တဆိတ်လေး နားထောင်ပေးကြပါ မောင်ဝံသ၊ မတ် ၁၆၊ ၂၀၁၃ ကျွန်တော့်ဘဝမှာ ဒီလောက်တိုတဲ့စာတစ်ပုဒ်ကို နှစ်ရက်ကြာအောင် ရေးလိုက်ဖျက်လိုက်၊ အကြိမ်ကြိမ်အဖန်ဖန် ချိန်ဆပြီးမှ ရေးဖြစ်တာ သည်တစ်ကြိမ်ပဲ ရှိပါသေးတယ်။ အကြောင်းကတော့ လက်ပံတောင်းတောင်ပြဿနာမှာ ယခုနောက်ပိုင်း ဆက်လက်ဆန္ဒပြနေတဲ့ တောသူတောင်သားတွေကို ပညာမဲ့ အသိဉာဏ်မဲ့ ဘာမှမသိနားမလည်ဘဲ နိုင်ငံရေးပယောဂတွေက ကြိုးဆွဲရာကို ကပြနေသူတွေလို့ ပြောကြဆိုကြတာတွေ ဖတ်ရပြီး စိတ်မကောင်းဖြစ်လွန်းလို့ပါ။ ကျွန်တော်က ကျေးလက်တောရွာမှာ မွေးဖွားကြီးပြင်းပြီး အသက် ၁၀ နှစ်ကျော်မှ မြို့ကို ရောက်ဖူးသူပါ။ ကျောမွဲနင်းပြား တောင်သူလယ်သမားတွေရဲ့ဘဝကို မျက်မြင်ကိုယ်တွေ့ သိရှိနားလည်ပြီး စာနာထောက်ထားစိတ် တစ်သက်လုံး ထားရှိခဲ့ပါတယ်။ ဖင်ထဲ ရွှံ့တစ်ပိသာလောက်ဝင်အောင်လုပ်မှ ထမင်းတစ်လုတ်စားရတဲ့ဘဝဆိုတာ ကျွန်တော်က ကိုယ်တွေ့မျက်မြင် သိခဲ့တာပါ။ ဒီနေ့ခေတ်မှာ လယ်သမားတွေ အနိုင်ကျင့် မြေသိမ်းခံရတဲ့ သတင်းတွေကြားရတိုင်း [...]

Read more of this post