[mrsorcerer:37448] Fwd: [လူဗိုလ်ဟူသည် ...] တောင်သူလယ်သမားအရေးတော်ပုံနှင့် ပတ်သက်သည့်အရေးကြီးသော ရက်စွဲများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/1
Subject: [လူဗိုလ်ဟူသည် ...] တောင်သူလယ်သမားအရေးတော်ပုံနှင့် ပတ်သက်သည့်အရေးကြီးသော ရက်စွဲများ
To: lubo601@gmail.com



မြန်မာသက္ကရာဇ် ၁၁၈၅-၈၇ ခု (၁၈၂၄-၂၆)
အင်္ဂလိပ် မြန်မာပထမစစ်ပွဲ ပြီးသည့်နောက်
ရခိုင်တိုင်းနှင့် တနင်္သာရီတိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။

မြန်မာသက္ကရာဇ် ၁၂၁၃-၁၄ ခု (၁၈၅၂)
အင်္ဂလိပ် မြန်မာ ဒုတိယ စစ်ပွဲ ပြီးသည့်နောက်
အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။

မြန်မာသက္ကရာဇ် ၁၂၃ဝ-၁၂၃၁ ခု (၁၈၆၉)
စူးအက်တူးမြောင်း ဖောက်လုပ်ပြီးစီး၍ မြန်မာပြည်တွင်
ဝမ်းစာ စိုက်ပျိုးရေးခေတ်မှ ကူးသန်းရောင်းဝယ်ရေး
စိုက်ပျိုးရေးခေတ်သို့ စတင်ပြောင်းလဲလာသည်။

မြန်မာသက္ကရာဇ် ၁၂၄၂-၄၃ ခု (၁၈၈၁-၁၈၈၂)
တောင်သူလယ်သမားများ စတင်ကြွေးမြီတင်ရှိလာသည်။

မြန်မာသက္ကရာဇ် ၁၂၄၆-၄၇ ခု (၁၈၈၅)
အင်္ဂလိပ် မြန်မာ တတိယစစ်ပွဲ ပြီးသည့်နောက်
အထက် မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။

မြန်မာသက္ကရာဇ် ၁၂၆၁-၆၂ ခု (၁၉ဝဝ)
ကြွေးမြီ တင်ရှိနေသူ တောင်သူလယ်သမားဦးရေ
တိုးတက်များပြားလာသည်။

မြန်မာသက္ကရာဇ် ၁၂၇၅-၇၉ ခု (၁၉၁၄-၁၈)
ပထမကမ္ဘာစစ်အတွင်း ဆန်စပါး ဈေးကောင်းလာသည်။

မြန်မာသက္ကရာဇ် ၁၂၈၁-၈၂ ခု (၁၉၂ဝ)
ပထမကျောင်းသားများ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့သည်။
ထို့နောက်တွင် အလုပ်သမား သပိတ်မှောက်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

မြန်မာသက္ကရာဇ် ၁၂၈၂-၈၃ ခု (၁၉၂၁)
ဗြိတိသျှ ကုမ္ပဏီကြီးများ ပူးပေါင်းဖွဲ့စည်းထားသည့်
ဘူလင်ဂျာပူးလ်၏ ချယ်လှယ်မှုကြောင့် ဆန်စပါးဈေး
အလွန်ကျဆင်း၍ တောင်သူလယ်သမားတို့ စီးပွားရေး ကြပ်တည်းစ ပြုလာသည်။

မြန်မာသက္ကရာဇ် ၁၂၈၆-၈၇ ခု (၁၉၂၅)
အနယ်နယ်တွင် ဗြိတိသျှအစိုးရအား အသိအမှတ် မပြုရေး၊
အခွန်များ မပေးရေး စသော လူတန်းစား တိုက်ပွဲများ ပြင်းထန်လာသည်။

မြန်မာသက္ကရာဇ် ၁၂၈၇-၈၈ ခု (၁၉၂၆)
ဆရာတော် ဦးဝိစာရသည် အခွန်မပေးရေး တိုက်ပွဲများ ဆင်နွှဲရန်
ခရိုင်အသီးသီးတွင် စည်းရုံးမှုများ ပြုလုပ်သည်။

မြန်မာသက္ကရာဇ် ၁၂၈၈-၈၉ ခု (၁၉၂၇)
ဆရာတော် ဦးဥတ္တမသည် "လိပ်ကို အခွံခွာရမည်"ဟူသော
ဆောင်ပုဒ်ဖြင့် ဗြိတိသျှအစိုးရအား အခွန်မပေးရေး တရားများကို ဟောပြောသည်။

မြန်မာသက္ကရာဇ် ၁၂၈၉-၉ဝ ခု (၁၉၂၈)
ဆရာစံသည် ဦးစိုးသိမ်း ဂျီစီဘီအေ အဖွဲ့ချုပ်၏ တာဝန်ပေးချက်
အရ၊ ခရိုင်အသီးသီးသို့ သွားရောက်၍ ဗြိတိသျှအစိုးရ၏ အတင်း
အဓမ္မ အခွန်တောင်းမှုကိစ္စများကို လိုက်လံစုံစမ်းသည်။

၁၂၉၁ ခု၊ ပြာသိုလဆုတ် ၅ ရက် (၁၈-၁-၃ဝ)
ဆရာစံသည် အင်္ဂလိပ်အစိုးရအား လက်နက်ကိုင် တော်လှန်ရေး
အတွက် မော်လမြိုင်မှ သာယာဝတီသို့ ထွက်ခွာလာသည်။

၁၂၉၂ ခု၊ တန်ဆောင်မုန်း လဆုတ် (၈)ရက် (၂၈-၁ဝ-၃ဝ)
မြစိမ်းတောင်ညို ဘုရားတွင် သုပဏ္ဏက ဂဠုနရာဇာဟူသော
ဘွဲ့ကိုယူ၍ ဥပုသ်ကြီးဝင်သည်။

၁၂၉၂ ခု၊ နတ္တော်လဆုတ် ၁ ရက် (၅-၁၂-၃ဝ)
အလံတောင်တွင် ဗုဒ္ဓရာဇာမြို့ တည်ရန် ပန္နက်ရိုက်သည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၃ ရက် (၂၁-၁၂-၃ဝ)
အလံတောင်တွင် တဲတန်း တည်ဆောက်သည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၄ ရက် (၂၂-၁၂-၃ဝ)
ဆရာစံ၏ အမိန့်အရ၊ သာယာဝတီထောင်ကို ဖွင့်ရန်
သွားကြသော ဗိုလ်ဖိုးဆော့ ခေါင်းဆောင်သည့်
ဂဠုန်သူပုန်များ သည် ဇိမ်ဇာသူကြီးအား စမ်းတွင်းရွာအနီးတွင်
တွေ့ရှိတိုက်ခိုက် ကြသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၅ ရက် (၂၃-၁၂-၃ဝ)
ဖားရွှေကျော် ပထမတိုက်ပွဲ၊ ဦးမောင်ကလေး ခေါင်းဆောင်သော
ပုလိပ်အဖွဲ့ ဆုတ်ခွာထွက်ပြေးကြသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၆ ရက် (၂၄-၁၂-၃ဝ)
ဝဲရွာတိုက်ပွဲ သစ်တောအင်ဂျင်နီယာ မစ္စဖီးကလပ် ကျဆုံးသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၇ ရက် (၂၅-၁၂-၃ဝ)
ဖားရွှေကျော် ဒုတိယတိုက်ပွဲ၊ ရာဇဝတ်ဝန်ကလေး
ဦးမောင်ကလေး ကျဆုံး၍ ပန်ချာပီတပ်များ ထွက်ပြေးကြသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၁၂ ရက် (၃ဝ-၁၂-၃ဝ)
ဖားရွှေကျော်တတိယတိုက်ပွဲ၊ ဂဠုန်သူပုန်တို့ဘက်မှ
အကျအဆုံးများစွာနှင့် ဆုတ်ခွာရသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၁၃ ရက် (၃၁-၁၂-၃ဝ)
နယ်ချဲ့အင်္ဂလိပ်စစ်တပ် အလံတောင်သို့ တက်ရောက် တိုက်ခိုက်
ဖျက်ဆီးသောကြောင့် ဆရာစံသည် ထိုနေရာမှ ထွက်ခွာသည်။

၁၂၉၂ ခု၊ ပြာသိုလဆုတ် ၅ ရက် (၇-၁-၃၁)
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ထန်းတောရွာအနီးတွင် ဦးအောင်လှ
ခေါင်းဆောင်သော ဂဠုန်သူပုန်တို့နှင့် အရေးပိုင်မစ္စတာ ဘရက်တို
ခေါင်းဆောင်သော နယ်ပုလိပ်၊ စစ်ပုလိပ်များ တိုက်ပွဲဖြစ်ပွားသည်။

၁၂၉၂ ခု၊ ပြာသိုလဆုတ် ၁၁ ရက် (၁၃-၁-၃၁)
အလံတောင်မှ ထွက်ခွာသွားသော ဆရာစံသည် မန္တလေးမြို့သို့ ရောက်ရှိသည်။

၁၂၉၂ ခု၊ တပေါင်းလဆုတ် ၂ ရက် (၄-၃-၃၁)
ဆရာစံသည် ရှမ်းပြည်နယ်မြောက်ပိုင်း မက်ချင်းနုရွာသို့ ရောက်သည်။

၁၂၉၂ ခု၊ တန်ခူးလဆုတ် ၉ ရက် (၁ဝ-၄-၃၁)
သရက်ခရိုင်၊ ကာမမြို့နယ်၊ ခြောက်ပင်ရွာတွင် သူကြီးများ
စည်းဝေးပွဲလုပ်စဉ် သူပုန်တို့ ဝင်ရောက်တိုက်ခိုက်သည်။


၁၂၉၂ ခု၊ တန်ခူးလဆုတ် ၁၂ ရက် (၁၃-၄-၃၁)
သရက်ခရိုင်၊ ရာဇဝတ်ဝန်ကြီး မစ္စတာအေစီစမစ်
ခေါင်းဆောင်သော အဖွဲ့နှင့် သူပုန်တို့ ထုံးရွာအနီးတိုက်ပွဲ
ဖြစ်ပွားရာ ရာဇဝတ်ဝန်ကြီး ပြင်းထန်စွာ ဒဏ်ရာရရှိသည်။

၁၂၉၂ ခု၊ ကဆုန်လဆုတ် ၄ ရက် (၄-၅-၃၁)
ပြည်ခရိုင် ရာဇဝတ်ဝန်ကြီး မစ္စတာ သြစတင် ခေါင်းဆောင်
သော အဖွဲ့အား ဝက်ထီးကန်အနီး မြို့မရွာတွင် သူပုန်တို့
ဝိုင်းဝန်းတိုက်ခိုက်သဖြင့် ရာဇဝတ်ဝန်ကြီးနှင့် ပုလိပ်အဖွဲ့ဝင် ခုနစ်ဦး ကျဆုံးသည်။

၁၂၉၂ ခု၊ ကဆုန်လဆုတ် ၁ဝ ရက် (၁ဝ-၅-၃၁)
ဂဠုန်သူပုန်တို့ ဟင်္သာတမြို့လယ် ဂါတ်ဝင်းအတွင်းရှိ
ပန်ချာပီတပ်တို့ ဝင်ရောက်စီးနင်းရာ ပန်ချာပီစစ်သားတို့ ဒဏ်ရာရကြသည်။

၁၂၉၂ ခု၊ ကဆုန်လကွယ်နေ့ (၁၅-၅-၃၁)
ဟင်္သာတခရိုင်၊ လယ်တီစာဖြူစုပုလိပ်ကင်းစခန်းကို သူပုန်တို့
ဝင်ရောက်စီးနင်းသည်။

၁၂၉၃ ခု၊ နယုန်လဆုတ် ၁၃ ရက် (၁၃-၆-၃၁)
ရန်ကုန်မြို့ တရားလွှတ်တော်သည် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်
ထန်းတောကျေးရွာမှ ခေါင်းဆောင် ဦးအောင်လှ၊ ဦးမိုးမင်း၊
ဦးဘိုးချစ်တို့ အပေါ်တွင် အထူးခုံရုံးမှ တသက်တကျွန်း
ထောင်ဒဏ်ပေးထားသည့် အမိန့်ကို ပယ်ဖျက်၍၊ သေဒဏ်သို့
ပြောင်းလဲပေးသည်။ အထူးခုံရုံးမှ သေဒဏ်ပေးထားသည့် ၁၅ ဦး၏
စီရင်ချက်ကိုလည်း အတည်ပြုသည်။

၁၂၉၃ ခု၊ ပထမဝါဆိုလဆန်း ၃ ရက် (၁၇-၆-၃၁)
ဆရာစံသည် ပါဝိုင်း စခန်းတွင် အောင်ချမ်းသာမြို့ကို တည်သည်။

၁၂၉၃ ခု၊ ဒု-ဝါဆိုလဆုတ် ၄ ရက် (၂-၈-၃၁)
ဆရာစံအား ရှမ်းပုလိပ်များမိသည်။

၁၂၉၃ ခု၊ ဝါခေါင်လဆန်း ၁ ရက် (၁၄-၈-၃၁)
ဆရာစံအား သီပေါထောင်မှ သာယာဝတီသို့ ပို့လိုက်သည်။

၁၂၉၃ ခု၊ ဝါခေါင်လဆန်း ၅ ရက် (၁၈-၈-၃၁)
ဆရာစံအား အထူးခုံရုံးတွင် တရားစွဲဆိုရန် ပို့သည်။

၁၂၉၃ ခု၊ ဝါခေါင်လပြည့် (၂၈-၈-၃၁)
သာယာဝတီ အထူးခုံရုံးမှ သေဒဏ်အမိန့်ချသည်။

၁၂၉၃ ခု၊ သီတင်းကျွတ်လဆုတ် (၂ ၉ - ၁ဝ -၃၁)
တရားလွှတ်တော်မှ ဆရာစံ၏ သေဒဏ်ကို အတည်ပြုသည်။

၁၂၉၃ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၄ ရက်နေ့ (၂၈-၁၁-၃၁)
နယ်ချဲ့အစိုးရက ဆရာစံအား သာယာဝတီထောင်ရှိ ကြိုးစင်တွင် တင်၍ သတ်သည်။


SarPayLawKa (စာပေလောက)


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/02/2013 01:01:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.