[mrsorcerer:37669] ကျောက်တောင်နဲ့ အေးမောင် ...နဲ့ မိထ္တီလာသတင်းများ

ကျောက်တောင်နဲ့ အေးမောင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အခြေချနေထိုင်တဲ့ သူဌေးကြီး ဦးကျောက်တောင်နဲ့ ဒေါက်တာအေးမောင်တို့ အကွဲအပြဲဖြစ်ကြတယ်လို့ သတင်းရပါတယ်။

ဒေါက်တာအေးမောင်ရဲ့နောက်မှာတော့ ရခိုင်အစွန်းရောက်များ ရှိနေပြီး ဦးကျောက်တောင်ရဲ့နောက်ကွယ်မှာတော့ ဗဟိုအစိုးရရှိနေတာကြောင့် ပရိတ်သတ်အဖြစ်ပဲ အားပေးနေကြပါ။

ယနေ့ တောင်ကုတ်မြို့မှာ စာတွေ လိုက်ဝေပါတယ်။ စာပါ အကြောင်းအရာအနှစ်ချုပ်ကတော့ တောင်ကုတ်မြို့မှာ အကြမ်းဖက်တွေ ကျူးလွန်တာဟာ RNDP ပါတီသာ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ တောင်ကုတ်မြို့သူ မြို့သားတွေ ချမ်းသာနေတာကို မလိုမုန်းတီးနေခြင်းကြောင့် တောင်ကုတ်မြို့အား သိက္ခာကျအောင် တမင် ဖန်တီးလိုက်တာသာ ဖြစ်ကြောင်းများ ပါဝင်တယ်လို့ သိရပါတယ်။

ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ကြရအုံးမှာပေါ့။
Posted 4 hours ago by ခေဋီဈက်အို

မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်း
--------------------
မတ်လ ၂၃၊ ၂၀၁၃
M-Media

ဖျက်ဆီးခံရသော ဗလီဝတ်ကျောင်းတော်များ
၁။ ဂျာမေ့ဗလီ - အရှေ့ပြင်ရပ် (ဈေးအနောက်)
၂။ ဘင်္ဂါလီဗလီ - ရတနာမောင်ရပ်ကွက်
၃။ ငြိမ်းချမ်းရေးဗလီ - ရတနာမောင်ရပ်ကွက်
...See More


ရမည်းသင်းမြို့နယ် ရွာတန်းအုပ်စု ဈေးကုန်းဗလီ မီးရှို့ခံရ
----------------------------
မတ်လ-၂၃-၂၀၁၃
M-Media

ရမည်းသင်းမြို့နယ်၊ ရွာတန်းအုပ်စု ရွာတန်းကျေးရွာရှိ ဈေးကုန်းဗလီအား ယနေ့ ည ၈-နာရီခန့်က မီးရှို့နေသည်ဟု သတင်းကြားသိရပါသည်။

ရွာတန်းကျေးရွာတွင် မွတ်စလင်မ် အိမ်ခြေ (၄၀)၀န်းကျင်ခန့်သာရှိပြီး ယင်းမီးရှို့ခံရသည့်သတင်းကြောင့် ရမည်းသင်းမြို့မှ မီးသတ်ကားများရွာတန်းကျေးရွာသို့ သွားရောက်နေပြီး ရမည်းသင်းခရိုင် အုပ်ချုပ်ရေးမှူးနှင့်လည်း သွားရောက်နေသည်ဟုသိရသည်။


အိုးပိုင် အိမ်ပိုင် ဘ၀မှ ဒုက္ခသည်ဘ၀သို့ ရောက်ရှိသော ညီနောင်များအား စာနာပေးကြပါ

မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းအတွင်းမှာ မွတ်စလင်မ် ဒုက္ခသည် ကလေးငယ်များ ပြင်ပမှ ဝေငှနေသော ရေဗူးလေးအား လှမ်းယူနေစဉ်

ဟိုတုန်းက အိုးပိုင်အိမ်ပိုင် ဘ၀။ အခုတော့ နေပူကျဲကျဲ အားကစားကွင်းထဲမှာ အသက်ဆက်ရဖို့ ရေတစ်ပေါက်ရဖို့ သံပန်းကြားမှ အလုအယက် တောင်းယူနေရပြီ။ မွတ်စ်လင်မ်ညီနောင်တို့အတွက် တက်နိုင်သမျှ ကူညီကြပါ။

ဘယ်တုန်းက လှူထားမှန်းမသိတဲ့ ဆော်ဒီနိုင်ငံမှလှူဒါန်းကြောင်း အမှတ်တံဆိပ်ထိုးထားတဲ့ ခပ်နွမ်းနွမ်း ရွက်ဖျင်တဲတွေအောက်မှာ အညာဒေသ နွေရာသီ အပူရှိန်ကခပ်ပြင်းပြင်းဒဏ်ကို အံတုနေသော မွတ်စ်လင်မ်ညီနောင်များ

ဂုဏ်သိက္ခာနဲ့ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ နေထိုင်ခဲ့တဲ့သူတွေကို အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာတို့ရဲ့ အထွဋ်အမြတ်ထားတဲ့ သင်္ဃန်းတွေဝတ်တဲ့ ကတုံးတွေ ဦးဆောင်တဲ့ 969 ဂိုဏ်းသားများက အခုလို အိုးမဲ့ အိမ်မဲ့ ဂုဏ်သိက္ခာမဲ့တဲ့အဖြစ်ကို နေ့ချင်းညချင်း ရောက်သွားရအောင် ဖန်တီးလိုက်နိုင်တာကို အောင်ပွဲရတယ်လို့ထင်ပြီး အောင်ပွဲခံနေတာ ဘာများ ဂုဏ်ယူစရာ ရှိလို့လဲ?

ဝဋ်လည်တယ်ဆိုတာကို လက်ခံထားတဲ့သူတွေအနေနဲ့ အခု သူတို့ခိုလှုံနေရတာကို စာနာပေးကြပါ။ ၀မ်းသာနေမယ်ဆိုရင် တစ်ချိန်ချိန်မှာ သဘာဝက ဒဏ်ခတ်တဲ့အခါ ခင်ဗျားလဲ သူတို့လို နေထိုင်ရလို့ စာနာသူမရှိတဲ့အခါမှ နောင်တရလိမ့်မယ်။

နိုင်ငံပိုင် ရဲဌာနများ၏ မိတ္ထီလာအဓိကရုဏ်း အသေအပျောက်စာရင်း မှားယွင်းနိုင်ကြောင်း အလဲဗင်းဝန်ခံ




"မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။" (အလဲဗင်း မီဒီယာ သတင်းဖော်ပြချက် – မတ်လ ၂၃ ရက်၊ ၂၀၁၃)

အစိုးရ ရဲဌာနများရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း အလဲဗင်း မီဒီယာက ငြင်းဆိုခဲ့သည်။ ရဲဌာန၏အဆိုအရ မတ်လ ၂၁ ရက်နေ့အထိ လူ ၆ ဦးသာ သေဆုံးခဲ့ကြောင်းကို ၄င်းတို့ပိုင် တရားဝင်ဝက်ဘ် ဆိုဒ်နှင့် ဖေ့စ်ဘွတ်စာ မျက်နှာများ၌ ဖော်ပြထားခဲ့သည်။

သို့သော် ယနေ့တွင်မူ ရဲဌာန၏ စာရင်းထုတ်ပြန်ချက်တွင် အမှားအယွင်း ရှိနေနိုင်ကြောင်း သံသယပွားစေမည့် သတင်းမျိုးကို အထက်ပါ အတိုင်း တင်ပြကာ ၄င်းတို့၏ မတ်လ ၂၁ ရက်တင်ပြချက် မှားယွင်းနိုင်ကြောင်း ၀န်ခံလိုက်ပြီဖြစ်သည်။ ထို့အတူ အလဲဗင်း မီဒီယာက မိတ္ထီ လာအဓိကရုဏ်းစတင်ဖြစ်သည့်နေ့တွင်ပင် "အပြန်အလှန်မီးရှို့မှု" များရှိသည်ဟု "အပြန်အလှန်" ဟူသည့် စကားလုံးကို သုံးစွဲကာ ၀ါဒဖြန့်ခဲ့သည်။

အခြားနိုင်ငံတကာ သတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ အောက်ပါအတိုင်း သိရှိရပါသည်။
ယူကေအခြေဆိုက် ဂါဒီးယန်းသတင်းစာ၏ ဆက်သွယ်မေးမြန်းချက်အရ မိတ္ထီလာမြို့၊ မွတ်စလင်ဆန့်ကျင်ရေးအရေးအခင်းကြောင့် လူပေါင်း ၁၀၀ ခန့်သေဆုံးပြီးဖြစ်ကြောင်း ဦးဝဏ္ဏရွှေမှပြောကြားခဲ့သည်။ လူ့အခွင့် အရေးစောင့်ကြည့်မှုအဖွဲ့ (Human Rights Watch) မှ Phil Robertson ကမူ "အဓိက ပြဿနာက ဒီလိုပါ။ အစိုးရက အမုန်းတရားကြီးထွားမယ့် လုပ် ကိုင်ဆောင်ရွက်ချက်တွေ၊ အုပ်စုလိုက်ကျူးလွန်ကြတဲ့ ဆူပူသောင်း ကျန်းမှုတွေကို ပေါ်တင်ကြီး ငေးကြည့်နေတယ်၊ ဒီလိုလုပ်တော့ မွတ်စလင်တွေကို တိုက်ခိုက်တယ်ဆိုတာက အရေးယူခံရမယ့် ကိစ္စမဟုတ်ဘူးဆိုတဲ့ ဥပမာ သဘောမျိုး သက်ရောက်နေတယ်။ မွတ်စလင်တွေကို တိုက်ခိုက်ခြင်းက မြန်မာပြည်ထဲမှာ ဆက်ပြီး သက်ဆိုးရှည်နေတယ်၊ အားကောင်းနေတယ်။ မိတ္ထီလာမှာ စစ်အခြေဆိုက် စခန်းကြီးရှိတယ်။

လူတွေအုံကြွလာပြီဆိုတာနဲ့ သူတို့ တားဆီးလိုက်နိုင်တာပဲလေ။ ဘာကြောင့်ဒီလို ဆူပူသောင်းကျန်းမှုကြီးက ၂ ရက်လောက်ထိ သက်ဆိုးရှည်သွားတာလဲ? မတားဆီးနိုင်ရခြင်းက သူတို့မှာ တားဆီးဖို့ ခွန်အားမရှိလို့ ဒါမှမဟုတ် ဗုဒ္ဓဘာသာဘုန်းကြီးတွေပါဝင်နေလို့ နိုင်ငံရေးပေါ် လစီအရ မတားဆီးချင်လို့ပဲ ဖြစ်ရမယ်။" ဟု ဂါးဒီးယန်းသို့ ပြောပြခဲ့သည်။
--

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ဘာသာရေးအကြမ်းဖက်မှုကြောင့် ခိုလှုံလာသူ မွတ်စ်လင်မ် ၉,၀၀၀ ခန့်ရှိလာ


မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်းနှင့် ဘုန်းတော်ကြီးကျောင်းများတွင် စုစုပေါင်း ဒုက္ခသည်ဦးရေ ၉,၀၀၀ ခန့်ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါ ဒုက္ခသည်များအတွက် ရေနှင့် အစားအသောက်များ၊ အညစ်အကြေးစွန့်ရန် အိမ်သာများ လိုအပ်နေကြောင်း အဆိုပါဒုက္ခသည်များအား ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

"ဒုက္ခသည်စခန်းမှာ မီးအသုံးပြုခွင့်မပေးဘူး။ အဲဒါကြောင့် အစားအသောက်ခြောက်တွေ၊ ရယ်ဒီမိတ်တွေပဲ စားသုံးနေတယ်" ဟု ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသော အင်န်အယ်လ်ဒီပါတီမှ ကိုတေဇာက ပြောသည်။

ယနေ့တွင် မန္တလေးနှင့် ပုဂံညောင်ဦးအပါအ၀င် အခြားမြို့များမှ သံဃာတော်များ၊ လူမှုရေးအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက ဒုက္ခသည်များအတွက် အစားအသောက်ပစ္စည်းများ လာရောက်ပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

မတ်လ ၂၃ ရက်တွင် မိတ္ထီလာမြို့ အခြေအနေမှာ တည်ငြိမ်နေပြီး အမှတ် (၇၇) ခြေမြန်တပ်မလက်အောက်ခံတပ်ရင်းများ၊ စကခ (၄) လက်အောက်ခံတပ်ရင်းများစသော တပ်ရင်းများမှ တပ်မတော်သားများက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

မိတ္ထီလာမြို့တွင်ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် သုံးရက်အတွင်း ၁၁ ဦးသေဆုံးပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၁၅၂ လုံး၊ ဘာသာရေး အဆောက်အအုံ ၁၃ လုံး၊ ကား နှစ်စီး၊ ပညာရေးမှူးရုံး တစ်လုံး၊ ဆိုင်ကယ် တစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီး ပျက်စီးခဲ့ကြောင်း အစိုးရက မတ်လ ၂၂ ရက်ညတွင် သတင်းထုတ်ပြန်သည်။

ပုံစာ – မိတ္ထီလာမြို့တွင် ယနေ့(မတ်လ ၂၃) နေ့ခင်းပိုင်းတွင် ပျက်စီးနေသော အဆောက်အအုံများကို ရှင်းလင်းရေးလုပ်ကိုင်နေသော တပ်မတော်သားအချို့ကို တွေ့ရစဉ်

ဒီအဖြစ်ဆိုးတွေရဲ့ လက်သည် ဘယ်သူလဲ?

ဒါ မွတ်စ်လင်မ် သက်ကြီးရွယ်အို အဘွားအိုကြီးပါ။ သူ မြန်မာပြည်မှာမွေးတယ်။ မြန်မာပြည်မှာ ကြီးပြင်းခဲ့တယ်။ တိုင်းပြည်ကို နစ်နာအောင် သူမလုပ်ခဲ့ဘူး။ သူ အာဏာ မရူးခဲ့ဘူး။ သူ လူတွေ မသတ်ခဲ့ဘူး။ သူ့ဘ၀၊ သူ့မိသားစုဘ၀အတွက် ရိုးသားစွာနဲ့ အသက်မွေးဝမ်းကျောင်းခဲ့တယ်။ အခုတော့ သူ့တစ်သက်မှာ မကြုံကြိုက်ဘူးတဲ့ လူသတ်မှုတွေကို သူ့မျက်မြင် ကြုံခဲ့ရပြီ။ သူ့တစ်သက်မှာ မကြားဘူးခဲ့တဲ့ ဘုန်းကြီးတွေ ဦးဆောင်တဲ့ အကြမ်းဖက်မှုတွေကို လက်တွေ့ကျကျ တွေ့မြင်သွားပြီ။

သူ စဉ်းစားနေမှာ သေချာတယ်။ `အော် ငါတို့ဟာ လူသားတွေပါ။ သူတို့ (အကြမ်းဖက်သမား)တွေဟာလည်း လူတွေပဲ။ သူတို့နဲ့ ငါတို့ကြား ကွာခြားမှုဆိုလို့ ငါတို့သည် အစ္စလာမ်ဘာသာ ကိုယ်းကွယ်သူတွေဖြစ်ပြီး သူတို့က ဗုဒ္ဓဘာသာ ကိုယ်းကွယ်သူတွေဖြစ်ကြတယ်။ မတူညီတဲ့ ဘာသာနှစ်ခု ခြားတာနဲ့ ဒီလောက်ထိ လူတွေ သတ်ပစ်ရသလား? သူတို့နဲ့ ဘာသာမတူတာနဲ့ ရန်သူတွေလို့များ သတ်မှတ်ထားကြတာလား? ဟိုတုန်းက ငါ ဘုန်းကြီးကျောင်းက သင်တာ ကြားဖူးတယ်။ ဗုဒ္ဓဘာသာ မကိုယ်းကွယ်သူတွေဟာ မိစ္ဆာဒိဋ္ဌိတွေတဲ့။ ငါတို့က အစ္စလာမ်ဘာသာ ကိုယ်းကွယ်သူတွေဖြစ်ပေမယ့် မိစ္ဆာဒိဋ္ဌိမဟုတ်ဘူး။ အားလုံးကို လေးစားတယ်။ အားလုံးနဲ့ ငါ့တစ်သက် အေးချမ်းစွာ နေထိုင်ခဲ့တယ်။ အခု 969 ဆိုတာ ပေါ်လာလို့များ စိတ်ဓာတ်တွေ ပျက်ကုန်တာလား? ပြောင်းကုန်တာလား?´

မွတ်စ်လင်မ်တစ်ယောက်ရဲ့ ရွှေဆိုင်မှာ ရွှေလာရောင်းသူက 1000 ပိုတောင်းတယ်။ ဆိုင်ရှင်မွတ်စ်လင်မ်က မကိုက်လို့ မပေးနိုင်ဘူးဆိုတာ ရှင်းပြတယ်။ အကြာကြီး အပြန်အလှန် ဈေးရောင်းဈေးဝယ်သဘာဝ ဈေးညှိတယ်။ အဆင်မပြေဘဲ ကြာလာတဲ့အခါ အတူပါလာတဲ့ အသက်(၄၀)ကျော်အရွယ် အရက်သမားငမူးက သမီးအရွယ် အသက်(၂၀)ကျော် မိန်းကလေးကို ပုဆိုးလှန်ပြပြီး သူ့အရှက်အင်္ဂါနဲ့ နှိုင်းပြီး ဆဲတယ်။ သူမွေးမှ သူ့သမီးအရွယ်ရှိတဲ့ မိန်းမငယ်လေး ပူထူပြီး ရှက်သွားတယ်။ ညားခါက လင်မယားရဲ့အချစ်စိတ်ကြောင့် ရှက်နေတဲ့ မိန်းမကိုယ်စား ယောက်ျားဖြစ်သူက ဒေါသထွက်လို့ အပြန်အလှန် စကားတွေ များကြတယ်။ မ၀ယ်နိုင်ဘူး။ ပြန်တော့လို့ ဆိုင်ရှင် ကောင်လေးက ပြောနေတယ်။ ငမူးက ဆိုင်ပြင်ကနေ ဆဲတယ်။ သားမယား၊ မအေ မိဘကို ထိခိုက်ပြီးဆဲတယ်။ ဆိုင်ပြင်ထွက်လာဖို့ စိန်ခေါ်တယ်။ ဆိုင်ရှင်ကောင်လေးက ဒေါသတွေထွက်လွန်းလို့ ၀ိုင်းဆွဲထားရတယ်။ အတင်းရုတ်းပြီး ပြေးထွက်သွားတယ်။ ငမူးက ပြေးပြီး ၀င်လုံးတယ်။ ကောင်လေးက တံခါးအနီးမှာ ရှိနေတဲ့ တုတ်တစ်ချောင်း ဆွဲယူပြီး ကာလိုက်တော့ ငမူး ခင်မောင်ဝင်း ခေါင်းကို ထိသွားတယ်။ သွေးအနည်းငယ် ထွက်သွားတယ်။ အဲ့ဒီနောက် ကျောက်ပန်းတောင်း ကားဂိတ်ကိုသွားပြီး အသင့်စောင့်နေတဲ့ သင်္ဃန်းဝတ်များ ဦးဆောင်တဲ့ လူအုပ်ကြီးကို ခေါ်လာပြီး တိုက်ခိုက်ရာက အခုဆို အိုးပိုင် အိမ်ပိုင်ရှိခဲ့တဲ့ သူတို့တွေ အိမ်တွေမီးလောင်၊ သားသေ၊ မယားသေ၊ ခင်ပွန်းသေရပြီး ဒုက္ခသည်စခန်းကို ရောက်လာကြရပြီ။

ကျနော်တို့ကို အကြမ်းဖက်သမားတွေက အကြမ်းဖက် တိုက်ခိုက်နေတာကြောင့် အိမ်ထဲမှာ နေလို့ မရတော့လို့ပါ။ အိမ်ထဲမှာ ပုးန် နေရင်း မီးလောင်ပြီး သေရတဲ့ အဖြစ်ဆိုးမျိုးကြီးကိုတော့ ဒီဘွားဘွားတွေကိုတော့ မဖြစ်စေချင်လို့ပါ။ တစ်သက်မှာ တစ်ခါတည်း သေရတယ်ဆိုပေမယ့် ဒီလို အသေဆိုးမျိုးတွေတော့ လူတိုင်းကို မဖြစ်ရအောင် ကာကွယ်ပေးကြပါ။

သမီးတို့က မွတ်စ်လင်မ်တွေပါ။ သမီးတို့ အဖေလဲမရှိတော့ဘူး။ အမေလဲ သေသွားပါပြီ။ သမီးတို့အရွယ်တွေကိုလဲ ဓားကြီးတွေနဲ့ ခုတ်သတ်နေတာ သမီးတို့ ကြောက်တယ်။ သမီးတို့ကို ကူညီပါ။ သမီးတို့က မွတ်စ်လင်မ်တွေပါ။

မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာနေ၊ မြန်မာပြည်မှာ သေကြမယ့် မြန်မာမွတ်စလင်မ်တွေပါ။ ဘာသာမတူတာက အခုလောက်ထိ အကြမ်းဖက်ခံရတာ ဘာလို့လဲ။

ကလေးတွေကိုလည်း သတ်တယ်။ လူကြီးတွေကိုလည်း သတ်တယ်။ အိမ်တွေကိုလည်း မီးရှို့တယ်။ ပစ္စည်းတွေကိုလည်း လုကြတယ်။ ထွက်ပြေးသူတွေကိုလည်း လိုက်တယ်။ ခွေးတွေတောင် ဂျောင်ပိတ်ရိုက်တဲ့အခါ သူ့အသက်ဘေးက လွတ်ချင်လို့ အရဲစွန့်ပြီး ပြန်ကိုက်တယ်။ သူတို့ကတော့ လူတွေဖြစ်ပေမယ့် အသတ်ရှင်ဖို့လဲ မမျှော်လင့်ကြတော့ဘူး။ ကန်ဘောင်ပေါ်မှာ စိတ်ပစ်လက်ပစ် ထိုင်နေတယ်။ လာသတ်ချင်လဲ သတ်ကြပါတော့။ ငါတို့မှာ ခုခံဖို့ အင်အားလဲ မရှိဘူး။ လက်နက်လဲ မရှိဘူး။ ငါတို့ယူလာတာတွေက ငါတို့ အသက်ရှင်ခွင့်ရအုံးမယ်ဆိုရင် ရပ်တည်ဖို့အတွက် စာရွက်စာတမ်းတွေနဲ့ အ၀တ်အစားတွေပါ။ သတ်ချင်လဲ သတ်ကြပါ။

မိတ္ထီလာအရေးပေါ်မကြေညာမီနှင့်ကြညာပြီး အခြေအနေ(VOA) အင်တာဗျူး ….

အရေးပေါ်မကြေညာမီ မိတ္ထီလာအခြေအနေ

Add caption




အရေးပေါ် အခြေအနေ မကြေညာခင်အထိ မိတ္ထီလာမြို့တွင်းက အခြေအနေတွေကို ကိုယ်တိုင်သတင်းသွားယူနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီညိမ်းက မိတ္ထီလာမြို့ကနေ တိုက်ရိုက် သတင်းပေးပို့ထားပါတယ်။မိတ္ထီလာမြို့ပေါ်မှာ ပုဒ်မ ၁၄၄ ထုတ်ထားပေမဲ့လည်း အားလုံးက လူစုလူဝေးတွေနဲ့ လမ်းတွေပေါ်မှာ သွားလာနေကြသလိုပဲ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေနဲ့လည်း သွားလာနေကြတာကို ကျနော်ကိုယ်တိုင် တွေ့နေရပါတယ်။ ညမထွက်ရ အမိန့်ထုတ်ထားပေမဲ့လည်း ညဘက်တွေမှာလည်း ညနက်တဲ့အထိ သွားလာနေကြသူတွေ ရှိသလိုပဲ ဒီလို တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ ပတ်သက်ပြီးတော့ မိတ္ထီလာမြို့နယ်၊ NLD ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က အခုလို ပြောပါတယ်။

"အခုထိတော့ အဖမ်းအဆီး မရှိသေးဘူး၊ ဆူပူသောင်းကြမ်းနေတဲ့သူတွေကို ဖမ်းတာဆီးတာ ဘယ်သူမှ မလုပ်ဘူး၊ မလုပ်တဲ့အခါကျတော့ အခုကြည့်- မော်တော်ဆိုင်ကယ် စီးတဲ့သူတွေ ဆိုလို့ရှိရင် အကုန်လုံးက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့လား၊ သူများကို ချဖို့လား-မသိဘူး။ တုတ်တွေ၊ ဓားတွေ ကိုယ်စီကိုယ်ငှ ပါတယ်။"
အစိုးရရဲ့သတင်းတွေက အခြေအနေတွေကို ထိန်းသိမ်းထားလို့ရတယ်၊ သေဆုံးသူ ၅ ဦးလောက်ပဲ ရှိတယ်လို့ ပြောပေမဲ့လည်း တကယ်တန်းမှာ ဒိထက်မက ရှိနေပါတယ်။ ကျနော်ကိုယ်တိုင် က သတ်ဖြတ်မှုတွေ၊ အလောင်းတွေ မီးရှို့တာတွေကို မတွေ့ရပေမဲ့လည်း ကိုယ်တိုင်တွေ့ရှိရတဲ့ ဦးဝင်းထိန်ကတော့ အခုလို ပြောပြပါတယ်။

"သီရိမင်္ဂလာရပ်ကွက်မှာ လမ်းပေါ်မှာ ၃ လောင်းလောက် တွေ့ခဲ့တယ်။ ဒဏ်ရာရတာတော့ မခန့်မှန်းတတ်ဘူး။ ဒဏ်ရာရတာက အများကြီး မရှိဘူးထင်တယ်၊ အခုဟာက အပြတ်ရှင်းကြတာ။ အဓိကရုဏ်းဖြစ်ပြီးတော့မှ ထိုးကြိတ် ရိုက်နှက်တာ မဟုတ်ဘူး၊ မိတဲ့သူကို သတ်ပစ်လိုက်တာ၊ သတ်ပြီး မီးရှို့ပစ်လိုက်တာ။ နောက်ပြီးတော့ လမ်းပေါ်မှာ ပစ္စည်းတွေပုံပြီး မီးရှို့နေ တယ်၊ နောက်ပြီး မွတ်ဆလင်အိမ်တွေကို ဖောက်ပြီးတော့မှ လုတာတွေ ရှိနေတယ်။"

ရဲက လူအုပ်ကို လူစုခွဲ ပစ်ခတ်မှုတစ်ခု သူကြုံခဲ့ရတာကိုလည်း ဦးဝင်းထိန်က ပြောပါတယ်။
"မနေ့က ဖြစ်တာကတော့ မင်္ဂလာဇေရုံရပ်မှာ မွတ်ဆလင် ၁၀၀ လောက်ကို လူအုပ်က ဝိုင်းပြီးတော့ တောင်းဆိုတယ်၊ ရိုက်တယ်၊ အဲဒီကြားထဲကမှ ဝင်လုတဲ့သူတွေကို ပစ်တာ၊ ပစ်တော့ ၂ ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ပေါင်မှန်တာပေါ့။ ခါးအောက်ပစ်တာပေါ့။ အဲဒါပဲ သိတယ်၊ ကျန်တာတွေတော့ မသိဘူး။"

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်း၊ ဒေသကြီး ဝန်ကြီးချုပ်ဆီကို သူကနေတဆင့် အမှာစကားပြောကြားတာကိုလည်း ဦးဝင်းထိန် က ပြောပြပါတယ်။
" MRTV-4 သတင်းမှာတော့ လူ ၅ ယောက်ပဲ သေပြီးတော့ ၃၉ ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ဒါပေမဲ့ မနေ့ကတည်းက ၂၀ လောက်ဖြစ်နေပြီ။ ဒီနေ့ပါနဲ့ ပေါင်းရင် ၂၅ ယောက်လောက် ဖြစ်သွားနိုင်တယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ ကြိမ် သတင်းပို့တယ်လေ။ ပို့တဲ့အချိန်မှာ- မနက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုရင်- ဝန်ကြီးချုပ် ကို အကြောင်းကြားလိုက်ပါ။ ပုဒ်မ ၁၄၄ ထုတ်ပြီးတဲ့အတွက်ကြောင့် ရဲတပ်ဖွဲ့ကို အသုံးပြုပြီးမှ ထိထိရောက်ရောက် ဆောင်ရွက်ပါ-လို့  ပြောလိုက်တော့ ဝန်ကြီးချုပ်ကတော့ လုပ်ပါမယ်-ဒါလည်း ကျနော်တို့နဲ့ အတူတူပါပဲ။ ကျနော်တို့လုပ်မယ့် မူနဲ့ အတူတူပါပဲ-လို့ ပြောတယ်။ ပြောသာပြောနေတာ- နေ့ခင်းတခုလုံး မြို့ထဲမှာ အကဲခတ်တဲ့အခါ ကျတော့ မော်တော်ဆိုင်ကယ်နဲ့လမ်းသလားပြီးတော့ အော်ဟစ်ပြီးတော့ နေတာတွေက နေရာတိုင်းမှာ ဖြစ်နေတယ်။ နေရာတကာမှာ ရှိနေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ညနေမှာ သူ့ကို တခါ သွားတွေ့ပြီးတော့- ခင်ဗျားတို့ ရပ်ကွက်တွေမှာ ကင်းလှည့်ပြီးတော့ အော်ရမယ်၊ ထိန်းချုပ်ရမယ်-ဆိုတော့ – လုပ်နေတယ်-လို့ ပြောတာပဲ။
ဒါပေမဲ့ ကိုယ်တော့ မတွေ့ဘူး။ နောက်တစ်ခုက ညနေဆိုလို့ရှိရင် မွတ်ဆလင်အိမ်တွေပေါ့- မွတ်ဆလင်အိမ်တွေက လူမရှိတော့ဘူး။ အဲဒီအိမ်တွေက ဖောက်တာတွေ ဖြစ်လိမ့်မယ်၊ ခင်ဗျားတို့ လုံခြုံရေး ချပေးပါ-လို့ ပြောခဲ့တယ်။ သူက ချပေးပါမယ်လို့တော့ ဝန်ခံတာပဲ။ အဲလို ဖြစ်နေတဲ့ကြားထဲက အခုနတုန်းက ပြောတာတွေ အကုန်ဖြစ်တယ်၊ မီးရှို့တာတွေ၊ အဖောက်ခံရတာတွေ၊ လက်လွတ်စပယ် အသတ်ခံရတာတွေက အဲဒီလို ရှိတယ်။ အစိုးရ version ကတော့ Everything is enough control. ပေါ့- အားလုံး ထိန်းချုပ်လို့ရပြီလို့ ယူဆထားတာ။ အန်ကယ်လ် တို့က မထင်ဘူး။"

ငွေကြေးတတ်နိုင်ကြတဲ့ မွတ်ဆလင်တွေက ကားတွေနဲ့ တခြား တမြို့တရွာတွေကို ထွက်ခွာ သွားနေကြပါပြီ။ ဆင်းရဲသား မွတ်ဆလင်တွေကတော့ သူတို့နေထိုင်ရာ ရပ်ကွက်တွေမှာပဲ နေထိုင် ရတာ မလုံခြုံတဲ့အတွက် သူတို့တွေကို လူ အုပ်လိုက်၊ အုပ်လိုက် ပြောင်းရွှေ့ နေရာ ချပေးထားတာ ကိုလည်း ကျနော် ကိုယ်တိုင် တွေ့ရပါတယ်။ မနေ့တုန်းက ဆိုလို့ရှိရင် ခရိုင်အား ကစားကွင်းထဲကို အမှတ် (၁) လမ်းမတော် လမ်းမကြီးအတိုင်း ထောင်နဲ့ချီတဲ့ မွတ်ဆလင် မိသားစုတွေကို ရဲ အစောင့်အရှောက် အခြံအရံတွေနဲ့ ခေါ်ဆောင် သွားတာကို တွေ့ရပါတယ်။

မွတ်ဆလင်မဟုတ်တဲ့ ဗမာလူမျိုးတွေကလည်း ဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။ သူတို့တွေက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားဝင်းတွေမှာ ခိုလှုံနေကြရပါတယ်။ သူတို့တွေ ဒုက္ခသည်ဖြစ်ရတာကတော့ မွတ်ဆလင်ရပ်ကွက်အနီးမှာ နေထိုင်ကြတဲ့ သူတို့အိမ်တွေပါ မီးလောင်လို့ရှိရင် မီးကူးစက်ခံရမှာ စိုးတာကြောင့် အထုတ်တွေပိုက်ပြီးတော့မှ ဘုရားဝင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေထိုင်ကြတာကို ကျနော်ကိုယ်တိုင် တွေ့ရပါတယ်။ မွတ်ဆလင်တွေက ကိုယ့်အိမ်ကို ကိုယ် ပြန်ပြီး မီးရှို့နေကြတယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့အိမ်ပါ မီးလောင်သွားရတယ်လို့ ပြောပြတဲ့သူတစ်ဦးကိုလည်း ကျနော် တွေ့ခဲ့ရပါတယ်။

"မနေ့ကဆိုလို့ရှိရင် ကိုးနဝင်း ဘုန်းကြီးကျောင်း စာသင်တိုက်ထဲကို ကျနော်တို့ရပ်ကွက်ကို မီးရှို့ပြီးတော့မှ သူက ဝင်လာလိုက်တာ။ ဘုန်းကြီးကျောင်းထဲ ဝင်ပြေးတဲ့အခါကျတော့ သူ မီးရှို့တာကို စစ်လိုက်တဲ့အခါကျတော့ မာမူကိုဝင်းကိုက ပိုက်ဆံပေးလို့ သူ ဝင်ရှို့ရပါတယ်ဆိုပြီး သူက ဖြောင့်ချက်ပေးတယ်။ ဖြောင့်ချက်လည်းပေးတယ်။ သူ့ကို ရပ်ကွက်ထဲက ရှိတဲ့ သံဃာတော်တွေကရော၊ ရပ်ကွက်ထဲကလူတွေကရော ရိုက်သတ်ပစ်လိုက်ပြီးတော့ အခါကျ လမ်းမပေါ် ဆွဲထုတ်သွားပြီးတဲ့အခါကျတော့ သူ့ကို မီးရှို့လိုက်တယ်။"

လုယက်မှုတွေ စတင်ဖြစ်ပေါ်နေပြီးတော့ ဒီလုယက်မှုတွေကို မြို့ခံတွေက ကျူးလွန်ကြတာ မဟုတ်ဘဲ နဲ့ မိတ္ထီလာမြို့ အနီးတဝိုက်က လူတွေ ရောက်လာကြပြီး မွတ်ဆလင်တွေ ရဲ့ဆိုင်တွေ ကို ဖောက်ပြီး ယူနေကြတာပါ။ မြို့လည်ခေါင်က လျှပ်စစ်ပစ္စည်းဆိုင်ကို ဖောက်ထွင်းနေကြတဲ့ သူတွေဟာ တုတ်၊ ဓား၊ လက်နက်တွေ ကိုင်ဆောင်ထားကြပြီးတော့ သူတို့တွေကို ရပ်ကွက် သူ ရပ်ကွက်သားတွေ ကလည်း မတားဆီးနိုင်ကြဘဲနဲ့ ဆိုင်ကို မီးမရှို့ဖို့နဲ့ မီးရှို့လို့ရှိရင် အိမ်နီးချင်းတွေကိုပါ မီးကူးစက်မှာ စိုးရိမ်တယ်လို့ တောင်းပန်နေကြပြီးတော့ ကြိုက်တာကိုသာ ယူသွားကြ- လို့ ပြောဆိုနေတာတွေ ကိုလည်း ကျနော်ကိုယ်တိုင် တွေ့ရပါတယ်။ မိတ္ထီလာမြို့ခံတွေကတော့ ဒီလို ဖောက်ထွင်း ပစ္စည်း ယူနေကြတာကို မနှစ်မြို့ကြပါဘူး။ ရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ် ဆို့ ဖမ်းဆီးတာတွေကို လုပ်နေပေမဲ့လည်း အခု ဖြစ်ပွားနေတာနဲ့စာလို့ရှိရင် ရဲအင်အားက မိတ္ထီလာမြို့ပေါ်မှာ နည်းပါး လွန်းတာကို ကျနော် သတိထားမိပါတယ်။

အခု မန္တလေးတိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ကိုယ်တိုင် မိတ္ထီလာခရိုင် ထွေ/အုပ်ရုံးမှာ လာရောက်ထိုင်ပြီးတော့ အခြေအနေတွေကို ထိန်းသိမ်းနေပါတယ်။ ဒေသခံ အစိုးရ အဖွဲ့အစည်း အနေနဲ့ အခြေအနေတွေကို တမင်သက်သက် လွှတ်ထားတာ မဟုတ်ဘဲနဲ့ ရုတ်တရက်ပေါ်ပေါက် လာတဲ့ အခြေအနေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ ကျွမ်းကျင်မှု မရှိတာ ကို တွေ့နေရတယ်လို့ မြို့ခံတွေက ပြောနေကြပါတယ်ခင်ဗျာ။

ဦးရော်နီညိမ်း

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အရေးပေါ်ကျေညာပြီး မိတ္ထီလာအခြေအနေ


မိတ္ထီလာမြို့တွင်း မီးလောင်မှု၊ အကြမ်းဖက်မှုတွေ ဖြစ်ရာနေရာတွေမှာ လုံခြုံရေးတာဝန်ယူထားကြသော တပ်ဖွဲ့ဝင်များ။ (မတ်လ ၂၂၊ ၂၀၁၃)
မိတ္ထီလာမြို့တွင်း မီးလောင်မှု၊ အကြမ်းဖက်မှုတွေ ဖြစ်ရာနေရာတွေမှာ လုံခြုံရေးတာဝန်ယူထားကြသော တပ်ဖွဲ့ဝင်များ။
(မတ်လ ၂၂၊ ၂၀၁၃)

အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးတဲ့နောက်ပိုင်း လမ်းပေါ်မှာ အကြမ်းဖက် ဆူပူမှုတွေကို မတွေ့ရတော့ဘူးလို့ ဒေသခံ NLD ပါတီဝင် ဒေါက်တာသိန်းလွင်က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း အခြေအနေကိုတော့ ဗွီအိုအေ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းချိန်မှာ ဒေါက်တာ သိန်းလွင်က အခုလို ပြောပါတယ်။"ဟုတ်ကဲ့။ လမ်းတွေအားလုံးကို စစ်တပ်က တာဝန်ယူလိုက်ပါပြီ။ စစ်ဥပဒေကြေညာပြီးတော့ ပြဌာန်းလိုက်ပြီ။ စစ်တပ်က အကုန်တာဝန်ယူလိုက်ပြီ။ ညနေ ၆ နာရီကနေ မနက် ၆ နာရီထင်ပါတယ်။ မာရှယ်လော-က။ အဲဒီကာလမှာ ကိုယ့်အိမ်ထဲမှာကိုယ် နေကြပေတော့-ပဲ။"
မေး။ ။ အခု ဘယ်နှစ်နာရီ ရှိပြီလဲ ဆရာ။
"အခု ကျနော်တို့ဆီမှာ ၈ နာရီ ရှိပါပြီ။"

မေး။ ။ –ဆိုတော့ လမ်းပေါ်မှာ လူမရှိတော့ဘူးပေါ့။
"မရှိတော့ဘူး။ အသွားအလာတွေ အကုန်လုံး ရပ်ဆိုင်းသွားတယ်။"

မေး။ ။…ဆိုတော့ ဆူဆူ ပူပူ ဖြစ်တဲ့ ကိစ္စတွေလည်း ရပ်စဲသွားပြီလို့ ဆိုနိုင်တာပေါ့။
"ဆူဆူပူပူဖြစ်တဲ့ ကိစ္စတွေလည်း ငြိမ်သက်သွားပါပြီ။ ဒီနေ့ဆိုရင် တော်တော်လေး ရှင်းသလောက် ဖြစ်သွားပြီ။ ၃ ရက်လောက် နေပြီးမှာ မာရှယ်လောက ထွက်တယ်။ မာရှယ်လော စောစောစီးစီးက ထုတ်ထားလည်း ပြီးတာပဲ။ အခုတော့ နောက်ကျတယ်။"

မေး။ ။ မီးလောင်တာတွေရော ငြိမ်သက်သွားပြီလား ခင်ဗျ။
"မီးလောင်တာတွေတော့ ငြိမ်သက်သွားပါပြီ။ ပြီးတော့ နောက်ဆက်တွဲ ပြဿနာတစ်ခုက မွတ်ဆလင်တွေပိုင်တဲ့ စတိုးဆိုင်တွေကို ဖျက်ဆီးပြီးတော့ ပစ္စည်းတွေ ယူတဲ့ ကိစ္စတွေပေါ့။ ဒီနေ့ ဆိုလို့ရှိရင် အီလက်ထရောနစ် ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တို့- ရေခဲသေတ္တာတို့-အဲလိုပစ္စည်းတွေကို သယ်ထုတ်နေတယ်။ ဆိုင်ကယ်တွေနဲ့သယ်ကြ၊ ကားတွေနဲ့သယ်ကြ၊ သုံးဘီးငှားပြီး လာသယ်တဲ့သူတောင် ရှိသေးတယ်။ အဲဒါမျိုးတွေက မဖြစ်သင့်ဘူးပေါ့။"

မေး။ ။ အရေးပေါ် ဖြစ်ပြီးတဲ့နောက်မှာ အဲဒီလို ဆိုင်တွေကို ဖောက်ထွင်းယူတာတွေလည်းပဲ ငြိမ်သက်သွားပြီပေါ့။-
"အတော် ငြိမ်သက်သွားပါပြီ။ အခုတော့ အတော်များများ ငြိမ်သက်သွားပါပြီ။ ကျနော်တို့ အမှတ် (၁) စခန်းမှာ ရှိတဲ့ ဒုက္ခသည်စခန်းကို ကျနော်တို့ သွားကြည့်ပါတယ်။ ဦးဝင်းထိန်နဲ့ ကျနော် နဲ့ပေါ့။ လိုအပ်တဲ့အကူအညီတွေ ကျနော်တို့ လုပ်ပေးပါတယ်။ ဘုန်းကြီးကျောင်းမှာဆိုရင်လည်း ကလေးတွေက အစာမစားရ-မပြုရဆိုတော့ ကျန်းမာရေး ချို့တဲ့မှုတွေရော- ဘာတွေရော-ကျနော်တို့ ရှိနေတော့ လွတ်လွတ်လပ်လပ်တော့ သွားပြီး အကူအညီပေးလို့ မရသေးဘူးပေါ့။ မာရှယ်လောက ၄ နာရီမှာ စပြီးတော့ ထုတ်တာ။ ကျနော်တို့ ခရိုင်ရုံးရောက်တဲ့အချိန်မှာမှ ဝန်ကြီးချုပ်က ဖတ်ပြတယ်။ အဲဒီတော့မှ ကျနော်တို့ မာရှယ်လော ထုတ်ထားတယ်ဆိုတာ သိတယ်။ အဲဒီတော့ တုတ်၊ ဓား၊ လက်နက်တွေကိုတော့ သိမ်းချင်သိမ်းပါ။ ဒါပေမဲ့ လူတွေကိုထိန်းတဲ့ ကိစ္စကတော့ လက်ရှိအခြေအနေမှာ လူတိုင်းက တုတ်၊ ဓား၊ လက်နက် ကိုင်ကြမှာပဲ။ ကိုင်တယ်ဆိုတာက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ကိုင်တာပါ။ အဲဒါလေးကိုတော့ ဝန်ကြီးချုပ်အနေနဲ့ စဉ်းစားပြီးတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ အဲဒါကိုတော့ ကျနော် တောင်းဆိုပေးလိုက်ပါတယ်။"

မေး။ ။ ဟုတ်ကဲ့။ နောက်တခုက နောက်ဆုံး ဆရာတို့ သိရတဲ့အထိ အသတ်ခံရတဲ့သူ၊ သေတဲ့သူ ဘယ်နှစ်ယောက်ရှိတယ်လို့ အကြမ်းဖျင်းသိရပါသလဲ ခင်ဗျ။
"အကြမ်းဖျင်းတော့ ကျနော်ထင်ပါတယ်- ထုတ်ပြန်ကြေညာချက်ကတော့ နည်းတယ်ပေါ့လေ။ သူတို့က ၅ ယောက်ပဲ ကြေညာထားတာ။ ဒဏ်ရာရတာ ၃၄ ယောက်ပေါ့။ တကယ်တန်းဆိုရင် အဲလောက် မကပါဘူး။ ကျနော်တို့မြင်တာကို ၇ ယောက်လောက် ရှိတယ်။ ဒါတောင် ကျနော်တို့ မျက်မြင်ပဲ ရှိသေးတယ် နော်။ ဟိုနားဖြစ်လိုက်၊ ဒီနားဖြစ်လိုက်ဆိုတဲ့ ပြဿနာ၊ မီးရှို့ထားတဲ့ အလောင်းတွေနဲ့ဆိုရင် လမ်းပေါ်မှာ အခုထိ မသိမ်းသေးဘူး။"

ဒေါက်တာသိန်းလွင်ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းခဲ့တာပါ။


May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.