနိုင်ဖြစ်သဖြင့် မိမိအလုပ်လုပ်နေသည့် ဆောက်လက်စတိုက် တစ်နေရာမှာ ဆွဲကြိုးချကာ အဆုံးစီရင်သွားသူက တစ်ယောက်။
ဇနှီးဖြစ်သူ နှင့် အိမ်ထောင်ရေးပြိုကွဲ၍ဟုဆိုကာ လယ်တောထဲက တဲတစ်လုံးမှာ ဆွဲကြိုးချပြီး အဆုံးစီရင်သွားသူက တစ်ယောက်။
မိန်းမက အရက်ဖိုးမပေး၍ဟုဆိုကာ ရေတွင်းထဲသို့ ခုန်ချပြီး အဆုံးစီရင်သွားသူက တစ်ယောက်။
ခုနှစ်တန်းကို သုံးနှစ်ကျလောက်အောင် ဥာဏ်ထိုင်းပြီး စာကျက်၍ မရလွန်းသဖြင့် အိမ်အပေါ်ထပ်က အခန်းထဲမှာ ဆွဲကြိုးချ စီရင်ခဲ့သူ မိန်းကလေးက တစ်ယောက်။
သူငယ်ချင်းများနှင့်ဝါဆိုပန်းခူးထွက်ရန် ချိန်းထားပြီးကာမှ အိမ်ကမသွားရဘူးဟုဆိုသဖြင့် ကြိုးဆွဲချသေဆုံးခဲ့သူက တစ်ယောက်။
ဇနီးနှင့် သားသမီးများက ဦးဆောင်သည့် မိသားစုစီးပွားရေးအောက်တွင် မိမိကိုယ်ကိုယ် လူပိုကြီးတစ်ယောက်ဟု မြင်လာကာ ရထားရှေ့ မှောက်သို့ ဝင်ရောက်ပြီး ဘ၀ကို ဇာတ်သိမ်းခဲ့သူက တစ်ယောက်။
လောင်းကစားနွံ့ ထဲ ကျွံကျကာ အကြွေးပြသနာကို ဘယ်လိုမှ မရှင်းနိုင်တော့သည့်အတွက် အဆိပ်သောက်ပြီး ရှောင်ပြေးသွားသူက တစ်ယောက်။
ယောက်ကျားပို့ သမျှငွေအားလုံး ကုန်ရုံမျှမက တိုက်ခန်းကိုပါပေါင်ပြီး ထီအမျိုးမျိုးထိုးရာက ယောက်ကျားဖြစ်သူ ပြန်လာသော် မည်သို့ ရှင်းရမှန်းမသိသဖြင့် ကလေးများကို ယောက်ခမ များထံသို့ ပို့ ထားကာ ရေချိုးခန်းထဲတွင် ကိုယ့်ကိုယ်ကိုယ် စီရင်သွားသူ အမျိုးသမီးက တစ်ယောက်။
သားအိမ်ကင်ဆာဝေဒနာကို ရင်မဆိုင်လိုတော့၍ ဟုဆိုကာ တက္ကသိုလ်ကျောင်းထဲက ရေကူးကန်ထဲ ဆင်းပြီးအဆုံးစီရင်သွားသူက တစ်ယောက်။
ဆီးချိုရောဂါကြောင့် ခြေထောက်ကို တစ်စတစ်စဖြတ်ပစ်လာရက ဆက်လက်ရင်မဆိုင်လိုတော့၍ မြစ်ဝကျွန်းပေါ်ကနေ ညအချိန်မြစ်ထဲခုန်ချကျန်ရစ်ခဲ့သူက တစ်ယောက်။
ကျူးကျော်တဲများတစ်ပတ်အတွင်း ဖျက်သိမ်းပေးရမည်ဆိုသော သတင်းကြောင့် မိမိကိုယ်ကိုယ်ဆွဲကြိုးချသေဆုံးသွားသူ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးက တစ်ယောက်။
ဒီနေ့ မနက်စောစော အပတ်စဉ်ယူနေကြဖြစ်တဲ့ 7 Days News Journal ကို ဖတ်ကြည့်တော့ ဆရာမောင်သာချိုရဲ့ ဆေးလိပ်မတို နေမညိုပါဘဲနဲ့ ဆိုတဲ့ဆောင်းပါးလေးကို အရင်ဆုံးဖတ်မိပါတယ်။ ဆရာပေးထားတဲ့ခေါင်းစဉ်လေးနဲ့ လိုက်ဖက်စွာ နေမညိုခင် ဘ၀တွေပြိုကျသွားကြတဲ့ လူတွေ၊ သူတို့ တွေရဲ့ ထွက်ပေါက်က မိမိကိုယ်ကိုယ် သတ်သေခြင်း၊ အဆုံးသတ်ခြင်းဖြစ်သွားရအောင် လောကဓံဆိုတဲ့ ဇာတ်လိုက်ကြီးရဲ့ လှည့်ကွက်တွေ လေ့ကျင့်ခန်းတွေမှာ စိတ်ဓါတ်စစ်ဆင်ရေးကျရှူံးသွားကြတဲ့ သူတို့ သူတို့ တွေရဲ့ ဘ၀တွေထဲ ရှင်သန်ခြင်းကို အဆုံးသတ်ရလောက်အောင်အထိ စိတ်ပျက်အားငယ်မှု၊ စိတ်ဓါတ်ကျဆင်းမှု၊ သောကဖိစီးမှုတွေကို ကျွန်မတွေးကြည့်မိတယ်။
ဒီအကြောင်းအရာတွေထဲမှာ ပထမဆုံး သတိထားမိတာက " မိသားစု" ။
သားသမီးကြောင့် စိတ်ဆင်းရဲရသော မိဘ။ မိဘကြောင့် စိတ်ဓါတ်ကျဆင်းနေရသော သားသမီး။ ဇနီးမယားကြောင့် ဒေါသဖြစ်နေရသော လင်ယောက်ကျား။ ယောက်ကျားဖြစ်သူကြောင့် သောကဖိစီးနေရရှာသူ မိန်းမ။ ထိုမှတခြား အိမ်ထောင်ဦးစီး၊ အိမ်သူအိမ်သား သူတို့ တွေဆိုတာ အရင်းနှီးဆုံး သွေးသားတွေပဲ မဟုတ်လား။ ဒါပေမယ့် နေ့ စဉ် အချိန်အများဆုံးထိတွေ့ နေရတာ၊ မိမိဘ၀ရဲ့ ဆုံးဖြတ်ချက်တွေမှာ အများဆုံးပါဝင်ပတ်သတ်နေကြတဲ့ အဲဒီသွေးသားတွေက ပြောတဲ့ စကားဟာ မပီပြင်တော့တဲ့အခါ၊ ခါးသက်လာတဲ့အခါမှာ " မိသားစု" ဆိုတဲ့ အသိုက်အအုံရာ လုံခြုံရာ နွေးထွေးရာဖြစ်မလာတော့ပဲ ပိတ်ကျပ်မွမ်းအိုက်စရာ အပိတ်အလှောင်တစ်ခုဖြစ်လာတော့ပါတယ်။ မိသားစုရှိရင် မိသားစုပြသနာဆိုတာ ရှိမှာပဲလို့ ဆိုပေမယ့် အဲဒီပြသနာကို ဖြေရှင်းမယ့်သူမရှိတော့တဲ့အခါ ဖြေရှင်းဖို့ ကြိုးစားအားထုတ်မှုမရှိတော့တဲ့အခါ "မိသားစု" ဆိုတဲ့ခေါင်းစဉ်ကိုက ပြသနာတစ်ခုဖြစ်ခဲ့ပြီ။ အဲဒီအပိတ်အလှောင်ထဲက သူတို့ ရုန်းထွက်ကြဖို့ နည်းလည်းဟာ သူတို့ အိမ်မျက်နှာကျက် ထုတ်တမ်းပေါ်က ကြိုးတစ်ချောင်းထဲမှာ ရှာတွေ့ သွားကြတဲ့အခါ.................။
နောက်တစ်ခုက "ငွေ" ဆိုတဲ့ အရာ။ ကမ္ဘာ့စီးပွားပျက်ကပ် financial crisis ဖြစ်သွားခဲ့တုန်းက နေ့ စဉ်နှင့်အမျှ ဖတ်နေရတဲ့ သတင်းတွေထဲ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းဆိုတာ ဝေေ၀ဆာဆာကြီးကို ဖြစ်ခဲ့ဖူးပါတယ်။ ဒါကို ပြီးသွားတဲ့အခါ ဒီထဲက ကျွန်မတို့ ဘာတွေသင်ခန်းစာ ယူခဲ့မိပါသလဲ။ "ငွေ" ဆိုတဲ့အရာဟာ သွေးသားရင်းကို ကွဲပြားစေတယ်။ သူ့ ကြောင့် အချင်းချင်း ခိုက်ရန်တွေဖြစ်ကြ။ သတ်ကြဖြတ်ကြတဲ့အထိပါပဲ။ သူ့ ကြောင့်ပဲ အရာရာပျော်ရွှင်ပြည့်စုံတယ်လို့ ခံစားနိုင်စေသလို သူ့ ကြောင့်ပဲ လူစိတ်ပျောက်ပြီး ကံငါးပါးကိုကျူးလွန်စေနိုင်တယ်။ "ငွေ"ဆိုတာ မြွေလိုပါပဲ။ မကိုင်တွယ်နိုင်တော့တဲ့အခါ ကိုယ့်မြွေက ကိုယ့်ပြန်ပေါက်သလို သူ့ ရဲ့ တန်ဖိုးမှာ ကိုယ့်ကိုယ်ကိုယ် စတေးသွားကြတဲ့အခါ.....................။
ဒါဖြင့် ကျွန်မတို့ အဲဒီရဲ့ အခြားတစ်ဖက်ဖြစ်တဲ့ ပျော်ရွှ့င်ခြင်း ဆိုတဲ့နေရာကို သွားကြည့်ကြရအောင်။ "ပျော်ရွှင်မှု" အဲဒီမှတဆင့် " စစ်မှန်သော ပျော်ရွှင်မှု" ဆိုတာဘာလဲ ဆိုတဲ့မေးခွန်းကို ခုဒီစာကို ဖတ်နေတဲ့ ခင်ဗျားတို့ ကိုယ်တိုင်ဖြေကြည့်စမ်းပါ။ ကျွန်မအနေနဲ့ ဒါကိုခေါင်းစဉ်ကြီးတပ်ပြီး ကိုးကားပြောဆိုမယ်ဆို တစ်ထောင့်တစ်ည ပုံပြင်ထက်ကို ရှည်သွားနိုင်ပါတယ်။ ကျွန်မ တစ်နေ့ ကတင်ဖတ်လိုက်ရတဲ့ စာကြောင်းလေးတစ်ကြောင်းက "Be with someone who can make you happy" တဲ့။ အဲဒီမှာ with ဆိုတဲ့ စကားလုံးလေးကို ခဲတံလေးနဲ့ ခြစ်ပြီး ဖျက်ထားတယ်။ ဒီတော့ " Be someone who can make you happy " ပေါ့။ ရိုးရိုးလေး ဆိုပေမယ့် ကျွန်မ သိပ်သဘောကျပါတယ်။ ကိုယ်ကိုယ်တိုင် မပျော်ရွှင်နေတဲ့သူဟာ ဘယ်သူ့ ကိုမှ လည်း ပျော်ရွှင်အောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါဖြင့် မိမိကိုယ်ကိုယ်ပျော်ရွှ့င်အောင် ကျွန်မတို့ ဘယ်လိုနေထိုင်ကြမလဲ။ ပျော်ရွှင်မှု နည်းလမ်း ၁၀၀ ဆိုတဲ့ စာအုပ်ကို ၀ယ်ဖတ်မလား။ တရားရိပ်သာမှာ အချိန်ပေးပြီး ၀ိပသနာတရားအားထုတ်မလား။ လူတိုင်းလူတိုင်း စိတ်ညစ်စရာ၊ စိတ်ဓါတ်ကျစရာဆိုတာကို လောကဓံရဲ့ အမျိုးမျိုးသော မျက်နှာဖုံးတွေနဲ့ ရင်ဆိုင်ကြရဦးမှာပါပဲ။
အဲဒီလို စိတ်ညစ်လာတဲ့အခါ၊ စိတ်ဓါတ်ကျလာတဲ့အခါ လူတွေဟာ လောကဓံရဲ့ စိတ်ဓါတ်စစ်ဆင်ရေးမှာ အမျိုးအစား နှစ်မျိုးကွဲပြားသွားကြပါတယ်။ စိတ်ဓါတ်ခိုင်မာတဲ့သူ စိတ်တည်ငြိမ်တဲ့သူတွေ အနေနဲ့ အဲဒီပြသနာတွေကို လွယ်လွယ်ကူကု ကျော်ဖြတ်နိုင်မယ် ခံနိုင်မယ် ဆိုပေမယ့် စိတ်ဓါတ်အင်အားနည်းပါးတဲ့သူ၊ စိတ်အားငယ်တတ်တဲ့သူ၊ နောက် စိတ်တိုလွယ်တဲ့ စိတ်ထိခိုက်လွယ်တဲ့ သူတွေ ( ခြုံပြောရမယ်ဆိုရင် စိတ်ဓါတ်ခွန်အား နည်းပါးတဲ့သူ) တွေအနေနဲ့ တော့ အဲဒီလောကဓံစစ်ဆင်ရေးကို အရှူံးပေးလိုက်ကြတဲ့ သူတို့ ရဲ့ လက်နက်ချခြင်းဟာ အထက်မှာ ဆရာ့ဆောင်းပါးထဲက ထုတ်နုတ်ထားတဲ့ ဘ၀နိဂုံးတွေဆိုတဲ့ လမ်းကို ရွေးခြယ်လိုက်ကြခြင်းမျိုးနဲ့ အဆုံးသတ်တတ်ကြပါတယ်။
ကျွန်မ တို့ ဘယ်လို ပျော်ပျော်နေကြမလဲ။ ဒီလောကဓံစစ်ဆင်ရေးကို ဘယ်လိုပြန်လည်တိုက်ခိုက်ရင်ဆိုင်ကြမလဲ။ နင်လားဟဲ့ လောကဓံဆိုပြီး ပြန်လည်စိတ်ခေါ်တိုက်ခိုက်ဖို့ ဆိုတာ ကျွန်မတို့ စိတ်ဓါတ်ခိုင်မာဖို့ က အဓိက အကျဆုံးပါ။ နဂိုကတည်းက ပျော်ပျော်နေတတ်တဲ့သူဆိုရင်တော့ ပိုပြီးတော့ သက်တောင့်သက်သာရှိပါလိမ့်မယ်။ နည်းလမ်းမျိုးစုံရှိမှာပါ။ ဒီစာလေးကို ဖတ်မိလို့ မိမိမှာလည်း နည်းလမ်းလေးတွေရှိနေတယ်ဆိုရင် ဝေမျှခဲ့စေချင်ပါတယ်။ ကျွန်မက စိတ်ဓါတ်ပျော့်ညံ့တာကို မနှစ်သက်ပေမယ့် စိတ်တိုလွယ်တဲ့သူ စိတ်ထိခိုက်လွယ်တဲ့သူဖြစ်တာကြောင့် ကျွန်မကိုယ်တိုင် နေ့ စဉ်ပျော်ရွှင်ခြင်း ဆိုတာကို ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက် အစ်ကိုတစ်ယောက်က ကျွန်မကို ပေးခဲ့ဖူးတဲ့ အကြံတစ်ခုဟာ အခုအချိန်ထိ ကျွန်မအတွက် အရမ်းအသုံးဝင်နေဆဲပါ။
သူပြောခဲ့တာက " အမွန် နင် Gold Roast ကြော်ငြာကြည့်ဖူးတယ်မဟုတ်လား...အဲဒီလိုလုပ်ကြည့်ပါလား" တဲ့။ သူနောက်ပြီးပြောခဲ့တာ မဟုတ်မှန်းကျွန်မ နားလည်ပါသည်း။ တကယ်လည်း လိုက်လုပ်ကြည့်ပါသည်။ ကြော်ငြာထဲက မင်းသား နဲ့ မင်းသမီးလို သီချင်းဆိုပြီး လှည့်ပတ်ကပြီး အဲဒီကော်ဖီသောက်လိုက်တာကို မဆိုလိုပါဘူး။ မနေ့ က ဘယ်လောက်ထိ စိတ်ညစ်ခဲ့ညစ်ခဲ့ နောက်တစ်ရက်မိုးလင်းလာတဲ့အခါ ကြည်ကြည်လင်လင်နိုးထတတ်ဖို့ ပါ။ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီးရုံးမသွားခင်ပဲဖြစ်ဖြစ် မှန်ထဲကြည့်ပြီး အားရအောင်ပြုံးလိုက်ဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးတတ်ဖို့ ပါ။ နောက်ကျိနေတဲ့ ကန်ရေပြင်ဟာ ပြန်လည်တည်ငြိမ်ဖို့ အတွက် ခဏတာ ငြိမ်သက်ပေးဖို့ လိုသလို ကျွန်မတို့ စိတ်ထဲ သောကတွေ ပြသနာတွေ အနည်ထိုင်သွားဖို့ မငြိမ်သက်တတ်ဘူးဆိုရင် ကျွန်မကတော့ ခါထုတ်တတ်ဖို့ ကြိုးစားစေချင်ပါတယ်။ သီချင်းလေးဖြစ်ဖြစ် ညည်းလိုက်ပါ။ သွက်သွက်လက်လက် လှုပ်ရှားလိုက်ပါ။ လောကကြီးကို ပြုံးပြတတ်ဖို့ ကြိုးစားကြည့်ပါ။
ဘ၀တစ်ခုထဲဝင်လာပြီးရင်တော့ အဲဒီဘ၀ထဲက ပြန်မထွက်သွားရခင် ပျော်ရွှ့င်မှုဆိုတာဘာလဲလို့ မေးခွန်းထုတ်ပြီး အဖြေမရှိနေဘူးဆိုရင်တော့ ကိုမျိုးကျော့်မြိုင်ရဲ့ လူဖြစ်ရတဲ့ ဒုက္ခ လူဖြစ်ရတဲ့ဒုက္ခ ဆိုတဲ့ သီချင်းကိုသာ ထိုင်အော်နေဖို့ ကောင်းပါတယ်။ လူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်းဟာ အခြားသူတစ်ယောက်ရဲ့ ပျော်ရွှင်ခြင်း ဟုတ်ချင်မှ ဟုတ်ပါမယ်။ အဓိက က မိမိရဲ့ ပျော်ရွှင်ခြင်းဟာ ဘာလဲဆိုတာကို သိဖို့ နဲ့ အဲဒီပျော်ရွှင်ခြင်းဟာ စစ်မှန် မှန်ကန်တဲ့ပျော်ရွှင်ခြင်းဖြစ်ဖို့ ပဲလိုပါတယ်။ ကျွန်မရဲ့ မောင်ငယ်လေးတစ်ယောက် နောက်ပြောင်ပြီး ပြောဖူးသလို "ပျော်ပါတယ်...ပျော်တာမှ နေပူထဲ မတ်တပ်ရပ်နေတဲ့ ရေခဲချောင်းတောင် ကိုယ့်လောက်ပျော်မယ် မထင်ဘူး" ဆိုသလို ကိုယ့်ကိုယ်ကို အရည်ပျော်ပြီးမှ ပျော်ဖို့ လည်း မလိုပါဘူး။ ချော်ရည်ထဲက ပလတ်စတစ်အိတ်လို ပျော်ဖို့ လည်းမလိုပါဘူး။ မိမိကိုယ်ကိုယ် ကျေနပ်ပျော်ရွှင်ပြီး မိမိပတ်ဝန်းကျင်ကိုလည်း ပျော်ရွှ့င်စေနိုင်တဲ့သူတွေအတွက် လောကဓံဟာ ခံစစ်မဖြစ်နိုင်တော့ပါဘူး။ လောကဓံရဲ့ စိတ်ဓါတ်စစ်ဆင်ရေးမှာ ကိုယ်ကတောင် ပြန်လည်စိန်ခေါ်တိုက်ခိုက်ပြီး အနိုင်ယူဖို့ မိမိရင်ထဲက ပျော်ရွှင်ခြင်းကို သိဖို့ နဲ့ အကောင်အထည်ဖော်ဖို့ ပဲလိုပါတယ်။
" ပျော်ရွှင်ပါစေ" လို့ ဆုတောင်းပေးလိုက်တဲ့ ဆုဟာ ကျွန်မတို့ ကိုယ်တိုင်ဖြည့်ဆည်းယူရမယ့် ကျွန်မတို့ ရဲ့ တောင်းဆုပါ။ ဒီလိုသာဆို ဆရာရေးခဲ့တဲ့ ဆောင်းပါးထဲကလို ဆေးလိပ်မတို နေမညိုပါပဲ လောကဓံကို အရှူံးပေးစရာ အကြောင်းကို မရှိတော့ပါဘူး။ ကြည်လင်နေတဲ့ စိတ်နဲ့ စစ်မှန်တဲ့ပျော်ရွှင်မှု ဟာ စိတ်ဓါတ်ခွန်အားတွေပါ။ ချစ်ရသူဆီက အဖြေရလို့ နေပျော်သေပျော်ပါပြီဆိုတဲ့ သူတွေလို ပျော်ရွှင်ခြင်းအတွက် မိမိရင်ထဲက အဖြေကို မိမိကိုယ်တိုင်ဖော်ထုတ်ပြီး ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။
အမွန်မွန်း
၂၇ ဖေဖေါ်ဝါရီ ၂၀၁၃
အမွန်မွန်း
၂၇ ဖေဖေါ်ဝါရီ ၂၀၁၃
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/02/2013 11:50:00 AM
--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.