[mrsorcerer:37532] Fwd: [လူဗိုလ်ဟူသည် ...] ဗိုလ်ချုပ်အောင်ဆန်း၏ လယ်ယာမြေ ပေါ်လစီ"



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/10
Subject: [လူဗိုလ်ဟူသည် ...] ဗိုလ်ချုပ်အောင်ဆန်း၏ လယ်ယာမြေ ပေါ်လစီ"
To: lubo601@gmail.com


by Ter Tee on Sunday, March 10, 2013 at 1:47am ·

"လယ်ယာစိုက်ပျိုးရေးစီမံချက် ၊ သစ်စီမံချက် ၊ ၀ယ်ယူဖြန့်ဖြူးရေးစီမံချက် စသည်တို့နှင့် ပတ်သက်၍
ပြောလိုသည်မှာ အစိုးရက မက်လောက်သော အဖိုးများကိုပေး၍ အားလုံးသော ပိုလျှံမည့်ကောက်ပဲ သီးနှံတို့ကို ၀ယ်ယူမည်ဟု ဆိုထားပြန်၏။ မက်လောက်သော တန်ဘိုးများကိုတောင်သူ လယ်သမားများ အား ပေးမည်လော။

အစိုးရအတွက် အ၀ယ်တော်လုပ်မည့် နိုင်ငံခြားကုမ္ပဏီများအားပေးမည်လောဟု မေးရပေလိမ့်မည်။
အစိုးရက ဈေးနှုန်းကန့်သတ်မည်ဟု ဆိုပြန်၏။ ဈေးနှုန်းကန့်သတ်ခြင်းစနစ်ကို ကျွန်ုပ်တို့ ကြိုက်နှစ်သက်၏။ သို့ရာတွင် ဈေးနှုန်းမကန့်သတ်မီ ၊ အလွန်တန်ဘိုးယုတ်လျော့လျက်ရှိသော ငွေကြေးပြဿနာကို
မဖြေရှင်းရမီ ဈေးနှုန်းကို ကန့်သတ်လျှင် ကျွန်ုပ်တို့ တောင်သူလယ်သမားများ၏ ဇိကိုညှစ်သည်နှင့်
အတူတူပင်ဖြစ်၏။ ကျွန်ုပ်တို့ တောင်သူလယ်သမားများ ကြပ်တည်းကျဉ်းမြောင်းသောဘ၀သို့ရောက်လျှင်
နိုင်ငံတွင် ခိုးမှု တိုက်မှု ရာဇ၀တ်မှုများ များပြားလာပေလိမ့်မည်။ လက်ရှိအခြေအနေပင်
မည်မျှလောက်ဆိုးဝါးနေသည်ကိုဖော်ပြရန်မလိုချေ။"



ဗိုလ်ချုပ်အောင်ဆန်း
- ဖဆပလ အဖွဲ့ချုပ် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံသဘင် ဥက္ကဌမိန့်ခွန်းမှ



************************************************************



"တောင်သူလယ်သမားတွေက ဗမာပြည်မှာ လူများစုဖြစ်တယ်။ လွတ်လပ်ရေးရတဲ့အခါ
ခင်ဗျားတို့ရဲ့လွတ်လပ်ရေး ပါလာမယ်။ တောင်သူလယ်သမား လူများစုရဲ့ အခွင့်အရေးမပါဘဲ
လွတ်လပ်ရေးဟာ အဓိပ္ပာယ်မရှိဘူးလို့ ယူဆတယ်။"



- ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ၊ တောင်သူလယ်သမားညီလာခံမိန့်ခွန်းမှ



************************************************************



"လယ်လုပ်တဲ့လူတွေရဲ့လက်ထဲ လယ်ရောက်အောင်စီစဉ်နိုင်ရမယ်။ လယ်အမြောက်အမြားကို
တသီးပုဂ္ဂလ ပိုင်ဆိုင်တဲ့စနစ်ကို ပယ်ဖျက်နိုင်ရမယ်။"



"လယ်ယာမြေပိုင်ဆိုင်မှုကိစ္စမှာဆိုလဲ လယ်ယာမြေလုပ်တဲ့လူတွေ လယ်ယာမြေရအောင်
အခြေခံတွေချရလိမ့်မယ်။ လယ်မြေဧက အမြောက်အမြားပိုင်တဲ့ လယ်ရှင်ကြီးစနစ်ကိုတော့
ဥပဒေအရ ကန့်သတ်ချုပ်ချယ် ဖျက်ပယ်ပစ်ရလိမ့်မယ်။ နောက်ပြီး ဘယ်လိုကိုယ်ပိုင်လယ်ယာမြေမျိုးဖြစ်ဖြစ် ၊ ဘယ်နှစ်ဧကထက်မပိုစေရ အစရှိသည်အားဖြင့် ဥပဒေအရ ကန့်သတ်ရလိမ့်မယ်။ ဒီလိုမှ မလုပ်ရင်
လယ်ပိုင်ရှင်စနစ်ကြီးဟာ ရှိနေတာကို မဖျက်နိုင်ရုံတင်မဟုတ်ဘူး ၊ ပြန်ဖြစ်အောင်လုပ်တာဖြစ်လိမ့်မယ်။
လယ်ယာမြေများကို အမှန်အားဖြင့်ဆိုရင် နောက်ဆုံး တိုင်းပြည်ပိုင်လုပ်နိုင်ရင် ကောင်းမှာဘဲ။
သို့သော်လဲ အဲဒီဟာ မလုပ်မီ လယ်ယာမြေလုပ်သူတိုင်း မြေလက်ရှိရအောင် လုပ်နိုင်ရမယ်။
ဒီအခါမျိုးမှာ အစိုးရက အလယ်အလတ်တန်းနှင့် အောက်တန်း ကျတဲ့ တောင်သူလယ်သမားတွေကို
တတ်နိုင်သမျှ ကူညီရလိမ့်မယ်။ အဲဒီလို စီးပွားရေးအခြေခံတရားတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမှာ
ထည့်ဘို့လိုလိမ့်မယ်။"



"ကျုပ်တို့လုပ်ချင်တာကတော့ ( Greatest happiness of the Greatest number ) လူအများဆုံး အကောင်းဆုံးချမ်းသာသုခရအောင် အဲဒီလို လူအများဆုံးက ကြိုးကိုင်တဲ့ ဒီမိုကရေစီမျိုးကိုသာ
လိုချင်တာဘဲ။ အကုန်လုံးအကျိုးရှိတဲ့ ဒီမိုကရေစီဆိုတာတော့ ခုလို အရင်းရှင် အလုပ်သမား ၊
လယ်ရှင် အစရှိတဲ့ လူတန်းစားကွဲပြားမှုတွေရှိနေသမျှ ကာလပတ်လုံး မဖြစ်နိုင်သေးဘူး။
လယ်ရှင်အကျိုးရှိတိုင်း လယ်သမားအကျိုးမရှိနီုင်ဘူး။ အလုပ်ရှင်အကျိုးရှိတိုင်း အလုပ်သမားအကျိုးမရှိနိုင်ဘူး။
သူတို့အချင်းချင်း အကျိုးတွေဟာ တခါတခါ စေ့စပ်လို့မရနိုင်ဘဲ ၊ တဦးအကျိုးရှိရင် တဦးထိမယ်ဆိုတဲ့
အခြေမျိုးဖြစ်လာတဲ့အခါ အစိုးရဟာ တဖက်ဖက်က ပင်းမှဖြစ်နိုင်မယ်။ အဲဒီတော့ ဒီမိုကရေစီသစ်ဆိုတာ
အစိုးရက လူများစုဖြစ်တဲ့ လူဆင်းရဲတွေဘက်က ထုံးစံအတိုင်းပင်းတော့မယ်ဆိုတဲ့သဘောပဲ။"



ဗိုလ်ချုပ်အောင်ဆန်း
- ဖဆပလ ပဏာမ ပြင်ဆင်မှုညီလာခံမိန့်ခွန်းမှ



**********************************************************



အောင်သန်း၏ အောင်ဆန်း ( ၁၉၆၅ခုနှစ် ၊ ပထမအကြိမ် ) စာအုပ်မှ


4

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/11/2013 01:10:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.