[mrsorcerer:37520] Fwd: [လူဗိုလ်ဟူသည် ...] ဒေါက်တာခင်မိုးမိုး ရေး အသစ်ပြန်လည် ဖြစ်ပေါ်နိုင်သည့် ကိုယ်တွင်းအင်္ဂါများ



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/10
Subject: [လူဗိုလ်ဟူသည် ...] ဒေါက်တာခင်မိုးမိုး ရေး အသစ်ပြန်လည် ဖြစ်ပေါ်နိုင်သည့် ကိုယ်တွင်းအင်္ဂါများ
To: lubo601@gmail.com


by ဘဘကြီး ဘဘလတ် on Saturday, March 9, 2013 at 2:54am ·


အသစ်ပြန်လည် ဖြစ်ပေါ်နိုင်သည့် ကိုယ်တွင်းအင်္ဂါများ08 March 2013  | By Good Health
သင်ဟာ အချိန်မတိုင်ခင် အိုမင်းရင့်ရော် မှာကိုစိတ်ပူ နေပါသလား။ သင်ဟာသင်ထင် ထားတာထက် ပိုပြီး တော့ ငယ်ရွယ်နုပျို နိုင်ပါတယ်။ အောက်ပါတို့ ဟာ ခန္ဓာကိုယ်က အသစ်ပြန်လည် ပြုပြင်နိုင်တဲ့ ကိုယ်တွင်း အင်္ဂါ တချို့ရဲ့အကြောင်း အရာတွေပါ။ အရေပြားဟာ ငါးရက်မှခြောက်ပတ် ကြာတိုင်းအသစ်ပြန်လည် ဖြစ်ပေါ်တတ် ပါတယ်။ အရေပြားဟာ သူ့ဘာသာသူ ပြန်လည်ပြီး အနာကျက်နိုင်စွမ်း ရှိပါတယ်လို့ ဆစ်ဒနီ မြို့မှ အရေပြား အထူးကုဆရာဝန်က ပြောပါတယ်။
ခံတွင်းမှ အရေပြားဟာ တစ်ရက်မှ နှစ်ရက်အတွင်း အသစ်ပြန် လည်ဖြစ်ပေါ်နိုင်ပြီး လိင်အင်္ဂါပေါ်မှ အရေပြားတွေဟာ နှစ်ပတ် တစ်ကြိမ် ပြန်လည်အသစ် ဖြစ်ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ်မှ အရေပြားအား လုံးဟာ ငါးပတ်မှ ခြောက်ပတ်အတွင်း အသစ်ဖြစ်ပေါ် နေတယ်လို့ဆိုပါတယ်။
ကာကွယ်ပါ အောက်ခံနေ ရောင်ကာလိမ်းဆေး မလိမ်းထားဘဲ မိတ်ကပ်မလိမ်း ပါနဲ့။ နေ ရောင်ကာလိမ်းဆေးကို အနည်းဆုံး SPF 15 ဆပါဝင်အောင် လိမ်းပေးပါ။ ဆေး ၏လိပ်မသောက် ပါနဲ့။ အပြင်သွားတိုင်း နေရောင်ကာ လိမ်းဆေးလိမ်းပါ။ အရသာအာရုံခံ ထိပ်ဖူးတွေဟာ နှစ်ပတ်တစ်ကြိမ် အသစ်ဖြစ်ပေါ်တတ်ပါတယ် သင့်လျှာမှာ အရသာ အာရုံခံတဲ့ ထိပ်ဖူးပေါင်း တစ်သောင်းကျော်ရှိပြီး အရသာမျိုးစုံကို အာရုံခံနိုင်စွမ်းရှိပါတယ်။ အာရုံ ခံထိပ်ဖူးတိုင်းဟာ တစ်ပတ်မှ နှစ်ပတ်အတွင်း သူ့ဘာသာသူ အသစ်တွေ ဖြစ်ပေါ် လေ့ရှိပါတယ်။

ကာကွယ်ပါ ဆေးလိပ်မသောက်ပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ဆေးလိပ် သောက်တာ၊ ခံတွင်းအတွင်း ရောဂါပိုး ဝင်ရောက်တာကြောင့် အရသာ ခံနိုင်စွမ်း လျော့နည်းတတ်ပါတယ်။ နှလုံးဟာ သင်ထင်ထားတာထက် ပိုမို နုပျိုနိုင်ပါတယ် အရင်တုန်းကတော့ နှလုံးဆဲလ်တွေဟာ အသစ်ပြန်မဖြစ်တတ်ဘူးလို့ ထင်မြင်ကြပါတယ်။ ယခု နယူးယောက်ဆေး တက္ကသိုလ်မှ လေ့လာမှုအရ နှလုံးဟာ Stem cell နဲ့ ပြုလုပ်ထားပြီး မိမိဘာသာ ပြန်လည်အသစ်ဖြစ်ပေါ်နိုင်စွမ်းရှိတယ် လို့ သိရပါတယ်။ နှလုံးအသစ်ပြန်လည် ဖြစ်ပေါ်နိုင်တဲ့ တိကျတဲ့အချိန်ကို သိရှိဖို့ ခဲယဉ်းပေမယ့် အသက် ၈၀ အရွယ်ရှိတဲ့ သူတစ်ယောက်ရဲ့ နှလုံးဆဲလ်ဟာ မိမိဘာသာ လေးကြိမ်ခန့် ပြုပြင်ပြီးပြီလို့ ဟားဗတ်မှ သိပ္ပံပညာရှင် ဒေါက်တာပီယာရို ကဆိုပါတယ်။ နောက်ဆုံးလေ့လာမှု အရလည်း ပုံမှန်သက်တမ်းအတွင်း နှလုံး ကြွက်သားဆဲလ်တွေရဲ့ ထက်ဝက်ခန့်ဟာ ပြောင်းလဲပြီးပြီလို့ သိပ္ပံဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒီလိုတွေ့ရှိချက်တွေ ကြောင့် ဆဲလ်တွေကို အသစ်အစားထိုးဖို့ ဆေးဝါးတွေ ပေါ်ပေါက်လာပြီး နှလုံး တိုက်ခိုက်နိုင်ခြေကို ထိရောက်စွာ ကုသ နိုင်တော့မယ်လို့ သိပ္ပံပညာရှင်တွေ ထင်မှတ်ကြပါတယ်။

ကာကွယ်ပါ သင့်နှလုံး ကျန်းမာရေးကောင်းစေဖို့ ဆေးလိပ်ရှောင်ပါ။ သွေးတွင်းကို လက်စထရော မြင့်မားတာနဲ့ သွေးဖိအားမြင့် တက်တာကို ကုသပါ။ လေ့ကျင့်ခန်း ပြု လုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိအောင် နေထိုင်ပါ။ အသည်းဟာ နှစ်လတစ်ကြိမ် အသစ်ဖြစ်ပေါ်တတ်ပါတယ် အသည်းဟာ အံဩစရာကောင်း လောက်အောင် ပြန်လည်ပြုပြင်နိုင်စွမ်းရှိ ပါတယ်လို့ ဆစ်ဒနီရွိုင်ရယ်ပရင့်စ် အက်ဖက်ဆေးရုံမှ အသည်းအထူးကု ဆရာဝန် ပါမောက္ခစီမွန်က ပြောပါတယ်။ သက်ရှိ လူသားတစ်ယောက်ဟာ မိမိရဲ့အသည်း သုံးပုံနှစ်ပုံကို တခြားလူတစ်ယောက်ကို လှူပေးလို့ ရပါတယ်။ အလှူပေးသူနဲ့ လက်ခံသူနှစ်ဦးစလုံးရဲ့ အသည်းဟာ နှစ်လအတွင်းမှာ ပုံမှန်အရွယ်အစားနဲ့ ပုံမှန် လုပ်ငန်းဆောင်တာကို ပြန်လည်ရရှိနိုင် တယ်လို့ ဆိုပါတယ်။ ပါရာစီတမောလိုမျိုး ဆေးဝါးတွေကြောင့် အသည်းမှာ အဆိပ်ဖြစ်နေရင်တောင် အသည်းပျက်စီး သူတွေရဲ့ ၆၀ မှ ၇၀ ရာခိုင်နှုန်းဟာ အသည်းကို မိမိဘာသာ မိမိပြန်လည်ပြု ပြင်နိုင်ပြီး လူနာအနည်းငယ်သာ သေဆုံးတာ ဒါမှမဟုတ် အစားထိုးကုသဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အသည်းမှာ ကင်ဆာကျိတ်သာရှိနေပြီး တခြားပြဿ နာမရှိခဲ့ရင် အသည်းရဲ့ သုံးပုံနှစ်ပုံကို ဖယ်ရှားနိုင်ပြီး အသည်းဟာ သုံးလအ တွင်း ပုံမှန်အရွယ်အစားကို ပြန်ရောက် နိုင်ပြီး ပုံမှန်လုပ်ဆောင်ချက်တွေ လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသည်းကင် ဆာအများစုဟာ အသည်းရောင်ရောဂါ၊ အရက်နဲ့ အဝလွန်တာလိုမျိုး ကင်ဆာဖြစ် စေနိုင်တဲ့အချက်တွေကြောင့် ဖြစ်တတ်တဲ့အတွက် အသည်းကင်ဆာကို ကုသဖို့ ခက်ခဲပါတယ်။

ကာကွယ်ပါ အရက်အလွန်အကျွံသောက်တာ ကို ရှောင်ကြဉ်ပါ။ အဆီများများစားတာက အသည်းရဲ့လုပ်ငန်းကို ထိခိုက်နိုင်တာမို့ ရှောင်ကြဉ်ပါ။ အသည်းဟာ ပါရာစီတ မော အဆိပ်သင့်တာလိုမျိုး ရေတိုထိခိုက်မှုကို အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ပေမယ့် အယ်လ်ကိုဟောနဲ့ ကျန်းမာရေး ထိခိုက်စေတဲ့ အစားအစာလိုမျိုး ရေရှည်ထိခိုက် မှုဖြစ်စေတဲ့အရာတွေကိုမူ ပြန်လည်ပြု ပြင်ဖို့ ခက်ခဲပါတယ်။ အစာအိမ်အမြှေးပါးဟာ သုံးရက်တစ်ကြိမ် ပြန်လည် ပြုပြင်နိုင်ပါတယ် အစာအိမ်ဆဲလ်တွေသာ ပုံမှန်ပြန်လည် အစားမထိုးနိုင်ဘူးဆိုရင် အစာအိမ် အက်စစ်တွေက အစာအိမ်နံရံတစ်ခုလုံး ကို ပျော်ဝင်သွားစေနိုင်ပါတယ်။ ဦးနှောက်ဟာ သင်နဲ့ အသက်ရွယ်တူ ရှိပါတယ် သန္ဓေသားဘဝမှာ ဖွံ့ဖြိုးချိန်အတွင်း ဦးနှောက်ဆဲလ် ဒါမှမဟုတ် နူရုန်းပေါင်း သိန်း ၁၀ဝ ခန့် နဲ့ စတင်ပြီး တစ်ခုနဲ့တစ်ခု ဆက်သွယ်နေကြပါတယ်။ အသက်ကြီးလာတာနဲ့ တစ်ပြိုင်နက် နူရုန်းတွေရဲ့ စွမ်းဆောင်နိုင်အား လျော့နည်းသွားပါတယ်။ ဒါပေမဲ့ မှတ်ဥာဏ်ကို သိုလှောင်ထားတဲ့ ဟစ်ပိုကမ်းပတ်စ် အပါအဝင် ဦး နှောက်ရဲ့ ညာဘက်ခြမ်းနဲ့ ဘယ်ဘက် ခြမ်းနဲ့ အနံ့အာရုံခံစားမှုတွေဟာ အသစ် ပြန်လည်ပြုပြင်နိုင်ပါတယ်လို့ ဆစ်ဒနီ တက္ကသိုလ်မှ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ သုတေသီတွေက ဆိုပါတယ်။
ကာကွယ်ပါ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေ လိုပါပဲ။ သုံးရင် သုံး၊ မသုံးရင် ပျက်စီးနိုင်ပါတယ်။ ဦးနှောက်အတွင်း မီးခိုးရောင် အစိတ်အပိုင်းတွေ ကျန်းမာစေဖို့ လေ့လာမှု အသစ်တွေကို သင်ယူရပါမယ်။ သီချင်း အသစ်တွေဆိုတာ၊ ဘာသာစကားအသစ် သင်ယူတာ ဒါမှမဟုတ် Cross word ကစားတာမျိုး တွေ ပြုလုပ်ပါ။ ဒါ့အပြင် နှလုံးကျန်းမာအောင် ပြုလုပ်တဲ့အရာမှန်သမျှဟာ ဦးနှောက် လုပ်ဆောင်ချက် ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ သွေးကြောတွေ သန်မာပြီး ဦးနှောက်တွင်း သွေးရောက်ရှိနိုင်မှု များလို့ပါ။ ကွန်ပျူတာအခြေခံတဲ့ ဦးနှောက် လေ့ကျင့်ခန်းတွေကို ပြုလုပ်ပါ။ တက်ကြွမှုရှိအောင် နေပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ အိပ်ရေးဝအောင် အိပ်ပါ။ ဒီလိုပြုမူတာတွေကြောင့် မှတ်ဥာဏ်ကို သိုလှောင်ထားတဲ့ ဟစ်ပိုကမ်းပတ် အရွယ်အစားကြီးမား လာနိုင်ပါတယ်။ မျက်တောင်ဟာ သုံးလတစ်ကြိမ် အသစ်ထွက်တတ်ပါတယ် သုံးလကြာတိုင်း တစ်ကြိမ်မျက် တောင်အသစ်တွေ ထွက်ပေါ်လာတယ် လို့ သိရပါတယ်။ မျက်တောင်ကျွတ်ရတဲ့ အကြောင်းရင်းတွေဟာ ကင်ဆာဆေးဝါး ကုသမှုခံယူတာကြောင့် ဒါမှမဟုတ် သိုင်းရွိုက်ပြဿနာကြောင့်လို့ ဆိုပါတယ်။

ကာကွယ်ပါ သင့်မျက်တောင်ကို ကာကွယ်ဖို့အတွက် ရေစိုခံ Waterproof မျက်တောင် ဆိုးဆေးတွေ အသုံးမပြုပါနဲ့။ ဆေးကြောရ ခက်ခဲတာကြောင့် မျက်တောင်တွေ ကျွတ် နိုင်တယ်လို့ ဆစ်ဒနီမှ အလှအပဆိုင်ရာ ပညာရှင်က ပြောပါတယ်။ ဒါ့အပြင် မျက်တောင်ရှည်အောင် မျက်တောင်ဆက် ကြတာကြောင့် မျက်တောင်တွေ ကျွတ်ထွက်တတ်ပါတယ်။ သင့်မျက်တောင်ဟာ သဘာဝအားဖြင့် တိုနေပြီး မျက်တောင် ဆက်ထားတာကြောင့် အလေးချိန်ကို မခံနိုင်ဘဲ မျက်တောင်ကျွတ်ရတာပါလို့ သူမက ပြောပါတယ်။
ဒေါက်တာခင်မိုးမိုး


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/11/2013 01:34:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.