"ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၆၂) တက္ကသိုလ် မာမာအေး မတ် ၉ ၊ ၂၀၁၃ ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ဒီဇင်ဘာလ အသံလွှင့်ချက်ကို ကူးယူ ဖော်ပြသည်။ သောတရှင်များ ကျန်းမာတော်မူကြပါစရှင် ... မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ … တက္ကသိုလ်ကြီးကို ဟိုးတုန်းကလို ကျက်သရေပြည့်ဝ အပျံစားမွမ်းမံကြမယ်လို့ ကြားရတဲ့အချိန်မှာ ဧည့်သည်သမတ နှုတ်ခွန်းတော်သဖို့ ပြင်ပြင်၊ အထင်ကရ သမိုင်းလှလှတွေ ပြန်နိုးထစေဖို့ပြင်ပြင်၊ အဲဒီရွှေဥာဏ်ရှင်တွေကို ကျေးဇူး ကုဋေကုဋာ တင်မိပါတယ်၊ သည်အဓိကရနေရာ မြကျွန်းသာမှာ ပညာရွှေအိုး သိုက်မျိုးတစ်ရာ မတူးလာ မယူငင် ကေါလိပ်ဂျင်မဟုတ်တဲ့ မာအေးပင်လျင် သံယောဇဉ်ကဲ [...]

Read more of this post