ပြည်သူ့အတွက် ရေရှည်အကျိုးစီးပွားတဲ့ဗျား မောင်လူရေး၊ မတ် ၂၁၊ ၂၀၁၃ (လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၃) လက်ပံတောင်းတောင်ကိစ္စမှာ နိုင်ငံတော် ဆိုတာ ဘယ်မှာလဲလို့ ရှာပုံတော်ဖွင့်မိတယ်။ သတ္ထုတွင်းနဲ့ ဦးပိုင်နဲ့ စာချုပ်တယ်၊ ပီးတော့ ဦးပိုင်နဲ့ ဝမ်ပေါင် စာချုပ်တယ်၊ အဲဒီထဲမှာ ဦးပိုင်က ၅၁၊ ဝမ်ပေါင်က ၄၉ ခွဲယူကြမယ်။ သတ္ထုတွင်းဝန်ကြီးဌာနဆိုတဲ့ နိုင်ငံတော်လားမသိဘူး၊ အဲဒါပျောက်သွားပြီ။ ဒီလိုဆို ဦးပိုင်က ကာကွယ်ရေးဝန်ကြီးဌာနအောက်ကဆိုတော့ ကာကွယ်ရေးက နိုင်ငံတော်လေလားပေါ့။ ဒါလဲ မဟုတ်ပြန်ဘူး၊ ကာကွယ်ရေးကငွေကို နိုင်ငံတော်က စာရင်းတောင်စစ်ခွင့်မရှိလို့ အခြေခံဥပဒေကဆိုထားတာကတကြောင်းရယ်၊ နောက်တခါ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံတော်ကတောင်းခံတာရယ်ဆိုတော့ ဒီနေရာမှာ ကာကွယ်ရေးကလဲ နိုင်ငံတော်မဟုတ်ပြန်ဘူး။ နိုင်ငံတော်အတွက်လို့တော့ ဒေါ်စုရော၊ ကော်မရှင်ရော၊ ဟိုလူရော၊ ဒီလူရော ပြောနေကြတာဘဲ။ ကျုပ်တော့ [...]

Read more of this post