[mrsorcerer:37670] မိထ္ထီလာ အကြမ်းဖက်မှု ပဋိပက္ခအပေါ် မြန်မာပြည်သူများရဲ့ ရင်ဖွင့် ခံစားချက်များ

မိထ္ထီလာ အကြမ်းဖက်မှု ပဋိပက္ခအပေါ် မြန်မာပြည်သူများရဲ့ ရင်ဖွင့် ခံစားချက်များ-၁
----------------
ရေးသူ- အတီး ဝါးလုံးရှည်

ကဲ မဟာလူမျိုးကြီး ဝါဒီ ဘာမထီ သာကီလူမျိုးများ၊ ဒီမြင်ကွင်းကို ကြည့်ပြီး ဘယ်လိုနေပါသလဲ?

အမယ်အိုဟာ ခင်များတို့ရဲ့ အဘွား၊ အမေ ဆိုရင်ကော ခင်များတို့ ဒီလို ချီပြီး ပြေးနိုင်မလား??

ဒါမှမဟုတ် ဖနောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးမှာလား?
...See More



မိထ္ထီလာ အကြမ်းဖက်မှု ပဋိပက္ခအပေါ် မြန်မာပြည်သူများရဲ့ ရင်ဖွင့် ခံစားချက်များ-၂
--------------------------------------
ရေးသူ-မင်းသန့်အောင်။ မိတ္ထီလာမြို့။
မတ်လ ၂၁ ရက် ၂၀၁၃ ညနေ ၆း၃၀

ကုလား အယောက် ၁၀၀၀ ကျော် ကျွန်တော်တို့ မြို့မလေး ရပ်ကွက်ကိုချီတက်လာနေပြီဆို၍ ကိုယ့်အိမ်ကိုယ်ကာကွယ်ရန် ကျွန်တော်တို့ တုတ်ဆွဲရပါတော့တယ်။ဒါပေမယ့် တိုက်ခိုက်ရန်လာ နေတာမဟုတ်ပါ။ ရှေ့ဆုံးမှ မော်လဝီတစ်ဦးခေါင်ဆောင်ကာ အားလုံးလက်မြှောက်ပြီးလာနေတာပါ။

သူတို့အားလုံးမြို့မှထွက်ပေးမယ်၊လမ်းပေးပါဟုတောင်းဆိုကြတာပါ။

စိတ်မကောင်းလိုက်တာဗျာ။ ရေငတ်နေတဲ့ လူကြီး၊လူငယ်များ၊မိန်းမများကိုမြင်ရတော့ကျွန်တော်လည်းဆွဲထားတဲ့တုတ်ကိုလွှတ်ချပြီး အိမ်ထဲမှရှိသမျှရေသန့်ဘူးအားလုံးထုတ်ပေးလိုက်တယ်ဗျာ။

ဘယ်သူဘာပြောပြော ဘယ်လိုပဲကဲ့ရဲ့ကဲ့ရဲ့ ကျွန်တော့နှလုံးသားက မနေနိုင်ဘူးဗျာ။ ပျော့ညံတယ်ပဲပြောပြော ရင်ထဲကို မချိဘူးဗျာ။ ဒီအထဲမှာမှ ကျွန်တော်နဲ့သူငယ်တန်းထဲကပေါင်းခဲ့တဲ့ လူမျိုးခြား သူငယ်ချင်းနဲ့ မျက်နှာချင်းဆိုင်တွေ့မိတယ်ဗျာ။ သူမျက်လုံးမှာ ကြောက်ရွံအားငယ်မူတွေအပြည့်နဲ့ပေါ့။

ရင်တစ်ခုလုံး ပြောင်းဆန်သွားအောင်ပဲဗျာ။ နောင်ဘဝအဆက်ဆက် သည်လိုအဖြစ်ဆိုးမျိုးတွေမကြုံပါရစေနဲ့တော့။သူငယ်ချင်းရေမင်းရောငါရောက ခေတ်စနစ်ဆိုးရဲ့သားကောင်တွေပါ။ ဓါတ်ပုံတွေအများကြီးရိုက်လိုက်နိုင်ပါတယ်။ ဒါပေမယ့် မတင်သင့် ဘူးထင်လို့မတင်တော့ပါ။သူတို့အားလုံးထွက်သွားနိုင်အောင် လက်နက်ကိုင် ဗမာတွေကိုလုံးဝ စ မလုပ်ဖို့ တတ်နိုင်သလောက်စည်းရုံးအော်ဟစ်ခဲ့ရပါတယ်။
နောက်တစ်သုတ်မှာတော့ ရဲအစောင့်အရှောက်တွေပါလာပါတယ်။
လူများစုကတော့သူတို့ကိုမယုံရဲပါ။ ညအချိန်လူပြန်စု ပြီး မီးကွင်းပြန်ပစ်မှာကို ဆိုးရိမ်နေကြပါတယ်။
လောလောဆယ်သူတို့ကို မြို့အထွက်က ခရိုင်ဘောလုံးကွင်းမှာနေရာချထားမယ်လို့သိရပါတယ်။
ကန်အနောက်ဘက် ကုလားရွာ၊ချမ်းအေးဘက် သွားဖို့သူတို့ကတောင်းဆိုပေမယ့်။ လူအင်အားတွေပေါင်းမိသွားမှာဆိုးလို့ မြိုခံတွေက ခွင့်မပြုရဲပါ။ ချမ်းသာတဲ့ ကုလားမိသားစုတွေက်တော့ မနေ့ကကတည်းက ကားတွေနဲ့ပြေးကြပြီ။
ကဲသူတို့လဲထွက်သွားပြီဖြစ်လို့ အားလုံးတော်ကြပါတော့ဗျာ။ မိတ္ထီလာမြို့အခြေအနေက အကောင်းဘက်ကိုပြောင်းလာပြီထင်တာပဲဗျာ။ ညတော့ကင်းစောင့်ရဦးမှာပေါ့။ ဘာလို့လဲဆိုတော့ အခုထွက်တဲ့လူတွေက သဘောထားပျော့ပြောင်းသူတွေနဲ့မိန်းမတွေလို့ပြော
နေကြတယ်။ တစ်ကယ့်fighters တွေက ညမှမြို့ပေါ်မှာသူသေကိုယ်သေတိုက်ဖို့ပုံးနေတယ်လို့ ကောလဟာလတွေကလဲထွက်နေတယ်။မဟုတ်ပါစေနဲ့ဗျာ။ ထပ်ပြီးသွေးထွက်သံယိုတွေမမြင်ပါရစေနဲ့တော့။ အားလုံးကျန်းမာ၊ချမ်းသာ အန္တရာယ်ကင်းကြပါစေ။

https://www.facebook.com/minthant.aung.1/posts/2982188289319



မိထ္ထီလာမှအကြမ်းဖက်မီးရှို့ဖျက်ဆီးခံရသောဗလီဝတ်ကျောင်းဓါတ်ပုံများ
(8

photos)
မိတ္ထီလာမြို့ အကြမ်းဖက် မီးရှို့ ဖျက်ဆီးခံရသော ဗလီဝတ်ကျောင်းတွေ ဓါတ်ပုံများကို သတင်းမီဒီယာများမှ ဖော်ပြချက်များကို စုစည်းတင်ပြပေးခြင်းဖြစ်ပါသည်။
132Like · · Share
ယနေ့ မိထ္ထီလာမြို့မြင်ကွင်း (မတ်လ-၂၃-၂၀၀၃)

နိုင်ငံပိုင် ရဲဌာနများ၏ မိတ္ထီလာအဓိကရုဏ်း အသေအပျောက်စာရင်း မှားယွင်းနိုင်ကြောင်း အလဲဗင်း မီဒီယာ ၀န်ခံ
==================================

အစိုးရ ရဲဌာနများရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း အလဲဗင်း မီဒီယာက ငြင်းဆိုခဲ့သည်။ ရဲဌာန၏အဆိုအရ မတ်လ ၂၁ ရက်နေ့အထိ လူ ၆ ဦးသာ သေဆုံးခဲ့ကြောင်းကို ၄င်းတို့ပိုင် တရားဝင်ဝက်ဘ် ဆိုဒ်နှင့် ဖေ့စ်ဘွတ်စာ မျက်နှာများ၌ ဖော်ပြထားခဲ့သည်။

သို့သော် ယနေ့တွင်မူ ရဲဌာန၏ စာရင်းထုတ်ပြန်ချက်တွင် အမှားအယွင်း ရှိနေနိုင်ကြောင်း သံသယပွားစေမည့် သတင်းမျိုးကို အထက်ပါ အတိုင်း တင်ပြကာ ၄င်းတို့၏ မတ်လ ၂၁ ရက်တင်ပြချက် မှားယွင်းနိုင်ကြောင်း ၀န်ခံလိုက်ပြီဖြစ်သည်။ ထို့အတူ အလဲဗင်း မီဒီယာက မိတ္ထီ လာအဓိကရုဏ်းစတင်ဖြစ်သည့်နေ့တွင်ပင် "အပြန်အလှန်မီးရှို့မှု" များရှိသည်ဟု "အပြန်အလှန်" ဟူသည့် စကားလုံးကို သုံးစွဲကာ ၀ါဒဖြန့်ခဲ့သည်။

ရုံးပေရွာ နောက်ဆက်တွဲ သတင်း (March 23 @ 3:15 PM)

"မနေ့က ၂၂.၃.၂၀၁၃ ရက်ညက ၁၀-နာရီ လောက်ကစပြီး လူစုလူဝေးဖြစ်လာတယ်။ ည ၁၁-နာရီလောက်မှာ ပိုဆိုးလာတယ်။ ၂၃-ရက် မနက် ၁-နာရီကျော်ကျော်လောက်မှာတော့ မီးစရှို့တယ်။ မီးရှို့တာက ဗလီထဲက စာသင်ကျောင်းဆောင်ကို ရှို့တာပါ။ စာသင်ကျောင်းက အောက်ထပ်မှာ စာသင်ပြီး၊ အပေါ်ထပ်မှာ ဆရာနေပါတယ်။ ည ၁၁-နာရီလောက် လူစုလာကတည်းက ဆရာကတော့ အဲဒီမှာ မနေတော့တာပါ။ စာသင်ကျောင်းက လုံးဝမီးလောင်သွားပါတယ်။ ဗလီကတော့ တံခါးတွေမီးလောင်သွားတယ်။ ဗလီထဲက တရားဟောစင်မြင့်ခုံတွေရယ်၊ ပန်ကာတွေရယ်လည်း ရိုက်ချိုးဖျက်ဆီးသွားကြတယ် http://www.m-mediagroup.com/news/12009

ဆက်လက်ဖတ်ရှုရန် - http://www.m-mediagroup.com/news/12011


မိတ္ထီလာဒုက္ခသည်စခန်းသို့ ရောက်ခဲ့သော ဆရာဝန်တစ်ဦးထံ တိုက်ရိုက် ဆက်သွယ် မေးမြန်းထားချက်
====================================

အမ်တူးအေ

(၂၂.၃.၂၀၁၃)ရက်နေ့က မိတ္ထီလာဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့ ဒေါက်တာတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

မေး - ဒေါက်တာက မနေ့က မိတ္ထီလာဒုက္ခသည်စခန်းကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီက အခြေအနေလေး သိချင်ပါတယ်။ ပြောပြပေးပါလား။
ဖြေ - ဟုတ်ကဲ့။ ကျွန်တော် မနေ့က မိတ္ထီလာ အားကစားကွင်းထဲက ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် မိတ္ထီလာကိုရောက်တော့ နေ့လည် (၃)နာရီလောက်ရှိပါပြီ။

မေး - ဒေါက်တာက ဘယ်အဖွဲ့နဲ့ ဘယ်လိုသွားခဲ့တာပါလဲ။
ဖြေ - ကျွန်တော်တို့သွားတာက အဖွဲ့ရယ်လို့တော့မဟုတ်ဘူးဗျ။ ဒီအတိုင်းပဲ သွားလိုက်ကြတာ။ ဘုန်းဘုန်းတစ်ပါးရယ်၊ ဗိုလ်ကြီးဟောင်းတစ်ယောက်ရယ်၊ ကျွန်တော်ရယ် (၃)ယောက်ပါ။ ဆယ်ဘီးကား (၁)စီးနဲ့ အိုးခွက်ပန်းကန် စားသောက်စရာတွေရယ်၊ ဒိုင်နာ(၄)စီးနဲ့ ရေသန့်တွေရယ်၊ light truck ကား (၁)စီးနဲ့ မုန့်တွေရယ်ပါတယ်။ ကျွန်တော်တို့ (၃)ယောက်ရယ် အဲဒီကားမောင်းသူတွေရယ်ပါ။

မေး - ဟုတ်ကဲ့။ ဟိုမှာ ဘယ်လိုအခြေအနေရှိပါလဲ။
ဖြေ - မိတ္ထီလာကိုရောက်တော့ (၃)နာရီထိုးပြီ။ ကျွန်တော်တို့လည်း တိုင်းရုံးကို အရင်သွားလိုက်ပါတယ်။ ဟိုမှာက sky net ကလည်း ရှိနေတယ်။ ပြီးတော့ တိုင်းမှူးဗိုလ်ချုပ်ရဲမြင့်နဲ့ သာသနာရေးဒုဝန်ကြီးလည်းရောက်နေကြတယ်။ သူတို့ အစည်းအဝေးလုပ်နေကြတာ။ ကယ်ဆယ်ထောက်ပံ့ရေးအတွက်လာတာဖြစ်ကြောင်းပြောပြီး လုံခြံရေးအတွက် တောင်းတော့ သူတို့လည်း လုံခြုံရေးစိုးရိမ်တာကြောင့် ကျွန်တော်တို့ကို ရဲကား(၅)စီး လုံခြုံရေးပေးပါတယ်။ ဒါနဲ့ ကျွန်တော်တို့ ခရိုင်အားကစားကွင်းထဲက ဒုက္ခသည်စခန်းကို ရောက်ခဲ့ပါတယ်။

မေး - ဟုတ်ကဲ့၊ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ဘယ်လောက်ရှိနေပါသလဲ။
ဖြေ - ဒုက္ခသည်စုစုပေါင်း ၄၀၀၀ ကျော်ရှိနေပါတယ်။ အဲဒီမှာ ICRC လည်းရောက်နေတယ်။ ဆရာဝန် ၁-ယောက်လည်းရှိနေတယ်။ မနက်ဖြန် (၂၃)ရက်နေ့မှာတော့ ဆေးဝါးတွေရောက်မယ်ပြောတယ်။

မေး - ဟုတ်ကဲ့ စခန်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ဘယ်လိုရှိနေပါလဲ ဒေါက်တာ။
ဖြေ - အဲ့ဒီမှာက မိခင်တွေ၊ ကလေးနို့တိုက်နေရတဲ့ မိခင်တွေရှိတယ်။ သူတို့တွေလည်း နို့တိုက်ဖို့ အဆင်မပြေဘူး။ ဒီတော့ နို့မှုန့်တွေ အရေးပေါ်လိုလာတယ်။ အဲဒါတွေတော့ ကြိုးစားရတယ်။ နောက် အ၀တ်အစားမရှိကြဘူး။

မေး - ဟုတ်ကဲ့ပါ။ သူတို့တွေအတွက် တခြားဘာများလိုအပ်နေတာရှိလဲ။ တခြားလှူချင်သူတွေလည်း သိထားရအောင်လို့ပါ။
ဖြေ - အ၀တ်အစားလိုတယ်။ နောက်ပြီးတော့ သူတို့မှာ စိတ်ဖိစီးမှုဒဏ်ကို တအားခံစားနေရတယ် ဒါကြောင့် ခေါင်းမူးတာတွေ သွေးပေါင်ချိန်ကျတာတွေလည်းဖြစ်နေတယ်။ အဲဒီအတွက် ဓါတ်ဆားတွေ၊ အားဆေးပုလင်းချိတ်ဖို့လိုတာတွေရှိနေတယ်။ အဟာရထောက်ပံ့ရေးလုပ်ဖို့ လိုတယ်။ ဗိုက်အောင့်တတ်တဲ့ ဝေဒနာတွေဖြစ်နေကြတယ်။ ဗိုက်အောင့်တာကလည်း အမျိုးမျိုးပေါ့ အဲဒါတွေ အတွက် ဆေးဝါးတွေလိုပါတယ်။

မေး - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဒေါက်တာ။
ဖြေ - ဟုတ်ကဲ့ပါခင်ဗျာ။



ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ်လူနေအိမ်များ မီးရှို့ဖျက်ဆီး
--------------------------
မတ်လ ၂၃၊ ၂၀၁၃
M-Media
ထွန်းတောက်

အေလာမြို့ ။ ။ နေပြည်တော်အနီး၊ အေလာမြို့၊ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ်လူနေအိမ်များအား ၂၃-ရက် မနက်(၁)နာရီခန့်မှစ၍ မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

နေပြည်တော်အနီး အေလာမြို့နှင့် ၂-မိုင်ခန့် ကွာဝေးသည့် ရုံးပေရွာတွင် ဗလီနှင့် လူနေအိမ်များအား ၂၃-ရက် မနက်(၁)နာရီမှစ၍ မီးရှို့နေသည့်အတွက် ရုံးပေရွာရှိ မွတ်စလင်မ်များ ထွက်ပြေးနေရကြောင်းသိရသည်။

"မနေ့ည (၁၀)နာရီလောက်ကစပြီး ရုတ်ရုတ်သဲသဲဖြစ်တယ်။ နေပြည်တော်က လာကြည့်ပြီးပြန်သွားတယ်။ အခုမနက် (၁)နာရီမှာ မီးစရှို့တာ။ ကာကွယ်ရေးက ဗိုလ်မှူးမြင့်အောင် လာကြည့်တယ်။ ဒီလောက် ဆူပူအော်ဟစ်နေကြတာကို ဘာမှ မလုပ်ပေးပဲ ပြန်သွားတယ်။ ရုံးပေမှာ ဗလီ(၁)လုံးပဲရှိတယ်။ မွတ်စလင်မ်အိမ်ခြေ (၄၀)၀န်းကျင်နဲ့ မွတ်စလင်မ် (၁၅၀)ကျော်ပဲရှိတာ။ ကျွန်တော်တို့တွေ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅၀)ကတည်းက နေလာခဲ့ကြတာ။ ဘာမှ မဖြစ်ခဲ့ကြဘူး။ အခုမှ ချက်ချင်းထဖြစ်တာ။ ကျွန်တော်တို့ မွတ်စလင်မ်တွေအားလုံးပြေးနေကြရတာ။ ရွာရဲ့ အနောက်ဘက် လယ်ပြင်ထဲမှာ အခုပြေးနေတာပါ။ ကျွန်တော့်ဖုန်းလည်း အားမရှိတော့ဘူး။ တုံးတစ်တုံးပဲကျန်တော့တယ်။ တစ်ခြားလည်း ဖုန်းမရှိကြဘူး။ ကျွန်တော်လည်း တအားမောနေတယ်။ ဖုန်းရပ်လိုက်တော့မယ်"လို့ ပြေးလွှားနေရင်းကပဲ မောဟိုက်နွမ်းလျစွာ M-Media ကို ပြောရင်း ဖုန်းလိုင်း ပြတ်တောက်သွားပါတယ်။



--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.