[mrsorcerer:37455] Fwd: [လူဗိုလ်ဟူသည် ...] ဘာဖြစ်လို့ ၉၆၉ နှိုးဆော်မှုကို ပြင်းပြင်း ထန်ထန်ကန့်ကွက်ကြသလဲ?



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/3
Subject: [လူဗိုလ်ဟူသည် ...] ဘာဖြစ်လို့ ၉၆၉ နှိုးဆော်မှုကို ပြင်းပြင်း ထန်ထန်ကန့်ကွက်ကြသလဲ?
To: lubo601@gmail.com


Nay Ko Ko shared ရာဇာဓိ ရာဇာ's photo.
ဘာဖြစ်လို့ ၉၆၉ နှိုးဆော်မှုကို ပြင်းပြင်း ထန်ထန်ကန့်ကွက်ကြသလဲ?     ကျွန်တော်လည်း အစကပိုင်းက ၉၆၉ နှိုးဆော်မှုကို ဒီလောက် ထိရောက်လိမ့်မယ်လို့ မထင်မိပါ။ ဘာကြောင့်လည်း ဆိုတော့ အွန်လိုင်းမှာ တက်လာတဲ့ ပုံတွေကို ကြည့်လိုက်ရင်  ဒီစတစ်ကာတွေကို စားသောက်ဆိုင်လေးတွေ အရောင်းဆိုင်လေးတွေမှာ လိုက်ကပ်တာမျိုး လောက်ပဲ တွေ့ရလို့ပါ။ စီးပွါးရေးဆိုတဲ့ နေရာမှာ တစ်ခြားလုပ်ငန်းကြီးတွေ ဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ဆေးနဲ့ဆေးပစ္စည်း ရောင်းဝယ်ရေး၊ ဆောက်လုပ်ရေးသုံး ပစ္စည်းရောင်းဝယ်ရေး၊ ကား ဆိုင်ကယ် အပို ပစ္စည်း ရောင်းဝယ်ရေး၊ မော်တော်ယာဉ် စက်ပြင် ရေဆေး ဆီထိုး လုပ်ငန်း စသဖြင့် လက်ညိုးထိုးမလွဲ လုပ်ငန်းကြီးတွေ အများကြီး ရှိပါတယ်။     အဲဒီတော့ ဘာကြောင့် အစားအသောက် နဲ့ အပျင်းပြေဝါးစရာ ကွမ်းယာ အာမွှေး ရောင်းတဲ့ ဆိုင်တွေ ကို ပစ်မှတ်ထား သလိုမျိုး ဖြစ်နေတာလည်း ဆိုတာကို စဉ်းစားရင်း ကမ္ဘာ တစ်လွှားက အဖြစ်အပျက်တွေကို လက်လှမ်းမှီ သလောက် ရှာဖွေသမှု ပြုလိုက်တဲ့ အခါမှာတော့ အခုလို အချက်တွေကို တွေ့ရပါတယ်။     အောက်ပါ အချက်များဟာ ကျွန်တော်ရဲ့ ကိုယ်ပိုင် သုံးသပ်ချက်မျှသာဖြစ်ပြီး ဒီယုံမြင်လို့ ဒီချုံထွင်တာပါဆိုသည့် အဓိပ္ပာယ်ပေါက်စေရန် ကြိုးပမ်း ထားခြင်းမျိုး မဟုတ်ပါကြောင်း တင်ကြို အသိပေးထားပါရစေ။     ပထမဆုံး စဉ်းစားရမှာက ရွှေ့ပြောင်းနေထိုင်သူများ အနေနဲ့ သူတို့ဘက်က ဝင်ပြီး စဉ်းစားကြည့်ရမှာပါ။ နေရာသစ် တစ်ခုခုကို ဒီလိုလူတွေ အခြေချ  နေထိုင် တော့ မယ်ဆိုရင် ဘယ်လို လုပ်ကိုင်စား သောက်မလည်း ဆိုတာကို စဉ်းစားကြည့်ကြရအောင်။     ကွမ်းယာဆိုင် -     ကွမ်းယာဆိုင် တစ်ခုထောင်ဖို့ အရင်းအနှီးများများ မလိုပါဘူး။ လုပ်အားစိုက်ထုတ်ဖို့သာ အဓိကဖြစ်တယ်။ ထို့အပြင် ကုန်ကြမ်းရှာဝယ်တဲ့ နေရာ ရောင်းဖို့အတွက် ပြင်ဆင်ရတဲ့ နေရာမှာ မိသားစုဝင်တွေကလည်း ကူညီနိုင်သလို လင်မယား နှစ်ယောက်စလုံးဖြစ်စေ၊ လူလွတ် တစ်ဦးထဲ ကဘဲ ဖြစ်စေ တပိုင်တစ်နိုင် လုပ်နိုင်တဲ့ စီးပွါးရေးမျိုးဖြစ်ပါတယ်။ ပြီးတော့ ဒီလိုဆိုင်မျိုး ဖွင့်ဖို့အတွက် ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်ထားစရာမလိုပါဘူး။ ထမင်းစားရေသောက်လောက် တတ်ထားရင် ဖြစ်နိုင်ပါတယ်။ ကျန်တာတွေက မုဆိုးစိုင်သင်ဆိုသလို အလုပ်ကနေ သင်ပေးသွားမှာပါ။ အိမ်မှာဘဲ ကွမ်းယာဆိုင် ဖွင့်နိုင်သလို လမ်းစုံလမ်းခွ၊ ဘတ်စကားဂိတ်၊ ဈေးထောင့်၊ မြို့လယ် စတဲ့ နေရာစုံမှာ ဖွင့်လို့ရပါတယ်။ ပြီးတော့ ကွမ်းယာဆိုင်ဆိုပေမဲ့ ကျန်တဲ့ ဆေးလိပ်၊ စီးကရက်လိုမျိုးတွေ၊ ခေါင်းကိုက်ပျောက်ဆေး၊ အဖျားပျောက်ဆေး လိုဆေးမျိုးတွေ သန္ဓေတား၊ ရောဂါကာကွယ်ရေး ပစ္စည်းမျိုးတွေလည်း တင်ပြီး ရောင်းလို့ရပါတယ်။ တရားဝင် တရားမဝင်ဆေးမျိုးတွေလည်း အခြေအနေပေးရင်ပေးသလို ရောင်းလို့ရပါတယ်။ လူစည်ကားရာ နေရာမျိုးမှာ ညနက်အချိန်တိုင် ဖွင့်ထားနိုင်တဲ့ အတွက် သတင်းမျိုးစုံကြားနိုင်တဲ့ အပြင် ဒေသန္တရဗဟုသုတ နဲ့ ဒေသတွင်းက လူမှုရေး အခြေအနေတွေကိုပါ ခရီးသွား ဟန်လွှဲ ကြားနိုင် သိနိုင်တဲ့ လုပ်ငန်းမျိုးပါ။ ဒါတွေအားလုံးထက် အရေးကြီးဆုံး အချက်ကတော့ အရင်းအနှီး နဲပေမယ့် အရှုံးလည်းနဲလို့ အဲဒီအခြေချရာ  ဒေသမှာ မိသားစုတစ်စု ရပ်တည်နိုင် စေမယ့် စီးပွါးရေးမျိုးပါ။     လဘက်ရည်ဆိုင် ထမင်းဆိုင် -     ဒီလိုစီးပွါးရေးမျိုးကတော့ ငွေအရင်းအနှီး အနည်းငယ်လိုမှာ ဖြစ်သလို လူအင်အားလည်း လိုပါတယ်။ ဒါပေမဲ့ အခြေကျသွားရင် လူအတော်များများ ကို အလုပ်ပေးနိုင်သလို ကျန်တဲ့ အသားငါးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့လည်း ချိတ်ဆက်နိုင်မှာ ဖြစ်တဲ့ အတွက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် အကျိုးပြုနိုင်ပါတယ်။ ဒီလိုဆိုင်မျိုးတွေနဲ့ အထက်မှာရေးခဲ့တဲ့ ကွမ်းယာဆိုင်မျိုးကိုလည်း တွဲပြီး ဖွင့်နိုင်ပါသေးတယ်။ လူအဝင် အထွက်များပြီး ဒေသအာဏာပိုင်တွေနဲ့ လည်း ထိတွေ့မှုရှိနိုင်တဲ့ လုပ်ငန်းမျိုးဖြစ်ပါတယ်။    လမ်းဘေး လဘက်ရည်ဆိုင်၊ အကြော်ဆိုင်၊ အာလူးပုရီ၊ အမဲအူပြုပ်ဆိုင် -     ဒီလိုဆိုင်တွေဟာလည်း အရင်းအနှီး နဲပြီး လုပ်အားစိုက်ရတဲ့ အတွက် မိသားစုများ တဲ့ သူတွေ အတွက် အလွန်သင့်လျှော်ပါတယ်။ အချိန်အခါကို လိုက်ပြီး အရောင်းသွက်တဲ့ အစားအစာမျိုး ကို ချက်ပြုတ်  ရောင်းချ နိုင်ပါတယ်။    နောက်ထပ် ဥပမာတွေ အများရှိ ရှိပေမယ့် ဒီလောက်ပဲ ချပြပါရစေ။     ဘာကြောင့် ဒီလုပ်ငန်းတွေ အရေးပါလည်းဆိုတာကို ထပ်ပြီး ရှင်းပါဦးမယ်။ ကိုလိုနီခေတ်မှာ အိန္ဒိယတိုက်သားမျိုးစုံ မြန်မာပြည်မှာ အခြေချကာစက သူတို့တွေအများစုဟာ ဆားဗင့် ဆိုတဲ့ အလုပ်သမားဘဝနဲ့ စ ရတာပါ။ အလုပ်သမားဆိုတဲ့ အတိုင်း သူတို့တွေရဲ့ အနာဂါတ်ဟာ အလုပ်ရှင်တွေရဲ့ လက်ထဲမှာရှိပါတယ်။     မြန်မာတို့ရဲ့ လူနေမှု စရိုက်ကို နားလည် သဘောပေါက်မှု အားနည်း နေသေးစဉ် တစ်ချိန်က အသက်အရွယ်အရ ကျန်းမာရေး အခြေအနေ အရ ကူလီ၊ လန်ချား၊ ဒိုဘီ စတဲ့ အလုပ်ကြမ်းမျိုးကို မလုပ်နိုင်တော့တဲ့ အိန္ဒိယတိုက်သား အလုပ်သမား များဟာ ဖိနပ်ချုပ်ကုလား၊ ဘော်တယ်ကုလား အင်္ကျီချုပ်ကုလား ဘဝကို ရောက်ကုန်ပါတယ်။ တစ်ချို့ကတော့ ဘာမှကို မလုပ်နိုင်လို့ လမ်းဘေးမှာ တောင်းစားရပါတယ်။     ကုလားဆိုလို့ ကုလားတိုင်းတော့ ဒီလိုမဟုတ်ပါဘူး။ ဗြိတိသျှတွေနဲ့ ပါလာတဲ့ ကုလားတွေထဲမှာ စီးပွါးရေးပညာရှင်တွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေ၊ ငွေရှင်တွေ၊ ကုန်တိုက်ပိုင်ရှင်တွေ၊ တက္ကသိုလ်ဆရာတွေ၊  ကျောင်းဆရာတွေ စသဖြင့် အများကြီးပါ။ အခုပြောနေတာက သူတို့ကို အလုပ်အကြွေးပြုဖို့ သူတို့လုပ်ငန်းတွေ မှာ အလုပ်လုပ်ဖို့ အိန္ဒိယက ပါလာတဲ့ ဇာတ်နိမ့်အမျိုး ကုလားတွေ၊ မိုဟာမေဒင်တွေကို ပြောတာပါ။     အရင်က ကွမ်းယာဆိုင် ကာကာ ဆိုင်တွေ မရှိသေးပါဘူး။ ဘာဖြစ်လို့လည်း ဆို တော့ ဈေးကွက် မရှိလို့ပါ။ အဲ... ကိုလိုနီ ခေတ် အခြေကျစပြုလာတဲ့ အခါမှာတော့ မြို့နေ ရပ်ကွက်နေ မြန်မာတွေ အတော်များဟာ ကွမ်းအစ်ကြီး နေရာတကာ ယူမသွားတော့ဘဲ လမ်းဘေးမှာ ဝယ်စားတဲ့ အဖြစ်မျိုးကို  ရောက်ခဲ့ကြတာပါ။ ပြီးတော့ ကုလားကွမ်းယာမှာ အချိုအမွှေး အပူ စသဖြင့် အရသာစုံ အောင် ဖန်တီးထားတာကြောင့် မြန်မာတွေ အကြိုက်တွေ့ခဲ့တာ လည်း ပါမှာပါ။     ဒီလိုနဲ့ဘဲ ၁၉၄၀ ပိုင်းရောက်လာတဲ့ အခါမှာတော့ မနက်စာ စားခြင်းမျိုးဟာ ထုံးစံလို ဖြစ်လာပြီး ကာကာဆိုင်တွေ လဖက်ရည် ဆိုင်တွေ ခေတ်စား လာပါတယ်။ ဒီနေရာမှာ ပြောချင်တာက အခုလို ဆိုင်တွေပေါ်လာတဲ့ အချိန်က ကုလား ကာကာဆိုင် တွေချည်း မဟုတ်ပါဘူး။ ပေါက်စီ အီကြာကွေး ဆံပြုတ် ရောင်းတဲ့ တရုတ် တီးဟောက်စ် (ချားဂွမ်) တွေလည်း ပေါ်လာပါတယ်။ ယမကာနဲ့ အစားအသောက်မျိုးစုံရောင်းတဲ့ ရတ်စတောရင့် (ဖန်းကျန့်) တွေလည်း ပေါ်လာပါတယ်။     ဒီမှာအဓိက မီးမောင်းထိုးပြ ချင်တာက တစ်ချို့စီးပွါးရေးလုပ်ငန်းတွေဟာ မနေ့တနေ့ကမှ ပေါ်လာတာ မဟုတ်ဘဲ ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ လူနေမှု ဓလေ့ စရိုက်  ပေါ်မူတည်ပြီး ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ လိုအပ်တဲ့ နေရာတွေမှာ လိုအပ်သလို ပေါ်ပေါက်လာတာ  ဖြစ်တယ်လို့ ပြောချင်တာပါ။ ဒေသတစ်ခုကနေ ဒေသတစ်ခုကို ပြောင်းရွှေ့နေထိုင်တဲ့ အခါ နေရာဒေသ အတော်များများမှာ အဆင်ပြေပြေရပ်တည်နိုင်တဲ့ ကြိုးစားရင် ကြိုးစားသလို ကြီးပွါးနိုင်တဲ့ လုပ်ငန်းမျိုးတွေ ဖြစ်တယ်ဆိုတာကို ရှင်းပြတဲ့သဘောပါ။    ဒါဆို စီးပွါးရှာတာခြင်း တူတူဘဲ ဘာလို့ ကုလားဆိုင်တွေချည်း အထူးအဆန်း လုပ်ပြီး ရေးနေ ရတာလည်း လို့ စောဒကတက်စရာ ရှိပါတယ်။ တရုတ်လူမျိုးဟာ သူတို့မျိုးရိုးကို စောင့်ထိမ်းတဲ့ နေရာမှာ နာမည်ကြီးပါ။ နောက်တစ်ချက် အနေနဲ့ တရုတ်လူမျိုးတွေက သူတို့အမျိုး အသိုင်းအဝိုင်းပြီးရင် သူတို့ နေထိုင်ကြီးပြင်းလာခဲ့တဲ့ ဒေသကို အလွန် တွယ်တာပါတယ်။ မြန်မာပြည်ရောက် မြန်မာပြည်ပေါက် တရုတ်တွေဟာ တရုတ်ဘောင်းဘီ အင်္ကျီကို ဝတ်ရတာထက်စာရင် မြန်မာအများစု ဝတ်ဆင်ကြတဲ့ (ကုလားအခေါ်) လုံချည် ဝတ်တာ အင်္ကျီ၊ စွတ်ကျယ်၊ တိုက်ပုံ ဝတ်တာမျိုးကို ပိုနှစ်သက်ကြတယ်။ လဖက် အကြော်စုံ၊ ဒညင်းသီး၊ ငပိရည်၊ မုန့်ဟင်းခါး၊ လက်သုပ်စုံ စတဲ့ အစားအစာမျိုးတွေ ကိုလည်း ကြိုက်နှစ်သက်ကြ ပါတယ်။ တိုင်းဝမ် နဲ့ စင်္ကာပူမှာရှိတဲ့ မြန်မာတန်းကို သွားကြည့်ရင် တွေ့နိုင်ပါတယ်။     ဒါကတော့ ကျွန်တော့ အမြင်ပါ။ မြန်မာပြည်ပေါက် တရုတ်တိုင်း ဒီလို ဖြစ်ချင်မှ ဖြစ်ပါမယ်။ တရုတ်အစားအစာ ဆေးဝါးတွေမှာလည်း သာမန်မဟုတ်တဲ့ အစားအသောက် ဆေးဝါးမျိုးတွေ အများကြီးပါ။ ဒါပေမယ့် ဒေသန္တရနဲ့ နေရာဒေသကို လိုက်ပြီး အဆင်ပြေအောင် နေသွားတာမျိုး၊ စိတ်နေစိတ်ထား ပြောင်းသွားတာမျိုး သူတို့မွေးမြေရဲ့ အစားအစာကို တွယ်တာတာတတ်တာမျိုး တွေ ကိုတော့ ငြင်းလို့မရပါဘူး။ မြန်မာပြည်က မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေ အပါအဝင် မလေးရှား အင်ဒိုနီးရှား စင်္ကာပူ နဲ့ တိုင်ဝမ်မှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးတွေရဲ့ လူနေမှု အလေ့စရိုက် တွေကို ကြည့်ရင် ပြည်မက တရုတ်တွေနဲ့ မတူတာကို တွေ့ရမှာပါ။ အခုလိုရေးလို့ တရုတ်တွေကို ရှေ့နေလိုက်တယ်လို့ မထင်စေချင်ပါ။ ဒီလိုရေးလို့ ဝမ်းသာမယ့်သူ ဝမ်းနည်းမယ့်သူ အမျိုးထဲမှာ မရှိပါ။     ဒါကတော့ ကျွန်တော် တွေးမိသလောက် ချပြ ရေးပြ တာပါ။ ကျွန်တော် ကိုယ်တိုင်လည်း အဘိညဉ် ရထားတာမျိုး မဟုတ်တော့ အမှားများစွာ ပါနိုင်ပါတယ်။ လက်ရှိခေတ် ပညာတတ် လူငယ်များ ချဲ့ထွင် စဉ်းစား သုံးသပ်နိုင်အောင် တင်ပြရခြင်းပါ။    [Photo Source: http://myanmarus.blogspot.com.au/]

ကျွန်တော်လည်း အစကပိုင်းက ၉၆၉ နှိုးဆော်မှုကို ဒီလောက် ထိရောက်လိမ့်မယ်လို့ မထင်မိပါ။ ဘာကြောင့်လည်း ဆိုတော့ အွန်လိုင်းမှာ တက်လာတဲ့ ပုံတွေကို ကြည့်လိုက်ရင် ဒီစတစ်ကာတွေကို စားသောက်ဆိုင်လေးတွေ အရောင်းဆိုင်လေးတွေမှာ လိုက်ကပ်တာမျိုး လောက်ပဲ တွေ့ရလို့ပါ။ စီးပွါးရေးဆိုတဲ့ နေရာမှာ တစ်ခြားလုပ်ငန်းကြီးတွေ ဖြစ်တဲ့ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ဆေးနဲ့ဆေးပစ္စည်း ရောင်းဝယ်ရေး၊ ဆောက်လုပ်ရေးသုံး ပစ္စည်းရောင်းဝယ်ရေး၊ ကား ဆိုင်ကယ် အပို ပစ္စည်း ရောင်းဝယ်ရေး၊ မော်တော်ယာဉ် စက်ပြင် ရေဆေး ဆီထိုး လုပ်ငန်း စသဖြင့် လက်ညိုးထိုးမလွဲ လုပ်ငန်းကြီးတွေ အများကြီး ရှိပါတယ်။

အဲဒီတော့ ဘာကြောင့် အစားအသောက် နဲ့ အပျင်းပြေဝါးစရာ ကွမ်းယာ အာမွှေး ရောင်းတဲ့ ဆိုင်တွေ ကို ပစ်မှတ်ထား သလိုမျိုး ဖြစ်နေတာလည်း ဆိုတာကို စဉ်းစားရင်း ကမ္ဘာ တစ်လွှားက အဖြစ်အပျက်တွေကို လက်လှမ်းမှီ သလောက် ရှာဖွေသမှု ပြုလိုက်တဲ့ အခါမှာတော့ အခုလို အချက်တွေကို တွေ့ရပါတယ်။

အောက်ပါ အချက်များဟာ ကျွန်တော်ရဲ့ ကိုယ်ပိုင် သုံးသပ်ချက်မျှသာဖြစ်ပြီး ဒီယုံမြင်လို့ ဒီချုံထွင်တာပါဆိုသည့် အဓိပ္ပာယ်ပေါက်စေရန် ကြိုးပမ်း ထားခြင်းမျိုး မဟုတ်ပါကြောင်း တင်ကြို အသိပေးထားပါရစေ။

ပထမဆုံး စဉ်းစားရမှာက ရွှေ့ပြောင်းနေထိုင်သူများ အနေနဲ့ သူတို့ဘက်က ဝင်ပြီး စဉ်းစားကြည့်ရမှာပါ။ နေရာသစ် တစ်ခုခုကို ဒီလိုလူတွေ အခြေချ နေထိုင် တော့ မယ်ဆိုရင် ဘယ်လို လုပ်ကိုင်စား သောက်မလည်း ဆိုတာကို စဉ်းစားကြည့်ကြရအောင်။

ကွမ်းယာဆိုင် -

ကွမ်းယာဆိုင် တစ်ခုထောင်ဖို့ အရင်းအနှီးများများ မလိုပါဘူး။ လုပ်အားစိုက်ထုတ်ဖို့သာ အဓိကဖြစ်တယ်။ ထို့အပြင် ကုန်ကြမ်းရှာဝယ်တဲ့ နေရာ ရောင်းဖို့အတွက် ပြင်ဆင်ရတဲ့ နေရာမှာ မိသားစုဝင်တွေကလည်း ကူညီနိုင်သလို လင်မယား နှစ်ယောက်စလုံးဖြစ်စေ၊ လူလွတ် တစ်ဦးထဲ ကဘဲ ဖြစ်စေ တပိုင်တစ်နိုင် လုပ်နိုင်တဲ့ စီးပွါးရေးမျိုးဖြစ်ပါတယ်။ ပြီးတော့ ဒီလိုဆိုင်မျိုး ဖွင့်ဖို့အတွက် ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်ထားစရာမလိုပါဘူး။ ထမင်းစားရေသောက်လောက် တတ်ထားရင် ဖြစ်နိုင်ပါတယ်။ ကျန်တာတွေက မုဆိုးစိုင်သင်ဆိုသလို အလုပ်ကနေ သင်ပေးသွားမှာပါ။ အိမ်မှာဘဲ ကွမ်းယာဆိုင် ဖွင့်နိုင်သလို လမ်းစုံလမ်းခွ၊ ဘတ်စကားဂိတ်၊ ဈေးထောင့်၊ မြို့လယ် စတဲ့ နေရာစုံမှာ ဖွင့်လို့ရပါတယ်။ ပြီးတော့ ကွမ်းယာဆိုင်ဆိုပေမဲ့ ကျန်တဲ့ ဆေးလိပ်၊ စီးကရက်လိုမျိုးတွေ၊ ခေါင်းကိုက်ပျောက်ဆေး၊ အဖျားပျောက်ဆေး လိုဆေးမျိုးတွေ သန္ဓေတား၊ ရောဂါကာကွယ်ရေး ပစ္စည်းမျိုးတွေလည်း တင်ပြီး ရောင်းလို့ရပါတယ်။ တရားဝင် တရားမဝင်ဆေးမျိုးတွေလည်း အခြေအနေပေးရင်ပေးသလို ရောင်းလို့ရပါတယ်။ လူစည်ကားရာ နေရာမျိုးမှာ ညနက်အချိန်တိုင် ဖွင့်ထားနိုင်တဲ့ အတွက် သတင်းမျိုးစုံကြားနိုင်တဲ့ အပြင် ဒေသန္တရဗဟုသုတ နဲ့ ဒေသတွင်းက လူမှုရေး အခြေအနေတွေကိုပါ ခရီးသွား ဟန်လွှဲ ကြားနိုင် သိနိုင်တဲ့ လုပ်ငန်းမျိုးပါ။ ဒါတွေအားလုံးထက် အရေးကြီးဆုံး အချက်ကတော့ အရင်းအနှီး နဲပေမယ့် အရှုံးလည်းနဲလို့ အဲဒီအခြေချရာ ဒေသမှာ မိသားစုတစ်စု ရပ်တည်နိုင် စေမယ့် စီးပွါးရေးမျိုးပါ။

လဘက်ရည်ဆိုင် ထမင်းဆိုင် -

ဒီလိုစီးပွါးရေးမျိုးကတော့ ငွေအရင်းအနှီး အနည်းငယ်လိုမှာ ဖြစ်သလို လူအင်အားလည်း လိုပါတယ်။ ဒါပေမဲ့ အခြေကျသွားရင် လူအတော်များများ ကို အလုပ်ပေးနိုင်သလို ကျန်တဲ့ အသားငါးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့လည်း ချိတ်ဆက်နိုင်မှာ ဖြစ်တဲ့ အတွက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် အကျိုးပြုနိုင်ပါတယ်။ ဒီလိုဆိုင်မျိုးတွေနဲ့ အထက်မှာရေးခဲ့တဲ့ ကွမ်းယာဆိုင်မျိုးကိုလည်း တွဲပြီး ဖွင့်နိုင်ပါသေးတယ်။ လူအဝင် အထွက်များပြီး ဒေသအာဏာပိုင်တွေနဲ့ လည်း ထိတွေ့မှုရှိနိုင်တဲ့ လုပ်ငန်းမျိုးဖြစ်ပါတယ်။

လမ်းဘေး လဘက်ရည်ဆိုင်၊ အကြော်ဆိုင်၊ အာလူးပုရီ၊ အမဲအူပြုပ်ဆိုင် -

ဒီလိုဆိုင်တွေဟာလည်း အရင်းအနှီး နဲပြီး လုပ်အားစိုက်ရတဲ့ အတွက် မိသားစုများ တဲ့ သူတွေ အတွက် အလွန်သင့်လျှော်ပါတယ်။ အချိန်အခါကို လိုက်ပြီး အရောင်းသွက်တဲ့ အစားအစာမျိုး ကို ချက်ပြုတ် ရောင်းချ နိုင်ပါတယ်။

နောက်ထပ် ဥပမာတွေ အများရှိ ရှိပေမယ့် ဒီလောက်ပဲ ချပြပါရစေ။

ဘာကြောင့် ဒီလုပ်ငန်းတွေ အရေးပါလည်းဆိုတာကို ထပ်ပြီး ရှင်းပါဦးမယ်။ ကိုလိုနီခေတ်မှာ အိန္ဒိယတိုက်သားမျိုးစုံ မြန်မာပြည်မှာ အခြေချကာစက သူတို့တွေအများစုဟာ ဆားဗင့် ဆိုတဲ့ အလုပ်သမားဘဝနဲ့ စ ရတာပါ။ အလုပ်သမားဆိုတဲ့ အတိုင်း သူတို့တွေရဲ့ အနာဂါတ်ဟာ အလုပ်ရှင်တွေရဲ့ လက်ထဲမှာရှိပါတယ်။

မြန်မာတို့ရဲ့ လူနေမှု စရိုက်ကို နားလည် သဘောပေါက်မှု အားနည်း နေသေးစဉ် တစ်ချိန်က အသက်အရွယ်အရ ကျန်းမာရေး အခြေအနေ အရ ကူလီ၊ လန်ချား၊ ဒိုဘီ စတဲ့ အလုပ်ကြမ်းမျိုးကို မလုပ်နိုင်တော့တဲ့ အိန္ဒိယတိုက်သား အလုပ်သမား များဟာ ဖိနပ်ချုပ်ကုလား၊ ဘော်တယ်ကုလား အင်္ကျီချုပ်ကုလား ဘဝကို ရောက်ကုန်ပါတယ်။ တစ်ချို့ကတော့ ဘာမှကို မလုပ်နိုင်လို့ လမ်းဘေးမှာ တောင်းစားရပါတယ်။

ကုလားဆိုလို့ ကုလားတိုင်းတော့ ဒီလိုမဟုတ်ပါဘူး။ ဗြိတိသျှတွေနဲ့ ပါလာတဲ့ ကုလားတွေထဲမှာ စီးပွါးရေးပညာရှင်တွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေ၊ ငွေရှင်တွေ၊ ကုန်တိုက်ပိုင်ရှင်တွေ၊ တက္ကသိုလ်ဆရာတွေ၊ ကျောင်းဆရာတွေ စသဖြင့် အများကြီးပါ။ အခုပြောနေတာက သူတို့ကို အလုပ်အကြွေးပြုဖို့ သူတို့လုပ်ငန်းတွေ မှာ အလုပ်လုပ်ဖို့ အိန္ဒိယက ပါလာတဲ့ ဇာတ်နိမ့်အမျိုး ကုလားတွေ၊ မိုဟာမေဒင်တွေကို ပြောတာပါ။

အရင်က ကွမ်းယာဆိုင် ကာကာ ဆိုင်တွေ မရှိသေးပါဘူး။ ဘာဖြစ်လို့လည်း ဆို တော့ ဈေးကွက် မရှိလို့ပါ။ အဲ... ကိုလိုနီ ခေတ် အခြေကျစပြုလာတဲ့ အခါမှာတော့ မြို့နေ ရပ်ကွက်နေ မြန်မာတွေ အတော်များဟာ ကွမ်းအစ်ကြီး နေရာတကာ ယူမသွားတော့ဘဲ လမ်းဘေးမှာ ဝယ်စားတဲ့ အဖြစ်မျိုးကို ရောက်ခဲ့ကြတာပါ။ ပြီးတော့ ကုလားကွမ်းယာမှာ အချိုအမွှေး အပူ စသဖြင့် အရသာစုံ အောင် ဖန်တီးထားတာကြောင့် မြန်မာတွေ အကြိုက်တွေ့ခဲ့တာ လည်း ပါမှာပါ။

ဒီလိုနဲ့ဘဲ ၁၉၄၀ ပိုင်းရောက်လာတဲ့ အခါမှာတော့ မနက်စာ စားခြင်းမျိုးဟာ ထုံးစံလို ဖြစ်လာပြီး ကာကာဆိုင်တွေ လဖက်ရည် ဆိုင်တွေ ခေတ်စား လာပါတယ်။ ဒီနေရာမှာ ပြောချင်တာက အခုလို ဆိုင်တွေပေါ်လာတဲ့ အချိန်က ကုလား ကာကာဆိုင် တွေချည်း မဟုတ်ပါဘူး။ ပေါက်စီ အီကြာကွေး ဆံပြုတ် ရောင်းတဲ့ တရုတ် တီးဟောက်စ် (ချားဂွမ်) တွေလည်း ပေါ်လာပါတယ်။ ယမကာနဲ့ အစားအသောက်မျိုးစုံရောင်းတဲ့ ရတ်စတောရင့် (ဖန်းကျန့်) တွေလည်း ပေါ်လာပါတယ်။

ဒီမှာအဓိက မီးမောင်းထိုးပြ ချင်တာက တစ်ချို့စီးပွါးရေးလုပ်ငန်းတွေဟာ မနေ့တနေ့ကမှ ပေါ်လာတာ မဟုတ်ဘဲ ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ လူနေမှု ဓလေ့ စရိုက် ပေါ်မူတည်ပြီး ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းတွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ လိုအပ်တဲ့ နေရာတွေမှာ လိုအပ်သလို ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ ပြောချင်တာပါ။ ဒေသတစ်ခုကနေ ဒေသတစ်ခုကို ပြောင်းရွှေ့နေထိုင်တဲ့ အခါ နေရာဒေသ အတော်များများမှာ အဆင်ပြေပြေရပ်တည်နိုင်တဲ့ ကြိုးစားရင် ကြိုးစားသလို ကြီးပွါးနိုင်တဲ့ လုပ်ငန်းမျိုးတွေ ဖြစ်တယ်ဆိုတာကို ရှင်းပြတဲ့သဘောပါ။

ဒါဆို စီးပွါးရှာတာခြင်း တူတူဘဲ ဘာလို့ ကုလားဆိုင်တွေချည်း အထူးအဆန်း လုပ်ပြီး ရေးနေ ရတာလည်း လို့ စောဒကတက်စရာ ရှိပါတယ်။ တရုတ်လူမျိုးဟာ သူတို့မျိုးရိုးကို စောင့်ထိမ်းတဲ့ နေရာမှာ နာမည်ကြီးပါ။ နောက်တစ်ချက် အနေနဲ့ တရုတ်လူမျိုးတွေက သူတို့အမျိုး အသိုင်းအဝိုင်းပြီးရင် သူတို့ နေထိုင်ကြီးပြင်းလာခဲ့တဲ့ ဒေသကို အလွန် တွယ်တာပါတယ်။ မြန်မာပြည်ရောက် မြန်မာပြည်ပေါက် တရုတ်တွေဟာ တရုတ်ဘောင်းဘီ အင်္ကျီကို ဝတ်ရတာထက်စာရင် မြန်မာအများစု ဝတ်ဆင်ကြတဲ့ (ကုလားအခေါ်) လုံချည် ဝတ်တာ အင်္ကျီ၊ စွတ်ကျယ်၊ တိုက်ပုံ ဝတ်တာမျိုးကို ပိုနှစ်သက်ကြတယ်။ လဖက် အကြော်စုံ၊ ဒညင်းသီး၊ ငပိရည်၊ မုန့်ဟင်းခါး၊ လက်သုပ်စုံ စတဲ့ အစားအစာမျိုးတွေ ကိုလည်း ကြိုက်နှစ်သက်ကြ ပါတယ်။ တိုင်းဝမ် နဲ့ စင်္ကာပူမှာရှိတဲ့ မြန်မာတန်းကို သွားကြည့်ရင် တွေ့နိုင်ပါတယ်။

ဒါကတော့ ကျွန်တော့ အမြင်ပါ။ မြန်မာပြည်ပေါက် တရုတ်တိုင်း ဒီလို ဖြစ်ချင်မှ ဖြစ်ပါမယ်။ တရုတ်အစားအစာ ဆေးဝါးတွေမှာလည်း သာမန်မဟုတ်တဲ့ အစားအသောက် ဆေးဝါးမျိုးတွေ အများကြီးပါ။ ဒါပေမယ့် ဒေသန္တရနဲ့ နေရာဒေသကို လိုက်ပြီး အဆင်ပြေအောင် နေသွားတာမျိုး၊ စိတ်နေစိတ်ထား ပြောင်းသွားတာမျိုး သူတို့မွေးမြေရဲ့ အစားအစာကို တွယ်တာတာတတ်တာမျိုး တွေ ကိုတော့ ငြင်းလို့မရပါဘူး။ မြန်မာပြည်က မြန်မာနိုင်ငံသား တရုတ်လူမျိုးတွေ အပါအဝင် မလေးရှား အင်ဒိုနီးရှား စင်္ကာပူ နဲ့ တိုင်ဝမ်မှာ နေထိုင်ကြတဲ့ တရုတ်လူမျိုးတွေရဲ့ လူနေမှု အလေ့စရိုက် တွေကို ကြည့်ရင် ပြည်မက တရုတ်တွေနဲ့ မတူတာကို တွေ့ရမှာပါ။ အခုလိုရေးလို့ တရုတ်တွေကို ရှေ့နေလိုက်တယ်လို့ မထင်စေချင်ပါ။ ဒီလိုရေးလို့ ဝမ်းသာမယ့်သူ ဝမ်းနည်းမယ့်သူ အမျိုးထဲမှာ မရှိပါ။

ဒါကတော့ ကျွန်တော် တွေးမိသလောက် ချပြ ရေးပြ တာပါ။ ကျွန်တော် ကိုယ်တိုင်လည်း အဘိညဉ် ရထားတာမျိုး မဟုတ်တော့ အမှားများစွာ ပါနိုင်ပါတယ်။ လက်ရှိခေတ် ပညာတတ် လူငယ်များ ချဲ့ထွင် စဉ်းစား သုံးသပ်နိုင်အောင် တင်ပြရခြင်းပါ။

[Photo Source: http://myanmarus.blogspot.com.au/]


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/04/2013 01:44:00 PM

--
မှော်ဆရာအဖွဲ့ မှ နေ့ စဉ်မေးလ်များ ရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en ကို နှိပ်ပြီး မန်ဘာဝင်နိုင်ပါသည် ။
မန်ဘာဝင်များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို. မေးလ်ပို.နိုင်ပါသည် ။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး မေးလ်ပို.ပါ ။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en ကို သွားပါ ။
မှော်ဆရာ အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
 
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
To unsubscribe from this group and stop receiving emails from it, send an email to mrsorcerer+unsubscribe@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.