ဘန်ကောက်သွားသည့် ဘတ်စ်ကားအတွင်း မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေး မိုးမခအထောက်တော် အမှတ် ဝဝ၆ မတ် ၂ဝ၊ ၂ဝ၁၃ ယမန်နေ့ ညက ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦး  ထိုင်းနိုင်ငံတောင်ပိုင်း Trang မြို့မှ ဘန်ကောက်မြို့တော်သို့ ခရီးသည်တင် ဘတ်စ်ကားဖြင့် သွားရောက်စဉ် အဆိုပါ ကားပေါ်တွင် သမီးကလေး မွေးဖွားခဲ့ကြောင်း၊ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာ ရှိကြောင်း ထိုင်းမီဒီယာအများအပြားတွင် ရေးသား ထုတ်လွှင့်နေကြသည်။ ကိုယ်ဝန်သည် အကူအညီ လိုသဖြင့် ဘတ်စ်ကားမောင်းသူက လမ်းဘေးထိုးရပ်ခဲ့ကြောင်း၊  အရေးပေါ်ဆက်သွယ်ရေးဖုန်းနံပါတ်မှတဆင့် ဆက်သွယ်ပြီး မကြာခင် ကူညီကယ်ဆယ်ရေးဝန်ထမ်းများ ရောက်လာပြီး ကလေးမွေးဖွားမှုကို အကူအညီ ပေးခဲ့ကြောင်း၊ မြန်မာမိခင်နှင့် ကလေးကို ဘန်ကောက်မြို့အနီး ဆေးရုံတစ်ရုံတွင် ပြုစုစောင့်ရှောက်ထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ခရီးသွားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့ လမ်းတွင် [...]

Read more of this post