[mrsorcerer:37437] Fwd: [လူဗိုလ်ဟူသည် ...] ရှေ့ဆက်ရမယ့်ခရီး - ၁



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/1
Subject: [လူဗိုလ်ဟူသည် ...] ရှေ့ဆက်ရမယ့်ခရီး - ၁
To: lubo601@gmail.com


အမြန်လမ်းမကြီးရဲ့ နံဘေးမှာ
အဲဒီနေ့က မှတ်မှတ်ရရ ရန်ကုန်ကနေ နေပြည်တော်ကို ပြန်လာခဲ့တဲ့နေ့ပါ။
အမြန်လမ်းမပေါ်မှာ အမြန်ကားကြီးစီးပြီး ပြန်လာခဲ့တာပေါ့ဗျာ။
အမြန်ကားကြီးကို ကျွန်တော် ဇိမ်ကျကျစီးနင်းလိုက်ပါနေတဲ့အချိန်မှာပဲ အမြန်ကားကြီးရဲ့ တာဝန်ရှိသူတွေက အမြန် လမ်းမကြီးရဲ့တစ်နေရာမှာ ကျန်းမာရေးကိစ္စဆိုပြီး ကားကို ခဏရပ်ပေးပါတယ်။
ကျွန်တော်လည်း တခြားခရီးသည်တွေနည်းတူ အမြန်ကားကြီးပေါ်ကနေဆင်းပြီး အမြန်လမ်းမကြီးရဲ့ဘေး သင့်တော် တဲ့တစ်နေရာမှာ အပေါ့အပါးကိစ္စကို ဆောင်ရွက်ပါတယ်။
အဲဒီလို ကျွန်တော် အပေါ့အပါးကိစ္စဆောင်ရွက်နေစဉ်မှာပဲ ကျွန်တော်မျက်လုံးတွေက အမြန် လမ်းမကြီးဘေးမှာဖွင့် ထားတဲ့ကွမ်းယာဆိုင်လေးဆီကို ရောက်သွားပါတယ်။ ဒီကွမ်းယာဆိုင်လေးဟာ တစ်ခြား နေရာတစ်ခုခုကနေ ဒီအမြန်လမ်းမ ကြီးဆီကို လာလို့ရတဲ့ မြေနီလမ်းကလေးဘေးမှာ ရှိနေတာပါ။

ကျွန်တော်ဘာလှမ်းတွေ့လိုက်ရသလဲဆိုတော့ အဲဒီကွမ်းယာဆိုင်လေးဘေးကို ဆိုင်ကယ်တစ်စီးထိုးရပ်တာ တွေ့ လိုက်ရပါတယ်။ ပြီးတော့ အဲဒီဆိုင်ကယ်ပေါ်ကနေ နိုင်ငံခြားသားစုံတွဲတစ်တွဲဆင်းလာတာကို တွေ့ရပါတယ်။
အဲဒီနိုင်ငံခြားသားစုံတွဲထဲကမှ အမျိုးသားနိုင်ငံခြားသားက ဆိုင်ကယ်မောင်းတဲ့ကောင်လေးကို ပိုက်ဆံတစ်ရွက် ထုတ် ပေးတာကိုလည်းတွေ့ရပါတယ်။ နိုင်ငံခြားသားထုတ်ပေးတဲ့ပိုက်ဆံကို ဆိုင်ကယ်မောင်းတဲ့ကောင်လေးက ကြည်ကြည်ဖြူဖြူ လက်ခံမယူပဲ `နိုးနိုး´ လို့ပြန်ပြောနေတာကိုလဲ တွေ့နေရပါတယ်။
ကျွန်တော်နဲ့ခပ်လှမ်းလှမ်းအနေအထားဖြစ်နေတာကြောင့် နိုင်ငံခြားသားထုတ်ပေးတဲ့ပိုက်ဆံဟာ ဘယ်လောက်တန် ပိုက်ဆံဆိုတာကိုတော့ အတိအကျမသိနိုင်ဘူးဖြစ်နေပါတယ်။
ကျွန်တော်အဲဒီအဖြစ်အပျက်ကို စိတ်ဝင်တစားကြည့်နေတဲ့အချိန်မှာ ခရီးသည်တော်တော်များများက သူတို့ရဲ့ အပေါ့ အပါးကိစ္စတွေပြီးလို့ အမြန်ကားကြီးပေါ်ကိုတောင်တက်နေကြပါပြီ။ တကယ်ဆို ကျွန်တော်လည်း တခြားခရီးသည်တွေနည်းတူ ကားပေါ်ကို တက်သင့်နေပြီဆိုတာနားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကားပေါ်ကို မတက်ချင်သေးပါဘူး။ အဲဒီ ဆိုင်ကယ် ကောင်လေးနဲ့နိုင်ငံခြားသားနှစ်ယောက်ကိစ္စကို စိတ်ဝင်စားမိပြီး အဲဒီကွမ်းယာဆိုင်လေးအနားကို သွားကြည့်ချင်နေမိပါတယ်။
ကျွန်တော်ကံကောင်းတယ်လို့ပြောရမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့စီးလာတဲ့ အမြန်ကားကြီး ရဲ့ယာဉ်မောင်းဟာ အဲဒီကွမ်းယာဆိုင်လေးမှာ ကွမ်းယာသွားဝယ်နေတာကို တွေ့လိုက်ရလို့ပါ။ ကျွန်တော်လည်း ယာဉ်မောင်း နဲ့မကင်းကွာသ၍ တစ်ယောက်တည်းတော့မကျန်ခဲ့နိုင်ဘူးဆိုတာတွက်ဆပြီး အဲဒီကွမ်းယာဆိုင်လေးနားကိုရောက်အောင် သွားလိုက်ပါတယ်။
ကွမ်းယာဆိုင်လေးနားကိုရောက်တော့ ဆိုင်ကယ်မောင်းတဲ့ကောင်လေးက``ဒုက္ခပါပဲဗျာ၊ ကျွန်တော်တော့သွားပြီ ထင်ပါတယ်၊ ပြောလို့လည်းမရဘူး၊ ဘယ်လိုလုပ်ရပါ့မလဲ´´ဆိုပြီး သူတစ်ယောက်တည်းငြီးတွားသလိုလိုနဲ့ ကျွန်တော်နဲ့ အမြန် ကားယာဉ်မောင်းကိုကြည့်ပြီး ပြောနေရှာပါတယ်။
သူတို့အခြေအနေကို ကျွန်တော်နည်းနည်းသဘောပေါက်သလိုရှိနေပေမယ့် သေချာသွားအောင် နည်းနည်းလောက် စပ်စုကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
`` ဘယ်လိုဖြစ်လို့လဲညီလေး´´
``ဘယ်လိုဖြစ်ရမလဲအစ်ကိုရယ် ၊ ဒီနိုင်ငံခြားသားစုံတွဲက ပဲခူးမြို့ကနေ ကျွန်တော့်ဆိုင်ကယ်ကိုငှားစီးလာတာလေ၊ အခုကြည့်ပါဦး ငါးရာတန်တစ်ရွက်တည်း ထုတ်ပေးနေတယ်။ သေရောပေါ့ဗျာ၊ ဘယ်လိုလုပ်ရမှန်းလည်း မသိဘူး။ ကျွန်တော် ကလည်း အင်္ဂလိပ်လိုမပြောတတ်၊ ဗမာစကားပြောတော့လည်း သူတို့ကနားမလည်ဘူး၊ ဒုက္ခပါပဲဗျာ၊ ဒီငါးရာတန်တစ်ရွက် တည်းယူပြီးပြန်ရပြန်တော့လည်း တွေးကြည့်ပါဦးအစ်ကိုတို့ရယ်၊ ပဲခူးနဲ့ဒီအမြန်လမ်းဆိုတာ အနည်းဆုံး ဆယ့်ငါးမိုင်လောက်ဝေး တယ်၊ သူတို့ပေးတဲ့ငွေက ဓာတ်ဆီဖိုးတောင်မရှိဘူး၊ အစ်ကိုတို့ အင်္ဂလိပ်လိုပြောတတ်ရင် နည်းနည်းလောက် ကူပြောပေးကြ ပါဦးဗျာ´´
အခြေအနေက တော်တော်မလွယ်တဲ့ကိစ္စပါ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဇာတ်လမ်းကလည်း တော်တော် အရှိန် တက်နေပါပြီ။ ကားအောက်မှာလဲ ကျွန်တော်နဲ့ယာဉ်မောင်း နှစ်ယောက်တည်းပဲကျန်ပါတော့တယ်။ အားလုံးက ကားပေါ်ကို ရောက်နေကြပါပြီ။ ဒီကိစ္စကိုဖြေရှင်းပေးလို့ရနိုင်ပေမယ့် ကားပေါ်ကခရီးသည်အားလုံးကတော့ တစ်ယောက်မကျန် သဘောတူ ကြည်ဖြူစွာနဲ့ ကျွန်တော်တို့ကိုစိတ်ရှည်သည်းခံစောင့်နေချင်ကြမှာ မဟုတ်ပါဘူး။ လူဆိုတာက သူ့ကိစ္စနဲ့သူ ရှိနေတတ်ကြတာ ကိုး။
ကျွန်တော်ဟာ အင်္ဂလိပ်စကားကို မွှတ်နေအောင် ကျွမ်းကျင်တတ်မြောက်နေသူတစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်တင့်တဲ့အနေအထားလောက်တော့ ပြောတတ်အောင်သင်ယူလေ့လာထားခဲ့တာမို့ ကျွန်တော် နိုင်ငံခြားသားကို တတ်သလောက်မှတ်သလောက် ပြောပြလိုက်ပါတယ်။
ကျွန်တော်ပြောတာတွေကတော့ `ဒီနေ့ပေါက်ဈေးကိုကြည့်မယ်ဆိုရင် အမေရိကန်တစ်ဒေါ်လာကို မြန်မာ ငွေ-၈၅၀ ကျပ် ၀န်းကျင်ခန့်ရှိကြောင်း၊ အခု လူကြီးမင်းပေးတဲ့ငွေဟာ မြန်မာငွေငါးရာကျပ်ဆိုတော့ ၀.၆ ဒေါ်လာခန့်သာရှိကြောင်း၊ ယခု အမြန်လမ်းမနဲ့ပဲခူးမြို့ဆိုတာ အနည်းဆုံး ဆယ်မိုင်ကျော်ကျော်လောက်ဝေးနိုင်ကြောင်း (ပဲခူးမြို့မှအမြန်လမ်းမသို့မိုင်မည်မျှ ဝေးသည်ကို ကျွန်တော်အတိအကျမသိသော်လည်း တည့်တည့်တိုင်းလျှင်  အနည်းဆုံး ဆယ်မိုင်အထက်တွင်ရှိမည်ဟု ထင်ပါ သည်)၊ သာမန်ဆိုင်ကယ်ကယ်ရီသမားတစ်ယောက်အနေဖြင့် လူတစ်ယောက်အတွက် ငါးမိုင်လျှင် ငွေကျပ်တစ်ထောင်နှုန်းခန့် ပုံမှန်ယူတတ်ကြောင်း၊ အခု ဆယ်မိုင်အကွာအဝေးနှင့်ပဲတွက်ဦးတော့ တစ်ယောက်အတွက် နှစ်ထောင်၊ အခု နှစ်ယောက်ဆို တော့ အနည်းဆုံးလေးထောင်ကျပ်ခန့်တော့ပေးသင့်ကြောင်း၊ အခုထုတ်ပေးသော ငွေငါးရာကျပ်မှာတော့ အလွန်နည်းနေ ကြောင်း၊ လူကြီးမင်းအနေဖြင့် ကျွန်တော်တို့ကို မယုံကြည်လျှင်လည်း တခြားသော အသိမိတ်ဆွေများကို ဖုန်းဆက်မေးကြည့် နိုင်ကြောင်း´ ကျွန်တော် တတ်နိုင်သမျှ ပြောပြပေးလိုက်ပါတယ်။
ကျွန်တော် ဘယ်လိုပဲရှင်းပြရှင်းပြ နိုင်ငံခြားသားက လုံးဝလက်မခံပါဘူး။
သူပြန်ပြောပြတာက အခုဆိုင်ကယ်ကယ်ရီကောင်လေးက သူ့ကို လက်ငါးချောင်းထောင်ပြကြောင်း၊ သူက သေချာ အောင် five hundred-ငါးရာလားလို့မေးခဲ့ကြောင်း၊ ကယ်ရီကောင်းလေးက လက်ငါးချောင်းပြန်ထောင်ပြ ခေါင်းငြိတ်ပြီး ကျေ ကျေနပ်နပ်နဲ့လိုက်လာခဲ့ခြင်းဖြစ်ကြောင်း ၊ အခုမှ တစ်မျိုးဖြစ်ပြီး လက်မခံတာတော့ သူတို့လည်း မတတ်နိုင်ကြောင်း ရှင်းပြပါ တယ်။
ဆိုင်ကယ်ကောင်လေးကလည်း နိုင်ငံခြားသားနှုတ်က တစ်ခုခုပြောပြီး သူ့ကို လက်ငါးချောင်းထောင်ပြတာ မှန်ကြောင်း၊ သူကလည်း လက်ငါးချောင်းပြန်ထောင်ပြပြီး ငါးထောင်လို့ပြောခဲ့ကြောင်း၊ ဒါကို နိုင်ငံခြားသားက လက်ခံ ခေါင်းငြိတ်၊အိုခေလို့ ပြောလို့ လိုက်လာခဲ့မိခြင်းဖြစ်ကြောင်း ပြန်ရှင်းပြပြန်ပါတယ်။
တကယ်တော့ ဆိုင်ကယ်ကောင်လေးအနေနဲ့…….နိုင်ငံခြားသားက Five hundred-ငါးရာကျပ်ပေးမယ် လို့ပြောပြီး လက်ငါးချောင်းထောင်ပြတာကို  hundred နဲ့ thonsand ခွဲခြားမသိလေတော့ ငါးထောင်ရမယ်ထင်ပြီး ကျေကျေနပ်နပ်နဲ့ လိုက် လာတဲ့ပုံ၊
နိုင်ငံခြားသားကလည်း ကောင်လေးက ငါးထောင်လို့ပြောပြီး လက်ငါးချောင်းထောင်ပြတာကို ရာတွေ ထောင်တွေမသိ ရှာတော့ ငါးရာလို့ထင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ငှားလာတဲ့ပုံ၊
ပြောရရင် …… အခု ကျွန်တော်ပြောပြနေတဲ့ အဖြစ်အပျက်ကလေးဟာ အခုကျွန်တော်ပြောပြနေတဲ့အချိန်အထိ အနည်းဆုံး ခုနစ်မိနစ်ကနေ ဆယ်မိနစ်ခန့်လောက်ကြာလောက်မယ်လို့ထင်ပါတယ်၊ တကယ်တော့  ကျွန်တော်နဲ့ယာဉ်မောင်း ကို ဘုမသိဘမသိထိုင်စောင့်နေတဲ့တခြားခရီးသည်တွေကိုလည်း ကျွန်တော်တို့ ငဲ့ကွက်ရပါဦးမယ်။
တစ်ချို့ခရီးသည်တွေက ကားတံခါးပေါက်ကနေ မကျေမနပ်နဲ့ ဘုကြည့်လှမ်းကြည့်နေကြသလို အမြန်ကား စပယ် ယာကလည်း သူ့ယာဉ်မောင်းကို `ခရီးသည်တွေ စုံနေကြပြီဆရာ၊ သွားကြမယ်လေ´ လို့ မရဲတရဲ လှမ်းခေါ်နေပါပြီ။
ပြီးစလွယ်တွေးတတ်သူတွေအတွက်တော့ ငွေငါးထောင်နဲ့ ငွေငါးရာကြားမှာ လေးထောင့်ငါးရာလောက်လေးပဲ ကွာဟ နေတဲ့ကိစ္စလေးတစ်ခုဆိုတော့လည်း ခဏလောက်စောင့်ကြပေးကြပါဦးဗျာလို့ ကျွန်တော် မတောင်းဆိုရဲတာအမှန်ပါ။
ဒီလိုနဲ့နောက်ဆုံးမှာတော့ ကျွန်တော်တာဝန်ကျေပွန်စွာအထိဖြေရှင်းမပေးနိုင်တော့ပဲ အဖြစ်အပျက်ရဲ့ တစ်ပိုင်းတစ်စ ကို ထားရစ်ခဲ့ပြီး အမြန်ကားကြီးပေါ်ကို ပြေးတက်လာခဲ့ရပါတော့တယ်။
အရှိန်နဲ့ပြေးလွှားနေတဲ့ အမြန်ကားကြီးပေါ်ကို ကျွန်တော့်ခန္ဓာကိုယ်ကပါသွားခဲ့ပေမယ့် ကျွန်တော့်စိတ်တွေကတော့ အမြန်လမ်းမကြီးဘေးက ကွမ်းယာဆိုင်လေးဘေးမှာပဲ ကျန်ရစ်နေခဲ့ပါတယ်။
သူတို့ဘယ်လိုရှေ့ဆက်သွားကြမလဲ၊ မြန်မာစကားမတတ်တဲ့နိုင်ငံခြားသားနှစ်ယောက်နဲ့ အင်္ဂလိပ်စကားမတတ်တဲ့ မြန်မာနိုင်ငံသားတစ်ယောက်တို့ရဲ့ ငါးရာ နဲ့ ငါးထောင်ကိစ္စ  ဘယ်လိုနည်းနဲ့များဖြေရှင်း အဖြေရှာကြလေမလဲ။
ဆိုင်ကယ်ကယ်ရီကောင်လေးဘက်ကကော သူ့လုပ်အားနဲ့မထိုက်တန်တဲ့ ငွေငါးရာကို ကြည်ကြည်ဖြူဖြူ စိတ်လျှော့ လက်ခံနိုင်ပါ့မလား။ နိုင်ငံခြားသားဘက်ကကော ငွေငါးရာပေးပါမယ်လို့ပြောခဲ့တုန်းက ကျေကျေနပ်နပ် လိုက်လာခဲ့ပါလျှက်နဲ့ အခုမှ ငါးထောင်ပေးရမယ်ဆိုတော့ သူ့အိပ်ထဲက နောက်ထပ်ငွေလေးထောင့်ငါးရာကို အလွယ်တကူ ထပ်ထုတ်ပေးနိုင်ပါ့ မလား။
ကျွန်တော် အဲကွန်းအပြည့်ဖွင့်ထားတဲ့ အမြန်ကားကြီးထက်မှာ စိတ်မောလူမောနဲ့ ချွေးပြန်နေမိပါတယ်။
ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေတဲ့ကျွန်တော်တို့နိုင်ငံကြီးဆီကို   နိုင်ငံတကာကဧည့်သည်တွေက တစ်နေ့တခြား တိုး တက်များပျားစွာနဲ့ ၀င်ထွက်သွားလာနေကြပြီ။ ၂၀၁၃ ဆီးဂိမ်းမှာဆိုရင် ဒါထက်တောင် ၀င်လာကြဦးမယ်။ ၂၀၁၃ပြီးရင်၊ ၂၀၁၄၊ ၂၀၁၅ စတဲ့နှစ်တွေမှာလည်း အာဆီယံဥက္ကဌတာဝန်တွေ၊ ASEAN Free Trade Area တွေဖြစ်လာတဲ့အခါ ဒီကနေ့ထက် များပျားတဲ့ နိုင်ငံတကာဧည်သည့်တွေ ၀င်လာကြလိမ့်ဦးမယ်။
ဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော်တို့ဘယ်လိုပြင်ကြဆင်ကြမလဲ။
ကျွန်တော်တို့တွေ နိုင်ငံတကာနဲ့ရင်ဘောင်တန်းချင်ကြတယ်ဆိုရင်၊ နိုင်ငံတကာကလူတွေနဲ့ ဆက်ဆံထိတွေ့ကြတော့ မယ်ဆိုရင်၊
ကျွန်တော်တို့မြန်မာတွေ မိခင်ဘာသားစကားအပြင် အနည်းဆုံး အင်္ဂလိပ်ဘာသာစကားလောက်ကိုတော့ တတ် မြောက်အောင်ကြိုးစားမှဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။
ဆိုင်ကယ်ကယ်ရီကောင်လေးလိုပဲ ဘာသာစကားအခက်အခဲကိုမတွန်းလှန်နိုင်ကြလို့ ယောင်ယမ်းခေါင်းငြိတ်မိသူ တွေ၊ ဆိုင်ကယ်ကယ်ရီခထက်ဆိုးရွားကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်နေရသူတွေ ကျွန်တော်တို့နိုင်ငံမှာ ဘယ်လောက်တောင် ရှိနေပြီလဲ ………
တွေးလိုက်၊ ရင်မောလိုက်၊ သင်ပြင်းချလိုက်နဲ့ ကျွန်တော် ဘယ်နှကြိမ်တွေး၊ ဘယ်နှကြိမ်ရင်မောပြီး ဘယ်နှကြိမ် သက် ပြင်းချနေမိမှန်းတောင် မသိတော့ပါဘူး။
ဒီအတွေးထဲမှာပဲ ချာချာလည်လိုက်ပါစီးမျောရင်းနဲ့ ကျွန်တော်ဆင်းရမယ့်နေရာကိုရောက်လို့ ကားရပ်ပေးကာမှ ကား ပေါ်က ဆင်းလာခဲ့မိပါတယ်။
ကားပေါ်ကဆင်း၊ လမ်းမပေါ်ကိုရောက်တော့ နေ့လည် ဆယ်နှစ်နာရီတိတိ၊
ကျွန်တော့်အိမ်ဘက် ဆက်လျှောက်ရမယ့်လမ်းမထက်မှာ
တံလျှပ်တွေက တရိပ်ရိပ် ထနေသလို……၊
နေမင်းကလည်း ချစ်ချစ်တောက် ပူလောင်နေလေရဲ့……၊



မောင်အေးကို(ပေါင်းတလည်)


(Vol-1, No-8 , 22-February-2013 နေ့ထုတ် စံတော်ချိန်ဂျာနယ်တွင် ဖော်ပြပြီး)

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/02/2013 11:51:00 AM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.