[mrsorcerer:37603] Fwd: [လူဗိုလ်ဟူသည် ...] အထွန်း-၂
---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/3/17
Subject: [လူဗိုလ်ဟူသည် ...] အထွန်း-၂
To: lubo601@gmail.com
by A Mon Moon (Notes) on Friday, January 11, 2013 at 9:36am
(၃)
သူကတော့ သူ့ စိတ်ဒဏ်ရာတွေကို လွှတ်ချလိုက်စရာ ထွက်ပေါက်တစ်ခုတွေ့ လိုက်ရသည့်အလား သူ့ မျက်ဝန်းတွေဆီက မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ရင်း ခေါင်းငုံလို့ မြေကြီးကိုသာ တွင်တွင် စိုက်ကြည့်ပြီး ပါးစပ်ကနေ တိုးတိုးလျလျ ဆက်တိုက်ကြီးကို ပြောချနေလေရဲ့ ။ တကယ်တန်း ဒီအကြောင်းအရာတွေက သူ ခုလို မျက်ရည်ဖြိုင်ဖြိုင်ကျစေလောက်တဲ့ အဓိက အကြောင်းအရာ ဖြစ်မနေဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် သူပြောလိုရာပြောပါစေလေ ဆိုပြီးတော့ ကျွန်မ သူ့ ရှေ့ က အုတ်ခုံလေးပေါ် ထိုင်ပြီး အသာလေးပဲ နားထောင်ပေးနေလိုက်တယ်။ ပြောပါ အထွန်းရေ မင်းပြောပါလေ။ မင်းရင်ထဲက နာကျင်မှုတွေ ကို အမှိုက်ပုံးထဲ သွန်ချပစ်ထုတ်လိုက်ရသလို ကိုယ့်ကို ပြောပါတော့ ကလေးရေ။
"သားက ပညာမတတ်ပါဘူး အန်တီရယ်။ ဒါပေမယ့် အဆိုးအကောင်းကို ဆင်ခြင်တတ်ဖို့ ငယ်ငယ်ကတည်းကဖေဖေရဲ့ အဆုံးအမတွေက ခုထိ သားရင်ထဲ မှတ်သားထားတုန်းပါ။ သားငယ်ငယ်လေးကတည်းက ဆရာဝန်ကြီးတစ်ယောက် သိပ်ဖြစ်ချင်ခဲ့ပါတယ်။ ခုတော့ သားတက်ခဲ့ဖူးတဲ့ ကျောင်းရှေ့ မှာ သားက ဒီလှည်းလေးနဲ့ ဘိန်းမုန့် ပြန်ရောင်းနေရပြီ အန်တီ။ အဲဒီနေရာကို သွားမရောင်းချင်ပါဘူးလို့ ပြောတိုင်း သူက သားကို အော်ဟစ်ကြိမ်းမောင်းတော့တာပဲ။ ဟိုးအရင်က ဒီပုံးထဲက မုန့် ရည်တွေ နဲ့ အိမ်ကိုပြန်သွားခဲ့မိတဲ့ ညနေတိုင်း အမြဲ အဆူခံရတယ်။ ညနေ အိမ်ပြန်လို့ သား ပိုက်ဆံ တစ်သောင်းလောက်မှ သူ့ လက်ထဲကို ပြန်မအပ်နိုင်ရင် သားအတွက်တော့ အဲဒီညဟာ အိမ်မက်ဆိုးမက်ရတဲ့ ညပါပဲ အန်တီ"
ပြောနေရင်း နဲ့ သူ ကျွန်မကို တစ်ချက်မော့ကြည့်တော့ မှိန်ဖျော့နေတဲ့ သူ့ မျက်ဝန်းတွေကို သတိထားမိလိုက်တယ်။ အမြဲလိုလို စူးရှတောက်ပနေတဲ့ ကျွန်မ အသိအမှတ်ပြုထားမိတဲ့ အဲဒီမျက်ဝန်းတွေက ခုတော့လည်း အရောင်အဆင်းကင်းမဲ့နေလိုက်တာလေ။ သူ့ နှုတ်ကထွက်ကျလာတဲ့ စကားလုံးတွေထက် သူ့ မျက်ဝန်းထဲမှာ ကျွန်မတွေ့ လိုက်ရတဲ့ စကားလုံးတွေက ပိုပြီးခါးသီးနေတယ်ဆိုတာ အသေအချာပါပဲ။ ဒီကလေးမှာ မြှုပ်နေတဲ့ စိတ်အတွင်း ဒဏ်ရာတစ်ခုခုက အတော်လေး အမြစ်တွယ် လှိုက်စားနေလောက်ပြီ။ အသုံးချစိတ်ပညာဘာသာရပ်ကို ဒီပလိုမာယူထားခဲ့တာကလည်း လူတွေကို စိတ်ဝင်စားတတ်လွန်းတဲ့ ကျွန်မရဲ့ စိတ်တစ်ခုကြောင့်ပဲလေ။ ခုလည်း အထွန်းကလေးကို စိတ်ပိုင်းဆိုင်ရာ ခွန်အားသတ္တိအတွက် ကျွန်မဘာများ လုပ်ပေးနိုင်မလဲလို့ အသည်းအသန်တွေးမိနေခဲ့ပြီဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိထားမိလိုက်တယ်။ အထွန်းက ဘာမှ ဆက်မပြောတော့ပဲ အသံတိတ်နေပြီး သူစီးထားတဲ့ ကျန်းမာရေး ဂျပန်ဖိနပ်လေးကို မြေကြီးထဲထိ ထိုးထည့်ပြီး ၀ှက်နေလေရဲ့ ။ တခုခုကနေ လွတ်မြောက်ဖို့ ကိုယ့်ကိုယ်ကိုယ် ပျောက်ကွယ်သွားလိုနေတဲ့ သူ့ စိတ်ကလေးကို ကျွန်မမှန်းဆကြည့်နေရင်း အထွန်းဘာများထပ်ပြောလာမလဲရယ်လို့ ခဏလေး အချိန်ပေးရင်း ကျွန်မလည်း ဆိတ်ဆိတ်နေလိုက်တယ်။ နေမင်းကြီးက ကျွန်မတို့ နှစ်ယောက်ကို နှုတ်ဆက်ရင် စကားဝိုင်းကို ကျောခိုင်းသွားချေပြီ။
အင့်ခနဲ ရှိုက်သံကို ထပ်ကြားလိုက်ရတော့မှ အထွန်း အငိုမတိတ်သေးပဲ ၀မ်းနည်းမှုကို ကြိတ်မှိတ်ခံစားနေရတုန်းဆိုတာ ကျွန်မသိလိုက်ရတယ်။ သူ တစ်ခုခုကို တွေးပြီး အတော်ဝမ်းနည်း စိတ်မကောင်းဖြစ်နေပုံပါပဲ။ သူ့ ဂျိုင့်အတွင်းမှာ မုန့် ရည်တွေ ကျန်နေသေးပါတယ်။ သူ ဒီနေ့ ညနေလည်း အိမ်ပြန်ရောက်ရင် အဆူအကြိမ်းခံရဦးမှာပေါ့။
"သား အန်တီသားကို ပိုက်ဆံထုတ်ချေးပေးလိုက်မယ်နော်။ ညနေကျ အိမ်ပြန်တဲ့အခါ အဆင်ပြေမှ ဖြစ်မယ်။ သား ပိုက်ဆံမပြည့်သေးဘူး မဟုတ်လား။ အဲဒီအတွက် ၀မ်းနည်းမနေနဲ့ တော့။ ဟုတ်ပြီလား။ နောက်မှ အန်တီ့ကို ဖြည်းဖြည်း ပြန်ဆပ်ပေါ့။ "
" ကျွန်တော် အိမ် မပြန်ချင်ဘူး အန်တီ"
" အိမ်မှာ သားမေမေနဲ့ ညီမလေး ရှိသေးတယ်လေ။ သား မှာ သူတို့ ကို စောင့်ရှောက်ဖို့ တာဝန်ရှိတာပေါ့။ အိမ်မပြန်လို့ ဘယ်ဖြစ်မလဲ အထွန်းရယ်။ ပြန်လိုက်နော်။ အဆုခံရတာ က ပြသနာ မဟုတ်ဘူးလေနော်။ သားမှာ ပိုင်ဆိုင်တာ စိတ်ဓါတ်တစ်ခုရှိသေးတယ်။ သား စိတ်ဓါတ်ခိုင်မာမှ ဖြစ်မှာပေါ့။ ခုလို အားငယ်နေ စိတ်ပျက်နေရင် သားဘ၀ကို ဘယ်လို ခရီးဆက်မလဲ။ စိတ်ဓါတ်ခွန်အားဆုံးရှုံးတော့မှသာ ဘ၀ ရှုံးတာသားရဲ့ ။ မင်း ယောက်ကျားပဲကွာ။ စိတ်ဓါတ်ခပ်တင်းတင်းထားစမ်းဘာ အထွန်းရဲ့ "
"ကျွန်တော် အိမ်မပြန်ချင်ဘူး အန်တီ" သူက ဒီအဖြေကိုပဲ ထပ်ခါထပ်ခါပေးနေတော့တယ်။ ကျွန်မ သူ့ ကို ဘယ်လို နှစ်သိမ့်ရမလဲ အားပေးရမလဲ အကြံထုတ်နေမိတယ်။
"ကဲ သား ဘာလို့ အိမ်မပြန်ချင်တာလဲ အန်တီ့ကို ပြော။ သားပြောတဲ့ အကျိုးအကြောင်း ခိုင်လုံရင် အန်တီသားကို ခွင့်ပြုမယ်"
သူ အကြာကြီိးတိတ်ဆိတ်နေပြန်တယ်။ ကလေးတွေ စိတ်ဓါတ်ကျလာတဲ့အခါ စိတ်ညစ်လာကြတဲ့အခါ မိသားစု ပြသနာရှိလာတဲ့အခါ ခုလိုပဲ အသိုက်အမြုံကို ကြောက်ရွံ့စိတ်ပျက်လာတတ်ကြတယ်လေ။ အထွန်းလေးလည်း ခုလို ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ပညာသင်ကြားရမယ့် အချိန်မှာ လမ်းမပေါ် နေပူထဲ နေရတဲ့ ဘ၀ကို ဘယ်ပျော်ပါ့မလဲ။ မွေးကတည်းက ဒီလိုဘ၀မျိုးဆိုရင်တော့ သူနေသားကျချင်ကျမှာပေါ့။ ဒါပေမယ့် ငယ်ငယ်က အဆင်ပြေပြီး အသိုင်းအ၀ိုင်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ အရာရှိတစ်ယောက်ရဲ့ သား၊ စာတော်တဲ့ ကျောင်းသား လေးဖြစ်ခဲ့ဖူးတဲ့ ကလေးဟာ ဒီလိုဘ၀မျိုးကို ဘယ်လိုများ ခုံမင်ပျော်ရွှ့င်ပါ့မလဲ။
" ကျွန်တော် အိမ်မပြန်ချင်ဘူး အန်တီ။ ကျွန်တော် သူ့ ကိုကြောက်တယ်။"
"သြော် အထွန်းရယ်။ သူဆူလည်း ခံလိုက်ပေါ့။ နားထဲရောက်လာတဲ့ စကားလုံးတွေကို အရည်ပြားပေါ်ထိပြီးတာနဲ့ ပြန်ကန်ထွက်သွားပစေ။ သားနှလုံးသားထဲအထိ မထည့်နဲ့ ။ သူက သားကို ရိုက်နှက်ဆုံးမလို့ လား။ သားက အပြစ်လုပ်ထားတဲ့သူမှ မဟုတ်ပဲ။ ဘာကြောက်စရာလိုလဲ။ အပြစ်လုပ်တဲ့သူမှ ကြောက်ရမှာ အထွန်းရဲ့ ။ ဘာမှ မကြောက်နဲ့ "
" ကျွန်တော် သူ့ ကို ကြောက်တယ် အန်တီ။ သူက.........................."
" အင်း။  ပြော သား။ သူက သားကို ဘာလုပ်သလဲ။ "
" သူက...................................................။"
အထွန်း ဆက်မပြောပဲ သူ့ နှုတ်ခမ်းကို သူဖိကိုက်ထားတယ်။ အဲဒီကြားထဲက သူ့ နှုတ်ခမ်းတွေဟာ တဆတ်ဆတ်တုန်နေတယ်။ ကျွန်မ သူ့ ကို ငေးကြည့်နေတုန်း သူ့ မျက်ဝန်းထဲကနေ မျက်ရည်တွေ စီးဆင်းလာပြန်တယ်။ သူ့ တစ်ကိုယ်လုံးပါ ဆတ်ဆတ်တုန်သွားသလို သူရှိုက်ငိုလိုက်ပြန်ပါတယ်"
အထွန်းလေးနဲ့ သူ့ ပထွေးကြားမှာ ပြသနာတစ်ခုခုတော့ ရှိနေလောက်ပြီ။ ဒါကလည်း ဖြစ်လေ့ရှိတဲ့ ကိစ္စပါပဲ။ စီးပွားရေး အဆင်ပြေနေခဲ့တဲ့ မိသားစုတွေမှာတောင် ဒီလိုဆက်ဆံရေးမျိုးက အဆင်မပြေနိုင်တာ အထွန်းတို့ လို အခြေအနေမျိုးမှာ အဆင်မပြေဖို့ ဆိုတာ ဖြစ်နိုင်ချေရာခိုင်နှုန်းများတဲ့ ကိစ္စပါ။ အထွန်း အိမ်ပြန်ဖို့ ကျွန်မ ချော့ပြောဖို့ ကြိုးစားကြည့်ပေမယ့် သူကခါးခါးသီးသီးကို ငြင်းဆန်နေပြန်တယ်။ ညနေလည်း အတော်လေးစောင်းနေပြီ မလို့ ကျွန်မလည်း သူ့ ကိုထားလည်း မထားခဲ့ရက်၊ ဘာလုပ်ပေး၇မှန်းလည်း မသိနဲ့ ။ လူငယ်ပြုစုပျိုးထောင်ရေး စခန်းကို ပို့ ဖို့ ကို တွေးနေမိတယ်။
အဲဒီအချိန်မှာ အထွန်းက သူ့ လက်မှာ ၀တ်ထားတဲ့ အ၀ါရောင်ရာဘာ လက်အိတ်ကလေးကို ချွတ်ပြီး သူ့ လက်လေးနှစ်ဖက်ကို ကျွန်မရှေ့ ကို ထိုးပေးတယ်။ ကျွန်မလည်း သူ ဘာလုပ်တာပါလိမ့်လို့ ။ အို ဘုရားရေ။ သူ့ လက်ကောက်ဝတ်မှာ နီရဲပြီး သွေးတွေစို့ နေတဲ့ ဒဏ်ရာကြီးပါလား။ ကျွန်မ သူ့ လက်ကို ဆွဲယူပြီး လှန်ကြည့်လိုက်တော့ လက်ကောက်ဝတ်နှစ်ဖက်လုံးမှာ ပတ်ပတ်လည် နီရဲပြီး လန်ထွက်လုနီး ဒဏ်ရာတွေကို တွေ့ လိုက်ရတယ်။
" အို အထွန်းရယ် အဲဒါတွေက ဘာတွေလည်း ဘာဖြစ်ထားတာလဲ။ သား အန်တီ့ကို ပြောပြစမ်းပါ။ " ကျွန်မ အလျင်စလိုမေးလိုက်မိတယ်။
" သူက ကျွန်တော့်ကို လက်နောက်ပြန်ကြိုးတုတ်ထားခဲ့တယ် အန်တီ။ "
အထွန်းဆက်မပြောပါ။ ကျွန်မကတော့ စုံနေအောင်ကို ဆက်တွေးမိလိုက်တယ်။ ဒီလူ ကလေးကို ကိုယ်ထိလက်ရောက် ရိုက်နှက်တယ်ထင်ပါရဲ့ ။ ဒီလောက်ရက်စက်ကြမ်းကြုတ်တာ ဘယ်လို လူစားမျိုးပါလိမ့်။ အရွယ် မမည်သေးတဲ့ ကလေးငယ်တစ်ယောက်ကို အင်အားသုံးပြီး နိုင်လိုမင်းထက်ပြုတာ ရာဇ၀တ်မှုပါ။ ကျွန်မ စုတ်တသတ်သတ်နဲ့ အထွန်းလက်ကို အပြန်ပြန်ကြည့်မိနေတော့တယ်။
" သားကို သူက ဘာလို့ အဲဒီလောက်ထိကြီး လုပ်တာလဲ။ သားမေမေက မတားဘူးလား။ ဘယ်လောက်ထိတောင် ရိုက်သလဲ အထွန်းရယ်"
"မေမေတို့ နယ်က ဘွားလေးဆီမှာ ပိုက်ဆံသွားပြန်ချေးကြတယ် အန်တီ။ အိမ်မှာ ကျွန်တော်ပဲ ကျန်ခဲ့တာ"
" အို အရင်ကလည်း ဒီလိုပဲ ရိုက်နှက်နေတာပဲလား သားရယ်။ ဘာကြောင့်များတဲ့လည်း ။ အန်တီ ဘယ်လိုကူညီပေးရမှန်းတောင် မသိတော့ဘူးကွယ်"
"သူ ကျွန်တော့်ကို ရိုက်တာ မဟုတ်ဘူး အန်တီ။ သူ.........."
ကျွန်မ ဆက်မကြားနိုင်တော့လောက်အောင်ကို ခေါင်းတစ်ခုလုံးကြီးပြီး ချာချာလည်ထွက်သွားပါတော့တယ်။ အထွန်းလေး ဆက်ပြောနေပေမယ့် ကျွန်မ နားထဲ ဘာသံမှကို မကြားနေတော့ပါ. ကျွန်မ မျက်လုံးတွေထဲလည်း အထွန်းရဲ့ နီရဲနေတဲ မျက်ဝန်းတွေထဲက စကားလုံးတွေပဲ မြင်နေမိတော့တယ်။ မြတ်စွာဘုရား။ ဘ၀မှာ ဘယ်လိုဆိုးရွားတဲ့ အကြောင်းအရာ အဖြစ်အပျက်တွေကို ငါကြားနေရပါလိမ့်။ ကျွန်မ အသက်မရှုမိတော့ပါဘူး။ ခဏနေတုန်းက အထွန်းလေးကို အားပေးနှစ်သိမ့်မိခဲ့တဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ်တောင် ဘယ်လိုဖြေသိမ့် စာနာ နားလည်ပေးရမယ်ဆိုတာ မသိတော့လောက်အောင် ကျွန်မစိတ်ဝိဥာဉ်တွေ ချာချာလည်ထွက်နေတော့တယ်။ ဖြစ်ရလေ အထွန်းရယ်။ ဖြစ်ရလေကွယ်။
အမွန်မွန်း ၂၀၁၃ ဇန်န၀ါရီ ၁၂
( ၁၂:၀၄ )နာရီ။
ဆက်ဦးမည်။
--
Posted By Blogger to လူဗိုလ်ဟူသည် ... at 3/18/2013 01:29:00 PM
--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.