ဝတ်မှုန် မတ်လ ၂၀၊ ၂၀၁၃ ● HISTORY ပညာဒါနအဖွဲ့ ပင်နီဆူးလား သင်တန်းများကို (၂၀၁၀) ခုနှစ် ဇူလိုင်လ (၁) ရက်နေ့တွင် သင်တန်း (၁၀) ခုဖြင့် စတင်ခဲ့ကြပါသည်။ ဦးဆောင် သူ (၁၀) ဦး၏ တူညီသောအမြင်မှာ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား ဘာသာစကားနှင့် ပညာရပ်ဆိုင်ရာများ လိုအပ်နေသည်ကို ဖြည့်ဆည်းပေးရန် ဖြစ်ပါသည်။ အဖွဲ့စတင်တည်ထောင်သူ တစ်ဦးဖြစ်သူ ကိုသက်နိုင်စိုး၏ ကုမ္ပဏီရုံးခန်း "ပင်နီဆူးလားပလာဇာ (၇) လွှာ အခန်း (၂၁)" ၌ သင်တန်းများကို ပူးတွဲသင်ကြားခြင်းဖြင့် ပညာဒါနအဖွဲ့လုပ်ဆောင်မှုများအားစတင်ခဲ့ပါသည်။ ကုမ္ပဏီရုံးခန်းအပြင် အခြား လိုအပ်ချက်ကို လူအား၊ စိတ်အား၊ ပညာအား၊ ငွေအားတို့ဖြင့်ပါဝင်ခဲ့ပြီး အခြားဦးဆောင်သူများမှလည်း တတ်အားသမျှ ဖြည့်ဆည်းပေးရန် သဘောတူခဲ့ကြပါသည်။ [...]

Read more of this post