[mrsorcerer:37523] Fwd: [လူဗိုလ်ဟူသည် ...] အလှည့်



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/10
Subject: [လူဗိုလ်ဟူသည် ...] အလှည့်
To: lubo601@gmail.com




Published on Friday, 08 March 2013 11:57
ကျောင်းသွားရန်အတွက် ထမင်းချိုင့်ယူ၊ ရေဗူးထည့်၊ ဖုန်းယူ၊ ကွန်ပျူတာလွယ် အဆင်သင့် ဖြစ်နေချိန်တွင် "ဘာဘာ နပ်နပ်စီးမယ်" ဟုမပီကလာ ပြောကာ ကျောင်းသွားခါနီး စီးနေကျ ဖိနပ်ကို ကျွန်တော့်ရှေ့သို့ ယူလာပေးသော နှစ်နှစ်နဲ့ ရှစ်လသာ ရှိသော သားလေး၏ အပြုအမူကို ကြည့်ကာ ဖခင် တဦးအနေဖြင့် ပိတိဖြစ်မိသည်။
သားလေး၏ အပြုအမူသည် ဖခင် တဦးဖြစ်သော ကျွန်တော်၏ရင်ကို အေးမြစေခဲ့သည့် နည်းတူ အတွေးနယ်ထဲတွင် နစ်မျော စေခဲ့ပြန်သည်။
သားလေး၏ အပြုအမူသည် ကျွန်တော်၏ ငယ်စဉ်ဘ၀ကို ပြန်လည် သတိရစေခဲ့သည်။ ကျွန်တော် ၏ ဖခင်သည် တောရွာဓလေ့တွင် ဘုန်းကြီးကျောင်းထွက် စာတတ်ပေတတ်ဟုပင် ပြောရပေမည်။ ရွာသူကြီး ဖြစ်သလို အိမ်ဆောက်၊ တံတားဆောက်သည့် အလုပ်ကို အသက်မွေးဝမ်းကျောင်း အဖြစ် လုပ်ကိုင်သူ ဖြစ်သည်။ ကျွန်တော့်ဖခင်နဲ့ အပေါင်းအပါတို့၏ ကျေးဇူးကြောင့် ရွာတွင် တွဲဘက် အလယ်တန်းကျောင်းကို တည်ထောင်နိုင်ခဲ့သည်။ စတုတ္ထတန်း အောင်မြင်ပြီးသော ကျောင်းသားအများအပြား မြို့ပေါ်ကို သွားစရာမလိုဘဲ အလယ်တန်း ပညာကို သင်ယူနိုင်သူ များပြားလာခဲ့သည်။ ယခင်တုန်းက ဆယ်တန်းအောင်သူ မရှိခဲ့ဘူးသော ကျေးရွာတွင် ဆယ်တန်း အောင်သူများ ရှိလာခဲ့သည်။ ဘွဲ့ရ များရှိလာခဲ့သည်။
ရခိုင်ဒေသ၏ မိုးရေချိန်သည် လက်မ ၂၀၀ ကျော်ရှိသည့်အတွက် မိုးတွင်းကာလတွင် ကျောင်းသား များ၏ သွားရေးလာရေးတွင် အခက်အခဲက ဆီးကြိုနေတတ်သည်။ ကျွန်တော် ရှစ်တန်း တက်နေ သည့်အချိန် မိုးတွင်းကာလ တစ်နေ့တွင် မိုးကလည်း သည်းထန်စွာရွာသွန်းနေသည်။ အဖေက "အ၀တ်အစား သွားလဲလိုက်၊ ဟိုဘက်မှာ ၀ါးလုံးတံတားတစ်ခု သွားထိုးရအောင်" ဟုပြောသည်။ ကျွန်တော်တို့ရွာနဲ့ ခပ်လှမ်းလှမ်းတွင်ရှိနေသော ချောင်းငယ်ကို ဖြတ်လျက် ဆောက်လုပ်ထားသည့် တံတားက မိုးသည်းထန်မှုကြောင့် ကျိုးပျက်သွားသည်။ ထိုတံတားပျက် နေရာတွင် ၀ါးလုံးတံတား တစ်ခု အစားထိုးဆောက်လုပ်ဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။ ထိုတံတားမရှိပါက ရွာနီးစပ်မှ ကျောင်းသားလေးများ ကျောင်းမတက်နိုင်မှာ စိုးသည့်အတွက် အဖေက ၀ါးလုံးတံတား တစ်ခု အစားထိုး တည်ဆောက်ရန် ကျွန်တော့်ကို ခေါ်ခြင်းဖြစ်သည်။
အဖေ့နောက်က တကောက်ကောက်ပါရင်း မိသားစုပိုင် ၀ါးရုံတောတွင် ၀ါးလုံး ၄-၅ ဆယ်ခန့် ခုတ်ပြီး သားအဖ နှစ်ဦး တံတားဆောက်မည့် နေရာသို့ ရွေ့ပြောင်းရင်း တစ်နေ့ အချိန်ကုန် သွားသည်။ နောက်နေ့ရောက်မှ တံတားဆောက်လုပ်ရေးကို လုပ်နိုင်တော့သည်။ နောက်နေ့ တံတားဆောက်သည့်နေ့တွင် အဖေနဲ့ ကျွန်တော် နှစ်ဦးမဟုတ်တော့ဘဲ အနီးအနားကျေးရွာက လူကြီးလူငယ် အယောက် ၂၀ ခန့် ၀ိုင်းဝန်း ဆောက်လုပ်လိုက်သောအခါ တံတားမှာ နေ့ချင်း ပြီးစီးသွားသည်။ အဖေသည် ရွာလူကြီး ဖြစ်သည့်တိုင် ဘယ်အလုပ်ကိုမဆို သူကိုယ်တိုင် ဦးဆောင်လုပ်ပြလေ့ ရှိသူဖြစ်သည်။ ကျေးရွာက သာရေးနာရေး ကိစ္စများတွင်လည်း သူကိုယ်တိုင် ဦးစီးကာ လုပ်ကိုင်လေ့ရှိသည်။
အဖေ၏ ဘာသာရေးဆိုင်ရာ ဒဿန အမြင်သည်လည်း အခြားသော တောသားကြီးများနဲ့ မတူဘဲ တမူထူးခြားလေ့ရှိသည်။ ကျွန်တော်တို့မိသားစုတွင် ဘုရားရှိခိုး ဆုတောင်းကို အိပ်ရာဝင်ခါနီး အမြဲ ဆိုရလေ့ရှိသည်။ "ဆုတောင်း" ဟူသော ဝေါဟာရနဲ့ ဆက်စပ်ပြောသော အဖေ၏ စကားကို ကျွန်တော့် နှလုံးအိမ်တွင် ယနေ့တိုင် စွဲမြဲနေဆဲ ဖြစ်သည်။ " ဆုမတောင်းရဘူး၊ ဆုပန်ရမယ်"တဲ့ ။ ကျွန်တော်တို့၏ ဓလေ့တွင် အလှူဒါန တခုခုပြီးတိုင်း "ဆု" တောင်းလေ့ရှိကြသည်။ အဖေကတော့ ဒီအလှူကြောင့် ဘာဖြစ်ရပါလို၏ လို့ဆုမတောင်းသင့်ဘူးလို့ပြောသည်။ "ဆုပန်"တာက ဆုတောင်းတာထက် ပိုကောင်းတယ်ဟု စောဒကတက်ပြန်သည်။ ဒီလို လုပ်ရသော ကုသိုလ် ကောင်းမှုကြောင့် စာမေးပွဲ အောင်ရပါလို၏ဟု ဆုမတောင်းဘဲ ယခုပြုလုပ်ရသော ကုသိုလ် ကောင်းမှုကို သက်သေထူကာ စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်ရန် ကြိုးစားပါမည်ဟု ဆုပန် သင့်ကြောင့် ပြောပြသည်။
ငယ်ရွယ်သူမို့ အဖေ၏ ပြောစကားများသည် ကျွန်တော့်အကြားတွင် နားဝင် မချိုလှ။ စဉ်းစား နိုင်စွမ်းလည်းမရှိ။ ထူးခြားမှု ရှိသည်ကိုတော့ သတိထားမိခဲ့သည်။ ကျွန်တော့်အား မကြာခဏ ပြောလေ့ ရှိသော စကားတခွန်းရှိသည်ကို ကြားယောင်နေဆဲ။
 ကောင်းမှုလုပ်ပြီးတိုင်း "တိုင်းပြည်နဲ့ လူမျိုးအပေါ် တာဝန်နဲ့ ၀တ္တရားကို ကျေပွန်အောင် ထမ်းဆောင်နိုင်သော ယောက်ျားကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားပါမည်" ဟုအမြဲတမ်း ဆုပန်ရန် တိုက်တွန်းလေ့ရှိသည်။ ဆုတောင်းသည် ဆိုသည်မှာ မျှော်ကိုးခြင်း ဖြစ်ပြီး ဆုပန်ခြင်း သည် မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်နေသော လူသားအဖို့ ခွန်အားကို တက်စေသည်ဟု ပြောလေ့ရှိပြန်သည်။ အဖေ၏ ဒဿန သဘောတရားကို ငယ်ရွယ်စဉ်အခါက သဘော သိပ်မပေါက်ခဲ့။
၂၀၁၂ ခုနှစ်တွင် ရန်ကုန်ကို ရောက်တော့ ရွာက ငယ်သူငယ်ချင်း မိတ်ဆွေများနှင့် တွေ့ဖြစ်သည်။ မိသားစုအကြောင်း ရွာအကြောင်းကို စကားပြောဖြစ်ကြသည်။ အဖေတို့ ကိုယ်တိုင် ဦးဆောင် ဆောက်လုပ်ခဲ့သော တွဲဘက်အလယ်တန်းကျောင်းအကြောင်းနဲ့ ရွာနားက ချောင်းကြီး တစ်ခုကို ဖြတ်လျက် တည်ဆောက်ထားသည့် တံတားအကြောင်းကို ပြောဖြစ်ကြသည်။ ယခင်ကတွဲဘက် အလယ်တန်းကျောင်းတွင် လိုအပ်သည့် ဆရာအားလုံးကို ရွာမှ အကုန်အကျ ခံကြရသည်။ ယခုအချိန်တွင် ခွဲသင် တွဲဘက်အလယ်တန်းကျောင်း ဖြစ်လာသည့်အတွက် အစိုးရမှ ကျောင်းအတွက် လိုအပ်သည့် ဆရာအရေအတွက်၏ တ၀က်ကို ခန့်ထားပေးပြီး ကျန်တ၀က်ကို ရွာမှ အကုန်အကျခံကာ ဆရာခန့်ထားရသည်ဟု သိရှိရသည်။
မိမိ၏ ဇာတိချက်ကြွေကိုမရောက် ဖြစ်ခဲ့သော နှစ်ပေါင်းတစ်ဆယ်ကျော် ကာလအတွင်း ရွာ၏ အခြေအနေမှာ အပြောင်းအလဲ မရှိသလောက်ပင်ဖြစ်သည်။ ခွဲသင်ကျောင်း အဆင့်မှ ရာနှုန်းပြည့် အစိုးရ အလယ်တန်းကျောင်း အဆင့်မည်သို့ မည်ပုံရရှိရေးကို ဆွေးနွေးဖြစ်ခဲ့သည်။ ပညာရေး ၀န်ကြီးထံသို့ တင်ပြရေးအတွက် ကျွန်တော့်ကို တာဝန်ပေးခဲ့ကြသည်။ ပညာရေးဝန်ကြီးဌာနမှ ပြောဆိုချက်အရ အစိုးရအလယ်တန်းကျောင်း ဖြစ်ရေးအတွက် ကျောင်းသား အရေအတွက် ပြည့်မီရေးကိုလည်း မည်သို့ အကောင်အထည် ဖေါ်မည်ကို ဆွေးနွေးခဲ့သည်။ ရွာ၏လမ်းပန်း ဆက်သွယ်ရေးတွင် အရေးပါသော တံတားဆောက်လုပ်ရေးကိုပါ အဆင့်လိုက် ဆွေးနွေးခဲ့ကြ သည်။
မိမိအလှည့် ရောက်သည့်အခါတွင်လည်း မနွဲ့စတမ်း ပခုံးပြောင်း တာဝန်ထမ်းဆောင်ရန် တာဝန်ယူလာရတော့သည်။ အဖေတို့ ကိုယ်တိုင် ဦးစီးဦဆောင်ပြုကာ ဆောက်လုပ်ခဲ့သော ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး ကိစ္စကို သားတစ်ဦးဖြစ်သော ကျွန်တော်ကိုယ်တိုင် တာဝန်ယူလာရသည်။ မိမိတာဝန်ဟုလည်း မြင်လာသည်။ ခေတ်စနစ်က မည်သို့ပင် ပြောင်းလဲနေပစေ မပြောင်းလဲသော ကျွန်တော်တို့ လူ့အဖွဲ့အစည်း ရှင်သန်နိုင်ရေးအတွက် ကျွန်တော်ကိုယ်တိုင် တာဝန်ယူရပေအုံးမည်။
လမ်းလျှောက်တတ်ကာစ အရွယ်တွင် အပြင်သွားခါနီး သားလေး၏ ဖိနပ်လေးကို ကျွန်တော် ကိုယ်တိုင်ယူကာ ဖိနပ်စီးခြင်းအမှုကို အမြဲလုပ်ပေးခဲ့သည်။ ကျွန်တော် အမြဲပြုလုပ်ပေးခဲ့သော အပြုအမူသည် နှနှစ်ကျော်ကျော်အရွယ်တွင် ကျွန်တော် ပြုခဲ့သည့်အမှုကို သားလေးကိုယ်တိုင် ပြုမူလာခဲ့သည်။ ကျွန်တော်၏ ဖိနပ်ကို ယူပေးရုံမက "ဘာဘာ နပ်နပ်စီးမယ်" ဟု စကားပြောနေပြန်သည်။ သူ့အလှည့်တွင် သူနိုင်ရာ တာဝန်ကို ယူလိုစိတ် ရှိသည့် လူသားတဦး ဖြစ်လာတော့မည်ကို တွေးကာ ကျွန်တော် ပီတိ ဖြစ်မိသည်။ သူ၏ "အလှည့်"တွင် "ဆုပန်" တတ်သော၊ အရာရာ ပီပြင်သည့် လူသားတဦး ဖြစ်လာလိမ့်မည်ဟု တွေးရင်း………………………သင်ကြားမှု၊ သင်ယူမှုသည် လူ့အဖွဲ့အစည်း၏ မောင်းနှင်အား ဖြစ်ပေလိမ့်မည် ဆုံးဖြတ်ချက် ချလိုက်မိသည်။

Written by လှရွှေ

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/11/2013 01:35:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.