(လွတ်လပ်စွာ ထုတ်ဖော်ခွင့်) နဲ့ (သူတပါးကို အမုန်းပွားစေခြင်း) ပဋိပက္ခ ဆန်ဖရန်နဲ့ နယူးယောက်မှာ ဖြစ် နိုင်ငံတကာသာဂိ၊ မတ် ၁၂၊ ၂၀၁၃ လွန်ခဲ့တဲ့ တလက နယူးယောက်မှာ အမေရိကန်အဖွဲ့တခုက ဂျီဟတ်စကားလုံးကို အစ္စလာန်ဘာသာဝင်တွေနဲ့ ချိတ်ဆက်ပြီးတော့ အကြမ်းဖက်သမားတွေအဖြစ် သိမ်းကျုံးစွတ်စွဲတဲ့ ကြော်ညာကင်ပိန်းတွေကို မြေအောင်ရထားတွေ၊ ဘတ်စကားတွေပေါ်မှာ လုပ်တယ်။ (ဂျီဟတ်ဆန့်ကျင်ရေးကြော်ငြာတခု၊ ထည့်သွင်းသူက အောက်မှာရေးထားတယ်။ The American Freedom Defense Initiative တဲ့။ အဲသည် အစ္စလာန်ဆန့်ကျင်ရေး လှုံဆော်သူ အမျိုးသမီးဓာတ်ပုံ) အမေရိကန်ပြည်က အခြေခံဥပဒေ ပထမဦးဆုံးပြဌာန်းချက် က လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိုတော့ အခကြေးငွေပေးပြီး အများပြည်သူမျက်စိရှေ့မှာ ကြော်ညာဆိုင်းဘုတ်ထုတ်ဖော်တာကို အာဏာပိုင်တွေကော၊ လုပ်ငန်းရှင်တွေကောက မပိတ်ပင်ပါဘူး။ (သည်ပုံက အမေရိကန်စစ်စခန်း လုပ်ကြံမှုက တရားခံဓာတ်ပုံနဲ့ ဂျီဟတ်ကို [...]

Read more of this post