[mrsorcerer:37592] Fwd: [လူဗိုလ်ဟူသည် ...] ကျွန်တော်ကြားဖူးသည့် တပ်မတော်၏ ဖခင်ကြီး..



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/16
Subject: [လူဗိုလ်ဟူသည် ...] ကျွန်တော်ကြားဖူးသည့် တပ်မတော်၏ ဖခင်ကြီး..
To: lubo601@gmail.com


Win Yu Maung shared ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ's photo.
မြန်မာပြည်တွင်သာမက ကမ္ဘာမှာပါ နောင်မြင်ရဖို့ လွန်စွာခဲယဉ်းပါသည်..။ ဗိုလ်ချုပ်လောက် ရိုးသားပြီး မာန် ၊ မာန ကင်းမဲ့သူတစ်ယောက်ကို နောင်တွင် မြင်ရကြုံရတော့မည်မထင်ပါ..။ စွန့်လွှတ်ခြင်း ၊ အနစ်နာခံခြင်း ၊ ရိုးသားခြင်း ၊ ဖြစ်သလိုနေတတ်ခြင်းက ကမ္ဘာ မှာ စံပြလောက်သည့် ပုဂ္ဂိုလ်ဖြစ်ပါသည်...။    ကျေးဇူးရှင်ခေါင်းဆောင်ကောင်းကို ဂုဏ်သိက္ခာ မှိန်ထား..ဖျောက်ထားသလို..၊ ဗိုလ်ချုပ်အောင်ဆန်းခေတ်ကို အမှောင်ချထားခဲ့ပြီး အခုမှပြောခွင့်ရလို့ ပြောရတာပါ..။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ သူရဲကောင်းပါ...။ မြန်မာပြည်မှာသာမက အနောက်တိုင်းကပါ အလွန်လေးစားရတဲ့ ဗိုလ်ချုပ်ပါ....။    တစ်ခါက လွတ်လပ်ရေးရခါနီး စစ်ဝန်ကြီးအဖြစ်နဲ့ ဧရာဝတီတိုင်းအတွင်း ကွင်းဆင်းပြီး လှည့်လည်တရားဟောရာမှာ အပါးတော်မြဲ ဗိုလ်ထွန်းလှက ကားမောင်းပြီး စောဘဦးကြီး နဲ့ အတူ နောက်ခန်းက စီးကြရင်း ကျုံပျော်မြို့အ၀င်မှာ ဗိုလ်ချုပ်ဟာ ၀မ်းကလည်းလျှောနေတော့ ကားကိုရပ်ခိုင်းပြီး ချုံကွယ်မှာ တောထိုင်သတဲ့...။ ပြီးတော့

မြန်မာပြည်တွင်သာမက ကမ္ဘာမှာပါ နောင်မြင်ရဖို့ လွန်စွာခဲယဉ်းပါသည်..။ ဗိုလ်ချုပ်လောက် ရိုးသားပြီး မာန် ၊ မာန ကင်းမဲ့သူတစ်ယောက်ကို နောင်တွင် မြင်ရကြုံရတော့မည်မထင်ပါ..။ စွန့်လွှတ်ခြင်း ၊ အနစ်နာခံခြင်း ၊ ရိုးသားခြင်း ၊ ဖြစ်သလိုနေတတ်ခြင်းက ကမ္ဘာ မှာ စံပြလောက်သည့် ပုဂ္ဂိုလ်ဖြစ်ပါသည်...။

ကျေးဇူးရှင်ခေါင်းဆောင်ကောင်းကို ဂုဏ်သိက္ခာ မှိန်ထား..ဖျောက်ထားသလို..၊ ဗိုလ်ချုပ်အောင်ဆန်းခေတ်ကို အမှောင်ချထားခဲ့ပြီး အခုမှပြောခွင့်ရလို့ ပြောရတာပါ..။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ သူရဲကောင်းပါ...။ မြန်မာပြည်မှာသာမက အနောက်တိုင်းကပါ အလွန်လေးစားရတဲ့ ဗိုလ်ချုပ်ပါ....။

တစ်ခါက လွတ်လပ်ရေးရခါနီး စစ်ဝန်ကြီးအဖြစ်နဲ့ ဧရာဝတီတိုင်းအတွင်း ကွင်းဆင်းပြီး လှည့်လည်တရားဟောရာမှာ အပါးတော်မြဲ ဗိုလ်ထွန်းလှက ကားမောင်းပြီး စောဘဦးကြီး နဲ့ အတူ နောက်ခန်းက စီးကြရင်း ကျုံပျော်မြို့အ၀င်မှာ ဗိုလ်ချုပ်ဟာ ၀မ်းကလည်းလျှောနေတော့ ကားကိုရပ်ခိုင်းပြီး ချုံကွယ်မှာ တောထိုင်သတဲ့...။ ပြီးတော့ "ဗိုက်ဆာတယ်ဗျာ.." လို့ပြောရင်း ဟိုဟိုသည်သည် ကြည့်တော့ အတွင်းလမ်း ရွာအ၀င် ခရီးသည်တွေတည်းခိုတဲ့ ဇရပ်နားမှာ အကြာ်သည် အကြော်ကြော်နေတာတွေ့တာနဲ့ လမ်းလျှောက်ဝင်ပြီး အကြော်ကို အ၀စားကြသတဲ့လေ....။ "လမ်းမကြီးဘေးမှာ ဘာလို့မရောင်းတာလဲ..." ဟု အကြော်သည်ကိုမေးတော့... စစ်ဝန်ကြီးလာမယ်ဆိုလို့ ဖယ်ပေးရကြောင်း အကြော်သည်က ပြန်ဖြေတော့ ဗိုလ်ချုပ်က တဟား..ဟား..ရယ်ပြီး... "စစ်ဝန်ကြီးဆိုတာ ငါပဲ...၊ အပိုတွေလုပ်ကြတာ..၊ ငါခွင့်ပြုတယ်..၊ အတွင်းမှာမရောင်းနဲ့ ၀ယ်မယ့်သူရှိမှာမဟုတ်ဘူး..၊ အရှုံးပေါ်လိမ့်မယ်...၊ လမ်းမဘေးမှာပြန်ရောင်း...." လိုပြောသတဲ့....။

တစ်ခါကလည်း မြစ်ဝကျွန်းပေါ်ဘက်က ရွာလေးတစ်ရွာကို တရားဟောဖို့အသွား ကားမ၀င်နိုင်တဲ့ လှည်းလမ်းဖြစ်နေတယ်...။ မိုးကုန်ခါစ ကန်သင်းရိုးတွေအပေါ် ဖြတ်ဖောက်ထားတဲ့ ယာယီလမ်းဆိုတော့ လှည်းနဲ့ စက်ဘီးပဲ သွားနိုင်သတဲ့..။ ရွာကားလမ်းမကြီးက လေးငါးမိုင်ဆိုဝေးတော့ လှည်းကြုံမရှိတာနဲ့ နီးစပ်ရာမှာ ကားကိုအပ်..၊ စက်ဘီးတစ်စီးငှားပြီး အပါးတော်မြဲ ဗိုလ်ထွန်းလှကနင်း..၊ ဗိုလ်ချုပ်က ခွ စီးသတဲ့...။ ဗိုလ်ချုပ်က စက်ဘီးမနင်းတတ်ဘူးလေ...။ တစ်မိုင်လောက်နင်းပြီးတော့ ဗိုလ်ချုပ်က လယ်ကန်းသင်းရိုးတွေကြောင့် ဖင်နာတယ်ဗျာ...၊ လမ်းဆင်းလျှောက်ရအောင်ဆိုပြီး စက်ဘီးတွန်းခိုင်းပြီး လမ်းလျှောက်သတဲ့...။ ရွာကလေးကလည်း ဗိုလ်ချုပ်လာမယ်မှန်းမသိလို့ လာမကြိုမိတာကို တောင်းပန်ပြီး တရားဟောပွဲအပြီး အပြန်မှာတော့ လှည်းနဲ့ ပြန်လိုက်ပို့သတဲ့....။

ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားဘ၀ နိုင်ငံရေးလုပ်ကတည်းက နတ်မောက်မှာရှိတဲ့ မိဘတွေအိမ်ကို တစ်ခါမှ ပြန်ပြီး မကန်တော့ဖူးဘူးတဲ့...။ လွတ်လပ်ရေးရခါနီး စစ်ဝန်ကြီးဖြစ်တော့ ဇနီးသည် ဒေါ်ခင်ကြည်နဲ့အတူ ပထမဆုံး သွားကန်တော့ကြသတဲ့..။ ကားမောင်းတာက အပါးတော်မြဲ ဗိုလ်ထွန်းလှ...။ ဗိုလ်ချုပ်ဟာ ပြည်မြို့နား ရောက်ခါနီးတော့ မွေးရပ်မြေရောက်ခါနီး ပျော်လို့ ထင်ပါရဲ့...။ စစ်ချီသီချင်းတစ်ပုဒ်ကို စိတ်ပါလက်ပါ ဆိုရင်း လက်ကလည်း စည်းဝါးလိုက်သလို ဒေါ်ခင်ကြည် ပေါင်ကိုပုတ်သတဲ့...။ မကြုံဖူးလို့ အပါးတော်မြဲ ဗိုလ်ထွန်းလှ ကနောက်လှည့်ကြည်မိတော့ ဒေါ်ခင်ကြည်က ရှက်ပြီး ဗိုလ်ချုပ်ကို မျက်စောင်းခဲတော့.... ဗိုလ်ချုပ်က သဘောကျပြီး တ..ဟား..ဟား... ရယ်သတဲ့လေ.....။

(ဗိုလ်ချုပ်အောင်ဆန်း ၏ လူများများမသိသေးတဲ့ အကြောင်းအရာအချို့ ကို သိချင်တာပါ.. ဆိုပြီး စာရေးဆရာ ဆောင်ပါးရှင် ထောင်မှူးကြီးသိန်းဝင်း ရေးသော "ကျွန်တော်ကြားဖူးသည့် တပ်မတော်၏ ဖခင်ကြီး.." ဆောင်းပါးမှ အမေး-အဖြေ သဘောမျိုးရေးထားသည်မှ အားလုံးသိရအောင် ထုတ်နှုတ်ပြီး ပြန်တင်ပေးလိုက်ပါတယ်...)
ခင်မင်စွာဖြင့်
 နေမျိုး)

--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/17/2013 12:15:00 AM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.