"ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်" အမှတ် (၄၇၃) နှုတ်ဆက်ပွဲ၊ တင်မိုး (၆)နှစ်မြောက် မာမာအေး မတ် ၂၅၊  ၂၀၁၃ (photo: Mya Thandar's facebook) သောတရှင်များ ကျန်းမာတော်မူကြပါစရှင် … မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ … မာအေးတော့ ကိုယ့်အိမ်ကလေး ရှိနေတဲ့ အမေရိကန်ရွာကလေးကို ချောချောမောမော ပြန်ရောက်နေပါပြီ။ အများသူငါ ပို့သတဲ့မေတ္တာပါဘဲ။ နေကေါင်းကျန်းမာရှိပါတယ်။ ချစ်စွာသော ပြည်သူ ပရိသဒ်အပေါင်းတို့တွေလဲ အစစ အရာရာ အေးချမ်းသာယာ မင်္ဂလာရှိပါစေရှင်။ မပြန်ခင်ကတည်းက လွမ်းရစ်ဦးတော့မှာဘဲဆိုတဲ့ ရောင်းရင်းတို့ကိုလဲ သွားလမ်းသာလို့ ပြန်လမ်းလှတဲ့ အချိန်မျိုးမှာ မကြာမကြာ ကျိုးစားလာမှာပါလို့ ပြောခဲ့တဲ့အတိုင်း တည်မှာပါ။ ကိုယ့်နိုင်ငံ [...]

Read more of this post