အခန်း ၆ - မတ်လတော်လှန်ရေး  (၁) အောင်ဒင်၊ မတ် ၁၂၊ ၂၀၁၃ (၆) မတ်လတော်လှန်ရေး (၆/က) နွေတစ်ညမှာ တိုက်တဲ့ မုန်တိုင်း ၁၉၈၈ ဇန်နဝါရီလဆန်းမှာ စာသင်နှစ်အသစ်အတွက် ကျောင်းတွေပြန်ဖွင့်တော့ ကျနော်ဟာ ၆တန်းရောက်နေပါပြီ၊ နောက်ဆုံးနှစ်ကျောင်းသားကြီးဖြစ်နေပါပြီ၊ အင်ဂျင်နီယာဘွဲ့ရဖို့ အတော်နီးကပ်နေပြီဆိုပါတော့၊ အဲဒီနှစ်မှာ ကျနော်က နေ့ကျောင်းသားဖြစ်ပေမည့် သူငယ်ချင်းတစ်ယောက်က အဆောင်မှာမနေပဲ မြို့ထဲက သူ့မိသားစုပိုင်အိမ်မှာနေပြီး ကျောင်းတက်တာမို့ သူရတဲ့ ကျောင်းဝင်းထဲက F ဆောင်က အခန်းတစ်ခန်းမှာ ကျနော်နေခွင့်ရပါတယ်၊ မတ်လ ၁၂ ရက်နေ့ညမှာ အနောက်ကြို့ကုန်းရပ်ကွက်ထဲက စန္ဒာဝင်းလက်ဘက်ရည်ဆိုင်မှာ စက်မှုတက္ကသိုလ်ကျောင်းသားအချို့နဲ့ ရပ်ကွက်ထဲက လူငယ်တချို့ ရန်ဖြစ်ကြပါတယ်၊ ပြဿနာက အကြီးကြီးမဟုတ်ပါ၊ အရောင်းကောင်တာမှာ ထိုင်တဲ့ မိန်းကလေးက ငယ်ငယ်လှလှလေးဆိုတော့ ကျောင်းသားတွေရော၊ အရပ်သားတွေရော [...]

Read more of this post